Pages

Sunday, 24 September 2017

မေတ္တာအားမာန် ပရဟိတလူမှုကူညီရေး(နာရေး)အသင်းနှင့် မော်လူး၊ရပ်ကွက်(၃)၊ကမ်းနားလမ်းနေ ရပ်ကွက်သူ/သားများစုပေါင်း၍ ဘ၀တစ်ပါးကူးပြောင်းသွားသောသူအား ကုသိုလ်အမှုပြုပေးကြခြင်း........

မေတ္တာအားမာန် ပရဟိတလူမှုကူညီရေး(နာရေး)အသင်းနှင့် မော်လူး၊ရပ်ကွက်(၃)၊ကမ်းနားလမ်းနေ ရပ်ကွက်သူ/သားများစုပေါင်း၍ ဘ၀တစ်ပါးကူးပြောင်းသွားသောသူအား ကုသိုလ်အမှုပြုပေးကြခြင်း........

မော်လူး၊ ရပ်ကွက်(၃)၊ကမ်းနားလမ်းနေ၊ (ဦးကျော်မြ)+(ဒေါ်အေးထွေး)တို့၏သားအငယ်ဆုံး အသက် ၅၁ရှိဦးညီညီလွင်သည် ၂၂-၉-၂၀၁၇ရက်နေ့ ညနေ ၄း၁၅နာရီအချိန် မော်လူးပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားပါသည်။

ကွယ်လွန်သူအားရည်စူး၍
ရပ်ကွက်(၃)၊ကမ်းနားလမ်း၊ရပ်ကွက်သူ/သားများစုပေါင်းကောက်ခံငွေ ၆သောင်းကျော်နှင့် ဟဲနုဘုန်းတော်ကြီး ဦးကောသလ္လအားပင့်ဖိတ်ကာ လှူဖွယ်ဝတ္ထုအစုစုတို့ဆက်ကပ်လှူဒါန်း၍ တရားနာ
အမျှအတန်းပေးဝေခဲ့ကြသည်။

မေတ္တာအားမာန်ပရဟိတ နာရေးကူညီမှုအသင်းမှလည်း ကွယ်လွန်သူအားခေါင်းစပ်ပျဉ်များကုသိုလ်ပြုပေး၍ မော်လူးပြည်သူ့ဆေးရုံ ရင်ခွဲရုံမှ ဟဲနုသုသာန်သို့ မြေကျသည်အထိ ကူညီဆောင်ရွက်ပေးကြသည်။

၂၂-၉-၂၀၁၇ရက်နေ့ ၊နေ့လည် ၁၂း၀၀နာရီအချိန်ဟဲနုသုသာန်ရှိသလ္လာဇရပ်၌ တရားနာ အမျှအတန်းပေးဝေခြင်းအား မေတ္တာအားမာန် ပရဟိတနာရေးကူညီမှုအသင်းနှင့် ရပ်ကွက်(၃)၊ကမ်းနားလမ်းနေရပ်ကွက်သူ/သားများစုပေါင်းပြုလုပ်ကာ တရားနာ အမျှပေးဝေ၍ ကွယ်လွန်သူအတွက် ကုသိုလ်ကောင်းမှုပြုပေးသည်။

ရပ်ကွက်မှကောက်ခံရရှိငွေ၆သောင်းကျော်မှ ပိုငွေ၁၈၅၀၀အား မေတ္တာအားမာန်နာရေးကူညီမှုအသင်းသို့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
#မော်လူးပုံရိပ်

Related Posts:

  • ပြိုင်မြင်းတို့ခွာသံ ~~~~~~~~~~ မြင်းကမြင်းကောင်း ဇောင်းကတာအထွက် လမ်းပျက်တာနဲ့တင်ခရီးမတွင်ဘူး။ ဒဏ်ရာဗလပွနဲ့ဒီနိုင်ငံ သွေးပြည်တွေလျှံ ပြည့် ဒါ ပကတိအခြေအနေ။ နှစ်နှစ်ဆယ်ကျော်ဖျက်ခဲ့ကြတဲ့လမ်း ပေါက်နေတာတွေဖာ စောင်းနေတာတွေတည့်လို့ မြင်းကောင်းပြေးဖ… Read More
  • ပြူတင်းတံခါးမှကျော်ကြည့်ခြင်း ~~~~~~~~~~~~~~~~~~ ``စကားလုံးတွေက အသံထွက်မမှန်ဘူး။ ငြိမ်နေရင်ချမ်းတယ်။ မငြိမ်နေရင်မချမ်းဘူး။ ဒီလိုနဲ့ ငြိမ်းချမ်းရေးဟာ အသက်ငင်ကောင်းတုန်း။´´ ငြိမ်းချမ်းရေး.. .ငြိမ်းချမ်းရေး ဝေးဝေးသွားလိုက်ပုံများအမြီးပင် မနည်းကြည့်ရြှာ… Read More
  • မိုးနဲ့လူ ~~~~~ လူကပြောတယ်.. မိုးတဲ့ကွာ ရွာပါဆိုတော့သူမရွာ မလိုချ င်ကာမှတသဲသဲ။ မိုးကပြောတယ်.. လူတဲ့ကွာ မရွာတော့တမ်းကာတ ရွာချ တော့တမျိုးမာန် ....လှန်လို့ဆဲ။ ဆူးအိမ်​လှိုင်း … Read More
  • လံကဓော ~~~~~~ ဘုံဘဝမှာ ကြုံ လာသမျှ ကို ဒုက္ခ.ဒုက္ခရယ်လို့ ငိုဖို့လည်းမစဉ်းစားချင်တော့ပါဘူး။ နေမင်းဝင်တာကို ၀မ်းနည်းပိုနေရင်းက လမင်းအလှကို ဘယ်လိုမြင်ရပါ့လဲ။ အနိစ္စ၊ဒုက္ခ၊အနတ္တ ဖြစ်သမျှ ကြောင်း အကောင်းချ ည်းသာ စိတ်ဖြေရာ၏။ လောကတံထွာ ဓမ… Read More
  • နိုင်ငံသစ်တည်မယ် ~~~~~~~~~~~ စိတ်ထားတွေပြောင်း အကျင့်ဆိုးများခွာ ကိုယ်ချင်းစာတရားသိုမှီး အထက်စီးကကြည့်မပြုံးနဲ့ အားလုံးဟာဂုဏ်သိက္ခာအတူတူ။ မငြူ စူစမ်းပါနဲ့ လွတ်လမ်းကိုအတူမျှော်လို့ နိုင်ငံသစ်တည်ရာ လိုတာတွေဖြည့် ပေါက်မည့်နေရာဖာ ပျက်တာတွေပြု ပြ… Read More

0 comments:

Post a Comment