Pages

Monday 11 June 2018

စစ်မှန်တဲ့ ပရဟိတ....

စစ်မှန်တဲ့ ပရဟိတ

သူကလေးတွေကိုစာသင်ပေးနေတယ်
သူကလေးတွေကို စာကျက်စောင့်ပေးရှာတယ်
၆နာရီမှ ၈နာရီထိ

သူ ကျူရှင်မရှိတဲ့ရွာမှာ အခမဲ့လာကူညီတယ်
အဲ့ရွာကလေ တစ်ချို့လည်း မူလတန်း.,.
အလယ်တန်းဆို မော်လူးကျောင်းတက်ရတယ်........

အိမ်ခြေကနည်းနည်း ရပ်တည်မှုက ပညာသည်အဓိကမဟုတ် ၊ လယ်လုပ် အမဲလိုက် ဝါးခုတ် သစ်ဆွဲ လက်တွေ့ကပေးသော သင်ခန်းစာများသာ အားကျနေတဲ့ရွာ.......

နှစ်စကတည်းက သူ သွားစောင့်ကြပ်ပေးတယ်....
သူ့မှာအဖော်မရှိ ၄တန်းမှ ၆တန်းအထိ......
သူနေ့တိုင်းသွားတယ်.....
သူ..လစာမရဘူး....
သူဖြစ်စေချင်တယ်... ,
ခင်ဗျားတို့ ပရဟိ ဆိုတာ ကိုယ့်ကိုထင်ပေါ်စေတာမျိုးဆိုရင်တော့....
ဆော်ရီး....

ဝိုင်းကြပါအုံး မော်လူးသားတွေ....,
#မော်လူးပုံရိပ်


မော်လူးဒေသအတွင်း လှည့်လည်ခိုးယူနေသော ဆိုင်ကယ်သူခိုးအား ဝိုင်းဝန်းနှိမ်နှင်းကြပါစို့

11.6.2018
မော်လူး

မော်လူးဒေသအတွင်း ဆိုင်ကယ်သူခိုးသောင်းကျန်းနေခြင်း.......

7.6.2818ရက်နေ့ နေ့လည် ၂နာရီအချိန်
မော်လူး ရုံးလမ်းနေ ကိုရေခဲ+မဝိုင်း နေအိမ်ရှေ့ရပ်ထားသောဆိုင်ကယ် ခိုးယူမှုဖြစ်ပွား.......

အိမ်ရှင်မှာ ဆိုင်ကယ်အားအိမ်ရှေ့ရပ်ထားပြီး အိမ်ထဲအလုပ်လုပ်နေစဉ် ဆိုင်ကယ်သူခိုးမှာ ဆိုင်ကယ်အား သော့တုဖြင့်ဖွင့်၍ ဘုရားကြီးကျောင်းဘက်သို့ မောင်းနှင်သွားသည်။

အိမ်မျက်စောင်းထိုးရှိ ရွှေဆိုင်မှ CCTVမှတ်တမ်းများအရ ဆိုင်ကယ်သူခိုးမှာ လျှာထိုးဦးထုပ်ဆောင်းထားပြီး မိုးကာအင်္ကျီအပြာဝတ်ထားသည်ဟု သိရသည်။

ခိုးယူခံရသောဆိုင်ကယ်မှာ Canbo R အစိမ်းရောင်ဖြစ်ပြီးလိုင်စင်ပါရှိသည်ဟုလည်း သိရသည်။

လွန်ခဲ့သောတစ်ပတ်ခန့်ကလည်း သူရောင်းကျေးရွာ ဦးကျော်ရင် နေအိမ်မှလည်း ညမိုးရွာနေစဉ် ဆိုင်ကယ်ခိုးယူခံရကြောင်း ကြားသိရသည်။

မော်လူးမြို့ပေါ် နှင့်အနီးပါတ်ဝန်းကျင်ရွာများမှ ဆိုင်ကယ်များအများအပြား ခိုးယူခံရသည့်သတင်း ဆက်တိုက်ဆိုသလိုကြားရသော်လည်း ပြန်ရသည့်သတင်းမှာ မကြားရသလောက်ပင်။ဝ

သူခိုးမှာလည်း နေ့ ည မရှောင် အတင့်ရဲစွာခိုးယူနေခြင်းဖြစ်၍ ဆိုင်ကယ်ကောင်းကောင်းရှိသူများ သတိထားကြရန်နှင့် မိမိအိမ်ရှေ့ ၌ဆိုင်ကယ်ရပ်ထားမည် ဆိုလည်းစိတ်ချလုံခြုံမှုမရှိကြောင်း ရေးသားဖော်ပြအပ်ပါသည်။
#မော်လူးပုံရိပ်