Pages

Thursday 5 October 2017

5.10.2017ရက်နေ့ မော်လူးဒေသ ၊ကိုးတိုက်နယ် ဒီပင်္ကရာ မဟာစေတီတော်မြတ်ကြီး၏ စေတီယံ လေးဆူ ဌာပနာပိတ်ပွဲနှင့် အဘိဓမ္မာအခါတော်နေ့ ဆီမီး(၁)သောင်းပူဇော်ပွဲ ခြိမ့်ခြမ့်သဲကျင်းပ.........

(၁၃၇၉)ခုနှစ်၊သီတင်းကျွတ်လပြည့် (၁၅)ရက်နေ့

5.10.2017ရက်နေ့
မော်လူးဒေသ ၊ကိုးတိုက်နယ် ဒီပင်္ကရာ မဟာစေတီတော်မြတ်ကြီး၏
စေတီယံ လေးဆူ ဌာပနာပိတ်ပွဲနှင့် အဘိဓမ္မာအခါတော်နေ့ ဆီမီး(၁)သောင်းပူဇော်ပွဲ ခြိမ့်ခြမ့်သဲကျင်းပ.........

ယနေ့ ညနေ (၅း၃၀)နာရီအချိန် မော်လူးဒေသ ၊ကိုးတိုက်နယ် ဒီပင်္ကရာမဟာစေတီတော် စေတီယံ လေးဆူ ဌာပနာပိတ်ပွဲနှင့် အဘိဓမ္မာအခါတော်နေ့ ဆီမီး(၁)သောင်းပူဇော်ပွဲအား ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ ၀တ္တကနယ်မြေအတွင်း ကျင်းပပြုလုပ်သည်။

အဆိုပါစေတီတော်မြတ်ကြီး၏ စေတီယံလေးဆူ ဌာပနာပိတ်ပွဲနှင့် အဘိဓမ္မာအခါတော်နေ့ ဆီမီး(၁)သောင်းပူဇော်ပွဲအား မော်လူးဒေသ အုပ်စုအသီးသီးမှ ဆရာတော်ကြီးများ၊မော်လူးဒေသသားများ၊မော်လူးနှင့်အနီးပါတ်ဝန်းကျင်ရွာများမှ ရဟန်းရှင်လူအများအပြား တက်ရောက်ကြည်ညိုကြသည်။

မဟာဂန္ဓာရုံကျောင်းတိုက်  နာယကဆရာတော်၊မော်လူးဘုရားကြီးကျောင်းဆရာတော် ၊ မြိုင်သာယာဆရာတော် တို့မှ တက်ရောက်လာသော အလှူရှင် ၊စေတနာရှင် ၊နယ်သူ/သားများအား သြ၀ါဒစကားများ၊တရားများအသီးသီးဟောကြားချီးမြှင့်ပေးသည်။

ယနေ့ပြုလုပ်ကျင်းပသော မော်လူးဒေသ ၊ကိုးတိုက်နယ် ဒီပင်္ကရာမဟာစေတီတော် စေတီယံ လေးဆူ ဌာပနာပိတ်ပွဲနှင့် အဘိဓမ္မာအခါတော်နေ့ ဆီမီး(၁)သောင်းပူဇော်ပွဲသို့ နယ်သူ/သားများ စုစုပေါင်း ၃သောင်းကျော်တက်ရောက်ကြပြီး ည(၇း၀၀)နာရီထိုးသည်အထိ အသွားအလာများပြားနေကြောင်း သတင်းရရှိသည်။
#မော်လူးပုံရိပ်

0 comments:

Post a Comment