Pages
Sunday 31 January 2016
ကူးဆိပ်​​ကျေးရွာမှ အာရစိယပူဇာသဘင်
မော်​လူး​ဒေသ၊ကူးဆိပ်​​ကျေးရွာ "သမ္မဂ္ဂမဉ္ဇရီ​ကျောင်းတိုက်​" တွင်​ "ဆရာကြီး ​ဒေါ်နိမ္မလဉာဏီ"၏ "သက်​​တော်​(၅၆)နှစ်​ပြည့်​​မွေး​နေ့မင်္ဂလာ နှင့်​ အာစရိယ ဂုဏပူဇာသဘင်​" ပွဲ ဆင်​ယင်​ကျင်းပ.......။ စစ်​ကိုင်းတိုင်း​ဒေသကြီး၊အင်း​တော်​မြို့နယ်​၊​မော်​လူး​ဒေသ၊ကူးဆိပ်​​ကျေးရွာ၊ "သမ္မဂ္ဂမဉ္ဇရီ​ကျောင်းတိုက်​" တွင်​ "မြနန္ဒာ​ကျောင်းဆရာကြီး ​ဒေါ်နိမ္မလဉာဏီ" ၏ "သက်​​တော်​(၅၆)နှစ်​ပြည့်​​မွေး​နေ့မင်္ဂလာ နှင့်​ အာစရိယ ဂုဏပူဇာသဘင်​ပွဲ" ကို (၃၁-၁-၂၀၁၆)ရက်​​နေ့၊နံနက်​(၄:၀၀)နာရီအချိန်​မှ စတင်​ကာ ဆင်​ယင်​ကျင်းပ​ကြောင်း သိရပါသည်​။ ကူးဆိပ်​​ကျေးရွာ "သမ္မဂ္ဂမဉ္ဇရီ​ကျောင်းတိုက်​" တွင် စံပယ်​​တော်​မူသာ မြတ်​စွာဘုရားအားရည်​မှန်း၍ သီလရှင်​ဆရာ​လေးများနှင့်​ ဓမ္မမိတ်​​ဆွေအ​ပေါင်းတို့က "ဆီမီး၊ပန်း၊​ရေချမ်း၊ဆွမ်းပွဲ၊တံခွန်​" တစ်​​ထောင်​စီတို့ဖြင့်​ ဆက်​ကပ်​လှူဒါန်းကြပြီး ဂါထာတစ်​​ထောင်​၊ဇာတ်​တော်​တို့ဖြင့်​ ရွတ်​ဖတ်​သရစ္ဇျယ်​ကြ​​ကြောင်း နှင့်​ကြွ​ရောက်​လာသမျှ​သော ဧည့်​ပရိသတ်​အ​ပေါင်းအား ဆွမ်း၊ထမင်းတို့ဖြင့်​ တည်​ခင်းဧည့်​ခံ​ကြောင်းကြားသိရသဖြင့်​ ဝမ်း​မြောက်​စွာ သာဓု​ခေါ်ဆိုနိုင်​ကြ​စေရန်​ တင်​လိုက်​ပါတယ်​ခင်​ဗျာ။
မော်​လူး​ဒေသ ပတ်​ဝန်းကျင်​သန့်​​ရှင်း​ရေးပူး​ပေါင်း​ဆောင်​ရွက်
(၃၀-၁-၂၀၁၆)ရက်​​နေ့ ​မော်​လူး​ဒေသ၊စီး​မော်​အုပ်​စု၊မန်​ကျည်းကုန်း​ကျေးရွာ ရထား​ရေ​ပေါက်​တံတား​အောက်​မှ အမှိုက်​များ၊ခြုံနွယ်​များ ရှင်းလင်း​​၍ လူကူးတံတား​လေးအား ​ဆောက်​လုပ်​ရန်​ စု​ပေါင်း​လုပ်​အား​ပေး​ခြင်း​ဆောင်​ရွက်​။ ​မော်​လူးမြို့အဝင်​ စည်း​မော်​သံကူကွန်​ကရစ်​တံတားမှာ ​ဆောက်​လုပ်​ဆဲဖြစ်​ပြီး ကား၊ဆိုင်​ကယ်​တို့ တံတား​ဟောင်းလမ်းကျဉ်းမှ ​မောင်းနှင်​ရ၍ ​ကျောင်းသွားက​လေးများအတွက်​ အန္တရာယ်​များလှသည်​။ထို့အတူ မန်​ကျည်းကုန်း​ကျေးရွာမှ​မော်​လူးသို့ ရထား​ရေ​ပေါက်​တံတား​ပေါ်မှဖြတ်​လျှင်​လည်း က​လေးများအဖို့ အန္တရာယ်​ မကင်း၍ ​ချောင်းကူးတံတား​လေးအား တည်​​ဆောက်​ရန်​ ယ​နေ့လူထုအင်​အားဖြင့်စု​ပေါင်းလုပ်​​ဆောင်​ကြခြင်းဖြစ်​သည်​။ မန်​ကျည်းကုန်း​ကျေးရွာမှ အရံမီးသတ်​တပ်​ဖွဲ့ဝင်​​များ၊အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​အဖွဲ့ဝင်​များ ဦး​ဆောင်​၍ ​မော်​လူးမြို့မှ အရံမီးသတ်​အဖွဲ့ဝင်​များ၊အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​အဖွဲ့ဝင်​များနှင့်​ပြည်​သူများစု​ပေါင်း၍ မန်​ကျည်းကုန်း ရထား​ရေ​ပေါက်​တံတား​အောက်​မှ အနှစ်​နှစ်​အလလ က စွန့်​ပစ်​ထား​သော အမှိုက်​များ ခြုံနွယ်​များ ကို ရှင်းလင်း​ဆောင်​ရွက်​ကြသည်။ စုစု​ပေါင်း အင်​အား(၈၀)ခန့်​ဖြင့်​ ဒေသ ရပ်​ရွာသန့်​ရှင်းသာယာ​ရေးနှင့်​​ ကျောင်းသား​လေးများ အန္တရာယ်​ကင်းစွာသွားလာနိုင်​​ရေး လုပ်​အား​ပေး ​ဆောင်​ရွက်​ကြစဉ်​မြင်​ကွင်းပုံရိပ်​များ။
ပြောင်းလဲသင့်​ပြီ
Saturday 23 January 2016
ရောက်​တတ်​ရာရာအ​တွေးများ
စာဖတ်​ကြဖို့လိုပြီ ~~~~~~~~~~~ ~~ကိုယ်​ကြိုက်​တဲ့ရုပ်​ရှင်​​တွေ ပွဲ​တွေကို​မေပူမိုးရွာမ​ရှောင်​တန်းစီ ပြီးလက်​မှတ်​တိုးတဲ့ဝိရိယမျိုး၊ ကိုယ်​ ၀တ်​ချင်​တဲ့အ၀တ်​အစားအဆန်း အပြား​တွေကို​ဈေးတကာ့​ဈေးတစ်​ခု မကျန်​လိုက်​ရှာ​နေနဲ့ကြိုးစားမှုမျိုး၊ အဲဒီလိုကိုယ်​အင်​အား၊စိတ်​အင်​အား ​တွေရဲ့ဆယ်​ပုံတစ်​ပုံ​လောက်​ စာအုပ်​ရှာကိစ္စ၊ စာဖတ်​တဲ့ကိစ္စ အတွက်​သတ်​မှတ်​ထားရင်​အများ ကြီးခရီး​ရောက်​နိုင်​တယ်​...။~~~ ခင်​မျိုးချ စ် စာ​ပေရဲ့အစွမ်းသတ္တိကိုသိသူ ​တွေကစာဖတ်​ဖို့တိုက်​တွန်းနိုး​ဆော်​ ကြတယ်​။လူ​တွေကအမှုမဲ့အမှတ်​ မဲ့​နေကြတယ်​။ကျောင်း​နေရုံနှင့်​ရပြီ ထင်​​နေကြတယ်​။ လူ့ဦး​နှောက်​​တွေစွမ်းပကားပြည့်​ဝ ဖို့၊လူ့နလုံးသား​တွေလှပဖို့ကို​ကျောင်း နှင့်​မြန်​မာ့ပညာ​ရေးစနစ်​က စိတ်​မ ချရဘူး။ထုဆစ်​နိုင်​တဲ့ဆရာ၊ဆရာမ ​တွေနည်းပါးသွားပြီ။စေတနာမပါပဲ အလုပ်​သ​ဘောဆန်​တဲ့ဆရာ၊ဆရာ မ​တွေသာများ​နေတယ်​။ ဒါ​ကြောင့်​ကိုယ့်​ဦး​နှောက်​အစွမ်း သတ္တိပြည့်​ဝဖို့​လေ့လာသင်​ယူကြရ မယ်​။ကိုယ့်​နလုံးသားလှပဖို့ကိုယ်​ ကိုယ်​တိုင်​ထုဆစ်​ပုံ​ဖော်​ကြရ​ပေ ​တော့မည်​။ ဘဝအ​မော​တွေ​ပြေကြပါ​စေ ဘဝခရီးသည်
Monday 18 January 2016
ရောက်​တတ်​ရာရာ အ​တွေးများ
သောက်​ကျင့်​​တွေပြင်​သင့်​ပြီ
သို့​သော်​လဲ​ပေါ့​လေမြင်​မိ ကြားမိ
ပြန်​​တော့လဲ လူ့သဘာဝအ​လျောက်
ပြောချင်​ဆိုချင်​လာတယ်​​မဟုတ်​လား။
    မ​နေ့ကကျွန်​​တော်​တို့ရွာမှာသမ
က​ငွေထုတ်​​ချေး​ပေးပါတယ်​။လျှောက်
ထား​ပေမဲ့မရတဲ့သူ​တွေကထုံးစံအ
တိုင်းပွစိပွစိ​ပေါ့​လေ။ရတဲ့သူ​တွေကြ
တော့အလကားလာ​ပေးသလိုကို
အူမြူး​နေကြ​လေရဲ့။
     အဲဒီမှာကြားရတာက​ရှေး​ရှေး
တုန်းကအရိုးစွဲ​နေတဲ့​သောက်​ကျင့်
အ​ကြောင်းထပ်​ကြားရသဗျား။
ငွေစုခိုင်းတာကတစ်​​သောင်းပြီး​တော့
ရေးခမှတ်​ခ​တောင်းတာကတစ်​ဦး
တစ်​​ထောင်​ဆိုပဲဗျ ။
     ကျွန်​​တော်​တို့တ​တွေနားကြား
ပြင်းကပ်​​လောက်​​အောင်​ကြားလာ
ခဲ့ကြ​သောဘာခညာခဆိုတာ​တွေ
ကယ​နေ့အချိန်​ထိလည်းကြား​နေမြင်
နေကြရတုန်းပါပဲလားဟရို့။
    ဒီလို​သောက်​ကျင့်​ဆိုး​တွေကိုပြည်
သူ​တွေရွံ့မုန်း​နေတာကြာ့ကြာလှ
ပေါ့။မနိုင်​လို့တာ​ပေး​ပေး​နေရတာ
စိတ်​ထဲမှာ​တော့နရင်းဖြတ်​ရိုက်​ချင်
လောက်​​အောင်​​သောက်​မြင်​ကကပ်
နေပြီ။တကယ်​။
     ပြု ပြင်​ကြပါ​တော့လားဗျာ။ပြည်
သူ​တွေမျက်​မုန်းကျိုး​နေတဲ့​သောက်
ကျင့်​​တွေပြု ပြင်​သင့်​ကြပါပြီ။
       ဘဝအ​မော​တွေ​ပြေကြပါ​စေ
                             ဘဝခရီးသည်
Sunday 17 January 2016
ပုထုဇဉ်
ကျေးလက်​ရနံ့
#MawLuu´sImages
တရားသ​ဘော
စော​ကြောကြည့်​ရင်
ဖြစ်​လိုက်​ပျက်​လိုက်
ဘယ်​အရာက​ရော
တည်​မြဲမှုရှိလို့လဲ။
နေထွက်​လာရင်
လူသား​တွေ
လောဘ၊​ဒေါသ၊​မောဟ
ဖွားဖက်​​တော်​သမျှ
ကြီးပြင်းကြ။
နေ၀င်​​တော့လည်း
လောဘ၊​ဒေါသ၊​မောဟ
ဖက်​ခြုံပြီး
မနက်​ဖြန်​အတွက်
အား​မွေးကြတယ်​။
             ဆူးအိမ်​လှိုင်း
Saturday 16 January 2016
ကျေးဇူးတင်​လွှာ
ပညာဒါနအတွက်ကျေးဇူးတင်ခြင်း "Jupiter Myanmar Education" မှ English Grammar စာအုပ်များလှူဒါန်းလိုသည် ဟူသောကြော်ငြာတွေ့ရှိရသဖြင့် ကျနော်တို့ဒေသမှ အထက်တန်းကျောင်းသား/သူများအတွက် ရည်ရွယ်ပြီးအလှူခံပေးမိပါတယ်။ ကျနော်သင်သော ဘာသာရပ်မဟုတ်ပေမဲ့ ကလေးများအတွက် အကျိုးရှိစေလိုသည့်ရည်ရွယ်ချက်နှင့် "Jupiter Myanmar Education" မှဆရာတို့အား အကူအညီတောင်း၍ အလှူခံခြင်းဖြစ်ပါသည်။ သင်တန်းနေရာ(၃)ခုအတွက် အုပ်ရေ (၉၅)အုပ် ပို့ပေးရန် ကျနော်တောင်းဆိုမိသည်။သို့သော်တစ်ခြားနယ်မှကျောင်းသားများကိုပါ ခွဲဝေပို့ရသဖြင့် စာအုပ်(၃၃)အုပ်ရရှိသည်ကိုလည်း နားလည်ပါသည်။ဆရာတို့ပို့ပေးသော English grammar စာအုပ်(၃၃)အုပ်လုံး အဆောင်(၃)ခုမှ ကျောင်းသား/သူ များအား အဓိကထား၍ အားလုံးကုန်အောင် တစ်ဆင့်လှူဒါန်းပေးပြီးဖြစ်ပါသည်။ ကျနော့်ထံတွင်တစ်အုပ်မှချန်မထားပါ။အုပ်ရေနည်း၍မလောက်သဖြင့် ကံစမ်းမဲဖောက်ပြီး လှူဒါန်းပေးပါသည်။ ဆရာတို့ အဖွဲ့သားများအား ကျနော်တို့မော်လူးဒေသမှ ကျောင်းသူ/သားများကိုယ်စား ကျနော်မှ အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားအပ်ပါတယ်ခင်ဗျာ။ဆရာတို့ ရဲ့လုပ်ငန်းတွေ ဒီထက်မက အောင်မြင်တိုးတက်ပါစေလို့ ဆန္ဒပြုပါတယ်။ ကျေးဇူးတင်စွာဖြင့်
Friday 15 January 2016
ရောက်​တတ်​ရာရာအ​တွေးများ
စောင့်​စားငံ့လင့်​​နေကြပြီ ~~~~~~~~~~~~~~ လူတို့သဘာဝကသူများ လုပ်​ ​ဆောင်​တာကိုကြည့်​ပြီးကဖျက်​ကယက်​​ ပြောချင်​ကြသူများရှိသလို ချီးကျူးကြသူ​တွေလည်းရှိကြပါတယ်​။ လူတချို့က​ရှေ့ကသွားတတ်​ကြ တယ်​။တချို့လူ​တွေကြ​တော့​ရှေ့က မသွားတတ်​ကြ​ပေမဲ့​နောက်​ကငြိမ်​ ပြီးလိုက်​တတ်​ကြတယ်​။ဒါ​ပေမဲ့လူ တချို့ကြ​တော့​ရှေ့လည်းမသွားကြ၊ ​နောက်​ကလည်းမလိုက်​တတ်​ကြ၊ ကန့်​လန့်​သွား​နေကြတယ်​။ ခုလည်း​လေကျွန်​​တော်​တို့ရွာသူ ရွာသား​တွေက​တောင်းဆို​နေကြ ​လေရဲ့။စာ​ပေ​ဟော​ပြောပွဲကျင်းပဖို့ သူတို့​တောင်းဆို​နေကြပြီ။ငံ့လင့်​​နေ ကြပြီ။အ​ထွေ​ထွေ​သောဗဟုသုတ ​တွေစားသုံးကြဖို့​မျှော်​လင့်​​နေကြပြီ။ ကျွန်​​တော်​တို့စားသုံးလိုသူ​တွေကို ချ​ကျွေးကြဖို့ပြင်​ဆင်​နိုင်​ပါ့မလား။ ကျွန်​​တော်​တို့ရွာနှင့်​ရွာနီးချုပ်​စပ်​ ကရွာသူရွာသား​တွေစာ​ပေ​ဟော​ပြောပွဲကို ပြုလုပ်​ကျင်းပဖို့​တောင်းဆိုနေကြပြီ။ သူတို့အလိုဆန္ဒကိုဖြည့်​ဖို့ကျွန်​​တော့်​မှာ အားအင်​ရှိဖို့လို​နေပြီ။ဒါကို ကျွန်​​တော်​ဖြည့်​ဆည်းနိုင်​ပါ့မလား။ ဖြည့်​တင်း​ပေးဖ်ု့ကျွန်​​တော့်​မှာအင်​ အားလို​နေတာက​တော့အမှန်​။ အင်း.....လူရွှင်​​တော်​ ​တွေ​ပြော ကြသလို ​တောင်းတတုန်းမှာထွက်​ ​ပေါ်လာဆိုသလိုခုချိန်​မှာများသိန်း ထီ​ပေါက်​လိုက်​ရင်​ဘယ်​​လောက်​ ​ကောင်းမလဲ။ဘယ်​သူ့ကိုမှအပူမရှာ ပဲရွာသူရွာသား​တွေ​မျှော်​လင့်​​နေတဲ့ စာ​ပေ​ဟော​ပြောပွဲခမ်းနားစွာကျင်း ပလိုက်​ချင်​ပါတယ်​ကွယ်​တို့....။ ဒါ​ပေမဲ့ကျွန်​​တော်​​လျှောက်​​နေပါ တယ်​​။တ​နေ့​ရောက်​ရမှာ​ပေါ့။ ဘဝအ​မော​တွေ​ပြေကြပါ​စေ ဘဝခရီးသည်
Thursday 14 January 2016
လာပြန်​ပြီဆိုသ​လေး
ရောက်​တတ်​ရာရာ အ​တွေးများ ~~~~~~~~~~~~~~~~~~ ​ ​မော်​လူး ​ဒေသစာ​ပေချစ်​မြတ်​နိုး သူများပူး​ပေါင်းကျင်းပတဲ့စတုတ္ထ အကြိမ်​​မြောက်​စာ​ပေ​ဟော​ပြောပွဲ ကြီး​အောင်​မြင်​စွာပြီးဆုံးသွားခဲ့ပါပြီ။ အ​သေးအမွှားက​လေး​သော အခက်​အခဲ​လေး​တွေက​တော့ဖြင့် အလုပ်​​​တိုင်း၏​သေ​ဘာသဘာဝ အတိုင်းကြုံ​တွေ့ခဲ့ကြပါတယ်​။ဒါ​ပေ မယ့်​ကျွန်​​တော်​တို့တ​တွေ​ကျေနပ်​ ကြတယ်​။ ကျွန်​​တော်​တို့လူ့ပတ်​၀န်းကျင်​ လူ့အဖွဲ့အစည်းအသိတရားများနည်ွး​ငယ်​ရ​စေအုံး​တော့ကျွန်​​တော်​တို့ လုပ်​ကြရကျိုးနပ်​တယ်​လို့ထင်​မိပါ တယ်​။ကျွန်​​တော်​​တို့လိုချင်​တာကလဲ ကျွန်​​တော်​တို့လူ့ပတ်​၀န်းကျင်​အသိ တရားဖွံ့ဖြိုး​စေဖို့ရည်​ရွယ်​ချက်မဟုတ် လား။ လူစည်​သည်​မစည်​သည်​က အ​ကြောင်းမဟုတ်​လာသူ​တွေအသိ တိုး​စေဖို့ပါပဲ။တတ်​နိုင်​ရင်​ခုလိုစာ​ပေ ​ဟော​ပြောပွဲနည်းတူအခြား​သော ပညာ​ရေးဆိုင်​ရာ​ဟော​ပြောပွဲ၊ကျန်း မာ​ရေးဆိုင်​ရာ​ဟော​ပြောပွဲ​တွေကို မကြာမကြာပြုလုပ်​​ပေးချင်​မိပါတယ်​။ ယခုနှစ်​၃လပိုင်းမှာလည်းကျွန်​ ​တော်​တို့​လေးတန်​​မြေအသိမျှ ​ဝေ ​ရေးအဖွဲ့ကစာ​ပေ​ဟော​ပြောပွဲတစ်​ ပွဲပြုလုပ်​ကျင်းပဖို့ရည်​ရွယ်​ထားပါ တယ်​။ကျွန်​​တော်​တို့နိုင်​ငံကစာဖတ်​ သူဦး​ရေတ​နေ့တခြားကျဆင်း​နေ တယ်​လို့ဆို​နေကြတယ်​။ဒီလိုအ​ခြေ ​နေမျိုးမှာလှစ်​လျှူ ထားကြမယ်​ဆိုရင်​ ​တော့တ​နေ့​​နေ့မှာ​တော့မြန်​မာစာ​ပေ တိမ်​​ကောသွားနိုင်​ပါတယ်​။ စာ​ပေတင့်​မှလူမျိုးမြင့်​မည်​ဟုဆို သကဲ့သို့ကျွန်​​တော်​တို့လူမျိုးကမ္ဘာ အလယ်​၀င့်​ထည်​စွာရပ်​တည်​နိုင်​ဖို ကျွ န်​​တော်​တို့စာ​ပေဖွံ့ဖြို့းတိုးတက်​ ​ဖို့အမြင်​ကျယ့တဲ့လူငယ်​လူရွယ်​​တွေ တက်​ကြွစွာပုခုံး​ပြောင်းတာဝန်ယူ ကြဖို့အချိန်​တန်​ပါပြီ။ ဘဝအ​မော​တွေ​ပြေကြပါ​စေ ဘဝခရီးသည်
Wednesday 13 January 2016
ကျေးလက်​ရနံ့
ရောက်​တတ်​ရာရာ အ​တွေးများ ~~~~~~~~~~~~~~~~~~ ကျွန်​​တော်​တို့​​တောဓ​လေ့ဘာဝ လူတစ်​ဦး​သေလွန်​သည်​ရှိ​သော်​ ရပ်​ထဲရွာထဲမှာရှိကြတဲ့ဆယ်​အိမ်​ ​ခေါင်းအလိုက်​ထို​သေသည့်​အိမ်​၌ ၀ိုင်းဝန်းအိပ်​ဖန်​​စောင့်​​ပေးကြ​လေ့ ရှိကြတယ်​။ ထိုလူမှုကျင့်​ဝတ်​တစ်​ခုသည်​ ထိုအိမ်​သူအိမ်​သား​တွေ၏ပူ​ဆွေး ​သောကကို​ဖြေ​ဖျောက်​နည်းတစ်​ခု လို့ထင်​ပါတယ်​။ ထိုပြု မူသည်​​ချစ်​စရာ​တောဓ​လေ့ လို့ဆိုရမှာပါ။ ဒီလိုချစ်​စရာ​ကောင်းတဲ့ ဓ​လေ့မျိုး​တွေမ​ပျောက်​ပျက်​ရ​အောင်​ ထိန်းသိမ်းထားကြဖို့​ကောင်းလှပါ တယ်​။ ​ခေတ်​​တွေစနစ်​​တွေအချိန်​နှင့်​အ မျှ​ရွေ့လျားတိုက်​စား​နေကြတယ်​။ ဒီတိုက်​စားမှု​တွေ​ကြောင့်​ချစ်​စရာ ​ကောင်းတဲ့မြန်​မာ့စိတ်​ရင်း​တွေ​ ​ပျောက်​ဆုံးသွားကြတယ်​။ဒါ​တွေ သည်​ကျွန်​​တော်​တို့အတွက်​စိတ်​ မ​ကောင်းစရာ​တွေ​ပေါ့။ ကျွန်​​တော်​တို့ချစ်​စရာမြန်​မာရိုး ရာဓ​လေ့မြန်​မာစိတ်​ရင်း၊​ကောင်း တဲ့ဓ​လေ့​တွေကိုတတ်​နိုင်​သ​လောက်​ ထိန်းသိမ်းကြဖို့လို​နေပါပြီ။ဒီလိုမှမ ဟုတ်​ရင်​​တော့ကျွန်​​တော်​တို့ရဲ့ချစ်​ စရာဓ​လေ့​ကောင်း​လေး​တွေဟာ တိမ်​​ကောပ​ပျောက်​သွာဖို့ရှိပါတယ်​။ ချစ်​စရာ ဓ​လေ့​ကောင်းကိုထိန်းသိမ်း နိုင်​ကြပါ​စေ။ ဘဝအ​မော​တွေ​ပြေကြပါ​စေ ဘဝခရီးသည်
Thursday 7 January 2016
ကူညီ​ပေးကြဖို့ ​​မော်​လူးပုံရိပ်​မှ ​တောင်းခံခြင်း
လွန်ခဲ့သော၁နှစ်ခန့် (၂၀၁၄၊ဒီဇင်ဘာလ၊၁၄ရက်နေ့) က ပျောက်ဆုံးသွားခဲ့သော မော်လူးဒေသ၊စီပိန်းရွာမှ ဓာတ်ပုံရှင်ကလေးအား တွေ့မြင်မိပါက သတင်းပေးနိုင်ရန် အကူအညီတောင်းခံခြင်း။ အဆိုပါကလေးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးဒေသ၊စီးမော်ကျေးရွာအုပ်စု၊စီပိန်းကျေးရွာနေ ဦးဇော်လင်း+ဒေါ်နှင်းဦး တို့၏ သားသမီး(၆)ဦးထဲမှ တတိယမြောက်သားဖြစ်သည်။ သူငယ်တန်းကျောင်းသား မောင်သီဟထွန်း၊(ငယ်နာမည်)မောင်ကျန် ဖြစ်ပြီး ပျောက်ဆုံးချိန်တွင် အသက်(၇နှစ်၊၃လ) ရှိပြီဖြစ်သည်။ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း မောင်သီဟထွန်း၊ညီဖြစ်သူ မောင်ချစ်ဖြိုးဝေ၊အသက် (၄နှစ်၂လ)နှင့်အတူ ဖခင်ဖြစ်သူ၏ တောထဲရှိအခင်းသို့ လိုက်ပါသွားကြခြင်းဖြစ်သည်။ အခင်းမှာ စီပိန်းရွာအရှေ့ဖက် (၆)မိုင်ခန့်ဝေးပြီး စီပိန်းရွာအရှေ့ဖက်"ထိုးချတောင်ခြေ" နားတွင်ရှိသည်ဟု သိရပါသည်။ ဖခင်ဖြစ်သူမှာ ကလေးနှစ်ယောက်အား လယ်တဲတွင်ထားခဲ့ပြီး တောထဲသို့ တစ်ယောက်တည်း သစ်၊ဝါး သွားရှာနေစဉ် (၂၀၁၄ခုနှစ်၊ဒီဇင်ဘာလ၁၄ရက်)နေ့လည် (၁၂)နာရီနှင့်(၁)နာရီကြားအချိန်တွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ကလေးပျောက်မှန်းသိလျှင်သိချင်း ရွာသားများနှင့်အပူတပြင်းလိုက်ရှာကြရာနောက်တစ်နေ့(၁၂)နာရီကျော် အချိန် အခင်းတဲမှ (၁၀)မိုင်အကွာ ကသာမြို့အလွန်တွင် ညီဖြစ်သူ မောင်ချစ်ဖြိုးဝေအား ပြန်လည်ရရှိသည်။ ကသာမြို့အလွန်၊မံလွှဲချောင်းဖျား၊မုရင်းခင်း၌ မုဆိုးလင်မယားမှ အငယ်ကောင်ကိုတွေ့၍ ခေါ်ယူစာင့်ရှောက်ထားသဖြင့် ပြန်ရခြင်းဖြစ်သည်။ ကလေးမှာ ငယ်လွန်းပြီး လမ်းခရီးဆက်မလိုက်နိုင်တော့သဖြင့် ချန်ထားခဲ့သည်ကိုပဲ ကံကောင်းလှသည်ဟု ပြောရမည်ပင်။ ကျောက်ဆုံးသွားသော မောင်သီဟထွန်းမှာ သူငယ်တန်းစာမေးပွဲဖြေဆိုခါနီးဖြစ်ပြီး ယခု(၂၀၁၅ခုနှစ်၊ဒီဇင်ဘာ၂၈ရက်)နေ့တွင် (၉နှစ်၃လ)ပြည့်မည်ဖြစ်သည်။ မော်လူးရဲစခန်းအား လူပျောက်တိုင်၍ စစ်တပ်၊ရဲနှင့်ရွာသားများ စုပေါင်းရှာဖွေပါသော်လည်း မောင်သီဟထွန်း၏သတင်းအား ယနေ့တိုင် မကြားသိရပေ။ုပြန်တွေ့သော (၄နှစ်၂လ)သားအရွယ် မောင်ချစ်ဖြိုးဝေမှာလည်း စကားကောင်းစွာမပြောတတ်သေး၍ မေးလိုက်တိုင်း"ဦးကြီးခေါ်သွားတယ်။တစ်ခြားက"ဟုသာပြောနိုင်လေသည်။ထို့နောက် တောင်ပေါ်လက်ညှိုးညွှန်ပြ၍ ထိုတောင်ပေါ်တွင်ရှိကြောင်းသာပြောလေသည်။ စီပိန်းရွာမှာ နွားကုန်သည်၊သစ်ကုန်သည်တို့ တောလမ်းခရီးမှတဆင့် အမြဲအသွားအလာ မပြတ်သည့်ရွာ ဖြစ်သည်။ ရှာဖွေကြသူများမှ ကသာမြို့အထက်ဖက် နောင်ပိန်း၊မိုးဒါး နယ်သို့တိုင် သတင်းဖြန့်ပြီး တစ်ပတ်ကျော်သည်အထိ ဝိုင်းရှာကြသော်လည်း ကလေးကုန်ကူးသမားမှာ နယ်မြေကွမ်းကျင်သည်ဟု ယူဆရပြီး ယနေ့တိုင်ကလေးအား မတွေ့ရှိသေးပါ။ ပျောက်ဆုံးသွားသောကလေးမှာ ငယ်စဉ်က ဘယ်ဖက်ဒူးခေါင်း ဒညင်းငုတ်ထိုးမိထားပြီ့း ခွဲထုတ်ရသောကြောင့် အမာရွတ်ကျန်ရှိနေသည်ဟုသိရပါသည်။မျက်နှာဝိုင်း၊ပါးချောင်ကား၍မျက်နှာပေးကောင်းကာ၊ဖော်ရွှေသည့်ပုံစံရှိသည်ဟုကြားသိရပါသည်။ ကသာအထက်ဖက် ဗန်းမော်နယ်နှင့်နီးသော တရုတ်ပြည် ယူနန်နယ် တွင် ကလေးမှောင်ခိုအဖွဲ့မှ ကလေးများအား ငွေကြေးတောင်းရမ်းခိုင်းသည့်ဂိုဏ်းရှိကြောင်းလည်း ကြားသိရပါသည်။ ကလေးပျောက်ဆုံးရာနေရာမှ နောင်တောင်း၊ဗန်းမော်၊ရွှေလီခရိုင်နှင့်နီးသည်ဟုသိရပါသည်။ ငယ်နာမည်မောင်ကျန်ဟုခေါ်က ကောင်းကောင်းမှတ်မိပြီး မြန်မာစကားကိုကောင်းစွာနားလည်ပါသည်။ ထိုကလေး(၁)နှစ်သားအရွယ်က ရိုက်ထားသောပုံနှင့်တကွတင်၍ တွေ့ရှိကကူညီိနိုင်ကြစေရန် မော်လူးပုံရိပ်မှ အကူအညီတောင်းခံအပ်ပါတယ်ခင်ဗျာ။
RFA နဲ့ ဦးဝင်းထိန်​ အင်​တာဗျူး
RFA နှင့် NLD ဦးဝင်းထိန်အင်တာဗျူး ***************************** ဦးဝင်းထိန်ဖြေဆိုသွားတာတွေသဘောကျတယ်။ နောက်ဆုံးဖြေသွားတာလေးသဘောအကျဆုံး။ ---------------------------------------------------- RFA : : NLD ရဲ့ သမ္မတ၊ အစိုးရအဖွဲ့တွေမှာ ဘယ်သူတွေပါမယ် ဘယ်သူတွေနဲ့ ဖွဲ့စည်း ပါမယ် ဆိုတာ မကြေငြာနိုင်တဲ့ အပေါ်မှာ တစ်ချို့လည်း မေးခွန်းတွေထုတ်နေကြတာ တွေ့ရပါတယ် ခင်ဗျား ။ ပြီးတော့ အားမလို အားမရလည်း ဖြစ်နေကြပါတယ်ခင်ဗျ ။ တကယ်ပဲ အန်ကယ်တို့ဖက် အချိန်စောနေသေးတယ် ဆိုပြီး မထုတ်နိုင်တာလား အခက်အခဲတွေကြောင့် အဆင်သင့် မ ဖြစ်တာလား သိပါရစေလား ခင်ဗျား NLD: : အဲဒီမေးခွန်းတွေ ထုတ်တဲ့သူတွေရော ခင်ဗျားတို့ သတင်းဋ္ဌာနတွေရော သိစေချင်တာက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီ အစိုးရ ဖွဲ့ဖြစ်ဖို့ဆိုတာ နှစ်ပေါင်း ၂၇ နှစ် ၂၈ နှစ် လောက် ဘဝတွေနဲ့ ရင်းပြီး ရလာတဲ့ ရလာဒ် အဲဒီရလာဒ် ကို ခင်ဗျားတို့ သတင်းဋ္ဌာနက ၅ မိနစ် ဆယ်မိနစ် လောက်နဲ့ အပြောလေးနဲ့ ကျွန်တ်ာတို့ကိစ္စတွေ ရှုပ်ရှက်ခတ်တာတွေ အဖြစ်မခံနိုင်ဘူး မလိုအပ်ပဲနဲ့ သတင်းဆောင်းပါးရေးတာတွေ သုံးသပ်တာတွေ ဝေဖန်တာတွေ ကျွန်တော်တို့ မလိုလားဘူး ။ တရားဝင် ကြေညာတဲ့ အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြ ဒါပဲ ။ RFA : : ဘယ်တော့လောက်များ အန်ကယ်တို့ ကြေညာဖြစ်မယ် ဆိုတာကိုများ အကြမ်းမျဉ်းပြောလို့မရဘူးလား ခင်ဗျာ ။ NLD: : အဲဒီမေးခွန်းက လွန်သွားပြီ ။ခုနကတည်းက အပြတ်ပြောလိုက်ပြီလေ ။ ပြောချင်လဲ ပြောသင့်တဲ့အချိန် ပြောမှာပေါ့ ။ မပြောသင့်ရင်မပြောဘူးလေ ။ကျွန်တော်တို့ ပြောရင်လည်း ခင်များတို့က ပြောကြဦးမှာ ဝေဖန်ကြဦးမှာပဲ ။ပြောကြလေ၊ အပြောခံရမှာလည်း မကြောက်ဘူး ။ RFA: : နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် မနေ့ကပဲ အလေးထားပြီး ထပ်ပြောထားတာ တွေ့ရပါတယ် NLD အစိုးရအဖွဲ့ဝင်တွေထဲမှာ ပါတီဝင်တွေ က ဝန်ကြီးဖြစ်ချင်လို့ ဝန်ကြီးနေရာ ပေးပါ ဆိုပြီးတောင်းတဲ့ ပါတီဝင်တွေ ရှိနေတယ် ဆိုတာလေး ရော ခင်ဗျာ ။ NLD: : အဲဒီလိုတောင်းနေကြတာက ပါတီဝင်တွေ ရော အပြင်ကလူတွေရော တောင်းဆိုကြတဲ့ စာတွေ ဒီမှာတစ်ပုံကြီးရှိတယ် ၊၊ ဒီမိုကရေစီအရေးတုန်းက လက်ကလေးတောင် မမြှောက်ခဲ့တဲ့ သူတွေက အခု မှ ဟိုဟာ ဖြစ်ချင်ကြတယ် ဆိုတော့ ရီရခက် ငိုရခက် ပေါ့ ဗျာ ။ ဘယ်လောက်စိတ်ရှုပ် ရှက် စရာကောင်းသလဲ ။ RFA : နောက်တစ်ခုက အခုဆိုလျှင် NLD ပါတီဝင်တွေ တော်တော်များများ မပြောရဲ မဆိုရဲ နဲ့ ကြောက်နေကြတယ်ခင်ဗျား ။ ဟိုပါတီ ထိပ်ပိုင်း မှာ ၂ ယောက် ၃ ယောက်ပဲ ပြောရ ဆိုရမယ်လို့ သိရပါတယ် NLD : : မပြောရဲ မဆိုဖြစ်နေတာ မဟုတ်ဘူး ။ ပြောချင်ကြတာ ။ ကျွန်တော်တို့က မပြောရဘူးလို့ တားထားတာ ။ ၁၉၉၀ ရွေးကောက် ပွဲ မှာ ဦးကြည်မောင်ရဲ့ စကားတစ်ခွန်းကြောင့် ဗိုလ်ချုပ်ခင်ညွှန့်က လူ ၂၀၀ လောက် ဖမ်းပြီး ထောင်ချ ပစ်တာလေ ။ RFA : : လောလော ဆယ် အစိုးရ နဲ့ ဆက်သွယ်တဲ့ အပိုင်းမှာ ဘာတွေ အခက်အခဲ ဖြစ်နေ NLD : : ဘာအခက်အခဲ မှ မရှိဘူး ။ RFA: : အန်ကယ် ဦးဝင်းထိန် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ ။ NLD: : ကျေးဇူးတင်မနေနဲ့ ။ ခင်ဗျားတို့ သတင်းဋ္ဌာနတွေ မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးကြ ။
"နှိုး​ဆော်​သံ"
နှိုးဆော်သံ........ 🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟 စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးဒေသ စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပနိုင်ရေး ဆွေးနွေး။ စတုတ္ထအကြိမ်မြောက်စာပေဟောပြောပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မော်လူးဒေသမှ အခြားသောအဖွဲ့များနှင့် စိတ်ပါဝင်စားသူများအား ဖိတ်ကြားပြီး(၇.၁.၂၀၁၆)ရက်နေ့၊ရတနာလမ်းနေ ဦးမြင့်သိန်း၏နေအိမ်၌ ဆွေးနွေးတိုင်ပင်ကြပါသည်။ (၂၀၁၂)ခုနှစ်မှအစပြုကာ ကျင်းပလာသော မော်လူးဒေသစာပေဟောပြောပွဲမှာ ယခုနှစ်နဲ့ဆို(၄)ကြိမ်မြောက်သို့ရောက်လေပြီ။အစဉ်အလာကောင်းကိုဆက်လက်ထိန်းသိမ်းဖို့ ကျနော်တို့အားလုံး ပါဝင်ဆောင်ရွက်ကြရပေမည်။ ယခုနှစ် လာရောက်ဟောပြောမည့် ဆရာများမှာ ဟာသလူရွှင်တော်စာရေးဆရာ ဆရာမေတ္တာ၊ဆရာရန်ငြိမ်းသူ၊ဆရာဇော်ခိုင်ဦးတို့ဖြစ်ကြပြီး ဟောပြောမည့်နေရက်မှာ (၁၃.၁.၂၀၁၆)ရက်နေ့ဖြစ်သည်။ဟောပြောမည့်နေရာအား ထပ်မံကြော်ငြာပေးသွားပါမည်။ စာပေဟောပြောပွဲအောင်မြင်စွာကျင်းပနိုင်ရေး အခြားသောလူမှုရေးအသင်းအဖွဲ့များနှင့် မော်လူးဒေသအတွင်းရှိ စိတ်ပါဝင်စားသူမည်သူမဆို ပူးပေါင်းပါဝင်နိုင်ရန် ဖိတ်စာကမ်း၍လည်း ဖိတ်ခေါ်ထားပြီးဖြစ်သည်။ မော်လူးဒေသရဲ့စာပေဟောပြောပွဲနှစ်စဉ် စဉ်ဆက်မပြတ်ကျင်းပနိုင်ရေးအတွက် မော်လူးဒေသသားတို့ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပါက အောင်မြင်နိုင်မည်ဖြစ်ပေသည်။ (၈.၁.၂၀၁၆)ရက်နေ့ မှစတင်ကာ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီမှ စိတ်ပါဝင်စားသော စာပေဝါသနာရှင်များနှင့်အတူ မော်လူးဒေသအတွင်းရှိအခြားသော အုပ်စုများနှင့်မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်အလှူခံထွက်ကြမည်ဖြစ်သည်။ မိမိတို့ဒေသမှာကျင်းပမဲ့ စတုတ္ထအကြိမ်မြောက်စာပေဟောပြောပွဲအောင်မြင်စွာကျင်းပနိုင်ရန် မော်လူးဒေသားများမှ ဝိုင်းဝန်းကူညီပါဝင်ကြဖို့ နှိုးဆော်လိုက်ပါရစေခင်ဗျာ။ 📢📢📢📢📢📢📢📢📢📢📢📢📢📢📢
Wednesday 6 January 2016
၆.၁.၂၀၁၆ ရက်​​နေ့ မံဟဲ​ကျေးရွာ စု​ပေါင်းအမှိုက်​​ကောက်​ခြင်း​ဆောင်​ရွက်
(၆-၁-၂၀၁၆)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးဒေသ၊မံဟဲအုပ်စု မံဟဲကျေးရွာ၌ အမှိုက်ကောက်ခြင်း စုပေါင်းဆောင်ရွက်။ မံဟဲကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ပြီး ရွာသူ/သားများစုပေါင်း၍ အမှိုက်ကောက်ခြင်းကို ပူးပေါင်းဆောင်ရွက်ကြသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ကြသော အမှိုက်ကောက်ခြင်း အလေ့အကျင့်ကို အစဉ်လုပ်ဆောင်နိုင်ကြပါက ရပ်ကွက်၊မြို့၊ရွာ ပတ်ဝန်းကျင်သန့်ရှင်းသာယာမည်သာဖြစ်ပေသည်။ ယနေ့ မံဟဲကျေးရွာ၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာအောင် လုပ်ဆောင်နေကြ သော ပုံရိပ်များအား မော်လူးပုံရိပ်မှ ဂုဏ်ယူစွာတင်လိုက်ပါတယ်ခင်ဗျာ။
အက်​စစ်​စားတဲ့ဆရာ
"အက်​စစ်​စားတဲ့ ဆရာ" ဥာဏ်​မများနဲ့ကိုယ့်​လူ အမှန်​တရားဆိုတာ........ တစ်​​နေ့ ​ပေါ်လာတတ်​စမြဲမို့........ အမှတ်​သည်း​ခြေ​လေး​ထားဖို့ ဆို လိုက်​ပါရ​စေ ဗျို့.............။ ဟန်​ဆောင်​လှည့်​ဖျား စကား​တွေဆိုပြီး........ အပို​တွေဖြီးလို့ ကိုယ့်​ဖို့ချည်း မကြည့်​နဲ့...........။ ကျုပ်​သိ​တယ်​ ​ပေးစရာရှိ​ပြေးပြီး......... ယူစရာရှိမှ ကျူတဲ့အကျင့်​ အတင့်​ရဲတတ်​တယ်​ဆိုတာ...............။ ထပ်​မကွဲချင်​ရင်​​တော့ အမှတ်​အမဲ​တွေကို........ မလှိမ့်တစ်ပတ်နဲ့ဆို မင့်စိတ်ဓါတ်​​တွေပြင်​ဖို့ လို.................။ အရင်အတိုင်းပဲ ထင်တိုင်းကြဲလို့ကေ​တာ့........... မခင်​ချင်​တာ​သေချာသမို့......... အ​ဝေးက​ရှောင်​ခွာလို့ မ​နှေးကြွပါစို့....​ဘော်​ဒါတို့.................။ သင်​​တွေ့ကြုံရ မြင်​မြင်​သမျှလည်း...... လူအချည်းပဲ မမှတ်​နဲ့........... လူမှု​ရေးရှိလို့ အခင်​အမင်​မပျက်​​ဖို့ ရာ........... အားနာလို့ လိုက်​​လျောတာ လူပီသ ​စမ်းပါ...............။ ခု​တော့ ကြားရ ကြုံရ...... လူပါး ဝလို့ နားဝမချမ်းသာ....... ​သြော်​.......... တရား ရစရာ........ အက်​စစ်​စားဇာတ်​လမ်းမှ ကို​​ရွှေ​​ဘော်​ဒါဆရာ...........။ (မှတ်ချက်။။တ​ည့်​တည့်​​ပြောသည်​)
Saturday 2 January 2016
မိုင်းလားမြို့က သင်း​ခွေချပ်​​ဈေးကွက်
မိုင်းလားမြို့က တရိပ်ရိပ်​ ကြီးထွားလာနေသည့် သင်းခွေချပ် တရားမဝင် ဈေးကွက်​ မိုင်းလား အထူးဖွံ့ဖြိုးရေးဇုန်မှာတော့ သင်းခွေချပ်အရှင်တွေ၊ သင်းခွေချပ် အသားနဲ့ အကြေးခွံတွေကို ရောင်းချတဲ့ တရားမဝင် ဈေးကွက်ဟာ တစ်စထက်တစ်စ ကြီးထွားလာနေပါပြီ။ ဒီသီတင်းပတ်ထုတ် Global Ecology and Conservation ဂျာနယ်မှာတော့ မိုင်းလားက သင်းခွေချပ် တရားမဝင်ရောင်းဝယ်မှု ဈေးကွက်ကို လေ့လာဆန်းစစ် သုတေသနပြုထားတဲ့ အချက်အလက်တွေကို ဖော်ပြခဲ့ပါတယ်။ မိုင်းလားမြို့ရဲ့ မနက်ခင်းဈေးမြင်ကွင်းတွေအကြောင်း ရေးသားထားတဲ့ စစ်တမ်းကို TRAFFICကလည်း ပူးပေါင်းကူညီခဲ့ပါတယ်။ ၂၀၀၆ ကနေ ၂၀၁၅ အတွင်း မိုင်းလားကို သွားရောက်လေ့လာခဲ့တဲ့ အကြိမ်တွေမှာ သင်းခွေချပ် အကြေးခွံ ၄၂ အိတ်၊ အရေခွံ အချပ်လိုက် ၃၂ ချပ်၊ သင်းခွေချပ် အကောင်ပေါက်လေးတွေ၊ ဒါမှမဟုတ် သင်းခွေချပ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထည့်စိမ်ထားတဲ့ ဝိုင်အရက် ၁၆ ပုလင်းတို့အပြင် သင်းခွေချပ်အရှင်တွေ ၂၇ ကောင်ထိ ရောင်းချနေတာ တွေ့မြင်ခဲ့ရတာကြောင့် ဒီနယ်စပ်မြို့လေးဟာ သင်းခွေချပ် တရားမဝင်ရောင်းဝယ်မှု ဈေးကွက် ဗဟိုချက်တစ်နေရာအဖြစ် ထင်ရှားမြင်သာနေပါတယ်။ မိုင်းလားရဲ့ ဈေးတန်းတွေမှာ လာရောင်းတဲ့ သင်းခွေချပ်တွေရဲ့ ဇာတိရင်းမြစ်က မတူကြပါဘူး။ မြန်မာနိုင်ငံထဲက သင်းခွေချပ်တွေအပြင် အိမ်နီးချင်းနိုင်ငံတွေက ရောက်လာတာတွေလည်း ပါတယ်။ တချို့ကလည်း အာဖရိကတိုက်က ဖြစ်ဖို့များတယ်။ အာဖရိက ဒေသက ထွက်ရှိတဲ့ ဆင်စွယ်တွေ၊ ကြံ့ချိုတွေနဲ့ ရေမြင်းသွားတွေပါ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒီဈေးတန်းတွေကို နယ်ချဲ့ရောက်ရှိလာတာကြောင့်ပါ။ မြန်မာနိုင်ငံဟာ သင်းခွေချပ်တွေနဲ့ တခြားတောရိုင်းတိရစ္ဆာန်တွေ တရားမဝင်မှောင်ခိုရောင်းဝယ်မှုမှာ အရေးပါတဲ့ ခရီးတစ်ထောက်လို ဖြစ်နေပါတယ်။ မိုင်းလားဟာ ရှမ်းပြည်နယ်အတွင်း တရုတ်နဲ့ ဆက်စပ်နေတဲ့ နယ်နိမိတ်မှာတည်ရှိပါတယ်။ ဒီတော့ သင်းခွေချပ်ဝယ်လိုအား အရမ်းမြင့်မားတဲ့ တရုတ်ဈေးကွက်ကို အထူးအထောက်အပံ့ပေးသလို ဖြစ်နေတယ်။ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးအရေးယူမှု (၂၉) ကြိမ်နဲ့ အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ၊ တရုတ်နိုင်ငံတွေမှာ ဖမ်းဆီးရမိမှု (၂၃)  ကြိမ်ကို စုပေါင်းပြီး ကောက်ယူထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ သင်းခွေချပ်မှောင်ခိုရောင်းဝယ်မှုမှာ အင်မတန်အရေးကြီးတဲ့ ဆုံချက်နေရာတစ်ခုလိုဖြစ်နေတာ ပိုပြီးသိသာလာတယ်။ ၂၀၁၀ ကနေ ၂၀၁၄ အထိ စုစုပေါင်းသင်းခွေချပ် အကြေးခွံ ၄,၃၃၉ ကီလိုဂရမ်နဲ့ သင်းခွေချပ် ၅၁၈ ကောင်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ အဲဒီကိန်းဂဏန်းအချက်အလက်တွေက ညွှန်ပြနေပါတယ်။ သင်းခွေချပ်တွေ၊ သင်းခွေချပ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်းဝယ်မှုကို မြန်မာနိုင်ငံမှာ ဥပဒေနဲ့ တားမြစ်ထားပါတယ်။ ဒါ့အပြင် အာရှ သင်းခွေချပ်တွေကို မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်မျိုးစိတ်တွေ ကုန်သွယ်ရောင်းချမှုဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေအရ ထိန်းသိမ်းစောင့်ရှောက်ဖို့ သဘောတူညီထားတာကြောင့် ဒီသတ္တဝါတွေကို နိုင်ငံတကာမှာ ရောင်းချခွင့်ကို လုံးဝတားဆီးထားပြီးသားဖြစ်နေပါတယ်။ ‘‘ဒါပေမဲ့ ဈေးကွက်ဝယ်လိုအား ကြီးမားနေတာရယ်၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုရောင်းဝယ်မှု ဒုစရိုက်လုပ်ငန်းကွန်ရက်တွေရဲ့ လှုပ်ရှားမှုကို မှန်းဆဖို့ ခက်ခဲနေတာရယ်ကြောင့် အာရှမျိုးရင်း သင်းခွေချပ်မျိုးစိတ် လေးခုစလုံး မျိုးသုဉ်းသွားမယ့် အလားအလာနဲ့ အင်မတန်နီးလာပါပြီ’’လို့ TRAFFIC ရဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ်ရှပ်ဟက်ဒ်က ဆိုပါတယ်။ ‘‘နယ်စပ်ဒေသ တရားမဝင် မှောင်ခိုရောင်းဝယ်မှုတွေကို ကြပ်ကြပ်မတ်မတ်တားဆီးဖို့အတွက် အာရှဒေသနိုင်ငံတွေရဲ့ အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။ မဟုတ်ရင်တော့ သဘာဝတရားက ဖန်တီးပေးထားတဲ့ အံ့ဩစရာတိရစ္ဆာန်လေးတွေဟာ ကမ္ဘာကြီးပေါ်က အပြီးတိုင်ပျောက်ကွယ်သွားပါလိမ့်မယ်’’လို့ ဒေါက်တာ ရှပ်ဟက်ဒ်က သတိပေးခဲ့တယ်။ TRAFFIC က မြန်မာအစိုးရအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ အစဉ်တစိုက် ထိတွေ့ဆက်သွယ်နေပြီး သင်းခွေချပ်တွေ တရားမဝင်ရောင်းဝယ်ဖောက်ကားနေတဲ့ ဈေးကွက်ကို တွန်းလှန်တိုက်ဖျက်ဖို့၊ သားရိုင်း တိရစ္ဆာန်တွေ နယ်ခြားဖြတ်ကျော် ရောင်းချနေတဲ့ မှောင်ခိုလုပ်ငန်းတွေကို တားဆီးနိုင်ရေးကူညီဖြေရှင်းပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။ (ဇွဲရဲဝင့်ဘာသာပြန်သည်)
ပညာ​ရေးမသမာမှု
အပြောင်းအရွှေ့၊ ရာထူးတိုးအတွက် ငွေကြေးကောက်ခံပါက တိုင်ကြားလျှင် အရေးယူမည်ဟုဆို အခြေခံပညာဦးစီးဌာနလက် အောက်ရှိ ဆရာ၊ ဆရာမများအပါအဝင် ပညာရေးဝန်ထမ်းများ၏ အပြောင်းအရွှေ့၊ ရာထူးတိုးများတွင် ငွေကြေးကောက်ခံပါက တရားဝင်တိုင်ကြားလျှင် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။      ယခုနှစ်ဒီဇင်ဘာနှင့် ၂၀၁၆ ဇန်န၀ါရီအတွင်း ပြုလုပ်မည့် အပြောင်းအရွှေ့၊ ရာထူးတိုးများတွင် ငွေကြေးကောက်ခံမှုရှိပါက တရားဝင်တိုင်ကြားနိုင်ပြီး စုံစမ်းစစ်ဆေး၍ အရေးယူဆောင်ရွက်မည်ဟု ဆိုသည်။      ‘‘ရာထူးတိုး၊ အပြောင်းအ ရွှေ့ကိစ္စမှာ ပိုက်ဆံတောင်းတယ်။ ပေးရတယ်ဆိုရင် အခြေခံပညာဦးစီးဌာနကို တရားဝင်တိုင်ကြားလို့ရတယ်။ ထိုက်တန်တဲ့ အပြစ်ချမှတ်သွားမယ်’’ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။      အပြောင်းအရွှေ့၊ ရာထူးတိုးလျှောက်ထားသည့် လျှောက်လွှာများကို အခမဲ့ဖြန့်ချိရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လိုအပ်သည့် ကုန်ကျစရိတ်များ ပေးအပ်ထားပြီးဖြစ်၍  လျှောက်လွှာများရောင်းချခြင်း မပြုရန်နှင့်လိုက်နာခြင်းမရှိပါက တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ဒီဇင်ဘာ ၂၄ ရက်၌ ထုတ်ပြန်ခဲ့သည်။      ‘‘လျှောက်လွှာစာရွက် စရောင်းတာကနေစပြီး ပိုက်ဆံမပေးဖို့၊ မယူဖို့မှာထားတယ်။ အဲဒါကို ရောင်းတယ်ဆိုရင် အရေးယူမယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။      သွားရေးလာရေးခက်ခဲသည့် ဒေသများနှင့် လူမှုရေးခက်ခဲသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများသည် ၂၀၁၅ ဇွန်လ ၃၀ ရက်တွင် လုပ်သက် တစ်နှစ်ပြည့်ပြီးသူများ အပြောင်းအရွှေ့၊ ရာထူးတိုးဝင် ရောက်လျှောက်ထားနိုင်ပြီး ကျန်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများသည် လုပ်သက် ၂ နှစ် ပြည့်ပြီးသူများသာ အပြောင်းအရွှေ့၊ ရာထူးတိုးလျှောက်ထားနိုင်မည်ဖြစ်သည်။      ပြီးခဲ့သည့် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား ကျောင်းသူ  ၈ ဒသမ ၇ သန်းကျော်အား ဆရာအင်အား သုံးသိန်းကျော်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။
Friday 1 January 2016
မော်​လူးသား​တွေအတွက်​​ခေါင်း​လောင်းသံ
အလေ့အကျင့်ကောင်းများ မွေးမြူဖို့လိုပြီ မော်လူး-လေးတန်ရိုး ကျေးရွာချင်းဆက် လမ်းပိုင်းမှာ တွေ့မြင်ရတာလေး တင်လိုက်ပါတယ်။ ကျေးရွာချင်းဆက်လမ်းကို အချို့သောမော်လူးဒေသသားတို့ ထိန်းသိမ်းပြုပြင်နေကြပေမဲ့ တစ်ချို့သောသူများ၏ လုပ်ရပ်မှာ မော်လူးဒေသပုံရိပ်ကို ထိခိုက်နေသဖြင့် သတိထားနိုင်ဖို့ရာ တင်ပေးခြင်းဖြစ်ပါတယ်။ မော်လူး-လေးတန်ရိုးလမ်းပိုင်း ဆီဆိုင်များအလွန်၌ ပုံပါအတိုင်း အမှိုက်များ၊စပါးခွံများ စွန့်ပစ်ထားသည်မှာ မြင်မကောင်းပေ။ ထို့ပြင်စပါးခွံများ မီးရှို့ထားသဖြင့် လမ်းသွားလမ်းလာများအား ကျမ်းမာရေးအရ ထိခိုက်နိုင်စေသည်။ လူသွားလမ်းဘေး စည်းကမ်းမဲ့ အမှိုက်စွန့်ခြင်း၊မီးရှို့ခြင်းများကို အမှိုက်စွန့်ပစ်သောနေရာ စနစ်တကျသတ်မှတ်၍ ဆောင်ရွက်သင့်သည်။ မော်လူးဒေသပတ်ဝန်းကျင် သန့်ရှင်းသာယာအောင် လူတိုင်းမိမိအသိဖြင့် ပါဝင်ကူညီသင့်ပေသည်။ ကျနော်တို့လူမျိုးများ၏ ပြုပြင်သင့်သောအချက်မှာ စည်းကမ်းလိုက်နာမှု အားနည်းနေခြင်းပင်။ ကျေးရွာရှိ စည်ပင်မှလည်း အမှိုက်စွန့်ပစ်နေရာသတ်မှတ်ပြီး၊အမြင်မတော်တွေ့ရသော အမှိုက်များသိမ်းဖို့ရန် ဆောင်ရွက်သင့်ပေသည်။ ကျနော်တို့ဒေသ သန့်ရှင်းသာယာဖို့ရန် ကျနော်တို့ကိုယ်တိုင်ပါဝင်၍လည်း ဝိုင်းဝန်းလုပ်ဆောင်ရမည်ဖြစ်သည်။ "မိမိဒေသ သန့်ရှင်းသာယာဖို့ ဝိုင်းဝန်းကူညီကြပါစို့" ဟု မော်လူးပုံရိပ်မှ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။
အက်​စစ်​စားတဲ့ဇာတ်​လမ်း
"ဖြစ်ရပ်မှန်ဇာတ်လမ်း" တစ်ခါက ညများ တစ်ခါက ညများ @@@@@@@@ "ညတွေ အိပ်မရတာ များနေပြီ. . ." ဒီစာကြောင်းလေးကို ဖတ်မိပြီး ခင်ဗျားတို့တွေ ဘယ်လိုတွေးမိသလဲ ? ဘာတွေတွေးမိသလဲ ? တစ်ချို့ကပြောမယ် .... ကြမ်းပိုးကိုက်လို့ ဖြစ်မှာပေါ့ . . . တစ်ချို့ကျတော့ "ဟေ့ ကောင် . . . မင်း . . ကြောင်နေပြီလို့လည်း ဆိုချင် ဆိုကြလိမ့်မပေါ့ . . . '' ဒီလိုထင်မြင်ယူဆချက်တွေဟာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ..... ညတွေရဲ့ တိတ်ဆိတ်မှုတွေတိုင်း ... ညတွေရဲ့ မှောင်မိုက်မှုတွေတိုင်း ..... အိပ်စက်လိုခြင်းတွေက ပျောက်ပျောက်သွားနေကြတာပါ . . .။ တကယ်တော့ အဲ့ဒီတိတ်ဆိတ်မှုတွေ အဲ့ဒီမှောင်မိုက်မှုတွေနဲ့ တန်ဆာဆင်ထားတဲ့ ညတွေထဲမှာ ကျနော့် အတွေးတွေဖြန့်ကျက်နေခဲ့တာ ... ကျနော့်အတွေးတွေ ပြေးလွှားနေခဲ့တာ . . . ကျနော့်ရဲ့ည ဟင်းလင်ပြင်ကြီးမှာ စိတ်ကူးကြယ်ပွင့်တွေ တလက်လက်တောက်ပလို့ပေါ့ . . . ကျနော် ဘယ်လို အိပ်စက်ရပါ့မလဲ . . . .။ ''မျက်စိမှတ်ပြီး အိပ်စက်ပစ်ဖို့ ကြိုးစားမိတယ် . . . ကျနော့်နားထဲမှ အသံတွေကြားနေရတယ် . . . အဲ့ဒီအသံတွေရဲ့ နောက်ကိုလိုက်ရင်း ကျနော် အိပ်စက်ပစ်ဖို့ မေ့မေ့နေခဲ့တာ ရက်ပေါင်း မနည်းတော့ဘူး . . . ။ အိပ်စက်ရမှာ ကြောက်လာတယ် . . . ဒါဘာဖြစ်တာပါလိမ့်လို့ မတွေးမိနိုင်လောက်အောင် ကျနော် အံ့သြနေမိတာ . . . ဒီခံစားမှုတွေကို တောင်စဉ်ရေမရ အတွေးတွေကြောင့် "မင်းရူးနေပြီလို့ .....လာမစွပ်စွဲကြပါနဲ့ . . . " ကျနော့် ညတွေတိုင်း ကမ္ဘာကြီး ကို သိမ်းပိုက်ဖို့ ကြံစည်နေမိတာ . . . . "ဟော . . . ဒီညတော့ ထူးထူးဆန်းဆန်း ကျနော်အသံတွေကြားနေရပြန်ပေါ့ . . . ကျနော့်စိတ်ကူး အတွေး အကြံအစည်တွေကို ဖျက်လို ဖျက်ဆီးလုပ်မဲ့ တစ်စုံတစ်ယောက်သောသူရဲ့ အသံတွေ . . . စိတ္တဇဆန်နေလိုက်ပုံများ . . . ညဟာ ဖရိုဖရဲတွေ ဖြစ်လို့ . . . . ညရဲ့ကြမ်းပြင်မှာ ကြားနေရတဲ့ ခြေသံတစ်ရှပ်ရှပ်ဟာ ကျနော့်ကို အတားအဆီးတွေရဲ့ အလယ်က နံရံတွေဆီကို တဖြည်းဖြည်းချင်း တွန်းပို့နေကြတယ် . . . . "ညရဲ့ အသံတွေ ကျနော့်နားထဲမှာ ပဲ့တင်ထပ်နေတယ် . . . ကျနော်ဒီလောကကြီးထဲက ထွက်ခွာသွားရလိမ့်မယ် . . . ကျနော်ဟာ တန်ဖိုးမဲ့ လူသားတစ်ယောက် . . ." ကြားနေရတဲ့ ညရဲ့အသံဟာ အစစ်အမှန် မဟုတ်ဘူးဆိုတာ သက်သေပြဖို့လိုတယ် . . . ဒါဟာ ညရဲ့ လှည့်ဖျားမှုသက်သက် ... ဒါဟာ ညရဲ့ မာယာ . . . မင့်ငါ့ကို မလှည်းစားနဲ့ ညရေ . . . . ဟော . . . ညရဲ့ နှုတ်ခမ်းကွေးကွေးလေးက ပြုံးပြနေတယ် . . . ဒါဟာ လှောင်ပြုံးတစ်ခု . . . ဘာလို့ အမှောင်ဆုံးညတွေက အိပ်စက်ခြင်းကို မဆောင်ကြဉ်းပေးတာပါလိမ့် . . . . ကျနော့်ဟာ အိပ်စက်ခြင်းနဲ့ တစ်ဖြည်းဖြည်းဝေးကွာ . . . ဒီအမှောင်ညတွေကို ကျနော်တွန်းလှန်ဖို့ ကြိုးစားကြည့်တယ် . . . ဟော . . . နားထဲက အသံတွေက . . . ဒီတစ်ခါတော့ ချစ်ခြင်းတရားထုံမွန်းနေတဲ့ ကလူကျီစယ်သံတွေ . . . ချစ်စရာအပြုံးတွေနဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးတစ်ခုပါ တွဲရက်ပါလာသေးရဲ့ . . . ကျနော် ချစ်လိုက်တာ . . . ခံစားချက်တွေက မွန်းကြပ်ကြပ် . . . . ကျနော် ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်း .... နှုတ်ဖျားကလည်း တဖွဖွရေရွတ် . . . "ဒါမဖြစ်သင့်ဘူး . . . ဒါဟာ စိတ်အလိုလိုက်မှု တစ်ခု . . . ဒါအချစ်ဆိုရင် . . . ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မျှောလိမ့်မယ် . . . " ကျနော့်ရဲ့ညတွေထဲကို ကျနော့်ကိုယ်ကျင့်တရားတွေ ရောင်းမစားဘူးဆိုတာ အသေအချာ . . . အိပ်မရတဲ့ ည . . . တန်ဖိုးထားတဲ့ ကိုယ်ကျင့်တရား . . . ရင်ထဲက ချစ်ခြင်းတရားတစ်ခု . . . . အသံတွေ ကျနော့်နားထဲမှာ တဝဲလည်လည် ပဲ့တင်ထစ်ချုန်း ခေါင်းတွေ မကြည်လင်တော့ဘူး . . . . ညတွေကို ကျနော်ကြောက်လာပြီ . . . ညရယ် မှောင်မိုက်မှုတွေကို သယ်မလာခဲ့နဲ့တော့ .... ညရယ် ကျနော့်နားထဲကို အသံတွေကို သယ်မလာခဲ့ပါနဲ့ . . . . မဟုတ်ဘူး . . . ဒါဟာ ညရဲ့ ပြုစားမှု သက်သက် မဟုတ်ဘူး . . . ကျနော့်ရဲ့ အထီးကျန်ဆန်မှုအတွက် ဖြေသိမ့်ရာ . . . ကျနော့်ကို အကြောက်တရားတွေမပေးလာနဲ့ . . . အပြစ်ကင်းစင်တဲ့ သူမရဲ့ အပြုံး .... တီတီတာတာ သူမရဲ့ စကားသံ . . . ကြွကြွရွရွ သူမရဲ့ ခြေလှမ်း . . . ကျနော့်ဘဝရဲ့ မျှော်လင့်ခြင်း . . . . ကျနော် သူမကို ချစ်တယ် . . .။ ကျနော်ရဲ့ ညတွေတိုင်း သူမနဲ့အတူ ရင်ဆိုင်ဖြတ်သန်းဖို့အတွက် အစီအစဉ်တွေချမှတ်နေခဲ့တာ။ ကျနော်ဘယ်သူ့ကိုမှ ဖွင့်မပြောမိဘူး။ လူတွေဆိုတာက ယုံကြည်ရတာမှ မဟုတ်တာပဲ။ ဟော . . . ညရဲ့ မျက်နှာပြင်မှာ ခုနှစ်စင်ကြယ်လေးတွေ ပြုံးပြနေကြပါလား။ သူမရဲ့ အမည်နာမကို အဖျားဆွတ် တဖွဖွ ရေရွတ်မိရင်း . . . ချစ်ခြင်းဖွဲ့ အလင်္ကာတွေ စာမျက်နှာတွေပေါ်မှာချရေး . . . ဟော . . . ဒီလိုကျပြန်တော့လည်း ညတွေဟာ လှတပတ ရှိနေလေရဲ့ . . . ကျနော့်ရဲ့ ညမှတ်တမ်းတွေဟာ ရဲရဲရင့်ရင့် ချီတက်လို့နေပြန်ရော . . . ကျနော့် ရင်ဘတ်ကြီးကလည်း တလှပ်လှပ်တုန် . . . ပျော်ဝင်သွားစေမဲ့ ချစ်ခြင်းဖွဲ့ စကားလုံးတွေက ဖွေးဖွေးလှုပ်လို့ . . . .။ ညရဲ့ ကိုယ်သင်းနံ့တွေကို ရှူရှိုက်ရင်း . . . ရင်ရဲ့ ဘယ်ဘက်က တဒုတ်ဒုတ်ပုံမှန်ခုန်နေတဲ့ နှလုံးသားက ချစ်ခြင်းဖွဲ့ အလင်းတွေအကြောင်း ကောင်းကင်ကို မော့မော့ကြည့်ရင်း ရှင်းပြနေမိတာလည်း အမော . . . တစ်ခါတစ်လေ ညရဲ့ လေညှင်းမှာ နစ်မျှောပြီး . . . အသည်းကွဲ သီချင်း တစ်ပိုင်းတစ်စကို တိုးတိုးလေး ငြီးမိပြီးမှ . . . ကိုယ်နဲ့ မသက်ဆိုင်မှန်း သိမိတဲ့ အဖြစ်မျိုးတွေနဲ့ ကုန်ဆုံးခဲ့ရတဲ့ ညတွေလည်း နည်းမှ မနည်းပဲလေ . . . . ညတွေရဲ့ အသံတွေက အိပ်စက်ခြင်းကို ယူဆောင်သွားသလို . . . အခုဆို နေ့ခင်းအိပ်မက်တွေကိုပါ အသံတွေက စိုးမိုး . . . ဘယ်မှာလဲ မျှော်လင့်ခြင်းတွေ . . . ကြောက်တတ်ခြင်းတွေက ပိုလာတယ် . . . အစိုးရိမ်ကြီးမိတာပါလို့ . . . ဖြေသိမ့်ရင်း . . . ငြိမ်းချမ်းမှုမဲ့ နေ့တွေ ညတွေ . . . ကျနော် သေဆုံးပစ်လိုက်ချင်တယ် . . . . ကျနော်သတ်ပစ်ဖို့ ကြိုးစားနေမိတဲ့ ညတွေအကြောင်း အသံတွေအကြောင်း ...... ကျနော်ပျော်ဝင်ခဲ့တဲ့ သူမရဲ့ အပြစ်ကင်းစင်မှုတွေအကြောင်း . . . ကျနော် . . . . . ရှင်သန်မှုနေ့ရက်တွေအကြောင်း . . . . ကျနော့် . . . . . မကျေမနပ်ဖြစ်ခဲ့ရတဲ့ နေ့ရက်တွေ . . . ကျနော် နာကျည်းခဲ့ရတဲ့ မျက်နှာတွေ ကျနော့်ရဲ့ မာနတရားတွေ . . . . . အမှန်တရားဆိုတာကြီးက တစ်ခါတစ်လေတော့ ခါးသီးလွန်းတယ် . . . တကယ်တော့ ကျနော်ဟာ ဒီလောကကြီးမှာ မရှိသင့်တော့တဲ့ လူတစ်ယောက် . . . ဖျက်လိုဖျက်ဆီးနိုင်လှတဲ့ ပတ်ဝန်းကျင်ကို ကျနော် အနိုင်ယူဖို့ ကြိုးစားတယ် . . . ကျနော်ဖတ်ထားဘူးတဲ့ ဆော့ခရိတ္တိအကြောင်း ခေါင်းထဲရောက်လာတယ် . . . . သူရဲကောင်းဆန်စွာ မိမိကိုယ်ကို စွန့်ခွာရမယ် . . . . ဆော့ခရိတ္တိက အဆိပ်ခွက်ကို ကိုင်မြောက် . . . . . . . . . . . . . . . . . . . . . . . အိပ်မပျော်တဲ့ ညတွေကို လွန်မြောက်စေဖို့ အတွက် ကျနော့်လက်ထဲမှာတော့ . . . . . .................................................................................... k.t.w.l
အမျိုး​တွေသတိထားဖို့
မွန်းတည့်နေ - Weekly News Journal 17 hrs · အယ်ဒီတာ့ အာဘော် “အဖျက်အမှောင့်တွေကို သတိထားကြ” အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း လက်ရှိ အစိုးရဟာ ၂၀၁၅ နိုဝင်ဘာ မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ တစ်ခုကို ကျင်းပပေးခဲ့ပြီး ပြည်သူလူထု အများစုကြီးကလည်း မဲရုံတွေကို သွားရောက် မဲပေးခဲ့ပါတယ်။ မဲရလာဒ်တွေအရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး အစိုးရဖွဲ့နိုင်တော့မယ့် အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအခြေအနေအောက်မှာ အစိုးရတာဝန် လွှဲပြောင်းရေး ချောချောမွေ့မွေ့ ဖြစ်စေဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံမှု ရလာဒ်တွေအရ အစိုးရတာဝန် လွှဲပြောင်းရေး အေးအေးချမ်းချမ်း ဖြစ်ပေါ်လာမှာဖြစ်ပြီး မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အကောင်းမွန်ဆုံး သမိုင်းဝင် အခြေအနေတစ်ခုကို ရောက်လာတော့မယ် ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ပေါ်ပေါက်လာတာကတော့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ယောက်ဟာ ဗြိတိန်နိုင်ငံသား နှစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ထိုင်းတရားရုံး တစ်ခုက သေဒါဏ်ချမှတ်ခံလိုက်ရတဲ့ ကိစ္စပါ။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား အများစုက လက်မခံနိုင်ကြပါဘူး။ ထိုင်းအာဏာပိုင်တွေနဲ့ တရားရုံးဟာ နိုင်ငံခြားသား နှစ်ယောက် သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီး သူတို့နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ထိခိုက်မှာစိုးလို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား နှစ်ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီး မတရား ပြစ်ဒါဏ်ချမှတ်လိုက်တယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ယုံကြည် ယူဆနေကြလို့ပါ။ တကယ်လည်း ထိုင်းအာဏာပိုင်တွေ၊ လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံသားတွေ၊ အလုပ်သမားတွေနဲ့ ပတ်သက်ရင် မတရား ဖိနှိပ်၊ ရက်စက်၊ ညစ်ပတ်မှုတွေ အတောမသတ်နိုင်အောင် လုပ်ခဲ့ဖူးလေတော့ အဲလို ထင်မယ်ဆိုလည်း ထင်စရာပါပဲ။ ဒါက နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ပြသနာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခု ပြသနာမှာ မြန်မာနိုင်ငံသားတွေ နိုးနိုးကြားကြားနဲ့ အမှုမှန်ပေါ်ပေါက်ရေး၊ တရားသဖြင့် တရားစီရင်ရေး တောင်းဆိုနေကြတာကိုတော့ ကြိုဆိုရမှာပါ။ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးလို ပုဂ္ဂိုလ်မျိုးကလည်း ထိုင်းအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး တရားမျှတမှု ရဖို့ တောင်းဆိုနေသလို နောက်ပိုင်း အယူခံတက်တာ၊ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး လုပ်သင့်တာတွေ ဆက်လုပ်နေကြပါပြီ။ ပြသနာက အဲဒီမှာ စတာပါ။ ရွေးကောက်ပွဲကြီး အေးအေးချမ်းချမ်းပြီးဆုံး၊ အစိုးရတာဝန် ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်းတော့မယ် သမိုင်းဝင် ဖြစ်စဉ်ကို မမြင်နိုင် မကြည့်နိုင်သူ လူနဲ့ ဘုန်းကြီးတစ်ချို့ဟာ ဒီ ဖြစ်စဉ်ကနေ ပြည်သူတွေကို လမ်းလွှဲသွားအောင် လုပ်ဖို့ ကြံစည်ကြပါတယ်။ တရားစီရင်ရေး ပြသနာကို တရားစီရင်ရေး ပြသနာ အဖြစ် ပုံမဖော်ပဲ ထိုင်းအစားအစာ၊ ထိုင်းကုန်ပစ္စည်း သပိတ်မှောက်ရေး၊ ထိုင်း ဆန့်ကျင်ရေး လုပ်ပြကြပါတယ်။ ဒီကနေ့ မနက်ဖန်ပဲ ထိုင်းနဲ့ စစ်ဖြစ်တော့မယောင် လှုံ့ဆော်ကြပါတယ်။ မဆီမဆိုင် နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့တို့၊ လိုအပ်ရင် သင်ကန်းချွတ်ပြီး စစ်သွားတိုက်မယ်တို့ ဘာတို့ အရေမရ အဖတ်မရတွေပြောပြီး တိုင်းပြည်ကို မီးလောင်တိုက်သွင်းဖို့ ကြံစည်ကြပါတယ်။ အခုလို အလားတူ ခပ်ဆင်ဆင် ကိစ္စမျိုး ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၀၃ ခုနှစ်ဆန်းက ဖြစ်ခဲ့ဖူးပါတယ်။ ထိုင်းမင်းသမီးတစ်ယောက်ရဲ့ အန်ကောဝပ် ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ ပြောစကား တစ်ခွန်းကို ပုံကြီးချဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံသား တစ်ချို့ဟာ မြို့တော် ဖနွမ်းပင်က ထိုင်းသံရုံးကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ပါတယ်။ မြို့ထဲက ထိုင်းကုန်ပစ္စည်းရောင်းတဲ့ ဆိုင်တွေကို လှည့်လည် ဖျက်ဆီးပစ်ခဲ့တဲ့ သာဓက တွေ ရှိခဲ့ဖူးပါတယ်။ အခု မြန်မာနိုင်ငံထဲက အကြမ်းဖက် ဆူပူလိုသူ လူတစ်ချို့နဲ့ ဘုန်းကြီးတစ်ချို့ဟာ အဲလို ရည်ရွယ်ချက် ရှိပုံရပါတယ်။ သူတို့ စုဝေးပွဲထဲ ရောက်သွားတဲ့ သတင်းထောက်တွေကို အရေခွံဆုတ်မယ်၊ ဘာညာ ခြိမ်းခြောက်သလို အကြမ်းဖက် မောင်းထုတ်တာမျိုးအထိ လုပ်ပါတယ်။ ပြောရရင် အဲလို လူတွေမှာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို ဖျက်လိုဖျက်ဆီး လုပ်မယ့် ရည်ရွယ်ချက် ရှိပုံရပါတယ်။ အပြောင်းအလဲကို လိုလားတဲ့ မြန်မာနိုင်ငံသားမှန်ရင် ဒါကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး အဲဒီအဖျက်သမားတွေရဲ့ ရန်ကို ကာကွယ်ကြပါလို့ မွန်းတည့်နေ ဂျာနယ်က တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်