Pages

Saturday 24 June 2017

မော်​လူး​ဒေသ၊နမီးအုပ်စု၊​​ခေါင်းတုံးစီရွာသစ်​နေ ကိုနိုင်​ဦး+မစန်း​ရီ ​နေအိမ်​အား ည ၁း၃၀ အချိန်​ခန့်​ မိုးကြိုးလျှပ်​စီး ထိမှန်​ခြင်းခံရ.......

24,6,2017ရက်​​နေ့
မော်​လူး​ဒေသ၊နမီးအုပ်စု​​၊ခေါင်းတုံးစီရွာသစ်။

မော်​လူး​ဒေသ၊နမီးအုပ်စု၊​​ခေါင်းတုံးစီရွာသစ်​နေ ကိုနိုင်​ဦး+မစန်း​ရီ ​နေအိမ်​အား ည ၁း၃၀ အချိန်​ခန့်​ မိုးကြိုးလျှပ်​စီး ထိမှန်​ခြင်းခံရ.......

မိုးကြိုးလျှပ်​စီး စီးဝင်​မှု​ကြောင့်
နေအိမ်​မှကျွန်းတိုင်​တစ်​တိုင်​အက်​ကွဲ၊အိမ်​​အောက်​တွင်​​မွေးမြူထား​သော ၀က်​တစ်​​ကောင်​အား စက်ကွင်းမိ၍​​​သေဆုံး၊အားသွင်းထား​သောဖုန်းပျက်​စီး၊လူကြည့်​မှန်​တစ်​ချပ်​ကျကွဲခြင်း တို့ ဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

လူထိခိုက်​ခိုက်​မှုမရှိပါ ။အိမ်​သားများ မနက်​၉း၀၀နာရီခန့်​ ၀က်​စာ​ကျွေးခါနီးအချိန်​မှ သိရှိခြင်းဖြစ်​​သည်။

နာရီအိမ်အတွင်းမှ ရွှေရောင် အမှုန်များအားလုံးနီးပါး ကွာကျသွားသည်​ဟုလည်း သိရပါသည်​။
#​မော်​လူးပုံရိပ်

Friday 23 June 2017

သူ​ရောင်း​ကျေးရွာ ဦးတင်​၀င်း+ဒေါ်မ​ချော တို့၏ သားဖြစ်​သူ ၃ဘာသာဂုဏ်​ထူးရှင်​ မြန်​မာတစ်​နိုင်​ငံလုံးအမှတ်​အများဆုံး Top-10 အဆင့်​(၅)၀င်​ ​​​မောင်ဇော်​မျိုးနိုင်နှင့်​ အင်​တာဗျူး....

23,6,2017 ရက်​နေ့
မော်​လူး​ဒေသ၊သူ​ရောင်း​ကျေးရွာ

သူ​ရောင်း​ကျေးရွာ ဦးတင်​၀င်း+ဒေါ်မ​ချော တို့၏ သားဖြစ်​သူ ၃ဘာသာဂုဏ်​ထူးရှင်​(ပထ၀ီ၊သမိုင်း၊​ဘောဂ)ဘာသာတွဲ-၂  မြန်​မာတစ်​နိုင်​ငံလုံးအမှတ်​အများဆုံး Top-10 အဆင့်​(၅)၀င်​ ​​​မောင်ဇော်​မျိုးနိုင်နှင့်​ အင်​တာဗျူး....

မောင်​ဇော်​မျိုးနိုင်မှာ ဦးတင်​၀င်း+ဒေါ်မ​ချော တို့၏ သား(၄)​ယောက်​ရှိသည့်​အနက်​ တတိယ​မြောက်​သားဖြစ်​သည်​။သား​လေး​ယောက်​၏ ပညာ​ရေးမှာ
၁။ကျော်​စွာဝင်း (သတ္တမတန်းအထိ​ကျောင်းပြီး)၊၂။ချစ်​နိုင်​(အဌမတန်းထိ​ကျောင်းပြီး)၊၃။ ​ဇော်​မျိုးနိုင်​*** ၄။ခင်​​မောင်​လတ်(ဆဌမတန်း၊လက်ရှိ​ကျောင်းတက်​ဆဲ)တို့ဖြစ်​သည်​။

မောင်​​ဇော်​မျိုးနိုင်​သည်​ သူ​ရောင်း​ကျေးရွာ အလယ်​တန်း​ကျောင်းခွဲ၌ စတင်​ ပညာသင်​ကြားခဲ့သည်​။ န၀မတန်းတွင်​ စာကြိုးစားမှုအားနည်းသဖြင့်​ ဆုမရခဲ့သည်​မှအပ ဒုတိယတန်းမှ စ၍ နှစ်​စဉ်​ အတန်းတိုင်း ဆုများအသီးသီးရရှိခဲ့သူဖြစ်​သည်​။
မိဘများ၏ ​လယ်​ယာအလုပ်​အကိုင်​တွင်​ပါဝင်​ကူညီပြီး စာ​တော်​​သော ထူးချွန်​​ကျောင်းသားတစ်​​ယောက်လည်း ဖြ​စ်​သည်​။

မိဘများမှ ရိုးသား​သော ​တောင်​သူလယ်​သမားများဖြစ်​ပြီး မိသားစုတစ်​စုလုံး လက်​ရှိ လယ်​(၄)ဧက တစ်​နှစ်​ စပါး တင်း(၃၀၀)ခန့်​နှင့်​ လုပ်​ကိုင်​စား​သောက်​​နေကြသူများဖြစ်​သည်​။

အကိုအကြီးဆုံးဖြစ်​သူ မှာ အိမ်​​ထောင်​ကျပြီး အတူ​နေထိုင်​၍ ​သဲ​ကျောက်​​ဂွေလုပ်​ငန်းလုပ်​ကိုင်​သည်​။

မိခင်​ဖြစ်​သူမှာ သူ​ရောင်းမှ ​တစ်​မိုင်​ခွဲ​ဝေး​သော ​မော်​လူးသို့ ဟင်းသီးဟင်းရွက်များအား​​​​ နံနက်တိုင်း ​​ဈေးသို့ လာ​​​ရောက်​​ရောင်းချသူဖြစ်​သည်​။

မောင်​​ဇော်​မျိုးနိုင်​၏ရည်​မှန်းချက်​မှာ ပညာ​ရေးတက္ကသိုလ်​တက်​​ရောက်​ပြီး ဆရာဖြစ်​ရန်​ရည်​မှန်းထားသည်​ဟုသိရသည်​။

မိဘများမှာ လက်​လုပ်​လက်​စားများဖြစ်​၍ ​မောင်​​ဇော်​မျိုးနိုင်​အား ၎င်း၏ရည်​မှန်းချက်​ ပြည့်​ဝ​စေရန်​ အကူအညီတစ်​ချို့ လိုအပ်​နေပါသည်​။

မောင်​​ဇော်​မျိုးနိုင်​အားပညာ​ရေးအကူအညီ အ​ထောက်​အပံ့​ကူညီ​ပေးလိုပါက ကျ​နော်​တို့ ​မော်​လူးပုံရိပ်​မှတစ်​ဆင့်​ ဆက်​သွယ်​ကူညီ​ပေးနိုင်​​ကြောင်း ​ရေးသားအပ်​ပါသည်​။

မောင်​​ဇော်​မျိုးနိုင်​မှ ယခုနှစ်​ တက္ကသိုလ်​၀င်​တန်း တက်​​ရောက်​​သော ညီငယ်၊​ညီမငယ်​များအား​မော်​လူး​ဒေသပညာ​ရေးအတွက်​ ၎င်းထက်​ပိုထွန်း​တောက်​အောင်​မြင်​​စေလို​ကြောင်းနှင့်​ အစဉ်​အလာကို ဆက်​လက်​ထိန်းသိမ်း​ပေး​စေလို​ကြောင်း၊ ကြိုးစားအားထုတ်​မှုမှ​အောင်​မြင်​မှုသို့ လှမ်းတက်​နိုင်​​စေလိုသည်​ဟု ဆန္ဒပြု​ကြောင်း​ပြောကြားသည်​။
#​မော်​လူးပုံရိပ်

Thursday 22 June 2017

မော်​လူး ၊ဘူတာယာဒ်​၀င်း အတွင်း ဘူတာထမင်းဆိုင်​ နှင့်​ အလုပ်​သမားရုံးကြားရှိ သက်​တမ်းရင့်​ ကုက္ကိုလ်​ပင်​ကြီးတစ်​ပင်​ အမြစ်​မှ​ကော်​လဲ.....

23-6-2017
မော်​လူး
မော်​လူး ၊ဘူတာယာဒ်​၀င်း အတွင်း ဘူတာထမင်းဆိုင်​ နှင့်​ အလုပ်​သမားရုံးကြားရှိ သက်​တမ်းရင့်​ ကုက္ကိုလ်​ပင်​ကြီးတစ်​ပင်​ အမြစ်​မှ​ကော်​လဲ.....

ယ​နေ့မနက်​ ၄း၀၅ နာရီအချိန်​ ဘူတာ​မြောက်​ဘက်​နားရှိ ကုက္ကိုပင်​ကြီး ​ကော်​လဲသဖြင့်​ အလုပ်​သမားရုံး ၃ပုံ ၁ပုံခန့်​ပျက်​စီး ၊ကွန်​ကရစ်​မီးတိုင်​တစ်​တိုင်​ကြိုး၍ လမ်းမ​ပေါ် လဲပြိုခဲ့​ကြောင်းသိရသည်​။

လူ၊တိရိစ္ဆာန်​အထိအခိုက်​မရှိပဲ အလုပ်​သမားရုံး​ခေါင်​မိုးသာ ကိုင်းများရိုက်​မိပျက်​စီး​ကြောင်းနှင့်​ ဘူတာအ​ရှေ့ဖက်​လမ်းမ​ပေါ်ပြိုလဲ၍ လမ်း​ပိတ်​​နေ​ကြောင်းသိရသည်​။

လဲပြို​သောကုက္ကိုပင်​အား ​မော်​လူးအုပ်​ချုပ်​​ရေးပိုင်းမှတာဝန်​ရှိသူများ၊ အရံမီးသတ်​အဖွဲ့ဝင်​များ၊အလုပ်​သမားရုံးမှဝန်​ထမ်းများ၊ရပ်​မိ/ဖများ၊လျှပ်​စစ်​၀န်​ထမ်းများ၊စုစု​ပေါင်းအင်​အား(၄၀)​ကျော်​ဖြင့်​ပိတ်​ဆို့​နေ​သောကုက္ကိုပင်​ အားရှင်းလင်းခြင်း​ဆောင်​ရွက်​ခဲ့ရာ ယ​​​နေ့မနက်ပို​င်းအချိန်​(၈း၀၀)နာရီခန့်​​တွင်​ ပြီးစီး​ကြောင်းသတင်းရရှိပါသည်​။
#​မော်​လူးပုံရိပ်

Tuesday 20 June 2017

မော်​လူးမြို့​ပေါ်ရပ်​ကွက်​အသီးသီးသို့ ​ကျေးလက် ကျမ်းမာေ​​ရးဌာနမှဝန်​ထမ်းများ နှင့်​ တာဝန်​ရှိသူများ ၊ လူမှု​ရေးအသင်းအဖွဲ့များ လိုက်​ပါလျှက်​ ​သွေးလွန်​တုပ်​​ကွေး​ရောဂါ ကာကွယ်​တားဆီး​ရေး အသိ​ ပညာ​ပေး​​ခြင်း​​ဆောင်​ရွက်​......

21,June 2017
မော်​လူး

မော်​လူးမြို့​ပေါ်ရပ်​ကွက်​အသီးသီးသို့ ​ကျေးလက် ကျမ်းမာေ​​ရးဌာနမှဝန်​ထမ်းများ နှင့်​ တာဝန်​ရှိသူများ ၊ လူမှု​ရေးအသင်းအဖွဲ့များ လိုက်​ပါလျှက်​ ​သွေးလွန်​တုပ်​​ကွေး​ရောဂါ ကာကွယ်​တားဆီး​ရေး အသိ
ပညာ​ပေး​​ခြင်း​​ဆောင်​ရွက်​......

ကျမ်းမာေ​​ရးဌာနမှဝန်​ထမ်းများ ၊ ​မော်​လူး ​မေတ္တာအားမာန်​ပရဟိတအသင်းမှ အဖွဲ့သားများ ၊ ​မော်​လူးအုပ်​စု အုပ်​ချုပ်​​ရေးပိုင်းမှ တာဝန်​ရှိသူများ ၊ အရံမီးသတ်​တပ်​ဖွဲ့ဝင်​များ လိုက်​ပါလျှက်​ မိုးရာသီ ခြင်​​ကြောင့်​အဖြစ်​များ​သော ​သွေးလွန်​တုပ်​​ကွေး​ရောဂါ ကြိုတင်​ကာကွယ်​ရေး​ (ဖုံး၊သွန်​၊လဲ၊စစ်​) စနစ်​အား လိုက်​လံ ကြည့်​ရှူ ​ဆောင်​ရွက်​သည်​။

စုစု​ပေါင်းအင်​အား(၄၀)​ကျော်​ဖြင့်​ မြို့​ပေါ်ရပ်​ကွက်​(၆)ခုသို့ လိုက်​လံစစ်​​ဆေး​ဆောင်​ရွက်​ခဲ့​ကြောင်းသတင်းရရှိသည်​။
#​မော်​လူးပုံရိပ်