Pages

Sunday 24 September 2017

မေတ္တာအားမာန် ပရဟိတလူမှုကူညီရေး(နာရေး)အသင်းနှင့် မော်လူး၊ရပ်ကွက်(၃)၊ကမ်းနားလမ်းနေ ရပ်ကွက်သူ/သားများစုပေါင်း၍ ဘ၀တစ်ပါးကူးပြောင်းသွားသောသူအား ကုသိုလ်အမှုပြုပေးကြခြင်း........

မေတ္တာအားမာန် ပရဟိတလူမှုကူညီရေး(နာရေး)အသင်းနှင့် မော်လူး၊ရပ်ကွက်(၃)၊ကမ်းနားလမ်းနေ ရပ်ကွက်သူ/သားများစုပေါင်း၍ ဘ၀တစ်ပါးကူးပြောင်းသွားသောသူအား ကုသိုလ်အမှုပြုပေးကြခြင်း........

မော်လူး၊ ရပ်ကွက်(၃)၊ကမ်းနားလမ်းနေ၊ (ဦးကျော်မြ)+(ဒေါ်အေးထွေး)တို့၏သားအငယ်ဆုံး အသက် ၅၁ရှိဦးညီညီလွင်သည် ၂၂-၉-၂၀၁၇ရက်နေ့ ညနေ ၄း၁၅နာရီအချိန် မော်လူးပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားပါသည်။

ကွယ်လွန်သူအားရည်စူး၍
ရပ်ကွက်(၃)၊ကမ်းနားလမ်း၊ရပ်ကွက်သူ/သားများစုပေါင်းကောက်ခံငွေ ၆သောင်းကျော်နှင့် ဟဲနုဘုန်းတော်ကြီး ဦးကောသလ္လအားပင့်ဖိတ်ကာ လှူဖွယ်ဝတ္ထုအစုစုတို့ဆက်ကပ်လှူဒါန်း၍ တရားနာ
အမျှအတန်းပေးဝေခဲ့ကြသည်။

မေတ္တာအားမာန်ပရဟိတ နာရေးကူညီမှုအသင်းမှလည်း ကွယ်လွန်သူအားခေါင်းစပ်ပျဉ်များကုသိုလ်ပြုပေး၍ မော်လူးပြည်သူ့ဆေးရုံ ရင်ခွဲရုံမှ ဟဲနုသုသာန်သို့ မြေကျသည်အထိ ကူညီဆောင်ရွက်ပေးကြသည်။

၂၂-၉-၂၀၁၇ရက်နေ့ ၊နေ့လည် ၁၂း၀၀နာရီအချိန်ဟဲနုသုသာန်ရှိသလ္လာဇရပ်၌ တရားနာ အမျှအတန်းပေးဝေခြင်းအား မေတ္တာအားမာန် ပရဟိတနာရေးကူညီမှုအသင်းနှင့် ရပ်ကွက်(၃)၊ကမ်းနားလမ်းနေရပ်ကွက်သူ/သားများစုပေါင်းပြုလုပ်ကာ တရားနာ အမျှပေးဝေ၍ ကွယ်လွန်သူအတွက် ကုသိုလ်ကောင်းမှုပြုပေးသည်။

ရပ်ကွက်မှကောက်ခံရရှိငွေ၆သောင်းကျော်မှ ပိုငွေ၁၈၅၀၀အား မေတ္တာအားမာန်နာရေးကူညီမှုအသင်းသို့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
#မော်လူးပုံရိပ်

မော်လူး၊ဘုရားကြီးလမ်းကတ္တရာခင်းခြင်းအား အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဘုရားကြီးလမ်းနေ ရပ်ကွက်သူ/သားများ၊ ရပ်မိ/ဖများ တွေ့ဆုံ၍ အုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်........

၂၄.၉.၂၀၁၇ရက်နေ့
မော်လူး။

မော်လူး၊ဘုရားကြီးလမ်းကတ္တရာခင်းခြင်းအား အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဘုရားကြီးလမ်းနေ ရပ်ကွက်သူ/သားများ၊ ရပ်မိ/ဖများ တွေ့ဆုံ၍ အုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်........

၂၀၁၇ဘဏ္ဍာရေးနှစ်၊အင်းတော်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဘုရားကြီးလမ်း (ဦးချောမောင်အိမ်ရှေ့မှ ဦးအောင်ကြီးအိမ်ရှေ့အထိ)ပေ၇၀၀ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်မည်ဖြစ်သည်။

ပေ၇၀၀နှင့်တစ်ဆက်တည်း ကျန်သောလမ်းပိုင်းပေ၄၀၀ ဦးအောင်ကြီးအိမ်ရှေ့မှ ဘုရားကြီးကျောင်းမုခ်ဦးအထိ) ကိုယ်ထူကိုယ်ထကတ္တရာလမ်းခင်းရန် ယနေ့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်သည်။

ကိုယ်ထူကိုယ်ထကတ္တရာလမ်းခင်းမည့် ဘုရာကြီးလမ်း(ဦးအောင်ကြီးအိမ်ရှေ့မှ ဘုရားကြီးကျောင်းမုခ်ဦးအထိ)အိမ်ခြေ ၃၅အိမ်ရှိပြီးခန့်မှန်းကုန်ကျငွေ ၂၇သိန်းခွဲခန့် ခန့်မှန်း၍ တစ်အိမ်လျှင်အများဆုံးတစ်သိန်းနှုန်းထည့်ဝင်ကြရန် သဘောတူကြသည်။

ပေ၄၀၀ကိုယ်ထူကိုယ်ထကတ္တရာလမ်းခင်းခြင်းအတွက် ကော်မတီဖွဲ့စည်း၍ ပါဝင်သူများမှာ
ဥက္ကဌ/ ငွေထိန်း ဦးအောင်ကြီး၊ဒုဥက္ကဌ ဦးရဲတင့်၊အတွင်းရေးမှူး ဘကြီးမောင်၊တွဲဘက်အတွင်းရေးမှူးဦးဝင်းမောင်၊စာရင်းစစ် ထားထားနွယ် ၊ခင်ဝင်းဌေး ၊ခင်အုန်းလွင်၊
ရပ်ကွက်မှူးများနှင့်ရပ်ကွက်သူ/သားများ အဖွဲ့ဝင်များအဖြစ် အသီးသီးဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ဦးချောမောင်အိမ်ရှေ့မှ ရွှေတိုးအိမ်ရှေ့တံတားထိ ပေ၂၀၀ကတ္တရာလမ်းခင်းရန်လည်း တစ်ဆက်တည်းဆက်လက်ဆွေးနွေးကြသည်။ပေ၂၀၀အတွက် ခန့်မှန်းကုန်ကျငွေ ၁၈သိန်းသတ်မှတ်၍ အိမ်ခြေ(၆)အိမ် မှ ခင်းရန်လည်း
သဘောတူဆုံးဖြတ်ကြသည်။

ဘုရားကြီးလမ်း ရွှေတိုးအိမ် ရှေ့တံတားမှ ဘုရားကြီးကျောင်းမုခ်ဦးအထိ ပေစုစုပေါင်း ၁၃၀၀ ခင်းမည်ဟုသတင်းရရှိပါသည်။
#မော်လူးပုံရိပ်

Thursday 21 September 2017

မော်လူးဒေသ ၊အား/ကာ ကော်မတီ ဖလား အမျိုးသား/သမီး အလွတ်တန်းဘော့လုံးပြိုင်ပွဲ ယနေ့စတင်ကျင်းပပြုလုပ်......

21.9.2017ရက်နေ့
မော်လူး

မော်လူးဒေသ ၊အား/ကာ ကော်မတီ ဖလား အမျိုးသား/သမီး အလွတ်တန်းဘော့လုံးပြိုင်ပွဲ ယနေ့စတင်ကျင်းပပြုလုပ်......

၂၀၁၇ခုနှစ် ၊ မော်လူးဒေသ ၊အား/ကာ ကော်မတီ ဖလား အမျိုးသား/သမီး အလွတ်တန်းဘော့လုံးပြိုင်ပွဲ ယနေ့စတင်ကျင်းပပြုလုပ်သည်။

အခမ်းအနားအစီအစဉ်များမှာ.....
၁။ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူခြင်း။
၂။ဘင်ခရာတပ်ဖွဲ့ နေရာယူခြင်း။
၃။စစ်ကြောင်းမှူးမှ မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌထံသတင်းပို့ခြင်း။
၃။နိုင်ငံတော်အလံအား အလေးပြုခြင်း။
၎။မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌအား အလေးပြုခြင်း။
၅။ မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌမှ အမှာစကား ပြောကြားခြင်း။
၆။မော်လူးဒေသအား/ကာကော်မတီ ဥက္ကဌမှ အမှာစကားပြောကြားခြင်း။
၇။အားကစားသမားများသစ္စာအဓိဓာန်ရွတ်ဆိုခြင်း။
၈။အားကစားသမားများ ကွင်းအတွင်းမှပြန်လည်ထွက်ခွာခြင်း။
၉။ယနေ့ယှဉ်ပြိုင်မည့် အသင်း၂သင်းကွင်းအတွင်းနေရာယူခြင်း။
၁၀။ပန်းစီးဆက်အမျိုးသမီးများနေရာယူခြင်း။
၁၁။တာဝန်ရှိသူများမှလိုက်လံနှုတ်ဆက်ခြင်း။
၁၃။အမျိုးသမီးများမှပန်းစီးဆက်ခြင်း။
၁၄။ မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌမှ ဘော့လုံးကန်၍ဖွင့်လှစ်ပေးခြင်း။
တို့ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်သည့်အသင်းများမှာ မော်လူးဒေသမှ အသင်းပေါင်း
၂၈သင်းဖြစ်သည်။ယနေ့စတင်ယှဉ်ပြိုင်ကစားသည့်အသင်းမှာ ALL STAR အသင်းနှင့် သူရောင်း(ခ)အသင်းတို့ဖြစ်သည်။

ယနေ့ ကွင်းဖွင့်ပွဲအား ညနေ၃း၀၀နာရီစတင်ပြီး မော်လူးဒေသမှ အားကစားဝါသနာရှင်များ ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့
ဝင်များ ၊အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်း ၁၀၀၀ကျော်တက်ရောက်ကြောင်းသတင်းရရှိသည်။
#မော်လူးပုံရိပ်

Saturday 16 September 2017

ကသာမြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များပူးပေါင်း၍ ရခိုင်ပြည်နယ် အကူအညီလိုအပ်နေသောပြည်သူများအား ထောက်ပံ့ကူညီနိုင်ရေး အလှူခံအဖွဲ့ မော်လူးဒေသသို့ အလှူခံလာရောက်........

ကသာမြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များပူးပေါင်း၍ ရခိုင်ပြည်နယ် အကူအညီလိုအပ်နေသောပြည်သူများအား ထောက်ပံ့ကူညီနိုင်ရေး အလှူခံအဖွဲ့ မော်လူးဒေသသို့ အလှူခံလာရောက်........

15.9.2017ရက်နေ့ မော်လူးဒေသသို့ ကသာမြို့ပေါ်မှ ပရဟိတအသင်း၁၁သင်းနှင့်မိုးတားမှ ၁သင်းစုစုပေါင်း အသင်း၁၂သင်းစုပေါင်း၍ ကား၈စီးဖြင့် အလှူခံလာရောက်ကြသည်။

ပရဟိတစုပေါင်းအဖွဲ့မှာ မော်လူးသို့ နေ့လည် ၁း၀၀နာရီ ရောက်ရှိပြီး မော်လူးဒေသမှ ကျေးရွာများဖြစ်သော သက်ရင်းတာ၊ပဲခူး၊ရွာရှည်၊မလူး၊မံဟဲဘက်မှတစ်ဆင့် ဟဲနု၊မော်လူး၊အုန်းဒုတ်မင်းသာရွာများသို့ လှည့်လည်ကာ အလှူခံခရီးထွက်ကြသည်။

အဆိုပါ ကသာ ပရဟိတ ပူးပေါင်းအဖွဲ့အားမော်လူးနှင့်သူရောင်းမှ ပရဟိတ စိတ်ရှိလူများ လိုက်ပါကူညီ ကြသည်။

စုပေါင်းပရဟိတအဖွဲ့တွင် အသင်းသူ/သား ၇၀ကျော် ကား၈စီးနှင့်၆ဘီးကားပေါ်တွင် ကသာမြို့ပေါ်တီးဝိုင်းအဖွဲ့မှ တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြကြောင်းသိရသည်။

ည၈း၃၀အချိန် မင်သာဘုန်းတော်ကြီးကျောင်း၌ အလှူခံရရှိသော ငွေနှင့်ဆန်များအားရေတွက်၍သိရသည်မှာ ဆန်၆တင်းနှင့်ငွေ ၈သိန်း၊၂သောင်း၊နစ်ရာ့ငါးဆယ်ကျပ်တိတိဖြစ်ကြောင်းသိရသည်။

စုပေါင်းပရဟိတအဖွဲ့ အား မင်းသာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်မှ လက်ဖက်ရည်နှင့်မုန့်များ အာဟာရပြုပေးပါသည်။

ပဲခူးကျေင်းဆရာတော်မှ ၁သိန်း၊ရွာရှည်ကျောင်းဆရာတော်မှ ၁သောင်းအသီးသီးထည့်ဝင်လှူပေးပါသည်။

ထို့နောက် ကသာမြို့ ပရဟိတ စုပေါင်းအဖွဲ့မှ ည၉း၀၀နာရီအချိန် မော်လူးမှ ပြန်လည်ထွက်ခွာသွားကြောင်းသတင်းရရှိပါသည်။
#မော်လူးပုံရိပ်

ကချင်ပြည်နယ် ၊မိုးညှင်းမြို့နယ်၊ မော်ဟန်၊ဘူတာစု ၊အ.မ.က ကျောင်း၏ ၂၀၁၆/၁၇ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအား ဘူတာစု ၊အခြေခံပညာမူလတန်းကျောင်းတွင်ပြုလုပ်သည်။

16.9.2017ရက်နေ့
ကချင်ပြည်နယ် ၊မိုးညှင်းမြို့နယ်၊
မော်ဟန်၊ဘူတာစု ၊အ.မ.က ကျောင်း။

ကချင်ပြည်နယ် ၊မိုးညှင်းမြို့နယ်၊
မော်ဟန်၊ဘူတာစု ၊အ.မ.က ကျောင်း၏ ၂၀၁၆/၁၇ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအား ဘူတာစု ၊အခြေခံပညာမူလတန်းကျောင်းတွင်ပြုလုပ်သည်။

အခမ်းအနားအား အစီအစဉ်၁၂ခုဖြင့်ကျင်းပပြုလုပ်သည်။
အစီအစဉ်၁။ သဘာပတိများနေရာယူခြင်း၊
အစီအစဉ်၂။အခမ်းအနားကိုမြန်မာ့ကျောင်းသီချင်းဖြင့်ဖွင့်လှစ်ခြင်း။
အစီအစဉ်၃။သဘာပတိမှ အဖွင့်အမှာစကားပြောကြားခြင်း။
အစီအစဉ်၎။မော်ဟန်ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်စား အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်ကျော်စိုးမှ လမ်းညွှန် အမှာစကားပြောကြားခြင်း။
အစီအစဉ်၅။အ.မ.က ဘူတာစု၊ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီခင်မှ အမှာစကားပြောကြားခြင်း။
အစီအစဉ်၆။၂၀၁၇/၁၈ ပညာသင်နှစ် မိဘဆရာအသင်းအားအသစ်ပြန်လည်ဖွဲ့စည်းခြင်းနှင့် သဘာပတိ မှ အတည်ပြုပေးခြင်း။
အစီအစဉ်၇။အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း။
အစီအစဉ်၈။သမီးငယ်လေး မယွန်းနန္ဒာမှ အကအလှဖြင့် ကပြဖျော်ဖြေခြင်း။
အစီအစဉ်၉။၂၀၁၆/၁၇ ပညာသင်နှစ် ဆုရရှိသူများအားချီးမြှင့်ခြင်း။
အစီအစဉ်၁၀။သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း။
အစီအစဉ်၁၁။သဘာပတိကြီးများပြန်လည်ထွက်ခွာခြင်း။
အစီအစဉ်၁၂။အခမ်းအနားပြီးဆုံးကြောင်းကြောငြာခြင်း။
တို့ဖြစ်သည်။

ထို့နောက်တက်ရောက်လာသောကျောင်းသား/သူများနှင့်ဧည့်သည်တော်များအား ထမင်းကျွေး၍ဧည့်ခံကြောင်းသိရသည်။

မော်ဟန် ၊ဘူတာစု ၊အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/မ ၆ဦး၊အဌားဆရာ/မ ၅ဦး ပေါင်း၁၁ဦးရှိပြီး ၊ ကျောင်းသား/သူ ၁၂၈ယောက်တက်ရောက် ပညာသင်ကြားလျှက်ရှိကြောင်းသိရသည်။

မော်ဟန်၊ဘူတာစု ၊အ.မ.က ကျောင်း၏ ၂၀၁၆/၁၇ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအားနံနက်၉း၀၀နာရီအချိန်စတင်ပြီး နေ့လည် ၁၁း၀၀နာရီအချိန်ပြီးဆုံးကြောင်းနှင့် တက်ရောက်လူဦးရေမှာစုစုပေါင်း၇၀ကျော်ခန့်ရှိကြောင်း သိရပါသည်။
#မော်လူးပုံရိပ်

ရွှေဘို မြစ်ကြီးနား ကားလမ်းပေါ် ရှိ ကချင်ပြည်နယ် ၊မော်ဟဲကျေးရွာသည် အိမ်ခြေ ၁၀၀ကျော်ရှိပြီး ၊ရှမ်းလူမျိုးအများစု စုပေါင်းနေထိုင်သော ရွာလေးဖြစ်သည်။

ရွှေဘို မြစ်ကြီးနား ကားလမ်းပေါ် ရှိ ကချင်ပြည်နယ် ၊မော်ဟဲကျေးရွာသည် အိမ်ခြေ ၁၀၀ကျော်ရှိပြီး ၊ရှမ်းလူမျိုးအများစု စုပေါင်းနေထိုင်သော ရွာလေးဖြစ်သည်။

လေးတန်ချောင်းဘေးနေ အိမ်များရေတိုက်စားခံရသဖြင့်
ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊မော်ပင့်ကျေးရွာကနေ  မြစ်ကြီးနားကားလမ်း မပေါ် တက်၍ အိမ်ဆောက်နေထိုင်ကြခြင်းမှ မော်ဟဲကျေးရွာဖြစ်ပေါ်လာခြင်းဖြစ်သည်။

အိမ်ခြေ၁၀၀ကျော်သာရှိပြီး ဗုဒ္ဓဘာသာမြန်လူမျိုးများသာရှိကြ၍
ဝိမလာရာမကျောင်းတိုက်အရှေ့ဘက် တောင်ကုန်းပေါ်တွင် မော်ပင့်ဆရာတော် ဘဒ္ဒန္တ ဥာဏိန္ဒ ဦးစီး၍ စေတီ တည်ထားတော်မူနေကြကြောင်းသိရသည်။

မော်ပင့်ကျေးရွာ၊မော်ဟန်ကျေးရွာနှင့် မော်ဟဲကျေးရွာမှ လုပ်အားဒါနရှင်များပူးပေါင်း၍ တည်ဆောက်နေကြောင်းလည်း သိရပါသည်။
#မော်လူးပုံရိပ်

Friday 15 September 2017

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသ ၂၀၁၇ခုနစ် အား/ကာ ကော်မတီဖလား အမျိုးသား/သမီး အလွတ်တမ်း ဖိတ်ခေါ်ဘော့လုံးပြိုင်ပွဲ ကျင်းပနိုင်ရေး အစည်းအဝေး ပြုလုပ်.....

၁၅.၉.၂၀၁၇
မော်လူး

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်
အင်းတော်မြို့နယ်  မော်လူးဒေသ
၂၀၁၇ခုနစ် အား/ကာ ကော်မတီဖလား အမျိုးသား/သမီး အလွတ်တမ်း ဖိတ်ခေါ်ဘော့လုံးပြိုင်ပွဲ ကျင်းပနိုင်ရေး အစည်းအဝေး ပြုလုပ်.....

ယနေ့ နေ့လည်  (၁၂း၀၀)နာရီအချိန် မော်လူးအုပ်ချုပ်ရေးမှူးရုံး၌ ၂၀၁၇ခုနစ် အား/ကာ ကော်မတီဖလား အမျိုးသား/သမီး အလွတ်တမ်း ဖိတ်ခေါ်ဘော့လုံးပြိုင်ပွဲ ကျင်းပနိုင်ရေး အစည်းအဝေး ပြုလုပ်ကျင်းပသည်။

အုပ်စုမဲခွဲခြင်းအရ ပါဝင်သောအသင်းများမှာ

အုပ်စု (က)
ALL STAR
သူရောင်း(ခ)
စီးမော်(က)
အုန်းဒုတ်

အုပ်စု (ခ)
ညောင်ပင်သာ(က)
ညောင်ပင်သာ(ခ)
ဥသျှစ်ကုန်း
ပင်ဝဲ

အုပ်စု (ဂ)
စီးမော် (ခ)
ဟဲနု (ခ)
သူရောင်း (က)
ESE

အုပ်စု (ဃ)
မံဟဲ
နန့်ရုံ
မော်လူးလူငယ်
ဂွေ့ကြီး

အုပ်စု(င)
ဟဲနု(က)
တောင်ဖီလာ
မင်းသာ
မန်ကျည်းကုန်း

အုပ်စု(စ)
စဥ့်ခိုး
ပေကုန်း
ပုန်းဟုန်
ကူးကာ

အုပ်စု(ဆ)
ခိုးကောင်
မြိုင်သာယာ
မြမာလာ
မလူး

ယနေ့ပြုလုပ်သော အစည်းအဝေးသို့မော်လူးဒေသမှ အားကစားသမားများ အသင်းအုပ်ချုပ်သူများ စုစုပေါင်း(၄၇)ဦး တက်ရောက်ပြီး အစည်းအဝေးအား နေ့လည် (၁း၃၀)အချိန်ပြီးစီးကြောင်း သတင်းရရှိပါသည်။
မော်လူးပုံရိပ်

Monday 11 September 2017

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်၊လွှတ်တော်ကိုယ်စားလှယ်များ လာရောက်သည့် (၁၀.၉.၂၀၁၇)ရက်နေ့၌ အင်းတ်ာမြို့နယ်၊မံဟဲကျေးရွာအုပ်စု၊ပေကုန်းကျေးရွာတွင် ခိုက်ရန်ဖြစ်ပွား၍ အပြင်းအထန် နာကြင်စေမှုဖြစ်......


စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်၊လွှတ်တော်ကိုယ်စားလှယ်များ လာရောက်သည့် (၁၀.၉.၂၀၁၇)ရက်နေ့၌ အင်းတ်ာမြို့နယ်၊မံဟဲကျေးရွာအုပ်စု၊ပေကုန်းကျေးရွာတွင် ခိုက်ရန်ဖြစ်ပွား၍ အပြင်းအထန် နာကြင်စေမှုဖြစ်......

ပေကုန်းကျေးရွာ ၊ သိမ်ကျောင်းအလှူခံအဆောက်အဦးရှေ့တွင် ပေကုန်းကျေးရွာနေ အသက်(၅၀)ကျော် ဦးရန်ရှင်း မှ အသက်(၆၇)ဦးတင်ငွေအား ကျောက်ခဲဖြင့်ထုရိုက်မှုဖြစ်ပွားသည်။အဆိုပါအလှူခံမဏ္ဍပ်မှာ ဦးတင်ငွေ ဘာသာရေး၊သာသနာရေးအတွက် ကူညီဆောင်ရွက်နေကျနေရာ၊ရောက်နေကျနေရာဖြစ်ပြီး ဦးရန်ရှင်းဆိုသူမှ လာရောက်ရန်စ စိန်ခေါ်၍ ဖြစ်ကြခြင်းဖြစ်သည်ဟုသိရသည်။ထို့အပြင် အဆိုပါနေ့တွင်ပင် ပြသနာဖြစ်ပွားသည့် ပေကုန်းဘုန်းတော်ကြီးကျောင်းသို့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံး ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းတို့လူထုတွေ့ဆုံပွဲ ပြုလုပ်မည့် နေ့လည်းဖြစ်သည်။

လတ်တလောတွင်
ဦးတင်ငွေမှာ မော်လူးဆေးရုံ၌ တက်ရောက်ကုသနေရပြီး ကျူးလွန်သူအား မော်လူးရဲစခန်း၌ အမှုဖွင့်ထားကြောင်းသိရသည်။

ထုရိုက်သူမှလည်း မော်လူးရဲစခန်းသို့ ကိုယ်တိုင်ဆိုင်ကယ်စီးလာရောက်ကာ
ဆေးရုံတက်သူအား အပြန်အလှန် အမှုဖွင့်ထားကြောင်းသိရသည်။
#မော်လူးပုံရိပ်

Monday 4 September 2017

မော်လူးဒေသ၊မေတ္တာအားမာန်အသင်းမှ ဒုတိယအကြိမ် ရ/သုံးငွေစာရင်းရှင်းတမ်းနှင့် အလှူရှင်များအား ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲ ပြုလုပ်........

မော်လူးဒေသ၊မေတ္တာအားမာန်အသင်းမှ ဒုတိယအကြိမ် ရ/သုံးငွေစာရင်းရှင်းတမ်းနှင့် အလှူရှင်များအား ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲ ပြုလုပ်........

၂၀.၄ .၂၀၁၆ စတင်​ဖွဲ့ခဲ့သော
မေတ္တာအားမာန်​အသင်း၏ ဒုတိယအကြိမ် ရ/သုံးငွေစာရင်းရှင်းတမ်းနှင့် အလှူရှင်များအား ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲအား ၃.၉.၂၀၁၇ရက်နေ့ မော်လူးအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားအစီအစဉ်(၈)ခုဖြင့်ကျင်းပပြီး ပထမဦးစွာ မော်လူးအုပ်/မှူး ဦးစိုးမြင့်မှ အမှာစကားပြောကြားသည်မှာ မေတ္တာအားမာန်အသင်းစတင်ဖွဲ့စည်းသည့်အချိန် လူမှုရေး၊သာရေး၊နာရေးအလုပ်များများ ဆိုက်တွဲလေးနှင့်သာစတင်ခဲ့ကြောင်း၊ပရဟိတစိတ်အပြည့်ရှိမှအောင်မြင်မည်ဖြစ်ကြောင်း၊အားပေးကူညီကြသော အလှူရှင်မျာအားကျေးဇူးတင်ကြောင်း ပြောကြားသွားသည်။

မေတ္တာအားမာန်အသင်းနာယက ဦးတင်ငွေမှ မေတ္တာအားမာန်အသင်းဖြစ်တည်မှုအား (၃)ပိုင်းခွဲ၍ပြောကြားသည်။ထို့နောက် မော်လူးမြို့ပေါ် စတင်ဖွဲ့စည်းခဲ့သော သွေးလှူရှင်အသင်းအကြောင်းပြောကြားသည်မှာ အခမဲ့ကုသပေးသောအဖွဲ့ဖြစ်သော်လည်း စေတနာအမှားကြောင့် ယိမ်းယိုင်လာကြောင်း၊
၁နှစ်၂နှစ်အတွင်း ရန်ပုံငွေအားနည်းလာပြီး အသင်းပိုင်ငွေကြေးအား အသီးသီးခွဲဝေချေးယူခြင်းများ၊အရှူပ်တော်ပုံများကြောင့် အုပ်/မှူး ဦးဝင်းစိန်လက်ထက် ငွေပြန်ရအောင်အကူအညီတောင်းဆောင်ရွက်ခဲ့ရာ ၁၆သိန်းကျော်ပြန်ရကြောင်း၊ရပ်မိ/ဖ ဦးတင်ရွှေဆီအပ်ထားကြောင်း၊​ ဒုတိယမြောက်ဖွဲ့စည်းခဲ့သော
ပုည ဂါရ၀ လူမှုကူညီရေးအသင်းအကြောင်းပြောရာတွင် ကျမ်းမာ​ရေး​စောင့်​​ရှောက်​မှုနင့်​ နာ​ရေးတွဲလုပ်​ပြီး ဥက္ကဌမှာ
ဦး​သောင်း​ဖေဖြစ်ကြောင်း ၊နာ​ရေးအတွက် အိမ်​ရှ့မှာကျွန်းကုတင်​နှင့်ထား၊အသက်၇၀ကျော် ဦးထွန်း​ဝေဆုံး၍ ကုတင်နှင့်ထားရာ ရပ်ရွာစကားများကြောင့်စိတ်ပျက်ပြီး နာ​ရေးဖြုတ်ကြောင်း၊​ ကျမ်းမာ​ရေး​စောင့်​​ရှောက်​မှု သာလုပ်ဆောင်နေကြောင်း၊အသင်းဖွဲ့စည်းသည်မှာလွယ်ကူသော်လည်း၊​ရေရှည်​ တည်​တံ့ခိုင်​မြဲဖို့ အ​ရေကြီးကြောင်း စသဖြင့် ပြောကြားသွားသည်။

မေတ္တာအားမာန်နာရေးကူညီမှုအသင်းဥတ္တဌ ဦး​အောင်​​ရွှေ မှ ပြောကြားသည်မှာ ၎င်းတို့အသင်းအနေဖြင့်ဘာသာ​ရေး​ခေါင်း​ဆောင်​​တွေနဲ့တွဲလုပ်​ပြီးပရဟိတစိတ်ဖြင့် အတတ်​နိုင်​ဆုံး​ဆောင်​ရွက်​သွားမှာဖြစ်​ကြောင်း၊တက်ရောက်လာသော ပုဂ္ဂိုလ်များ၊အားပေးကူညီသော အလှူရှင်များအားကျေးဇူးတင်ကြောင်းပြောကြားသည်။

မေတ္တာအားမာန်အသင်း အတွင်းရေးမှူး ဦးအောင်အောင်မှ ရ/သုံးငွေစာရင်းအားရှင်းလင်းဖတ်ကြားပြီး လက်ရှိအသင်းတွင် ၅သိန်း၂​သောင်း ၉​ထောင်​၅ ရာ ကျန်​ကြောင်း ပြောကြားသည်။

ဆက်လက်၍ မေတ္တာအားမာန်အသင်းသို့ အလှူငွေ ၊လူနာတင်ကား(၂)စီး၊လူနာသယ်ဗန်း၊ပျဉ်များ၊အဆောက်အဦးအတွက်သဲကျောက်များ၊မီတာ၁လုံး၊မြက်ရိတ်စက် အသီးသီးလှူဒါန်းပေးသော အလှူရှင်(၁၁)ဦးအားဂုဏ်ပြုလက်မှတ်များပေးအပ်ချီြးှမှင့်သည်။

အစည်းအဝေတက်ရောက်လာသူများအားအကြံပြုတင်ပြဖို့ဖိတ်ခေါ်ရာ ဦး​သောင်း​ဖေမှပြောကြားရာတွင် ​ကားပျက်​လျှင်​ ပြင်​နိုင်​ရန်​ ၊သာ​ရေး၊နာ​ရေး အလုပ်များ ရေရှည်လုပ်ဆောင်နိုင် အလှူငွေ ကောက်ခံဖို့လိုကြောင်း၊မိမိမှလည်းတတ်နိုင်သလောက်ကူညီပေးမှာဖြစ်ကြောင်း ပြောကြားသည်။

မေတ္တာအားမာန်အသင်းသို့ လစဉ်အလှူရှင်များ၊စေတနာရှင်များထည့်ဝင်ငွေများအား ဘဏ္ဍာရေးမှူး ဦးမောင်ကြူထံစနစ်တကျ ထိန်းသိမ်းထားရှိကြောင်းနှင့် နာရေးအတွက် ပျဉ်ဖိုးကုန်ကျငွေ​ ၄၅၀၀၀ကျပ် သတ်မှတ်ကောက်ခံကြောင်းသိရသည်။
#မော်လူးပုံရိပ်