Pages
Friday 30 October 2015
သာသည့်​​မြေသို
သာသည့်​​မြေသို
အလှထူးပါဘိ
မြဖူးပြာအငုံနဲ့
လွှာရုံမှာညှာစုံကျင်း​ရော့ထင့်
ဖြူ ၀င်း​ငွေမှုန်​လွှာတို့
သင်းပျံ့ခဲ့သူ့ခြံမှာ..။
ငါ့ခြံကြည့်​ပြန်​​တော
မချိပူ​ပွေဖြာခဲ့
မြေပြာမှာ​နေဇာမတင့်​နိုင်​ဘူ့
ကြည်​စရာ နီဝါ​တွေလည်း မပွင့်​​လေ​တော့
စိမ်းရင့်​​ရောင်​နွယ်​ခြုံပုတ်​​တွေက
ရှုပ်​​ထွေးကာလိမ်​​ခွေယှက်
အားပျက်​စရာ..။
သူ့စခန်း
သာဆန်းရဂုံသွင်​မို့
ငါလှမ်းကာခိုဝင်​လို့
ပြာ​ငွေစင်​ကြိုင်​ပျံ့ရှားပါတဲ့
ပွင့်​ငုံစင်​ပင်​​တွေကြားမှာလ
လျှောက်​သွားကာ​ပျော်​လိုလှပါဘိ
မြ​ရောင်​စိုသည်​မြက်​ခင်းရယ်​နဲ့
ညင်း​လေခိုသစ်​ညိုရိပ်​မှာဖြင့်
လျောင်းအိပ်​လို့တစ်​ကိုယ်​သာ
ရွှင်​ပါချင့်​စိတ်​ထဲ.....။
သို့ လည်း​လေ
မသင့်​​လျော်​​ပေဘူ့
ငါ့ခြံ ​မြေဥယျာဉ်​နန်းဟာလည်း
လှ​လေသည်​ သာစခန်း​ပေ​ပေါ့
စိတ်​ပန်းကို သည်​လို​ဖြေလို့
ကျက်​သ​ရေ တက်​​နေ၀င့်​​အောင်​လ
ငါ့ခြံ​မြေ အ​ခြေမြှင့်​ချင်​ငဲ့
သူ့​မြေမှာ ဖြူ ပြာပွင့်​ရင်​ဖြင့်
ငါ့​မြေမှာ နီဝါတင့်​ရမ​ပေါ့
အခွင့်​အခါ​မျှော်​လို့
ဥယျာဉ်​​တော်​သာ​ရေးကိုလ
ရှုမြင်​​မျှော်​ ခါခါ​တွေးပါလို့
မ​နှေးပင်​အားအင်​ထုတ်​လို့ရယ်
ပေါင်းနုတ်​ဖို့ခဲ.....။
မပြည့်​သည့်​အိုးများ
မပြည့်​သည့်​အိုးများ.........
လူဆိုသည်​မှာမိမိ၏အပြစ်​ကိုမမြင်​ပဲ သူတစ်​ပါး၏အပြစ်​ကိုသာ အပြစ်​တင်​​ပြောဆို​လေ့ရှိကြသည်​မှာ ဓမ္မတာ​ပင်​။သူတစ်​ပါး၏အပြစ်​ကိုမြင်​​နေသမျှမိမိမှာလည်းအပြစ်​မကင်း​နိုင်ပဲ၊​မိမိအပြစ်​ကိုလည်းသူတစ်​ပါးမြင်​မည်​မှာမလွှဲဧကန်​ပင်​။လူလူချင်း​ပေါင်းသင်းဆက်​ဆံရ​သောလူမှုဆက်​ဆံ​ရေးနယ်ပ​ယ်​တွင်​ အားနည်းချက်​၊အားသာချက်​တို့လူတိုင်းရှိကြသည်​ကို သ​ဘော​ပေါက်​လက်​ခံသင့်​သည်​။မိမိအပါအ၀င်​လူတိုင်းအပြစ်​နဲ့မကင်းသည်​ကိုလည်းသိထားသင့်​​ပေသည်​။ခွင့်​လွှတ်​တန်​​သောအပြစ်​တို့ကိုခွင့်​လွှတ်​နိုင်​​အောင်​လည်းကြိုးစားရမည်​။အရာရာတိုင်းမိမိကသာအ​ပေါ်စီးက အမြဲအသာရချင်​​နေလျှင်​ ​ပေါင်းသင်းဆက်​ဆံ​ရေး၌အဆင်​မ​ပြေဖြစ်​တတ်​သည်​။အပြန်​အလှန်​​လေးစားမှု၊တန်​ဖိုးထားမှုရှိမှသာ လက်​တွဲလုပ်​​ဆောင်​ရ​သောအလုပ်​၌ ​ပျော်​ရွှင်​​စေ၍တိုးတက်​​အောင်​ ကြံ​ဆောင်​နိုင်​​ပေမည်​။လူတိုင်း၏အားနည်းချက်​များ၊အပြစ်​များကိုသာကြည့်​၍ခွဲခြားဆက်​ဆံခြင်း၊အသုံးချခြင်းများပြုမူ​နေပါက တစ်​ဖက်​လူကလည်း မိမိကို ထိုသို့မဆက်​ဆံလာနိုင်​ဘူး​လား ဟူ၍​ ​မေးခွန်းထုတ်​​ရမည်​။ကျ​နော်​ကြုံဖူး​သောဆရာများတွင်​ထိုသို့​သောအားနည်းချက်​၊ချို့ယွင်းချက်​ကိုသာကြည့်​၍ အသုံးချဆက်​ဆံတတ်​​သော ဆရာမျိုးလည်းရှိ​နေသည်​။မိမိနှင့်​လုပ်​​ဖော်​ကိုင်​ဖက်​အချင်းချင်းအ​ပေါ်တွင်​လည်း နှုတ်​၏​စောင့်​စည်းခြင်း​မရှိ။စကားအသုံးအနှုန်း အောက်​တန်းကျသည့်​ဆရာမျိုး ပညာတတ်​ အသိုင်းအ၀ိုင်းတွင်​ ရှိ​​နေသည်​မှာလည်း အံ့သြဖွယ်​ပင်​။
ကျ​နော်​​တွေ့ကြုံရ​သောဆရာမှာ မိမိ​နောက်​မှ​ရောက်​လာ​သော တစ်​ဖွဲ့ထဲဖြစ်​​သောသူ့အ​ပေါင်းအသင်း​ဆရာတစ်​​ယောက်​ကိုအိမ်​​ပေါ်မှ​နှင်​သည်​အထိ စကားအသုံးအနှုန်း ရင့်​သီး​လေသည်​။နောက်​​တွေ့ကြုံရ​သောဆရာတစ်​​ယောက်​မှာကား.... "ကျ​နော်​ကဘယ်​သူ့မှ​အောက်​မကျို့တတ်​ဘူး.....မိမိအမှားရှိပါကလည်း...ဂရုမစိုက်​" ဟုဆိုလာ​လေသည်​။ ကောင်းပြီ....လူတိုင်းသည်​သူ့မာနနဲ့သူရှိကြသည်​သာဖြစ်​၍ ထိုဆရာမျိုးကို ကျန်​သည့်​လူများက​ရော ဆယ်​ကာပြန်​​အောက်​မကျို့ပဲ မိမိနှင့်​ထိုက်​တန်​​သောစိတ်​ရင်းအတိုင်းသာ တန်​ပြန်​သက်​​ရောက်​နိုင်​သည်​ကို သိမှသိပါ​လေစ........ဟုသာ​မေးခွန်း​ထုတ်​ချင်​သည်​။မပြည့်​သည့်​အိုးဆိုသည်​မှာ အမြဲ​ဘောင်​ဘင်​ခတ်​တတ်​သည့်​သ​ဘောရှိသည်​......မဟုတ်​​ပေ​လော.......။
Thursday 29 October 2015
ဖုန်းသုံးတဲ့​ဘော်​ဒါ​တွေသိထားဖို့ပါ..ညယ်​....
မော်လူးသားများသိစေရန်.......
မော်လူးမြို့တွင်း အင်တာနက်လိုင်းသုံးမည်ဆိုလျှင် အော်ရီဒူး ၁၅၀၀တန်ဝယ်ပြီးသုံးက လိုင်းစပယ်ရှယ်တက်၏..........သို့သော်အော်ရီဒူးကဖုန်းလိုင်းသိပ်မကောင်း...............။
မော်လူးမြို့အပြင်ဘက်(ဥပမာ လေးတန်ရိုးတစ်လျှောက်)နေထိုင်ပါက.....
တယ်လီနောဆင်းကဒ်သုံးပါ။..........
အမ်ပီတီကဒ်ကိုတော့ ......မြို့တွင်း ဖုန်းခေါ်ရုံသာ မရှိသုံး.....သုံးပါလေ........။
အင်တာနက်လိုင်းဆွဲအားမှာ အော်ရီဒူး တယ်လီနောတို့၏ခြေဖျားပင် မမှီ၍ဖြစ်သည်။
တစ်ချို့ဖုန်းဆိုင်များကား...ဆင်းကဒ်ကို၂၀၀၀နှင့်
ဟမ်းဆက် ကိုအဆမတန်ဈေးတင်ရောင်း၏.....
ဆင်းကဒ်...၁၅၀၀ ရောင်းသောဆိုင်နှင့်ဖုန်းဟမ်းဆက် ဈေးနှုန်းမှန်သော
ဆိုင်များကိုသာ စုံစမ်း၍၀ယ်ကြလေကုန်.......
အထူးမှာလိုသည်မှာ....ဖုန်းဘေများဝယ်ပါက...
ဖုန်းဆိုင်ကိုသာဖြည့်ခိုင်း၍ ...မှားလျှင်တာဝန်ယူခိုင်းပါလေ......
မိမိဘာသာ..အိမ်ယူ၍ငွေဖြည့်ကတ်ဖြည့်မရပါက..
ဆုံးရှူံးနိုင်သောကြောင့်ဖြစ်သည်။....
ငွေဖြည့်ကဒ်အချို့မှာ ဖြည့်လို့မရသောဖြစ်ရပ်များ
ကျနော်ကိုယ်တိုင် ကြုံတွေ့ရ၍ မိတ်ဆွေတို့ ပိုက်ဆံမရှူံးစေဖို့စေတနာနှင့်ရေးတင်ပေးပါတယ်.....
အစိုးရပိုင်​ပစ္စည်း အသုံးပြု၍ မဲမဆွယ်​ရန်​ညွှန်​ကြားထား​ကြောင်း ဦး​ဌေးဦး​ပြော.......
အစိုးရပိုင်ပစ္စည်း အသုံးမပြုဖို့ညွှန်ကြားထားကြောင်း ဦးဌေးဦးပြော............
လက်ရှိအစိုးရအဖွဲ့ဝင်တွေထဲက ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရာမှာ အစိုးရဌာနဆိုင်ရာ ပစ္စည်းတွေ အဆောင်အယောင်တွေ မသုံးဖို့ ညွှန်ကြားထားတယ်လို့ ပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့နယ် နတ်မော်ဘုရားပွဲအလှူကို လာရောက်စဉ် သတင်းမီဒီယာသမားတွေက အစိုးရ၀န်ကြီးတွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေမှာ အစိုးရဌာနဆိုင်ရာ အဆောင်အယောင်တွေ သုံးစွဲနေတာနဲ့ပတ်သက်ပြီး မေးမြန်းချက်အပေါ် ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ပါတီကို ယုံကြည်လို့ဝင်ထားတဲ့ ဒါမှမဟုတ်ရင်လည်း အရင်ကတည်းကဝင်ထားတဲ့ အစိုးရထဲပါတဲ့ ပုဂ္ဂိုလ်တွေ သူတို့က နှုတ်ထွက်စရာတော့ မလိုဘူး၊ အစိုးရတာဝန်က နှုတ်ထွက်လို့မရဘူး၊ အစိုးရတော့ရှိနေဦး မှာပဲ သို့သော်လည်း အဲဒီအစိုးရက ပေးထားတဲ့ အဆောင်အယောင်တွေကို ဒီလိုမသုံးရဘူးဆိုတဲ့ဥစ္စာကို အစိုးရရဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အစိုးရကလည်း ညွှန်ကြားနိုင်တယ်၊ သမ္မတကလည်း ညွှန်ကြားနိုင်တယ်၊ သူတို့ မဲဆွယ်စည်းရုံးတဲ့လုပ်ငန်းတွေ လုပ်မယ်ဆိုလို့ရှိရင်တော့ အစိုးရ အဆောင်အယောင်တွေ ဘာမှမသုံးပါနဲ့ အရှိန်အဝါတွေလည်း မသုံးပါနဲ့ဆိုပြီး ကျနော်တို့ ကြေညာထားတယ်"
ဒါ့အပြင် ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီဟာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပါတီလုပ်ဆောင်ချက်အဖြစ် ပြောဆို မဲဆွယ်နေတာမျိုးမဟုတ်ဘဲ အစိုးရလုပ်ဆောင်ပေးနိုင်အောင် ပါတီဘက်က တင်ပြဆောင်ရွက်ပေးပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့အဆင့်သာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၃၄ ယောက် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီထဲမှာ ဒုတိယသမ္မတ ၂ဦး၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေနဲ့ တပ်မတော်အဆင့်မြင့်အရာရှိတွေလည်း ပါဝင်ပါတယ်။
ဒီအတောအတွင်း နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးရင် လျှပ်စစ်မီတာပုံးတွေ ချထားပေးမယ်ဆိုပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို မနေ့က ခေါ်ယူပြောဆိုခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်
သိသင့်​တယ်​......ဗဟုသုတ အဖြစ်​​ပေါ့...........
Saudi Arabia နိုင်ငံမှာ လုံးဝ မလုပ်သင့်တဲ့ အရာများ သို့မဟုတ် လုပ်မိပါက အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ အချက် (၁၁) ချက်
Saudi Arabia နိုင်ငံဟာ သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုလုံးကို အစ္စလာမ်ဘာသာရေးကျမ်းဖြစ်တဲ့ Quran ကို မှီညမ်းရေးဆွဲထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ Saudi Arabia က လူတွေ ဒီပြစ်မှုတစ်ခုခုနဲ့ ညှိစွန်းနေကြောင်း ယူဆပါက ဥပဒေအရ တစ်ဦးချင်း အရေးယူဖို့သာ ရှိပါတယ်။ လူတစ်ဦးတစ်ယောက်ကို အစ္စလာမ်ယုံကြည်ချက်မှ လမ်းလွှဲစေနိုင်တဲ့ အရာတစ်ခုကို ကျူးလွန်ကြောင်း သံသယရှိပါက သံသယရှိသူကို အပြစ်ဒဏ်စီရင်ဖို့ လုံလောက်ပါပြီ။ Saudi Arabia နိုင်ငံမှာ လမ်းမတွေပေါ် လူတွေ ဓာတ်ပုံရိုက်လို့ရမယ် ထင်သလား။ ဒီနိုင်ငံသို့ ဦးတည် ပျံ့သန်းတဲ့ လေယာဉ်ပေါ် ရှမ်ပိန်လေးတစ်ခွက်လောက်သောက်မိရင် သူတို့ဘာလုပ်ကြမယ် ထင်လဲ။
Saudi Arabia နိုင်ငံမှာ မလုပ်သင့်တဲ့အရာများကို ပြီးပြည့်စုံစွာ ဖော်ပြပေးလိုက်ပါတယ်။
၁။ အပြာ စာအုပ်၊ ရှပ်ရှင်များ
၂။ အဆောက်အဦးများအား ဓာတ်ပုံရိုက်ခြင်း
၃။ လူမြင်ကွင်းမှာ စားသောက်ခြင်း၊ အရက်သေစာသောက်ခြင်း သို့မဟုတ် ဆေးလိပ်သောက်ခြင်း
၎။ ဝက်အူ၊ ကြက်အူချောင်း အသားညှပ်ပေါင်မှုန့်
၅။ Valentine’s Day မှာ ဘယ်အနီရောင် အဝတ်အစားမဆို ဝတ်ဆင်ခြင်း
၆။ ရုပ်ရှင်ရုံသွားခြင်း
၇။ ကျောင်းမှာ ဂီတတူရိယာတစ်ခုခု လေ့လာသင်ယူခြင်း
၈။ အမျိုးသမီးဖြစ်ပါက အားကစားရုံ (gym) သို့ သွားခြင်း
၉။ အစ္စလာမ်ဘာသာမှတပါး အခြားဘာသာကို ကိုးကွယ်ခြင်း
၁၀။ အမျိုးသမီးများ ယာဉ်မောင်းခြင်း
၁၁။ Saudi Arabia သို့ဦးတည်ပျံသန်းသော လေယာဉ်ပေါ် အရက်သေစာသောက်စားခြင်း စတာတွေပဲ ဖြစ်ပါတယ်။
TrendMyanmar
.........................
ယုတ်​မာကြကုန်​ပြီ
ကိုင်းအမျိုးတွေ သေချာဖတ်ကြပါ......
အရေးကြီးသတင်း......
သာကေတမြို့နယ်အတွင်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းနှင့် ပါတီဝင်အချို့ ဓားခုတ်ခံရ
သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် အလှပြယာဉ်ဖြင့် လှည့်လည်ဖျော်ဖြေနေစဉ် အမျိုးသားတစ်ဦးမှ ဓားဖြင့်လိုက်လံခုတ်မှုကြောင့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းနှင့် ပါတီဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သာကေတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝေဖြိုးအောင်က ပြောကြားသည်။
ယင်းကဲ့သို့ ဓါးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဦးနိုင်ငံလင်း၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး အခြား ဒဏ်ရာရရှိသော ပါတီဝင်များနှင့်အတူ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ကုသမှုခံယူနေကြောင်း ထပ်မံသိရှိရသည်။
“ကျွန်မမျက်စိရှေ့မှာတော့ ကိုနိုင်ငံလင်းက အဲ့ဒီလူကို ၀င်တားတယ်။ နှစ်ယောက်စလုံး လုံးသွားတာ တွေ့လိုက်ရတယ်။ ပြီးတော့ ကိုနိုင်ငံလင်းခေါင်းထိသွားလို့ ဆေးရုံကြီး ရောက်သွားတယ်လို့ သိရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်(၂) မှ ၀င်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီမှ ဒေါ်သက်ထားနွယ်ဝင်းက အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီခန့်က ပြောကြားသည်။
သာကေတမြို့နယ်၊ မန်ပြေရပ်ကွက်၊ (၈)လမ်းထိပ်တွင် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ဦးနိုင်ငံလင်းအပြင် အလှပြယာဉ် အဖွဲ့ခေါင်းဆောင် NLD ပါတီဝင် ကိုနီနှင့် ဒေါ်သက်ထားနွယ်ဝင်း၏ ကမ်းပိန်းမန်နေဂျာ NLD ပါတီဝင် မသန္တာမော်တို့ဖြစ်ကြောင်း ကနဦး သတင်းများအရ သိရသည်။
အဆိုပါ အလှပြယာဉ်နှင့်အတူ သာကေတမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၁) မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၂) မှ ဒေါ်သက်ထားနွယ်ဝင်း တို့နှင့်အတူ ပါတီဝင်များ လိုက်ပါလာခဲ့ကြောင်း သိရသည်။
အလှပြယာဉ် ဖျော်ဖြေနေစဉ် မန်ပြေရပ်ကွက် အရောက်တွင် အရက်ဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦး ထွက်လာပြီး အလှပြယာဉ်နှင့်အတူ လိုက်ပါလာသူများအား လက်သီးဖြင့် လိုက်ထိုးကြောင်း၊ ယင်းနောက် ပါတီဝင်များက ဖြန်ဖျေခဲ့ရာ အဆိုပါ အမျိုးသားသည် သူ၏အိမ်သို့ ပြန်သွားပြီး ငှက်ကြီးတောင်ဓားဖြင့် အလှပြယာဉ် ဖျော်ဖြေသည့် နေရာသို့ ပြန်လည် ရောက်ရှိလာကြောင်း၊ ယင်းနောက် ဓားဖြင့် လိုက်လံခုတ်နေသဖြင့် ဦးနိုင်ငံလင်းနှင့်အတူ ပါတီဝင်အချို့က တားဆီးခဲ့ကြောင်း NLD ပါတီဝင် ကိုအောင်ကျော်၏ ပြောကြားချက်အရ သိရသည်။
ဓားကိုင်ဆောင်၍ တိုက်ခိုက်သူအပြင် လက်ဗလာဖြင့် အမျိုးသားသုံးဦးပါ ထပ်မံရောက်ရှိလာပြီး ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း NLD ပါတီဝင် ကိုအောင်ကျော်က ထပ်မံပြောကြားခဲ့သည်။
အဆိုပါ ကျူးလွန်သူများအနက် နှစ်ဦးကို သာကေတမြို့မ ရဲစခန်းမှ ဖမ်းဆီးရမိကြောင်းနှင့် စစ်ဆေးနေဆဲ ဖြစ်ကြောင်း လက်တလော သိရှိရသည်။
Wednesday 28 October 2015
မဲစာရင်းအမှား​သေချာမှတ်​ပြီးတိုင်​ပါ....အ​​ရေးယူ​ပေးမယ်​လို့​ပြောလို့..ညယ်
မဲစာရင်းအမှားကို အတိအကျတိုင်ရင် အရေးယူပေးမယ်
 လာမယ် ​၁၀ ​ရက်ကျော် ​အတွင်းမှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲအတွက် ​မဲပေးနိုင်မယ့် ​မဲစာရင်းမှာ ​အမှားပြင်ဆင်ဖို့ ​လုပ်ပြီး ​ထပ်မှားတာကို ​အတိအကျ ​တိုင်တန်းနိုင်ရင် ​အရေးယူမှု ​လုပ်ပေးမယ်လို့ ​ရွေးကောက်ပွဲ ​ကော်မရှင်က ​ပြောပါတယ်။
မဲစားရင်းမှာ ​မပါခဲ့လို့ ​တင်ပြတဲ့အခါ ​မဲစာရင်းမှာ ​နာမည် ​ထပ်မပါဘူးလို့ ​တိုင်ကြားလာမယ်ဆိုရင် ​ရပ်ကွက်ကျေးရွာ ​ကော်မရှင်အဖွဲ့ကို ​အရေးယူပေးမယ်လို့လည်း ​ပြောဆိုခဲ့တဲ့အကြောင်း ​ဗွီအိုအေ ​သတင်းမှာ ​ဖော်ပြထားတာပါ။
စာရင်းကို ​အရင်တုန်းက ​နှစ်ကြိမ် ​ထုတ်ပြန်ခဲ့ပြီး ​အမှားတွေ ​ဆက်ပါနေတဲ့အတွက် ​စိတ်ပျက်နေကြပါတယ်။
အမှန်မှာတော့ ​မဲစာရင်းကို ​မနေ့တုန်းက ​ထုတ်ပြန်မှာ ​ဖြစ်ပြီး ​အခုလောလောဆယ် ​အချိန်အထိ ​အမှားပြင်ဆင်ပေးဖို့ ​လျှောက်လွှာတွေ ​ရှိနေသေးတဲ့အတွက် ​နိုဝင်ဘာလ ​၂ ​ရက်နေ့ ​မတိုင်ခင် ​ထုတ်ပြန်ဖို့ ​ဆုံးဖြတ်တာ ​ဖြစ်ကြောင်း ​ပြောပါတယ်။
ချင်းပြည်နယ် ​မဲစာရင်းမှာ ​ပြည်ပကို ​အလုပ်သွားလုပ်နေကြတဲ့ ​လူတွေရဲ့ ​နာမည်တွေနဲ့ ​တခြားဒေသမှာ ​သေပြီးသား ​လူတွေရဲ့ ​နာမည် ​ပါနေတယ်ဆိုတဲ့ ​ပြောဆိုမှုနဲ့ ​ပတ်သက်ပြီး ​အဲဒီ ​နာမည်ကို ​ဖျက်ပေးဖို့ ​တရားဝင် ​တောင်းဆိုလာရင် ​လုပ်ဆောင်ပေးမယ်လို့လည်း ​ရွေးကောက်ပွဲ ​ကော်မရှင်က ​ပြောပါတယ်။
ပြည်ပက ​မြန်မာသံရုံးမှာ ​ကျင်းပခဲ့တဲ့ ​ကြိုတင်မဲတွေမှာလည်း ​အမှားတွေ ​များခဲ့တဲ့အပေါ် ​စိတ်ဆိုးဒေါသထွက်နေကြပြီး ​ဒီကိစ္စမှာတော့ ​ရွေးကောက်ပွဲ ​ကော်မရှင်ရဲ့ ​အမှားသာ ​ဖြစ်ကြောင်း ​ဝန်ခံထားပါတယ်။
ပြည်ထောင်စု ​ကြံ့ခိုင်ရေးပါတီက ​အများဆုံး ​ပစ္စည်းတွေ၊ ​ငွေကြေးတွေပေးပြီး ​မဲဆွယ်လို့ဆို
နိုဝင်ဘာလ ​၈ ​ရက်နေ့မှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲအတွက် ​မဲဆွယ်တဲ့အခါ ​ပြည်ထောင်စု ​ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီက ​ပစ္စည်းနဲ့ ​ငွေကြေးတွေ ​ပေးပြီး ​မဲဆွယ်တာကို ​အများဆုံး ​တွေ့ရတယ်လို့ ​ရွေးကောက်ပွဲ ​စောင့်ကြည့်တဲ့ ​အဖွဲ့တစ်ဖွဲ့က ​ပြောပါတယ်။
People’s ​Alliance ​for ​Credible ​Elections ​လို့ခေါ်တဲ့ ​ယုံကြည်ရသောရွေးကောက်ပွဲများ ​ပေါ်ပေါက်ရေးအတွက် ​ပူးပေါင်း
လှုပ်ရှားမှုအဖွဲ့က ​ထုတ်ဖော်ပြောဆိုလိုက်တာပါ။
စက်တင်ဘာ ​၈ ​ရက်ကနေ ​အောက်တိုဘာ ​၁၈ ​ရက်အထိ ​နိုင်ငံတ၀န်းက ​မြို့နယ်ပေါင်း ​ ၁၂၉ ​မြို့နယ်မှာရှိတဲ့ ​ကိုယ်စားလှယ်တွေနဲ့ ​အကြိမ် ​၂၆၀၀ ​ကျော် ​တွေ့ဆုံမှုတွေအပြင် ​မဲဆွယ်ဟောပြောမှုပေါင်း ​၁၆၀၀ ​ကျော်ကို ​စောင့်ကြည့်ခဲ့ပြီးနောက် ​ကနဦး ​တွေ့ရှိချက်တွေအရ ​အခုလို ​ထုတ်ဖော်ပြောဆိုလိုက်တာလို့ ​အဖွဲ့ရဲ့ ​အမှုဆောင်ဒါရိုက်တာ ​ဦးစိုင်းရဲကျော်စွာမြင့်က ​ဒီဗွီဘီကို ​ပြောပါတယ်။
စောင့်ကြည့်လေ့လာတဲ့အခါမှာ ​ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ​ဖွံ့ဖြိုးရေးပါတီ၊ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အပြင် ​အခြားပါတီကြီး ​ပါတီငယ်နဲ့ ​တသီးပုဂ္ဂလ ​ကိုယ်စားလှယ်တွေကိုပါ ​စောင့်ကြည့်ခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင် ​ပါတီကိုယ်စားလှယ်လောင်းတွေ ​ကိုယ်တိုင်မဲဆွယ်တာထက် ​ပါတီ ​ထိပ်ပိုင်းခေါင်းဆောင်တွေက ​မဲဆွယ်စည်းရုံးတာ ​တခြားပါတီတွေထက် ​ပိုများတယ်လို့ ​ဆိုပါတယ်။
နိုဝင်ဘာ ​၈ ​ရက်နေ့မှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲကို ​စောင့်ကြည့်လေ့လာဖို့ ​ပြည်ထောင်စု ​ရွေးကောက်ပွဲကော်မရှင်က ​ပြည်တွင်းအဖွဲ့အစည်း ​၉ ​ဖွဲ့နဲ့ ​ပြည်ပအဖွဲ့အစည်း ​၅ ​ဖွဲ့ကို ​တရားဝင် ​ခွင့်ပြုထားတယ်လို့လည်း ​ဖော်ပြထားပါတယ်။
ပေးတဲ့ဂတိများ.....တည်​ပါ​စေ
 သူတို့ပေးသော ကတိများ
နိုင်ငံအတွက် အလှည့်အပြောင်းဖြစ်စေနိုင်သည့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ရက်အနည်းငယ်သာလိုတော့သောချိန်တွင် ပါတီအသီးသီးမှ မဲဆွယ်စည်းရုံးဟောပြောမှုများ ပိုမိုများပြားလာခဲ့သည်။
ထိုသို့မဲဆွယ်စည်းရုံးဟောပြောရာတွင် အကြောင်းအချက်များစွာ ထည့်သွင်းပြောကြားခဲ့ပြီး မိမိတို့အနိုင်ရပါက ဆောင်ရွက်မည်ဟု ပြောကြားသည့် ကတိများမှာ ယင်းဟောပြောချက်များ၌ပါဝင်လာသည်။
အထူးသဖြင့် ပါတီကြီးနှစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပြည်ခိုင်ဖြိုးပါတီတို့မှ ပါတီထိပ်ပိုင်းခေါင်းဆောင်များ၏ဟောပြောမှုတွင် ထည့်သွင်းပြောကြားခဲ့သည့် ကတိများမှာ လူထုစိတ်ဝင်စားဖွယ်ရှိသည့် စကားရပ်များဖြစ်လာခဲ့သည်။
အထွေထွေရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်အနက် ကိုယ်စားလှယ်လောင်း ရာဂဏန်းနှင့်အထက် ယှဉ်ပြိုင်မည့်ပါတီများက ၎င်းတို့ ဆောင်ရွက်မည့် မူဝါဒအနှစ်ချုပ်ကို ဆောင်ပုဒ်များဖြင့် ဖော်ပြသည့်အပြင် ပါတီခေါင်းဆောင်များ၏ ကတိစကားများဖြင့်လည်း ပြောကြားကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၂၀၁၀ တွင် မဲဆန္ဒနယ်အများစု အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ကိုယ်စားလှယ်လောင်း ၁,၀၀၀ ကျော် စာရင်းပေးသွင်းထားပြီး ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရန် ပြင်ဆင်နေသည်။
ပြည်ခိုင်ဖြိုးပါတီသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ အဆင့်နှစ်ခုမှာ အောင်မြင်မှုအတိုင်းအတာတစ်ခု ရရှိခဲ့ပြီး တတိယအဆင့်ကို ဆက်လက်
ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘ၀ရေးကို ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် လာမည့်ငါးနှစ်အတွင်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီဗဟိုအထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းက ၎င်း၏ မဲဆွယ်ပွဲများတွင် ပြည်သူများအား ကတိပြုပြောကြားထားသည်။
ပြည်ခိုင်ဖြိုး၏ ကြွေးကြော်သံက ‘‘ပြုပြင်ပြောင်းလဲမှုဆက်လက်ဆောင်ရွက်မည်’’ဟု ဆိုသည်။ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌသမ္မတဦးသိန်းစိန်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုအချို့ရှိခဲ့သည်။ သမ္မတဦးသိန်းစိန်ဝန်ကြီးချုပ်ဘ၀ တပ်မတော် အစိုးရလက်ထက် ၂၀၁၀ တွင် ကမ္ဘာပေါ်၌ အဂတိလိုက်စားမှု အဆိုးဆုံးစာရင်းတွင် မြန်မာထက်ဆိုးသည်က ဆိုမာလီယာသာ ရှိတော့ကြောင်း ဂျာမနီအခြေစိုက် အကျင့်ပျက်ခြစားမှုလေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် Tran- sparency International က သတ်မှတ်သည်။
သမ္မတဦးသိန်းစိန်အရပ်ဘက်ပြောင်းပြီး အစိုးရတာဝန်ယူချိန် ၂၀၁၅ အရောက်တွင်တော့ Transparency International ၏ မြန်မာအပေါ် အဂတိလိုက်စားမှု အညွှန်းကိန်းသတ်မှတ်ချက်က တိုးတက်လာခဲ့သည်။ ၂၀၁၄အရောက်တွင် မြန်မာအောက်၌ ၁၈ နိုင်ငံအထိ ရှိလာပြီဖြစ်သည်။
သို့သော်လည်း အရှေ့တောင်အာရှတွင် မြန်မာသည် အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံ ဖြစ်နေဆဲဖြစ်သည့်အတွက် ‘‘ပြု ပြင်ပြောင်းလဲမှု ဆက်လက်ဆောင်ရွက်မည်’’ဆိုသည့် ကြွေးကြော်သံကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။
ထို့ပြင် ယခင်တပ်မတော်၌ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးတာဝန်များ အဆင့်မြင့်ထမ်းဆောင်ခဲ့သူအများစု ၀င်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကောင်စီမဲဆန္ဒနယ်များတွင်လည်း တပ်မတော်အရာရှိဟောင်းများက ကတိများတွင်တွင်ပေး၍ မဲဆွယ်စည်းရုံးခဲ့သည်။
‘‘ကျွန်တော်တို့က တခြားအရပ်ဒေသများ၊ ပြည်ပနိုင်ငံများက အတွေ့အကြုံတွေကို ရယူပြီးတော့ သွားရောက်လေ့လာပြီး မိမိတို့ဒေသနဲ့ လိုက်ဖက်မယ့် ပြည်တွင်းစက်မှုလုပ်ငန်းများထူထောင်ရေးကို ဆောင်ရွက်ပေးသွားမယ် ဆိုတာဒေသနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကတိပြု ပြောကြားလိုပါတယ်။ နိုင်ငံတော်အတွင်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိရေးဟာ အရေးကြီးတဲ့အတွက် ဒါကိုလည်း အလေးအနက်ထားပြီးတော့ ကြိုးပမ်း
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု ကတိများ ပြောကြားခဲ့သူသည် တပ်မတော်တွင် တတိယခေါင်းဆောင်နေရာဖြစ်သော ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က အမျိုးဘာသာနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးကို အဓိကကြိုးပမ်း ဆောင်ရွက်မည်ဟု ဆိုပြန်သည်။
အထူးသဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်မည်ဆိုကာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ထူထောင်ရေးစသည့် ကိစ္စရပ်များကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပေး ပြောကြားမှုပြုခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြွေးကြော်သံက အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးတို့ ဖြစ်ခဲ့သည်။
ထိုကြွေးကြော်သံအောက်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နေရာ ၄၄ နေရာ တွင် ၄၃ နေရာအနိုင်ရခဲ့သော်လည်း သူတို့ကြွေးကြော်ခဲ့သလို အကောင်အထည် မဖော်နိုင်ခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ၎င်းတို့အနိုင်ရခဲ့သည့် အင်အားမှာ လွှတ်တော်အတွင်း ၅ ရာခိုင်နှုန်းမျှပင် မပြည့်သဖြင့် ရည်ရွယ်ချက်များအကောင်အထည်ဖော်နိုင်သည့် အဆင့်မရှိဟု ၂၀၁၅ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ကြေညာစာတမ်း၌ ပွင့်ပွင့်လင်းလင်း ရေးသားထားခဲ့သည်။
၁၉၉၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲများတွင် အောင်ပွဲခံခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်၎င်းတို့၏ တတိယအကြိမ်မြောက် ရွေးကောက်ပွဲတွင်လည်း ၂၀၁၂ တုန်းက ပြောကြားခဲ့သည့် အချက်အချို့ကို
ပြန်လည်ထည့်သွင်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့အစိုးရဖွဲ့နိုင်ပါက တိုင်းရင်းသားအရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး ဖြေရှင်းရန် ကတိကဝတ်ပြုခဲ့သည်။
ကမ္ဘာ့အရှည်ကြာဆုံးစာရင်းဝင် ပြည်တွင်းစစ်၊ သယံဇာတခွဲဝေမှု ပြဿနာ၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစသည်တို့အတွက် နှစ်ပေါင်း ၆၀ ကျော် အဖြေမရှာနိုင်သေးသည့် ပြဿာနာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုင်တွယ်ဖြေရှင်းရန် ကတိကဝတ်ပြုခဲ့သည်။
ပြည်တွင်းစစ်ကဲ့သို့ပင် မြန်မာနိုင်ငံ၏ ရောဂါဆိုးများအနက် တစ်ခုဖြစ်သည့် အကျင့်ပျက်ခြစားမှုကိုလည်း အဆုံးသတ်စေရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကတိကဝတ်ပြုထားသည်။
‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေကို ရဲရဲကြီး ကတိပြုနိုင်ပါတယ်။ ကျွန်မတို့အဖွဲ့ဟာ အစိုးရဖြစ်လို့ရှိရင်တော့ အဂတိလိုက်စားမှုကင်းစင်ရပါမယ်လို့ ကျွန်မပြောနိုင်ပါတယ်’’ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပြောကြားထားသည်။
ဂျာမနီအခြေစိုက် အကျင့်ပျက်ခြစားမှုလေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် Transparency International က 2014 အတွက် ထုတ်ပြန်ချက်အရ မြန်မာသည် ကမ္ဘာပေါ်တွင် အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံ ၂၀ စာရင်းဝင်ဖြစ်သည်။ အဆိုပါစာရင်းအရ မြန်မာသည် အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံလည်းဖြစ်သည်။
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အေးချမ်းလုံခြုံစွာလက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ထွန်းရေး၊ ပြည်သူလူထုကို တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေးနှင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖော်ဆောင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကတိပြုထားသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၁၉၉၀၊ ၂၀၁၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၇၀၀ ကျော် စာရင်းပေးသွင်းထားသည်။
‘‘ဈေးကွက်စီးပွားရေးဆိုတာကတော့ ဒီခေတ်အခြေအနေပေါ့။ ကျွန်တော်တို့က လယ်သမားလူတန်းစားတွေအတွက် လယ်လုပ်သူလယ်ပိုင်ခွင့်ရရေးဆိုတဲ့ ကိစ္စကို ဦးစားပေးဆောင်ရွက်ချင်တယ်။ အခုလည်း လယ်ယာမြေပြန်လည် ရရှိရေးအတွက် ပါတီက ဆောင်ရွက်နေတယ်’’ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပြောသည်။
ငြိမ်းချမ်းရေး၊ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ လွတ်လပ်ရေးနှင့် လူ့အခွင့်အရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကုန်ဈေးနှုန်းများတည်ငြိမ်ရေး၊ လာဘ်ပေးလာဘ်ယူပပျောက်ရေး၊ လယ်သမားလုပ်တဲ့ မြေလယ်သမားပိုင်ဆိုင်ရေး၊ အလုပ်သမားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့သည် ၎င်းတို့ကတိကဝတ်ပြုသည့် အချက်များဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဆိုသည်။
‘‘ကိုယ်စားလှယ်လောင်းတွေအနေနဲ့ နှုတ်နဲ့ကတိပေးတာမျိုး ကျွန်တော်တို့ပါတီက မလုပ်ပါဘူး။ ရွေးကောက်ပွဲကြေညာစာတမ်းဆိုပြီး ထုတ်ထားတယ်။ အဲဒီထဲကအတိုင်း ဖြစ်မလာရင် ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ စာအုပ်ကိုကိုင်ပြီး ရှုတ်ချလို့ရတယ်။ ချက်ကျ လက်ကျ ဝေဖန်လို့ရတယ်။ နှုတ်နဲ့ပေးတာမျိုးက ပြည်သူတွေအတွက်လည်း လက်ဆုပ်လက်ကိုင်ပြဖို့မလွယ်ဘူး’’ဟု ဦးဟန်ရွှေက ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
ကျားဖြူဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ‘‘ရှမ်းပြည်နယ်အစိုးရ ဖွဲ့နိုင်ဖို့ ကျားဖြူပါတီကို မဲပေးစို့’’ ဟု ကြွေးကြော်ခဲ့သည်။
နိုင်ငံသားတိုင်း၊ တိုင်းရင်းသားလူမျိုးတိုင်း စားဝတ်နေရေးဖူလုံ၍ အဆင့်အတန်းမြင့်မားပြီး ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမည်။
တောင်သူလယ်သမားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ အစိုးရဆေးရုံများတွင် ဆေးရုံအင်္ဂါနှင့် ညီညွတ်ပြည့်စုံရေး၊ ဆေးဝါးအလုံအလောက်ရရှိရေး၊ တိုင်းရင်းသားတိုင်းသည် မိမိတို့၏ စာပေကို ထိန်းသိမ်း
မြှင့်တင်နိုင်ရေးအတွက် မိမိဘာသာစကား၊ စာပေများကို စာသင်ကျောင်းများတွင် သင်ကြားနိုင်စေရန် ဥပဒေ ပြဋ္ဌာန်းနိုင်ရေး၊ လယ်ယာမြေစိုက်ပျိုး လုပ်ကိုင်သည့် တောင်သူလယ်သမားတိုင်းသည် မြေယာပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့်ရှိရေး စသည့်အချက်များကို ကျားဖြူပါတီက ကတိကဝတ်ပြုခဲ့သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
၁၉၉၀ ရွေးကောက်ပွဲဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၅နှစ်အကြာ ရွေးကောက်ပွဲပြန်လည်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၁၆၀ ခန့် စာရင်း ပေးသွင်းခဲ့သည်။
ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့် တန်းတူရည်တူရှိသည့် စစ်မှန်သောပြည်ထောင်စုစနစ် ထူထောင်သွားမည်။ ကျဉ်းမြောင်းသော လူမျိုးကြီးဝါဒ၊လူမျိုး ရေးဝါဒများ မပေါ်ပေါက်စေရန်နှင့် အာဏာရှင်စနစ်များ မပေါ်ပေါက်စေရန် ကြိုးပမ်းကာကွယ်မည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကြေညာစာတမ်းတွင် ရေးသားထားသည်။
ပြည်သူများ၏ အကျိုးစီးပွားကို ပစ်ပယ်ပြီး လူတစ်စု၏အကျိုးစီးပွားကိုသာ ဦးစားပေးသည့်စနစ်နှင့် ဥပဒေများ မပေါ်ပေါက်စေရန် ကာကွယ်ခြင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် စီးပွားရေး အခွင့်အလမ်းများအားလုံးကို တန်းတူညီမျှ တူညီသော အခွင့်အရေးအဖြစ် ခံစားခွင့်ရအောင် ဆောင်ရွက်ခြင်း၊စီးပွားရေး၌ ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး သက်ဆိုင်ရာပြည်နယ်၊ တိုင်းများသို့ လုပ်ပိုင်ခွင့်များဖြန့်ဝေ ပေးနိုင်အောင် ကြိုးပမ်းခြင်း စသည်တို့ကို လုပ်ဆောင်မည်ဟု ကတိကဝတ်ပြုသည်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို ဦးစားပေးပြုပြင်ပြောင်းလဲရန် ၎င်းတို့လုပ်ငန်းစဉ်တွင် ထည့်သွင်းရေးဆွဲထားသည်။ စစ်မှန်သည့် ဈေးကွက်စီးပွားရေးစနစ် အကောင်အထည်ဖော်နိုင်ရန်နှင့် လယ်ယာမြေကဏ္ဍ မြှင့်တင်ရေးကိုလည်း ဦးစားပေး လုပ်ဆောင်သွားရန် ရှိသည်ဟုဆိုသည်။
ငါးနှစ်တာ ရပ်တည်ခဲ့သည့် အဆိုပါ ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရွေးချယ်ထားသော ဆောင်ပုဒ်တွင် ‘‘ဒီခေတ်ကြီးကို ပြောင်းပစ်ဖို့ ခမောက်မဲကို ထည့်ကြစို့’’ဟူ၍ ကြွေးကြော်သုံးစွဲလာခဲ့သည်။
‘‘ကျွန်တော်တို့ NDF ပါတီက ကိုယ်စားလှယ်လောင်းတွေ အနိုင်ရလာရင် ပြည်သူများရဲ့ စားဝတ်နေမှုပြေလည်စေရေး၊ ကျေးရွာအနှံ့ လျှပ်စစ်မီးရရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ကာ ငွေကြေးတန်ဖိုး မြင့်တက်လာစေရေး စတဲ့အချက်များကို ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်’’ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
Tuesday 27 October 2015
အဘိဓမ္မာအခါ​တော်​​နေ့
သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့
မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး (၇)၀ါမြောက်တွင်၊ ၀ါဆိုဖို့ရန် အချိန်ရောက်လာသောအခါ၊ အဘိဓမ္မာတရားဟောကြားရန် တာဝတိံသာ နတ်ပြည်သို့ ကြွသွားပြီး၊ ပင်လယ်ကသစ်ပင်အရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ သီတင်းသုံးနေတော်မူပါသည်။ ထိုအခါ၊ တစ်သောင်းသော စကြ၀ဠာတိုက်မှ အဘိဓမ္မာတရား နာကြားဖို့ရာ ရောက်ရှိလာကြသော နတ် ဗြဟ္မာတို့အား၊
မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါသည်။
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူသည့်အခါမှာ၊ အဘိဓမ္မာဒေသနာတော်သည်၊ အလွန်များပြားသည့်အတွက်ကြောင့်၊ တောင်ကျချောင်းမှရေများ၊ အလျင်အမြန်စီးကျနေသကဲ့သို့၊ ဘုရားရှင်၏ နှုတ်တော်မှ အလျင်အမြန်ထွက်ပေါ်ကာ၊ နေ့ရောညပါ အဆက်မပြတ် ဟောကြားတော်မူသည်။
ထိုသို့ ဟောကြားနေစဉ်၊ ဆွမ်းခံကြွရန်အချိန်ရောက်လာသောအခါ၊ မြတ်စွာဘုရားနှင့် ပုံသဏ္ဍာန်အလုံးစုံတူသော နိမ္မိတရုပ်ပွား ဘုရားတစ်ဆူကို ဖန်ဆင်းတော်မူပါသည်။ ဖန်ဆင်းပြီးသောအခါ၊ "နိမ္မိတရုပ်ပွားဘုရားသည်၊ ဤအဘိဓမ္မာဒေသနာတော်မှ၊ ဤအဘိဓမ္မာဒေသနာတော်တိုင်၊ ဟောကြားစေသည်း"ဟု အဓိဋ္ဌာန်ပြုကာ၊ ဘုရားရှင်သည် လူ့ပြည်ရှိ အနောတတ်ရေအိုင်သို့ ကြွတော်မူပါသည်။ နိမ္မိတရုပ်ပွားဘုရားသည်၊ သဗ္ဗညုတမြတ်ဘုရားနှင့်၊ ရောင်ခြည်တော်(၆)သွယ် နှင့်တကွ၊ အသွင်အပြင် အမူအရာတို့သည်၊ တစ်ထပ်တည်း တူတော်မူ၏။ နိမ္မိတရုပ်ပွားဘုရား၊ အဘိဓမ္မာတရား ဟောကြားနေသည်ကို၊ တန်ခိုးနည်းသည့် နတ်ဗြဟ္မာများက မသိကြဘဲ၊ တန်ခိုးများသည့် နတ်ဗြဟ္မာများသာ
"ယခု ဟောကြားနေတာ၊ နိမ္မိတရုပ်ပွားဖြစ်သည်၊ ဗ္ဗညုမြတ်စွာဘုရားကတော့ ဆွမ်းကိစ္စအတွက် လူ့ပြည်သို့ ကြွသွားပြီ"ဟု သိကြပေသည်။
မြတ်စွာဘုရားသည်၊ အနောတတ်ရေအိုင်၌ ရေသပ္ပါယ်ပြီး၊ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပါသည်။ ဆွမ်းခံရာမှ ပြန်ကြွလာသောအခါ၊ အနောတတ် ရေအိုင်မှာပင် ဆွမ်းဘုဉ်းပေးတော်မူပါသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ စန္ဒကူးတောသို့ ကြွ၍၊ နေ့သန့်စင်တော်မူပါသည်။
ထိုအခါ၊ အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံ လာရောက်၍၊ ၀တ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးပါသည်။ ဤသို့ အရှင်သာရိပုတ္တရာက လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ ဘုရားရှင်က
"ချစ်သား သာရိပုတ္တရာ - တာဝတိံသာနတ်ပြည်၌ ဟောကြားနေသော အဘိဓမ္မာဒေသနာတော်သည်၊ ဤဒေသနာတော်မှစ၍၊ ဤဒေသနာတော်တိုင်အောင် ဟောကြား၍ ပြီးဆုံးသွားလေပြီ"ဟု နည်းပေးသောအားဖြင့်၊ အရှင်သာရိပုတ္တရာအား၊ ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည်၊ ပညာအရာတွင် အတော်ဆုံးဧတဒဂ်ရာထူးကို ရထားသောပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာဒေသနာတော်များကို၊ နည်းပေါင်းစုံလင်စွာ အားလုံးသိရှိတတ်မြောက်သွားပါသည်။
ဘုရားရှင်၊ စန္ဒကူးတောတွင် နေ့သန့်စင်သီတင်းသုံးနေတော်မူသော အချိန်တွင်၊ နေ့စဉ်နေ့တိုင်း အရှင်သာရိပုတ္တရာလာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာတရားတော်များကို၊ ဘုရားရှင်က၊ အရှင်သာရိပုတ္တရာအား၊ အကျဉ်းချုပ် ဟောတော်မူပါသည်။ အရှင်သာရိပုတ္တရာက၊ အကျယ်တတ်မြောက်သွားပါသည်။ တတ်မြောက်ပြီးသော အဘိဓမ္မာ ဒေသနာတော်များကို၊ လင်းနို့ငယ်ဖြစ်စဉ်ဘ၀က အဘိဓမ္မာဓာတ်ခံ ပါလာကြသော၊ တပည့်ရဟန်းငါးရာကို တစ်ဆင့်သင်ကြားပို့ချပေးပါသည်။ တပည့်ရဟန်းငါးရာတို့သည် ကဿပမြတ်စွာဘုရား လက်ထက်တော် အခါက၊ အဘိဓမ္မာဓာတ်ခံ ပါလာကြသောကြောင့်၊ လျှင်မြန်စွာ တတ်မြောက် သွားကြပေသည်။ ဘုရားရှင်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ပြီးဆုံးခြင်းနှင့်၊ ထိုရဟန်းငါးရာတို့၏ အဘိဓမ္မာ(၇)ကျမ်းကို သင်ယူပြီးဆုံးခြင်းတို့သည်၊ မရှေးမနှောင်း တစ်ပြိုင်နက်လိုလိုပင် ဖြစ်ကြပေသည်။
ဤကဲ့သို့ ၀ါတွင်းသုံးလကာလပတ်လုံး ဟောကြား၍၊ သီတင်းကျွတ် လပြည့်နေ့မှာ ပြီးဆုံးသွားသောအခါ၊ ကုဋေ(၈)သောင်းမျှသော နတ်ဗြဟ္မာအပေါင်းတို့၊ ကျွတ်တမ်းဝင်သွားကြပေသည်။ မြတ်စွာဘုရား၏ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည်လည်း၊ သောတာပန် ဖြစ်သွားရပေသည်။
ဘုရားရှင်သည်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ ပြီးဆုံးသွား သောအခါ၊ လူ့ပြည်သို့ ပြန်ကြွတော်မူမည့်အကြောင်း၊ သိကြားမင်းကို မိန့်ကြားတော်မူရာ၊ သိကြားမင်းက မြတ်စွာဘုရား၊ လူ့ပြည်သို့ ကြွဆင်းရန်၊ မြင်းမိုရ်တောင်ထိပ်မှ သင်္ကဿနဂိုရ်မြို့တံခါးသို့ စောင်းတန်းသုံးသွယ် ဖန်ဆင်းပါသည်။ လက်ယာဘက်မှ ရွှေစောင်းတန်း၊ လက်ဝဲဘက်မှ ငွေစောင်းတန်း၊ အလယ်မှ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပါသည်။
မြတ်စွာဘုရားသည်၊ ကိုယ်တော်မှ ရောင်ခြည်တော်(၆)သွယ်တို့ကို၊ ထွက်ပေါ်စေလျက်၊ မြင်းမိုရ်တောင်ထိပ် အလယ်ပတ္တမြားစောင်းတန်းမှ လူ့ပြည် သင်္ကဿနဂိုရ်မြို့တံခါးဝသို့၊ ကြွဆင်းတော်မူပါသည်။ လက်ယာဘက် ရွှေစောင်းတန်းမှ၊ နတ်ပရိသတ်များက ဘုရားရှင်ကို ယပ်လေခတ်ပေးခြင်း၊ နတ်တို့၏ တူရိယာအမျိုးမျိုးတို့ကို တီးမှုတ်ခြင်းတို့ဖြင့်၊ ပူဇော်ကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။ လက်ဝဲဘက် ငွေစောင်းတန်းမှ၊ ဗြဟ္မာကြီးများက၊ ဘုရားရှင်ကို ထီးဖြူများဖြင့် ဆောင်းမိုးကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။
မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့်၊ အထက်သို့ အတနိဋ္ဌဗြဟ္မာပြည် တိုင်အောင်၊ အောက်သို့ အ၀ီစိငရဲတိုင်အောင်၊ အရှေ့, အနောက်, တောင်, မြောက်, အထောင့်အရပ်လေးခုဟူသော၊ အရပ်ရှစ်မျက်နှာ စကြ၀ဠာတိုက် ထောင်ပေါင်းများစွာတိုင်အောင်၊ အပိတ်အပင် အတားအဆီးမရှိဘဲ၊ ဟင်းလင်းပွင့်ကာ တွေ့မြင်ကြရပေသည်။
လူတို့သည်၊ နတ်ဗြဟ္မာတို့၏ ဘုံဗိမာန်များနှင့် နတ်ဗြဟ္မာတို့ကို တွေ့မြင်ကြရသလို၊ နတ်ဗြဟ္မာတို့ကလည်း၊ ဘုရားရှင်အား သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည့် သိန်းသန်းကုဋေမက များပြားလှသော လူတို့ကို တွေ့မြင်ကြရပေသည်။ ဤသို့၊ မကြုံစဖူး ကြည်ညိုဖွယ်ရာများကို တွေ့မြင်ကြရသောကြောင့်၊ (၃၆)ယူဇနာအတွင်း၌ ရှိနေကြသော လူအပေါင်းတို့သည်၊ ဘုရားဆုကို မပန်သောသူဟူ၍ မရှိကြပေ။ ဘုရားရှင် ကြွဆင်းလာသည်ကို၊ လူတို့က မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြသည်။ ထိုဖြစ်ရပ်ကို အစွဲပြု၍၊ နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင်၊ မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြသည်။ ထို့ပြင်၊ သီတင်းကျွတ်လပြည့်နေ့ကိုလည်း၊ အဘိဓမ္မာအခါတော်နေ့ဟူ၍ သတ်မှတ်ကျင်းပလာခဲ့ကြပေသည်။
( သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး )
မော်လူးဒေသ ပဲခူးကျေးရွာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း ၂၇၊၁၀၊၂၀၁၅ ပုံရိပ်များ
မော်လူးဒေသ ပဲခူးကျေးရွာ
ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၇၊၁၀၊၂၀၁၅ ပုံရိပ်များ
Monday 26 October 2015
သေချာကြည့်​ပြီးမဲ​ပေးကြပါဗျာ.....အမျိုး​တွေ
မဲသုံးကြိမ်​​ပေးရမည်
တိုင်းရင်းသားပါတီအတွက်​ဆို​လေးကြိမ်​​ပေးရမည်
ပယ်​မဲမဖြစ်​​အောင်​ သတိထားလုပ်​​ဆောင်​ကြပါ    မဲ​ပေးရက်​နီးကပ်​လာဖြစ်​၍သိ​စေချင်​လို့ပါ။
သေချာ..ဖတ်​ကြပါ.....မဟုတ်​ရင်​....​တော့.....
တောင်ပြိုကမ်းပြိုနိုင်မှ......ဖြစ်မယ်
သဘောပေါက်ကြပါ........
NLD ကို ဖိပုံပြီး မဲအပြတ်အသတ်ပေးကြဖို့  ဘာလို့  အရေးကြီးသလည်းဆိုတာ သိစေချင်ပါတယ်။
ပြည်ခိုင်ဖြိုးရဲ့ မဟာဗျူဟာဟာ ရွေးကောက်ပွဲ အနိုင်ရရေးမဟုတ်ဘူး။
ရွေးကောက်ပွဲမှာ သူတို့ ရှုံးမယ်ဆိုတာ သိထားကြတယ်။ သူတို့ မဟာဗျူဟာသည် သမ္မတ တင်မြှောက်ရေးပဲ။ သမ္မတသည် အစိုးရ ဖွဲ့ခွင့်ခန့်အပ်ခွင့် ရှိတယ်။
သမ္မတကို ဒုသမ္မတ သုံးဦးကနေ ရွေးတယ်။ ဒုသမ္မတတွေကို အမျိုးသားလွှတ်တော်က တယောက်၊ စစ်တပ်က တစ်ယောက်၊ ပြည်သူ့လွှတ်တော်က တစ်ယောက် တင်သွင်းတယ်။
ပြည်သူ့လွှတ်တော်ကို နမူနာကြည့်မယ်ဆိုရင် လူ ၄၄၀၊ စစ်တပ်က ၁၁၀ ဖယ်လိုက်တော့ ၃၃၀ ကျန်မယ်။
ပြည်ခိုင်ဖြိုးမှန်းတာ လူတစ်ရာလောက်ပဲ။ ဒါဆိုရင် တိုင်းရင်းသားတွေက ၃၀လောက်ပဲထား၊ NLD က ၂၀၀ ပဲရမယ်။ သူတို့က စစ်တပ်က ၁၁၀နဲ့ ပေါင်းပြီး ၂၁၀ လောက်ဆိုရင် သမ္မတနေရာ မဲပေးလို့ရပြီ။
ဒါဆိုရင် အမျိုးသားလွှတ်တော်လည်း ဒီအတိုင်းပဲ။ စစ်တပ်ကိုယ်စားလှယ်က သိတဲ့ အတိုင်း သူတို့ လူတင်မယ်။ ဒါဆိုရင် ဒုသမ္မတသုံးယောက်စလုံးဟာ သူတို့ တင်တဲ့လူတွေ ဖြစ်ကုန်မယ်။
ဒါကြောင့် NLD ဟာ ပြည်သူ့လွှတ်တော်မှာ လူ ၂၈၀ လောက်ရအောင် အားထုတ်ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ အမျိုးသားလွှတ်တော်မှာလည်း ဒီအတိုင်းပဲ။
တောင်ပြိုကမ်းပြိုနိုင်မှ ဖြစ်မယ်ဆိုတာ ဒါကို ပြောတာပါ။
ဒါကြောင့် သူတို့ဟာ သေချာပေါက်ရရမယ့် နေရာတွေ (ဥပမာ - ကိုကိုးကျွန်း၊ နေပြည်တော်) စတဲ့နေရာတွေမှာ မဲဆွယ်ခွင့် မပေးတာမျိုး၊ အ၀င်မခံတာမျိုး လုပ်မယ်။ မဲဝယ်မယ်။ ဖိအားသုံးမယ်ဆိုတာတွေ လုပ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒါကို သေချာပေါက် မြင်တဲ့အတွက် အပင်ပန်းခံ ခရီးထွက်နေတာဖြစ်တယ်။
တနေရာမှာမှ ဒင်း ကြံ့ ဖွတ်တွေကို မပေးကြနဲ့။
ရဲ တစ်​ဦး....ဓားထိုးခံရခြင်း.........
သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ ရန်နိုင်ဆွေလမ်းတွင် အောက်တိုဘာ ၂၄ ရက် နံနက် ၇ နာရီက ခိုးမှုကျူးလွန်သူဟုယူဆရသူ အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသားကို ကျဉ်စက်ဖြင့်ထိုးကာ ဖမ်းဆီးသည့် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် တရားခံကို ဝိုင်းဝန်းကူညီဖမ်းဆီးပေးသည့် အသက် ၄၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ဓားထိုးခံရမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
အဆိုပါ ဓားထိုးခံရသူမှာ သာကေတမြို့မရဲစခန်းမှ တပ်ကြပ်ကြီးဝင်းဇော်မိုးဖြစ်ပြီး ယင်းနေ့က စက်မှုလက်မှု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သတင်းပေးပို့သည့် ခိုးမှုကျူးလွန်သူဟုယူဆရသူ အမျိုးသားကို ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ယင်းရပ်ကွက်တွင် နေထိုင်သော အမျိုးသားသုံးဦးတို့က ဝင်ရောက်ဖမ်းဆီးစဉ် ဖမ်းဆီးခံရသူအမျိုးသားက ဓားကိုင်ကာ ပြန်လည်ရန်ပြုခဲ့ကြောင်း သာကေတမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းဓားကိုင်ဆောင်ကာ ပြန်လည်ရန်ပြုသူကို ရဲတပ်ကြပ်တစ်ဦးက ကျဉ်စက်ဖြင့်ထိုးကာ ချုပ်နှောင်ဖမ်းဆီးစဉ် ဖမ်းဆီးခံရသူက ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ဝိုင်းဝန်းကူညီဖမ်းဆီးပေးသည့် အမျိုးသားတစ်ဦးတို့ကို ဓားဖြင့်ထိုး၍ ၎င်း၏အဖော်နှင့်အတူထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ရပ်ကွက်ထဲ စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်နေတဲ့ လင်မယားနှစ်ယောက်ကို မသင်္ကာလို့ စစ်ဆေးခံဖို့ ပြောနေချိန် ယောက်ျားဖြစ်သူက ဓားကိုင်ပြီး ပြန်ရန်ပြုတာကြောင့် ကျဉ်စက်နဲ့ထိုးလိုက်တာ လဲကျသွားတယ်။ လဲကျသွားချိန်မှာ ချုပ်နှောင်ဖမ်းဆီးဖို့ ပြုလုပ်နေချိန် သူ့မိန်းမက ဖမ်းဆီးလို့မရအောင် ဝင်ရောက်ဟန့်တားခဲ့တယ်။ အဲ့ဒီအချိန်မှာ လဲကျနေသူက ပြန်ထလာပြီး တပ်ကြပ်ကြီးနဲ့ ဝိုင်းကူဖမ်းပေးသူတွေကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာ” ဟု တရားခံ ဖမ်းဆီးစဉ်ပါဝင်ခဲ့သည့် စက်မှုလက်မှုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်ခဲ့သူဟုတိုင်ကြားခံရသူများမှာ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ သီတာစန်း ဆန်စက်ဝင်းတွင် နေထိုင်သူ အသက် ၂၁ နှစ်အရွယ်ရှိ သန်းထိုက်အောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ အေးအေးခိုင်တို့ ဖြစ်ပြီး ယင်းနေ့က စက်မှုလက်မှုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုမှ ပစ္စည်းများကို ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးက ဝင်ရောက်ခိုးယူသွားကြောင်း သတင်းပေးတိုင်ကြားခဲ့သောကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးစဉ် ရန်ပြုတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“နောက်ဖေးလမ်းကြားထဲဝင်ပြီး ပစ္စည်းတွေ ခိုးယူသွားသူလို့ သတင်းပေးတိုင်ကြားခံရတဲ့ လင်မယားနှစ်ယောက်ကို ရန်နိုင်ဆွေလမ်းပေါ်မှာ ပစ္စည်းဟောင်းတွေ တင်လာတဲ့ လက်တွန်းလှည်းနဲ့အတူ တွေ့လို့ ရဲတပ်ဖွဲ့က ဖမ်းဆီးချိန် ရန်ပြုတိုက်ခိုက်ခံရတာ။ အမျိုးသမီးက သူ့ယောက်ျားကို ဖမ်းလို့မရအောင် ဝင်ရောက်ဟန့်တားနေချိန် သူ့အမျိုးသားက ဖမ်းဆီးသူတွေကို ဓားနဲ့ထိုးပြီး လင်မယားနှစ်ယောက် ထွက်ပြေးသွားတာ။ တရားခံတွေကို ခုထိ မမိသေးပါဘူး” ဟု စက်မှုလက်မှုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ ဓားဖြင့် ပြန်လည်တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ကြပ်ကြီးဝင်းဇော်မိုး၏ ညာဘက် လက်ဖျံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့်အတူ တရားခံကို ဝိုင်းဝန်းကူညီဖမ်းဆီးပေးသည့် အသက် ၄၈ နှစ်အရွယ်ရှိ ဦးသက်ဦး၏ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားရပြီး ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်နေသူဟုတိုင်ကြားခံရသူနှစ်ဦးကို (ပ) ၇၈၂/၁၅၊ ပုဒ်မ ၃၃၃။ ၃၂၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း သာကေတမြို့မရဲစခန်းထံမှ သိရှိရသည်။
ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များမှာ တုတ်၊ ဓားလက်နက်များဖြင့် ရန်ပြုတိုက်ခိုက်ခံရပြီး သန်လျင်နှင့် အင်းစိန်မြို့နယ်တို့တွင် တရားခံဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင် သုံးဦး ဓားထိုးအသတ်ခံရမှုပါ ဖြစ်ပွားခဲ့သောကြောင့် တပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ် လုံခြုံရေး အတွက် တရားခံဖမ်းဆီးရာတွင် ခုခံကာကွယ်နိုင်မည့် ကျဉ်စက်များကို အသုံးပြုခွင့် ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်
အ​ပြောင်းအလွှဲ.....စစ်​မှန်​ပါ​စေ.........
အာဏာကိုငြိမ်းချမ်းစွာလွှဲပြောင်းမည်........
ဟု သမ္မတ ...မှပြော........
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) အခြားပါတီတစ်ခုခုမှ ရွေးကောက်ပွဲတွင် အနိုင်ရပါက အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းမည်ဟု အမေရိကန် အခြေစိုက် CBS News ရုပ်သံသတင်းဌာနမှ အောက်တိုဘာ ၂၅ ရက်တွင် ထုတ်လွှင့်သည့် ရုပ်သံအစီအစဉ်၌ သမ္မတဦးသိန်းစိန်က ပြောကြားသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီမှ အနိုင်ရခဲ့သော်လည်း အာဏာလွှဲ မပေးခဲ့ကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အလားတူဖြစ်ရပ် မဖြစ်ပွားစေရန် အာမခံနိုင်သလား မေးမြန်းရာတွင် သမ္မတဦးသိန်းစိန်က “အဲဒီလိုမျိုး (မဖြစ်ဘူးလို့) ယုံကြည်ပါတယ်။
၁၉၉၀ ကလို အခြေအနေမျိုးဖြစ်ဖို့ အခွင့်အရေး လုံးဝမရှိပါဘူး။ ဒီနှစ် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်” ဟု ဖြေကြားခဲ့သည်။ ထို့အပြင် ဆက်လက်၍ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကို မေးမြန်းရာတွင် “ကျွန်တော်တို့ကြားမှာ ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ ကျွန်တော်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေ မဟုတ်ရင်တောင် ရန်သူတွေတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပဲဖြစ်ဖြစ် တခြား ပါတီတစ်ခုခု ပဲဖြစ်ဖြစ် အနိုင်ရတယ်ဆိုရင် အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်းမှာပါ” ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
အဆိုပါ အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိရန် ယုံကြည်သလား မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့အနေနဲ့ ခုချိန်မှာ (ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိ မရှိ) ယုံကြည်ဖို့ လိုအပ်တယ်လို့ မထင်ပါဘူး။ ခုချိန်မှာ လိုအပ်တာက တတ်နိုင်သလောက် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် ကြိုးစား လုပ်ဆောင်ဖို့ပါ။ ဒီတော့ ခုချိန်ဟာ စိန်ခေါ်မှုတွေ ရှိနေတဲ့ အချိန်ပါ။ စိန်ခေါ်မှုဆိုတာ အခွင့်အရေးလည်း ဖြစ်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် လက်ရှိတွင် တပ်မတော် ခေါင်းဆောင်များ ရှုမြင်သည့် ‘စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ’ လမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြောင်းနှင့် အဆိုပါ စနစ်သည် ၎င်းရှုမြင်သည့် ဒီမိုကရေစီပုံစံနှင့် ထပ်တူကျခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အရှင်ဝီရသူ၏ အမြင်ကို မေးမြန်းရာတွင် အရှင်ဝီရသူက “အမျိုးသားရေးနဲ့ နိုင်ငံ့လုံခြုံရေးနဲ့ သက်ဆိုင်လာရင်တော့ အသုံးမတည့်ပါဘူး” ဟု မိန့်ကြားသည်။
အမေရိကန် အခြေစိုက် CBS News ရုပ်သံဌာနမှ အောက်တိုဘာ ၂၅ ရက်က မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ The New Burma ခေါင်းစဉ်ဖြင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ မေးမြန်းမှုများ ပါဝင်သည်။ အောက်တိုဘာ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဒေသခံတစ်ဦးက အစိုးရအနေဖြင့် နောက်ကြောင်း ပြန်လှည့်သည့် လုပ်ရပ်မျိုး လုပ်ဆောင်ပါက ပြည်သူများ မည်ကဲ့သို့ ပါဝင်ရမည်ဆိုသည်ကို သိလိုကြောင်း မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ အနေဖြင့် မျက်နှာကို အရှေ့သို့မူပြီး ဆက်လက်သွားရမည်ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “နောက်ကြောင်းပြန် မလှည့်ချင်အောင်လည်း ကျွန်မတို့ ပြည်သူတွေက အားလုံးဝိုင်းပြီးတော့ လုပ်ပေးရမယ်။ ဒီအစိုးရကို ကျွန်မပြောချင်တာက ဘာမှမကြောက်ပါနဲ့။ ဒီမိုကရေစီစနစ်မှာ ရှုံးတဲ့အခါ ရှုံးတယ်။ နိုင်တဲ့အခါ နိုင်တယ်။ ရှုံးတဲ့သူကလည်း ဘ၀ပျက်သွားတာ မဟုတ်ပါဘူး။ နိုင်တဲ့သူကလည်း ထာဝရ အာဏာရတာ မဟုတ်ပါဘူး။ဒီမိုကရေစီ စနစ်ကို နားမလည်လို့သာ ဒီလောက်တောင်မှ ရှုံးရမှာ ကြောက်နေတာ ဖြစ်ပါတယ်လို့ ကျွန်မပြောချင်ပါတယ်” ဟု ပြောကြားသည်
အ​မေရိကန်​နိုင်​ငံ ၀ါရှင်​တန်​မြို့ မင်္ဂလာရာမ ​ကျောင်းတိုက်​ အရှင်​ဓမ္မသာမိ စတုတ္ထအကြိမ်​​မြောက်​ သက်​ကြီးပူ​ဇော်​ပွဲ အခမ်းအနား
အ​မေရိကန်​နိုင်​ငံ ၀ါရှင်​တန်​မြို့ မင်္ဂလာရာမ ​ကျောင်းတိုက်
အရှင်​ဓမ္မသာမိ စတုတ္ထအကြိမ်​​မြောက်​ သက်​ကြီးပူ​ဇော်​ပွဲ အခမ်းအနားကို
ပဲခူး​ကျေးရွာ ပါ​မောက္ခာရာမ​ကျောင်း​အတွင်း၌ ၂၅ ၊ ၁၀ ၊ ၂၀၁၅ ရက်​​နေ့တွင်​ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။
သက်​ကြီးပူ​ဇော်​ပွဲ အခမ်းအနားကို
အသက်​အရွယ်​ ကြီးမြတ်​သူများ
၄၄ ​ယောက်​ အပူ​ဇော်​ခံ တက်​​ရောက်
ခဲ့ပါတယ်​။ အပူ​ဇော်​ခံထိုက်​သူများအား
အဟာရဒါနအဖြစ်​ ထမင်း၊ဟင်းဖြင့်
ကျွေး​မွေးပြုစုခဲ့ပါတယ်​။ အခမ်းအနားကို
နံနက်​ ၈း၄၅ နာရီတွင်​ စတင်​ခဲ့ပြီး ရတနာ
သုံးပါးနှင့်​ငါးပါးသီလကို ခံယူကြပါတယ်​။
ထို့​နောက်​ ပဲခူး​ကျောင်းဆရာ​တော်​မှ သြ၀ါဒများ မိန့်​ကြား​တော်​မူခဲ့ပါတယ်​။
အပူ​ဇော်​ခံ အသက်​အရွယ်​ ကြီးမြတ်​သူများ နှင့်​ အရှင်​ဓမ္မသာမိ၏ ​ဆွေမျိုး မိတ်​သင်္ဂဟအ​ပေါင်းတို့မှ ပူ​ဇော်​သူ အရှင်​ဓမ္မသာမိအား ​မေတ္တာ​ပေးပို့ကြပါတယ်​။
အပူ​ဇော်​ခံ အသက်​အရွယ်​ ကြီးမြတ်​သူများ အား အလှူပစ္စည်းများ ​ပေးအပ်​ပူ​ဇော်​ပြီး အပူ​ဇော်​ခံ ပုဂ္ဂိုလ်​များကိုယ်​စား ဦး​စောစံမှ အရှင်​ဓမ္မသာမိ၏ ​ဆွေမျိုးမိတ်​သင်္ဂဟအ​ပေါင်းတို့အား ပြန်​လည်​ဆု​ပေးပြီး ၉း၄၀ နာရီ တွင်​ ပြီးဆုံးခဲ့ပါတယ်​။
ပြည်ခိုင်ဖြိုး မရှုမလှရှုံးနိုင်သည်ဟုဆိုသော လျှို့ဝှက်စာတမ်းကို ဦးရွှေမန်းခွင့်ပြုချက်ဖြင့်ပြုစုခဲ့ခြင်းဖြစ်
ပြည်ခိုင်ဖြိုး မရှုမလှရှုံးနိုင်သည်ဟုဆိုသော လျှို့ဝှက်စာတမ်းကို ဦးရွှေမန်းခွင့်ပြုချက်ဖြင့်ပြုစုခဲ့ခြင်းဖြစ်
လာမည့် ရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ မရှုမလှရှုံးဖွယ်ရှိဟု ခန့်မှန်းဖော် ပြချက်များပါရှိသည့် လျှို့ဝှက်စာ တမ်းကို ပါတီဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်း ခွင့်ပြုချက်ဖြင့် ပါတီမှ ဗဟိုကော်မတီဝင်များက ရေးဆွဲ ခဲ့ခြင်းဖြစ်သည်ဟု သူရဦးရွှေမန်း က ဆိုသည်။
‘‘ဒီစာတမ်း အခြေခံဖြစ်ပေါ် လာတာက နိုင်ငံခြားသားပညာ ရှင်ပေါ်အဓိကမဟုတ်ဘဲနဲ့ ပြည် ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ် စားလှယ်တွေ၊ တခြားလွှတ်တော် ကိုယ်စားလှယ်မဟုတ်သော ပညာရှင်များ၊ သုတေသနပြုချက်အပေါ်မူတည်ပြီး ထွက်ပေါ်လာတဲ့ စာတမ်းဖြစ်ပါတယ်’’ဟု သူရဦးရွှေမန်းက အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။
အဆိုပါစာတမ်းကို နိုင်ငံ ခြားသားပညာရှင်နှစ်ဦး၊ ပြည်သူ့ အခြေအနေမှန်ကိုသိရှိသည့် ပြည် ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ် စားလှယ်များနှင့် ပြည်ပပညာရှင် များဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါစာတမ်းတွင် ပြည် ခိုင်ဖြိုးပါတီအနေဖြင့် လက်ရှိရွေး ကောက်ပွဲမဲဆွယ်ကာလတွင် အ ခြေခံထားရမည့် မူ ၁၅ ချက်ကို အကြမ်းဖျင်းရေးဆွဲထားကြောင်း ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုး မရှုမလှရှုံးဖွယ်ရှိသည်ဟုပြည်ခိုင်ဖြိုး လျှို့ဝှက်စာတမ်း ဟောကိန်းထုတ်ထားခေါင်းစဉ်ဖြင့်အွန်လိုင်းမီဒီယာ တစ်ခုဖြစ်သော မဇ္စျိမသတင်းဌာနက အောက်တိုဘာ ၁၁ ရက်က ဖော်ပြခဲ့သည်။
၂၀၂၅ တွင် မြန်မာကို အ လယ်အလတ်ဝင်ငွေရှိ စီးပွားရေး နိုင်ငံတစ်ခုအဖြစ်သို့ ဖွံ့ဖြိုးလာ မည်ဟု မျှော်မြင်ထားသည့် ဦးရွှေ မန်း၏ ၁၀ နှစ်တာ မျှော်မှန်းချက် ကို ချပြထားသော ပြုပြင်ပြောင်း လဲရေးဖွံ့ဖြိုးမှု စီမံကိန်းတွင် အ ကြမ်းဖျင်းအနေဖြင့် မျိုးစေ့ချ၊ အ ပင်ပေါက်၊ ကြီးထွား၊ ရိတ်သိမ်း ဟူသည့် အဆင့်လေးဆင့်ဖြင့် အ ဆိုပါစာတမ်းကို ဖော်ပြထားသည် ဟု ဆိုသည်။
ထို့အပြင် လာမည့် ရွေး ကောက်ပွဲတွင် အဆိုးရွားဆုံးအ ဖြစ် ပြည်ခိုင်ဖြိုးက ပြည်သူ့လွှတ် တော်တွင် အမတ် ၁၆နေရာအထိ လျော့နည်းကျဆင်းသွားနိုင်ပြီး အင်န်အယ်လ်ဒီနှင့် တိုင်းရင်းသား ပါတီများက အများစုရသွားနိုင် သည်။ ပိုမိုလက်ခံနိုင်ဖွယ်ရာရှိ သည့် ခန့်မှန်းချက်တစ်ခုတွင်လည်း ပြည်ခိုင်ဖြိုးက အမတ်နေရာ ၁၀၅ နေရာဖြင့် ၁၁၇ နေရာရသည့် အင်န်အယ်လ်ဒီ နောက်တွင် နောက်ကောက်ကျ ကျန်ရစ်နေဖွယ်ရှိသည်ဟုလည်း အဆိုပါစာတမ်းကို ကိုးကား၍ မဇ္စျိမက ရေးသားသည်။
ကြေညာစာတမ်းတွင် ရေး ဆွဲထားသည့် ပေါ်လစီအချို့မှာ လျှို့ဝှက်အပ်သည်ဟု ယူဆသော ကြောင့် ဗဟိုကော်မတီသို့ မတင် ပြသကဲ့သို့ လူထုသို့ သတင်းထုတ် ပြန်ရန် မရည်ရွယ်ခဲ့သည်ဟု ဆို သည်။ အထူးသဖြင့် လူထုအကျိုး အတွက် စစ်တပ်နှင့် ချိတ်ဆက် ထားသော လုပ်ငန်းစုကြီးများကို ပြုပြင်ပြောင်းလဲရေးနှင့် ရဲတပ်ဖွဲ့ ခေတ်မီရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်သည့် သတင်းအချက် များလည်း ပါဝင်သည်ဟု ဖော်ပြ ထားသည်။
ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ယင်းစာတမ်းထွက်ပေါ်လာခြင်းသည် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးကို အားနည်းမှုရှိအောင် ပြုလုပ်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
ထိုကဲ့သို့ ပြောကြားမှုအပေါ် သူရဦးရွှေမန်းက‘‘ဒီစာတမ်းထွက် ပေါ်လာခြင်းဟာ ရွေးကောက်ပွဲ အတွက် စည်းရုံးရေးကို ထိခိုက် အောင် တမင်ရည်ရွယ်ပြီးလုပ် တယ်လို့ မယူဆပါဘူး’’ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဖြူးမြို့နယ်မှ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် သူရဦးရွှေ မန်းသည် ဖြူးမြို့နယ်ရှိ ဥသျှစ် ခင်၊ သပြေခင်၊ စက်ရုံကုန်းစသည့် ကျေးရွာများသို့ အောက်တိုဘာ ၂၅ ရက်က သွားရောက်၍မဲဆွယ် စည်းရုံးခဲ့သည်။
ထို့အပြင် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ခက်ခဲမည်ဟု ၎င်းက ဆိုသည်။
#MawLuu´sImages မကျည်းကုန်းရွာဓမ္မစင်္ကြာဝတ်အသင်းမကျည်းကုန်းရွာဒေါ်အုန်း ကြည်အိမ်ဂေဟာ၌ဓမ္မစင်္ကြာရွတ် ဖတ်နေကြစဉ်
#MawLuu´sImages
မကျည်းကုန်းရွာဓမ္မစင်္ကြာဝတ်အသင်းမကျည်းကုန်းရွာဒေါ်အုန်း
ကြည်အိမ်ဂေဟာ၌ဓမ္မစင်္ကြာရွတ်
ဖတ်နေကြစဉ်
NLD ပုံရိပ်
၂၀၁၆မတ်လတွင်ဖြေဆိုမည့်..... တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ကျောင်းသူများအတွက် စာမေးပွဲ အချိန်ဇယား ထွက်ပြီ ညယ်....
၂၀၁၆မတ်လတွင်ဖြေဆိုမည့်.....
တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ကျောင်းသူများအတွက်
စာမေးပွဲ အချိန်ဇယား ထွက်ပြီ ညယ်....
Sunday 25 October 2015
ဂုဏ်​ပြုလွှာ​ပေးအပ်​ချီးမြင့်​ပွဲ
ဂုဏ်​ပြုလွှာ​ပေးအပ်​ချီးမြင့်​ပွဲ
အင်း​တော်​မြို့နယ်​ ​မော်​လူး​ဒေသ ​ရွှေ​လေးတန်​အာယုပါလ ကျန်းမာ​ရေး ကူညီ ​စောင့်​​ရှောက်​မှုအသင်းကြီး ​ရေရှည်​တည်​တံ့နိုင်​ရန်​အတွက်​ အဖက်​ဖက်​မှ ၀ိုင်းဝန်း ကူညီ​​ထောက်​ပံ့ ​ငွေများထည့်​ဝင်​​ပေးခဲ့ကြ​သော အလှူရှင်​များအား ဂုဏ်​ပြုမှတ်​တမ်း လွှာ​ချီးမြင့်ပွဲ အခမ်းအနားကို ၁၃၇၇ ခုနှစ်​ သီတင်းကျွတ်​လဆန်း ၁၀ ရက်​​ ​သောကြာ​နေ့ ​မော်​လူးအုပ်​စု ပဲခူး​ကျေးရွာ ပါ​မောက္ခရာမ​ကျောင်းတိုက်​အတွင်း၌ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။ အသင်းဝင်​များနှင့်​စိတ်​ပါဝင်​စားသူ ၂၀၀​ကျော်​ တက်​​ရောက်​ကြပြီး ​ခေါက်​ဆွဲဖြင့်​ ဧည့်​ခံ​ကျွေး​မွေးခဲ့ပါတယ်​။ အခမ်းအနား
ကို​ ​နေ့ ၁၁း ၃၀ မှစတင်​ခဲ့ပြီး အသင်း၏ နာယကဆရာ​တော်​ ဦးပါကဋမှ သြ၀ါဒများ မိန့်​ကြား​တော်​မူခဲ့ပါတယ်​။
အသင်းတည်​​ထောင်​ရခြင်း၏ ရည်​ရွယ်​ချက်​မှာ
  နိုင်​ငံသားများအားလုံး ကျန်းမာသန်​စွမ်း​စေရန်​။
  ခရီးသွားလာ​ရေးအတွက်​ အခက်​အခဲကြုံ​တွေ့ရ​သော ​ရောဂါ​ဝေဒနာရှင်​များအား လူမျိုးမ​ရွေး၊ ဘာသာမ​ရွေး တစ်​ဖက်​တစ်​လမ်းမှ ကူညီ​ဆောင်​ရွက်​နိုင်​ရန်​။
ဖြစ်​ပါတယ်​။
 အသင်းကို ၂၀၁၄ ဇန္န၀ါရီလတွင်​ စတင်​နိုင်​ခဲ့ပြီး ၂၃၊ ၁၀၊ ၂၀၁၅ အထိ အသင်းဝင်​ ၁၀၀၀၀ နှုန်းဖြင့်​ ရာသက်​ပန်​ အလှူရှင်​ ၃၃၄ဦး ရှိလာခဲ့ပြီ ဖြစ်​ပါတယ်​။
အသင်းစတင်​ချိန်​မှ ကားနှစ်​စီးဖြင့်​​ပြေးဆွဲခဲ့ရာ အကြိမ်​​ပေါင်း ၃၇၆ ကြိမ်
ကူညီခဲ့ပြီး ဖြစ်​ပါတယ်​။ ယ​နေ့အချိန်​ထိ
၂၅၀၀၀ ကျပ်​ဖြင့်​ ကူညီပို့​ဆောင်​​ပေးခဲ့
ပြီး ​ပြောင်းလဲချိန်​တန်​လျှင်​ ​လျော့ချပို့​ဆောင်​ ​ပေးသွားမည်​ဟု အသင်းဥက္ကဌ ဆရာကြီးဦးစိုးမြင့်​မှ အမှာစကား​ပြောကြား သွားခဲ့ပါတယ်​။ အသင်း
ရေရှည်​တည်​တံ့နိုင်​ရန်​အတွက်​ ​ညောင်​ကုန်း ကုန်းခါး ​မော်​လူး စ​သော ​ကျေးရွာ
များမှ အသင်းဝင်​များ ၀င်​​ရောက်​လျှက်​ရှိရာ အသင်း​အ​နေဖြင့်​ ၀မ်း​မြောက်​စွာ
ကြိုဆိုလျှက်​ရှိပါတယ်​။
     ဒုက္ခ​ရောက်​သူ၊​ထောက်​ပံ့မူက
အကူခံဝမ်း​မြောက်​၊ချမ်းသာ​ရောက်​၏
    ပံ့​ထောက်​သူမှာ၊သံသရာ၌
  မှန်​စွာတိုးသင့်​၊တန်​ခိုးဝင့်​သည်
ပညာ​ရေးဖြင့်​လုပ်​စားကြသူများသို့
ပညာ​ရေး ​ဈေးကွက်​ချဲ့ထွင်​ခြင်းများ...
ဆရာအလုပ်​သည်​ အမှန်​တစ်​ကယ်​ စိတ်​ထားတတ်​လျှင်​ မွန်​မြတ်​လှ​ပေသည်​။သို့မဟုတ်​က တပည့်​များအား လမ်းမှား​ရောက်​​စေနိုင်​သည်​အထိ အန္တရာယ်​များလှ​ပေသည်​။
ကျ​နော်​တို့အားလုံးသည်​ ​မွေးကတည်းကမည်​သူမျှ အလုံးစုံတတ်​​မြောက်​လာကြသည်​မဟုတ်​​ပေ။မိမိဖြတ်​သန်းရာ လူ့အသိုင်းအ၀ိုင်းများမှ အ​တွေ့အကြုံများကို သင်​ခန်းစာယူရင်း ရင့်​ကျက်​​အောင်​တည်​​ဆောက်​ကြရသူများဖြစ်​​လေသည်​။
သို့​သော်​အချို့​သော သူတို့သည်​ လက်​ရှိဘ၀ကိုသာ​ကျေနပ်​၍ ထိုထက်​ပိုရင့်​ကျက်​ဖို့ အ​တွေးအ​ခေါ်၊စိတ်​ဓာတ်​ မြင့်​ဖို့ရာကြိုးစားအားထုတ်​မှု မရှိကြ​တော့​ပေ။
အခြားသူတို့အဆင်​​ပြေ​နေကြသည်​ကို အားကျ၍ ဖြတ်​လမ်းနည်းဖြင့်​သာ အခွင့်​အ​ရေးရဖို့ကြိုးစားကြ​လေသည်​။
ဆရာလုပ်​သူမှာ ငယ်​ငယ်​ရွယ်​ရွယ်​နှင့်​​နေရာ​ကောင်း ရထားသူတို့တွင်​ ထိုဖြစ်​ရပ်​မျိုး​တွေ့ရတတ်​​ပေသည်​။
ကျ​နော်​တို့သည်​ လူ့အဖွဲ့အစည်းအတွင်း​နေကြသူများဖြစ်​၍ ကျင့်​ဝတ်​များ၊စည်းကမ်းများကို ​လေးစားလိုက်​နာကြရမည်​။
ငယ်​စဉ်​က​တည်းက ယဉ်​​ကျေး​သောလူ့အဖွဲ့အစည်းအတွင်း ကျင်​လည်​ခဲ့ရသူများမှာ ကျင့်​ဝတ်​များ၊​စောင့်​ထိန်းရမည့်​စည်းကမ်းတို့ကို သိရှိကာ လူ​ကောင်း၊လူယုတ်​တို့၏အကျင့်​တို့ကိုလည်းခွဲခြားသိကြ​လေသည်​။
လူဆိုသည်​မှာ မိမိကျင်​လည်​ရ​သောပတ်​၀န်းကျင်​စရိုက်​အတိုင်း လိုက်​ပါ​ပြောင်းလဲတတ်​​လေသည်​။
ကျ​နော်​တို့ရှင်​သန်​ရာဘ၀တစ်​​လျှောက်​ လူအမျိုးမျိုး၊စိတ်​အ​ထွေ​ထွေ ရှိသူများနှင့်​ ​တွေ့ကြုံဆက်​ဆံကြရသည်​မှာလည်း ဓမ္မတာပင်​။အ​တွေ့အကြုံများမှ သင်​ခန်းစာယူ၍ မိမိဘ၀ကိုဖြူစင်​သန့်​ရှင်းအောင်​ တည်​​ဆောက်​ကြရမည်​။
သို​သော်​ တစ်​ချို့​သောသူတို့သည်​ ငယ်​စဉ်​ကလည်း မ​ကောင်း​သောဝန်းကျင်​မှာကျင်​လည်​ရ၊သင်​ခန်းစာလည်းမယူတတ်၊မ​​ကောင်း​သောအကျင့်​စရိုက်​တို့ကို အားကျသင်​ယူ၍ မိမိစိတ်​ကို ဖြူစင်​​အောင်​ ပြုပြင်​နိုင်​ခြင်း မရှိသည်​ကို ​တွေ့နေရသည်​။
တစ်​ပါးသူအ​ပေါ် လိမ်​ညာလှည့်​ဖြား​ကောက်​ကျစ်​၍ ​ခေါင်းပုံဖြတ်​ အမြတ်​ထုတ်​တတ်​​လေသည်​။
လုပ်​​ဖော်​ကိုင်​ဖက်​အချင်းချင်း ​ငွေ​ကြေးနှင့်​ပါတ်​သက်​လျှင်​ ပွင့်​လင်းမှုမရှိ မိမိသာ အသာရဖို့နှင့်​ သူတစ်​ပါး၏လုပ်​အားကို အမြတ်​ထုတ်​ဖို့ရာသာ ပြုတတ်​ကြ​လေသည်​။
ကျ​နော်​တို့ဝန်းကျင်​မှ အချို့​သောဆရာတို့မှာ ငယ်​ငယ်​ရွယ်​ရွယ်​နှင့်​​နေရာ​ကောင်းရလျှင်
သင်​ယူရမည့်​အရာတို့ကို မ​လေ့လာပဲ
လတ်​တ​လောကြီးပွားဖို့ရာ မမှန်​​သောလမ်း​ကြောင်းဖြင့်​ စီးပွားရှာကြ​လေသည်​။
ကျ​နော်​တို့လူ့အစည်းအစည်းမှာ နဂိုကတည်းက စာနာတတ်​၊အားနာတတ်​သူများဖြစ်​၍ ထိုဆရာ အမှားလုပ်​တာ သိ​နေသည့်တိုင် ​​တော်​ရုံမ​ပြောတတ်​ကြ​ပေ။
အချို့်ဆရာတို့မှာ ဘာသာရပ်​ကျွမ်းကျင်​မှုမရှိသည့်​ပြင်​ အပြင်​မှာကျူရှင်​ပြစားလို့ရ​သော မိမိလိုချင်​သည့်​ဘာသာရပ်​ရဖို့သာ ​တိုက်​ခိုက်​​တောင်းဆိုတတ်​ကြသည်​။
မိမိနှင့်​အတူလုပ်​​ဖော်​ကိုင်​ဖက်​ဆရာများအ​ပေါ်တွင်​လည်း ပွင့်​လင်းမှု၊ရိုးသားမှုမရှိ ​ငွေ​ကြေးနှင့်​ပါတ်​သက်​လာလျှင်​ အမြတ်​ထုတ်​ဖို့ရာ ၊လိမ်​ညာ​ပြောဆိုဖို့ရာသာ ကြံစည်​တတ်​​လေသည်​။
ပညာမတတ်​​သောမိဘများမှာလည်း မိမိသားသမီး၏ပညာ​ရေးအ​ခြေအ​နေကိုအကဲဖြတ်​တတ်​ခြင်းမရှိပဲ လှည့်​ဖျား
ပြောဆိုတတ်​​သော ထိုဆရာ၏ ပါးစပ်​ဖျား၌သာ လမ်းဆုံးတတ်​​လေသည်​။
ကျောင်း၌တာဝန်​​ကျေရုံသာသင်​၍ ပြင်​ပတွင်​စီးပွားဖြစ်​ ကျူရှင်​ဖွင့်​သင်​ခြင်း၊မိမိကျူရှင်​၌တက်​​သော ​ကျောင်းသားများအား​မေးခွန်း​ပြောပြခြင်း၊​ကျောင်းသားများအား မိမိကျူရှင်​သို့တက်​ရန်​နည်းမျိုးစုံသုံး၍ ဆွဲ​ခေါ်ခြင်း၊ကျူရှင်​​ကြေးမတန်​တဆယူပြီး သင်​ကြားမှု ကြပ်​မတ်​မှု များလုပ်​​ပေးနိုင်​စွမ်းမရှိခြင်း၊လုပ်​​ဖော်​ကိုင်​ဖက်​ဆရာအချင်းချင်း​ပေါ်တွင်​လည်း လုပ်​အားအမြတ်​ထုတ်​​ခေါင်းပုံဖြတ်​ခြင်း၊
ထိုသို့​သောသင်​ကြားမှုအ​တွေ့အကြုံမရှိပဲ ပညာ​ရေးကို ခုတုံးလုပ်​ အသုံးချ​နေ​သော ဆရာ​ပေါက်​စများ ရှိ​နေသမျှ ထိုမြို့\ရွာ​ ကျောင်းများမှ ​ကျောင်းသား/သူတို့၏ ပညာ​ရေးမှာ.....ရင်​​လေးဖွယ်​ရာ...ပင်​...ဖြစ်​​တော့သည်​။
ပညာ​ရေးမသမာမှု(သို့)ပညာ​ရေးရာဇ၀တ်​မှု​မြောက်​​စေ​သောအချက်​တို့မှာ.......
၁။စာ​မေးပွဲခန်း​တွင်​ မသမာခြင်း၊
၂။မေးခွန်း​ပေါက်​ကြားခြင်း၊
၃။အမှတ်​လိမ်​လည်​မှားယွင်းသွင်းခြင်း၊
၎။ကျောင်း​ပြောင်းလက်​မှတ်​TCထုတ်​​ပေးခြင်း/မထုတ်ေ​ပးခြင်း၊
၅။ကျောင်းဆရာ/မ များကျူရှင်​ပြခြင်း၊
၆။ပညာ​ရေးဝန်​ထမ်း​ ပြောင်း​ရွှေ့၊ခန့်​ထား၊လာဒ်​ယူခြင်း၊
၇။ပညာ​ရေးဘတ်​ဂျက်​များ မမှန်​မကန်​သုံးစွဲခြင်း။
အထက်​ပါအချက်​များကြည့်​၍ ပညာ​ရေးဖြင့်​မမှန်​မကန်​ လုပ်​​နေ​သော ဆရာများ ရှက်​တတ်​ကြပါ​စေ........။
ပညာ​ရေးဖြင့်​လုပ်​စားကြသူများသို့
ပညာ​ရေး ​ဈေးကွက်​ချဲ့ထွင်​ခြင်းများ...
ဆရာအလုပ်​သည်​ အမှန်​တစ်​ကယ်​ စိတ်​ထားတတ်​လျှင်​ မွန်​မြတ်​လှ​ပေသည်​။သို့မဟုတ်​က တပည့်​များအား လမ်းမှား​ရောက်​​စေနိုင်​သည်​အထိ အန္တရာယ်​များလှ​ပေသည်​။
ကျ​နော်​တို့အားလုံးသည်​ ​မွေးကတည်းကမည်​သူမျှ အလုံးစုံတတ်​​မြောက်​လာကြသည်​မဟုတ်​​ပေ။မိမိဖြတ်​သန်းရာ လူ့အသိုင်းအ၀ိုင်းများမှ အ​တွေ့အကြုံများကို သင်​ခန်းစာယူရင်း ရင့်​ကျက်​​အောင်​တည်​​ဆောက်​ကြရသူများဖြစ်​​လေသည်​။
သို့​သော်​အချို့​သော သူတို့သည်​ လက်​ရှိဘ၀ကိုသာ​ကျေနပ်​၍ ထိုထက်​ပိုရင့်​ကျက်​ဖို့ အ​တွေးအ​ခေါ်၊စိတ်​ဓာတ်​ မြင့်​ဖို့ရာကြိုးစားအားထုတ်​မှု မရှိကြ​တော့​ပေ။
အခြားသူတို့အဆင်​​ပြေ​နေကြသည်​ကို အားကျ၍ ဖြတ်​လမ်းနည်းဖြင့်​သာ အခွင့်​အ​ရေးရဖို့ကြိုးစားကြ​လေသည်​။
ဆရာလုပ်​သူမှာ ငယ်​ငယ်​ရွယ်​ရွယ်​နှင့်​​နေရာ​ကောင်း ရထားသူတို့တွင်​ ထိုဖြစ်​ရပ်​မျိုး​တွေ့ရတတ်​​ပေသည်​။
ကျ​နော်​တို့သည်​ လူ့အဖွဲ့အစည်းအတွင်း​နေကြသူများဖြစ်​၍ ကျင့်​ဝတ်​များ၊စည်းကမ်းများကို ​လေးစားလိုက်​နာကြရမည်​။
ငယ်​စဉ်​က​တည်းက ယဉ်​​ကျေး​သောလူ့အဖွဲ့အစည်းအတွင်း ကျင်​လည်​ခဲ့ရသူများမှာ ကျင့်​ဝတ်​များ၊​စောင့်​ထိန်းရမည့်​စည်းကမ်းတို့ကို သိရှိကာ လူ​ကောင်း၊လူယုတ်​တို့၏အကျင့်​တို့ကိုလည်းခွဲခြားသိကြ​လေသည်​။
လူဆိုသည်​မှာ မိမိကျင်​လည်​ရ​သောပတ်​၀န်းကျင်​စရိုက်​အတိုင်း လိုက်​ပါ​ပြောင်းလဲတတ်​​လေသည်​။
ကျ​နော်​တို့ရှင်​သန်​ရာဘ၀တစ်​​လျှောက်​ လူအမျိုးမျိုး၊စိတ်​အ​ထွေ​ထွေ ရှိသူများနှင့်​ ​တွေ့ကြုံဆက်​ဆံကြရသည်​မှာလည်း ဓမ္မတာပင်​။အ​တွေ့အကြုံများမှ သင်​ခန်းစာယူ၍ မိမိဘ၀ကိုဖြူစင်​သန့်​ရှင်းအောင်​ တည်​​ဆောက်​ကြရမည်​။
သို​သော်​ တစ်​ချို့​သောသူတို့သည်​ ငယ်​စဉ်​ကလည်း မ​ကောင်း​သောဝန်းကျင်​မှာကျင်​လည်​ရ၊သင်​ခန်းစာလည်းမယူတတ်၊မ​​ကောင်း​သောအကျင့်​စရိုက်​တို့ကို အားကျသင်​ယူ၍ မိမိစိတ်​ကို ဖြူစင်​​အောင်​ ပြုပြင်​နိုင်​ခြင်း မရှိသည်​ကို ​တွေ့နေရသည်​။
တစ်​ပါးသူအ​ပေါ် လိမ်​ညာလှည့်​ဖြား​ကောက်​ကျစ်​၍ ​ခေါင်းပုံဖြတ်​ အမြတ်​ထုတ်​တတ်​​လေသည်​။
လုပ်​​ဖော်​ကိုင်​ဖက်​အချင်းချင်း ​ငွေ​ကြေးနှင့်​ပါတ်​သက်​လျှင်​ ပွင့်​လင်းမှုမရှိ မိမိသာ အသာရဖို့နှင့်​ သူတစ်​ပါး၏လုပ်​အားကို အမြတ်​ထုတ်​ဖို့ရာသာ ပြုတတ်​ကြ​လေသည်​။
ကျ​နော်​တို့ဝန်းကျင်​မှ အချို့​သောဆရာတို့မှာ ငယ်​ငယ်​ရွယ်​ရွယ်​နှင့်​​နေရာ​ကောင်းရလျှင်
သင်​ယူရမည့်​အရာတို့ကို မ​လေ့လာပဲ
လတ်​တ​လောကြီးပွားဖို့ရာ မမှန်​​သောလမ်း​ကြောင်းဖြင့်​ စီးပွားရှာကြ​လေသည်​။
ကျ​နော်​တို့လူ့အစည်းအစည်းမှာ နဂိုကတည်းက စာနာတတ်​၊အားနာတတ်​သူများဖြစ်​၍ ထိုဆရာ အမှားလုပ်​တာ သိ​နေသည့်တိုင် ​​တော်​ရုံမ​ပြောတတ်​ကြ​ပေ။
အချို့်ဆရာတို့မှာ ဘာသာရပ်​ကျွမ်းကျင်​မှုမရှိသည့်​ပြင်​ အပြင်​မှာကျူရှင်​ပြစားလို့ရ​သော မိမိလိုချင်​သည့်​ဘာသာရပ်​ရဖို့သာ ​တိုက်​ခိုက်​​တောင်းဆိုတတ်​ကြသည်​။
မိမိနှင့်​အတူလုပ်​​ဖော်​ကိုင်​ဖက်​ဆရာများအ​ပေါ်တွင်​လည်း ပွင့်​လင်းမှု၊ရိုးသားမှုမရှိ ​ငွေ​ကြေးနှင့်​ပါတ်​သက်​လာလျှင်​ အမြတ်​ထုတ်​ဖို့ရာ ၊လိမ်​ညာ​ပြောဆိုဖို့ရာသာ ကြံစည်​တတ်​​လေသည်​။
ပညာမတတ်​​သောမိဘများမှာလည်း မိမိသားသမီး၏ပညာ​ရေးအ​ခြေအ​နေကိုအကဲဖြတ်​တတ်​ခြင်းမရှိပဲ လှည့်​ဖျား
ပြောဆိုတတ်​​သော ထိုဆရာ၏ ပါးစပ်​ဖျား၌သာ လမ်းဆုံးတတ်​​လေသည်​။
ကျောင်း၌တာဝန်​​ကျေရုံသာသင်​၍ ပြင်​ပတွင်​စီးပွားဖြစ်​ ကျူရှင်​ဖွင့်​သင်​ခြင်း၊မိမိကျူရှင်​၌တက်​​သော ​ကျောင်းသားများအား​မေးခွန်း​ပြောပြခြင်း၊​ကျောင်းသားများအား မိမိကျူရှင်​သို့တက်​ရန်​နည်းမျိုးစုံသုံး၍ ဆွဲ​ခေါ်ခြင်း၊ကျူရှင်​​ကြေးမတန်​တဆယူပြီး သင်​ကြားမှု ကြပ်​မတ်​မှု များလုပ်​​ပေးနိုင်​စွမ်းမရှိခြင်း၊လုပ်​​ဖော်​ကိုင်​ဖက်​ဆရာအချင်းချင်း​ပေါ်တွင်​လည်း လုပ်​အားအမြတ်​ထုတ်​​ခေါင်းပုံဖြတ်​ခြင်း၊
ထိုသို့​သောသင်​ကြားမှုအ​တွေ့အကြုံမရှိပဲ ပညာ​ရေးကို ခုတုံးလုပ်​ အသုံးချ​နေ​သော ဆရာ​ပေါက်​စများ ရှိ​နေသမျှ ထိုမြို့\ရွာ​ ကျောင်းများမှ ​ကျောင်းသား/သူတို့၏ ပညာ​ရေးမှာ.....ရင်​​လေးဖွယ်​ရာ...ပင်​...ဖြစ်​​တော့သည်​။
ပညာ​ရေးမသမာမှု(သို့)ပညာ​ရေးရာဇ၀တ်​မှု​မြောက်​​စေ​သောအချက်​တို့မှာ.......
၁။စာ​မေးပွဲခန်း​တွင်​ မသမာခြင်း၊
၂။မေးခွန်း​ပေါက်​ကြားခြင်း၊
၃။အမှတ်​လိမ်​လည်​မှားယွင်းသွင်းခြင်း၊
၎။ကျောင်း​ပြောင်းလက်​မှတ်​TCထုတ်​​ပေးခြင်း/မထုတ်ေ​ပးခြင်း၊
၅။ကျောင်းဆရာ/မ များကျူရှင်​ပြခြင်း၊
၆။ပညာ​ရေးဝန်​ထမ်း​ ပြောင်း​ရွှေ့၊ခန့်​ထား၊လာဒ်​ယူခြင်း၊
၇။ပညာ​ရေးဘတ်​ဂျက်​များ မမှန်​မကန်​သုံးစွဲခြင်း။
အထက်​ပါအချက်​များကြည့်​၍ ပညာ​ရေးဖြင့်​မမှန်​မကန်​ လုပ်​​နေ​သော ဆရာများ ရှက်​တတ်​ကြပါ​စေ........။
ကရင်​ဒုံးယိမ်းကြည့်​ရ​အောင်​ညယ်​..၂၅.၁၀.၂၀၁၅ ယ​နေ့ည​နော်​​ဝေး.....
ကရင်​ဒုံးယိမ်းအက ကြည့်​ရ​အောင်​ညယ်
မော်​လူးသားတို့ရယ်​...........
ယ​နေ့ည ​မော်​လူးမြို့၊ တဏှင်္ကရာအ​ရှေ့​ကျောင်းတိုက်​၌ ကချင်​ပြည်​နယ်​၊ဟိုပင်​မြို့ ၁၀၈​တောင်​အမြင့်​​ဆောင်​မည့်​ ​မြောက်​​ရွှေတိဂုံ​စေတီ​တော်​မြတ်​ကြီး စိ​န်​ဖူး​တော်​နှင့်​ထီး​တော်​ဆက်​ကပ်​လှူဒါန်းပူ​ဇော်​ပွဲ သို့သွား​ရောက်​ကြမည့်​ ကရင်​တိုင်းရင်းသားရိုးရာအကအဖွဲ့ ​မော်​လူးမြို့သို့ (၂၅.၁၀.၂၀၁၅) ရက်​​နေ့တွင်​ကားသုံးစီးဖြင့်​​ရောက်​ရှိ၍
ညအိပ်​ရပ်​နားကြပါမည်​။အဆိုပါကရင်​ရိုးရာအကအဖွဲ့မှ ​မော်​လူးမြို့၊အ​ရှေ့​ကျောင်းတိုက်​တွင်​ ယ​နေ့ည ကရင်​ဒုံးယိမ်းအကများ၊ရိုးရာအကများဖြင့်​ ကပြ​​ဖျော်​​ဖြေကြမည်​ဟုသိရပါသည်​။
အပြင်​မှာကရင်​ဒုံးယိမ်းအက ကိုယ်​တိုင်​ကိုယ်​ကျ ကြည့်​ရှူခံစားနိုင်​​စေဖို့
...​မော်​လူးသားတို့​ရေ.....ကရင်​ဒုံးယိမ်း...ကြည့်​ရ​အောင်​​လေ........​ဝေး......
အာယုပါလ ကျမ်းမာ​ရေးကူညီ​စောင့်​​ရှောက်​မှုအသင်းမှ အလှူရှင်​များအား ဂုဏ်​ပြုပွဲ
ဂုဏ်ပြုလွှာပေးအပ်ချီးမြင့်ပွဲ
အင်းတော်မြို့နယ် မော်လူးဒေသ ရွှေလေးတန်အာယုပါလ ကျန်းမာရေး ကူညီ စောင့်ရှောက်မှုအသင်းကြီး ရေရှည်တည်တံ့နိုင်ရန်အတွက် အဖက်ဖက်မှ ၀ိုင်းဝန်း ကူညီထောက်ပံ့ ငွေများထည့်ဝင်ပေးခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာချီးမြင့်ပွဲ အခမ်းအနားကို ၁၃၇၇ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက် သောကြာနေ့ မော်လူးအုပ်စု ပဲခူးကျေးရွာ ပါမောက္ခရာမကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
မော်​လူးသားများအတွက်​သတင်း​ကောင်း​ပေါ့ညယ်
မော်​လူးသားများအတွက်​ သတင်း​ကောင်း​ပေါ့....ညယ်​......
ရှေ့​ပြေးသတင်း
ကျ​​​နော်​တို့​မော်​လူး​ဒေသသား​တွေ
သွား​ရေးလာ​ရေးအဆင်​​ပြေ​​ချော​မွေ့​စေဖို့
အမှတ်(၅၇)အဆန်နှင့်အမှတ်(၅၈)အစုန် ​​​​​မလိခ-မန္တလာ အထူးရထား မနက်​ဖြန်
(၂၆.၁၀.၂၀၁၅) ရက်​​နေ့မှစတင်​ပြီး​ မော်​လူးဘူတာ၌ ရပ်​မည်​ဖြစ်​ပါသည်​။မန္တ​လေး-မြစ်​ကြီးနား ရထားများအနက်​ ကျ​နော်​တို့​မော်​လူး​ဒေသသားများ အ​နေဖြင့်
ဒုတိယအမြန်​ရထားနှင့်​အထူးအမြန်​ရထားနှစ်​စီးသာ ​မော်​လူးဘူတာ၌ ခုံရပြီးရပ်​နား​ပေးပါသည်​။ယခု
မလိခ-မန္တလာရထားမှာ ခရီးစဉ်​တစ်​​လျှောက်​ ရပ်သောဘူတာလည်းနည်းပြီး၊သက်​​တောင့်​သက်​သာနှင့်​မိမိလိုရာခရီးကိုအဆင်​​ပြေ​ချော​မွေ့စွာလိုက်​ပါနိုင်​​တော့မှာဖြစ်​၍
မော်​လူးဒေသသားများအတွက်​သတင်း​ကောင်း​ဖြစ်​ပေသည်​။မလိခ-မန္တလာရထားမှ ခရီးသည်​များအတွက်​ ခုံ​နေရာ(၅)ခုရမည်​ဖြစ်​ပြီးမနက်​ဖြန်​(၂၆.၁၀.၂၀၁၅)ရက်​​နေ့ ရထားစတင်​ရပ်​သည့်​အထိမ်းအမှတ်​ကြိုဆိုပွဲအဖြစ်​ ​မော်​လူး(အ.ထ.က)​ကျောင်းမှ ​ကျောင်းသား/သူ​ များ၏ ဘင်​ခရာတီးဝိုင်းများ၊​မော်​လူးသားများဖြင့်​စည်းကားသိုက်​မြိုက်​စွာကြိုဆိုကြမည်​ဖြစ်​​ကြောင်း သိရပါသည်​။
Saturday 24 October 2015
ခရီးသွားမိန်းက​လေးများသတိထား.......
ဆရာလေးတောင် မကျန်တဲ့ကောင်.....
လှိုင်သာယာမြို့နယ်တွင်ဖြစ်ပွားခဲ့သော သားမယားပြုကျင့်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဖော်ပြခြင်း
 ရန်ကုန်၊ အောက်တိုဘာ ၂၃
၁၆.၁၀.၂၀၁၅ ရက်နေ့ ၁၇၃၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ အသက်(၂၄)နှစ်အရွယ် သီလရှင် ဒေါ်---- သည် မင်္ဂလာဒုံမြို့နယ်အတွင်း အလှူခံထွက်ခဲ့ရာမှ ပဲခူးသို့ပြန်ရန် အချိန်နှောင်းနေသဖြင့် အမှတ်(၃)လမ်းဆုံအနီး၌တွေ့ရှိသော ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ရဲဝင်းနိုင်၏ ဆိုင်ကယ်အား
ငှားရမ်းပြီး အနီးနားတွင်ရှိသော သီလရှင်ကျောင်း တစ်ကျောင်းသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းခံခဲ့ကြောင်း၊ ရဲဝင်းနိုင်မှ အမှတ်(၃)လမ်းဆုံအနီးရှိ သီလရှင်ကျောင်းသို့ လိုက်ပါပို့ဆောင် ပေးခဲ့သော်လည်း ၎င်းကျောင်းတွင် သီလရှင်များအား မတွေ့ရှိသဖြင့် အမှတ်(၃)လမ်းဆုံသို့ ပြန်လည်ခေါ်ဆောင်
လာခဲ့ကြောင်း၊ ယင်းနောက် ရဲဝင်းနိုင်မှ လှိုင်သာယာမြို့နယ်ရှိ ၎င်း၏နေအိမ်သို့ လိုက်ပါ တည်းခိုရန်ခေါ်ဆောင်သဖြင့် လိုက်သွားခဲ့ပြီး အဆိုပါနေအိမ်တွင် ရဲဝင်းနိုင်တစ်ဦးတည်း နေထိုင်ကြောင်း၊ ယင်းနေ့ ၂၃၀၀ အချိန်ခန့်၌ ၎င်းမှနေအိမ်နောက်ဖေးခန်း၌ အိပ်ပျော်နေစဉ် ရဲဝင်းနိုင်မှ သားမယားအဖြစ်ပြုကျင့်
ခဲ့ကြောင်းတို့ကို တိုင်တန်းခဲ့ပါသည်။
တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၁၆၆၁/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၇၆ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ လှိုင်သာယာမြို့နယ်နေ ရဲဝင်းနိုင်၊ (၃၁)နှစ်အား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
မုဒိမ်းမှုများ မဖြစ်ပွားစေရေး အတွက် အမျိုးသမီးများအနေဖြင့် အဖော်မဲ့ခရီးသွားလာစဉ် သူစိမ်းများအား ယုံကြည်မှုမလွန်ကဲရန်၊ နေအိမ်၌တစ်ဦးတည်းရှိနေစဉ် အိမ် အ၀င်/အထွက် တံခါးနှင့် ပြူတင်းတံခါးတို့ကို လုံခြုံစွာပိတ်ထားရန်၊ မည်သူ့ကိုမဆို အားနာခြင်း၊ ယုံကြည်မှုလွန်ကဲခြင်းဖြင့် နေအိမ်အတွင်းသို့
အလွယ်တကူဝင်ခွင့်မပြုရန်၊ အလုပ်သွား၊ အလုပ်ပြန်အချိန်နှောင်းလျှင် အဖော်ဖြင့် ကြို/ပို့ပြုလုပ်ရန်တို့ကို သတိပြုဆောင်ရွက်သင့်ပါကြောင်းနှင့် ကလေးသူငယ် အမျိုးသမီးငယ်များအတွက်ဖြစ်ပါက နေ့/ညအုပ်ထိန်းသူမရှိချိန်တွင် ကာကွယ်မှုအကူအညီရနိုင်သော ယုံကြည်ရသည့်မိန်းမဖော်နှင့် နေထိုင်ခြင်းဖြင့် အန္တရာယ်ကင်းနိုင်သည်ကို သတိပြုရန်၊ မည်သည့်အရွယ်ရှိ သမီးမိန်းကလေးငယ်ကိုမဆို နေအိမ်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း တစ်ဦးတည်းထားခဲ့ခြင်းဖြင့် အန္တရာယ်ရှိလာနိုင်သည်ကို သတိပြုဆင်ခြင်နိုင်ရန်
အတွက် အသိပညာပေးဖော်ပြအပ်ပါသည်။
ဖော်ပြပါ အလားတူမှုခင်းဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေးအတွက် ခရီးသွား လာစဉ် အကြောင်းအမျိုးမျိုးကြောင့် အချိန်နောက်ကျမှုများကြုံတွေ့ပြီး အခက် အခဲများဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ်အကူအညီ တောင်းခံသင့်ပါကြောင်း
ဖော်ပြအပ်ပါသည်။
ကမ္ဘာ​ကျော်​လာဦးမည်​​လော
ရောက်​တတ်​ရာရာ အ​တွေးများ
     ကမ္ဘာ​ကျော်​လာဦးမည်​​လော
       စစ်​ကိုင်းတိုင်း​ဒေသကြီးအင်း
တော်​မြို့နယ်​​မော်​လူး​ဒေသစဉ့်​ခိုး
ကျေးရွာသင်္ချိုင်းကုန်းသည်​မူးယစ်
ေ​ဆးဝါး​ရောင်းဝယ်​ရာတွင်​တရားဝင်
ဟင်းသီးဟင်းရွက်​​ရောင်းကြသလို
စည်​ကားသိုက်​စွာ​ရောင်းချ​နေ​ကြ
သည်​ဟုသိရသည်​။
       ထိုသင်္ချိုင်းကုန်းသည်​လူ​သေများ
ကိုဝါးမျို​နေသည်​မဟုတ်​​မော်​လူး​ဒေသရှိမြန်မာ့​နာဂတ်​ဖြစ်ကြသောလူ ငယ်​များကိုလည်းဝါးမျို​​နေ​ပေသည်​။
ပေါ်​နေ​သော​ရောဂါဆိုးသည်​ကင်​ဆာ​ရော​ဂယထက်​ပင်​​ကြောက်​စရာ
ဖြစ်​​နေ​လေသည်​။အချိန်​မီမကုစား
နိုင်​လျှင်​ဖြင့်​​မော်​လူး​ဒေသမှလူငယ်
လူရွယ်​များ​ရောဂါကျွမ်းကြ​ပေ​ရော့
မည်​။
       ခုလိုစပါး​ပေါ်ချိန်​တွင်​ဘုရားပွဲ
ဈေးတန်းသမျှစည်​ကားသည်​ဟုထို
နေရာသို့​ရောက်​ဖူး​သောလူငယ်​တစ်
က​ပြောဖူးသည်​။
      ကျွန်​​တော်​တို့​မော်​လူး​ဒေသမှ
မိဘပြည်​သူအ​ပေါင်းတို့ထို​ရောဂါ
ဆိုးကိုကျွန်​​တော်​တို့မည်​ကဲ့သို့ကာ
ကွယ်​ကြမည်းနည်း။အချိန်​မီမကွယ်
သော်​မကြာ​သောတ​နေ့သား၊သမက်
တူ၊ဦး​လေး၊ညီ၊အစ်​ကိုတို့အားကူး
စက်​လာ​ပေ​ရော့မည်​။
     သက်​ဆိုင်​ရာကိုး​နေသ၍​မော်​လူး
ဒေသလူငယ်​လူရွယ်​တို့မူးယစ်​​ဆေး
ကသတ်​ပစ်​၍ကုန်​​ပေလိမ့်​မည်​။တခု
ခုကြံစည်​ကာတားဆီးကြဖို့သင့်​​ပေပြီ။
      လူငယ်​လရွယ်​တို့ကြားမူးယစ်
ဆေးသုံးစွဲခြင်းကိုရှက်​ရ​ကောင်းမှန်း
မသိကြ​တော့​ပေ။လူငယ်​လူရွယ်​တို့
ကြားထို့အသိရှိ​နေခြင်းသည်​အဆိုး
ဝါးဆုံးဖြစ်​သည်​။ကြာ​သော်​ထိုအသိ
ကိုဖယ်​ရှားဖို့အ​တော်​ခက်​​ပေလိမ့်
မည်​။
      တခုခု​တော့ထလုပ်​ကြဖို့အချိန်
ရောက်​ပါပြီဆိုတာအသိ​ပေးနိုး​ဆော်
လိုက်​ရပါသည်​​မော်​လူး​ဒေသလူငယ်
တို့တန်​ဖိုးကိုသိသူအ​ပေါင်းတို့
ခင်​ဗျာ။
     ဘဝအ​မော​တွေ​ပြေကြပါ​စေ
                        ဘဝခရီးသည်
Friday 23 October 2015
လွတ်​လပ်​စွာ မဲ​ပေးနိုင်​.......ရဲကိုကိုတို့
ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ မိမိတို့ကြိုက်နှစ်သက်သည့်ပါတီကို လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိဟုဆို
ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ မိမိတို့ကြိုက်နှစ်သက်သည့်ပါတီကို လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိဟုဆို
 ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ကြိုက် နှစ်သက်သည့် မည်သည့်ပါတီမဆို လွတ်လပ်စွာ မဲပေးပိုင်ခွင့်ပေးထားကြောင်းနှင့် မဲပေးပိုင်ခွင့်နှင့်ပတ် သက်၍ တစုံတရာချုပ်ကိုင်ထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းရဲတပ် ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ်က News Watch ဂျာနယ်သို့ ပြောသည်။
''ရဲဝန်ထမ်းတွေနဲ့ သူ့ရဲ့မိသားစု တွေအနေနဲ့လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတာပေါ့။ ဘယ်ပါတီကိုပေးပါ။ ဘယ်ပါတီကိုမပေးပါနဲ့ ဘာမှမပြောဘူး။ အဓိက,က ကျွန်တော်တို့က ဘာစီစဉ်ပေးရမလဲဆိုတော့ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်အောင် ကျွန်တော်တို့ပဲ စိစစ်ပေးရတာ။ လုံးဝကျန်လို့မရဘူး။ အကုန် ပေး။ ဘယ်သူ့ကိုပေးပါ မပြောဘူး။ မဲပေးရဖို့ပဲလိုတယ်။ ရွေးကောက်ပွဲလုပ်တဲ့နေ့မှာ တာဝန်ကျလို့ လုံးဝမအားတဲ့ ရဲဝန်ထမ်းတွေဆိုရင်ကြိုတင်မဲပေး။ အဲဒီအတွက်လည်း ကျွန်တော်တို့ ကြိုတင်လျှောက် ထားမယ်။ သူ့လုပ်ထုံးလုပ်နည်းအတိုင်းပဲလုပ်မယ်။ တာဝန်ကျလို့ မပေးလိုက်တာမျိုးအဖြစ် မခံနိုင်ဘူး'' ဟု ရဲမှူးကြီးဝင်းဗိုလ်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၁၃ ဦးရှိပြီး တမြို့နယ်လျှင် ရဲတပ်ဖွဲ့အင်အား အရာရှိ ၁၅ ဦးနှင့် အခြားအဆင့် ၈၁ ဦး စုစုပေါင်း မြို့နယ် ရဲစခန်းတခုတွင် ရဲတပ်ဖွဲ့ ၉၆ ဦးရှိကြောင်း သိရပြီး ၎င်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့ ကြိုက်နှစ်သက်သည့်ပါတီအား လွတ် လပ်စွာ မဲပေးခွင့်ရှိကြောင်း သိရသည်။
''မဲပေးတဲ့နေရာမှာ အခုခန့်ထားတဲ့ အထူးရဲတွေရော၊ ရဲတပ်ဖွဲ့တွေရော ဘာမှ မကန့်ကွက်ဘူး။ ကျွန် တော်တို့က ဘယ်ပါတီနိုင်၏၊ ဘယ်သူရှုံး၏ စိတ်မ၀င်စားဘူး။ ကျွန်တော်တို့အနေနဲ့က ရွေးကောက်ပွဲ လွတ်လပ်မယ်။ တရားမျှတမယ်။ အေးအေးချမ်းချမ်းနဲ့ ပြီးမြောက်မယ်။ အဓိက,က ဒါပဲ။ နိုင်တာ၊ ရှုံးတာသည် ပြည်သူတွေက မဲနဲ့ ဆုံးဖြတ်သွားလိမ့်မယ်။ ဒီပေါ်မှာ ဘာမှကန့်ကွက်မှုမရှိဘူး။ ကျွန်တော် ကိုယ်တိုင်လည်း မဲစာရင်းမှာ နာမည်ပါ,ပါတယ်''ဟု ရဲမှူးကြီးဝင်းဗိုလ်က ဆက်လက်ပြောသည်။
ရွေးကောက်ပွဲ လုံခြုံရေးအဖြစ် လက်ရှိခန့်ထားသည့် အထူးရဲများအနေဖြင့် မိမိတို့ မြို့နယ်အတွင်း၌ တာဝန်ကျသည့်အတွက် မိမိမြို့နယ်တွင် လွတ်လပ်စွာ မဲပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့အား မဲပေးပိုင်ခွင့် နှင့်ပတ်သက်၍ တစုံတရာချုပ်ကိုင်ထားမှုမရှိကြောင်းနှင့် လွတ်လပ်စွာ မဲပေးနိုင်ကြောင်း ရဲမှူးကြီးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရုံပေါင်း ၅၄၉၅ ရုံရှိပြီး ရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါ ရွေးကောက်ပွဲတွင် အစိုးရ၀န်ထမ်းများအနေဖြင့် လွတ်လပ်စွာ မဲပေးခွင့်ရှိ ကြောင်း သိရသည်။
ဆရာမပီသသည့်​.....ဆရာများ......
ဒီလို ကျောင်းဆရာတွေ ....ရှိတာ......
နိုင်ငံ.......နာတယ်.........
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီး ကျေးရွာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စဉ် ကြိုဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးကို အလယ်တန်း ကျောင်းအုပ်ဆရာက ရိုက်နှက်ခဲ့သည်ဟုဆိုကာ ကျောင်းသားမိဘများက အောက်တိုဘာ ၂၃ ရက်တွင် တိုင်းအစိုးရအဖွဲ့နှင့် မြို့နယ် ပညာရေးမှူး ရုံးတို့သို့ လက်မှတ်ထိုး၍ တိုင်ကြားထားသည်ဟု ကျောင်းသား တစ်ဦး၏ မိခင် ဒေါ်နွဲ့က မဇ္ဈိမကို ပြောသည်။
“အရိုက် ခံရတာကို ကလေးက ကျွန်မတို့ကို မပြောဘူး။ ကျောင်း မတက်ချင်တော့ဘူး ပြောလို့မေးကြည့်မှ ရိုက်ပြီ သုံးရက်မြောက်နေ့မှ ဆရာကြီးက ရိုက်လို့ မသွားရဲတာလို့ ပြောတယ်။ ဒါနဲ့ရိုက်တဲ့နေရာကို ပြဆိုပြီး လှန်ကြည့်တော့ အညိုအမဲ အတော်ကြီးတယ်။ ဒါနဲ့ ကျောင်းအုပ်ကြီးကို သွားပြောတော့ ပြေလည်အောင် မပြောဘဲ တိုင်ချင်ရာတိုင်လို့ ပြောလွှတ်လိုက်တယ်။ ဒါနဲ့ ရွာထဲမေးကြည့်တော့ အဲဒီနေ့ အကုန်ရိုက်ခံရတော့ မိဘတွေက မကျေမနပ်တွေ ဖြစ်ကုန်တယ်။ ဆရာတစ်ယောက် အနေနဲ့ရိုက်ပြီး ဆုံးမတာကို လက်ခံပါတယ်။ အခုရိုက်တာ NLD ကို ကြိုလို့ ရိုက်တယ် ဆိုတာကိုတော့ လက်မခံဘူး”ဟု ရိုက်နှက်ခံရသူ မောင်မျိုးမင်း၏ မိဘ ဒေါ်နွဲ့က ဆိုသည်။
ထိုသို့ အရိုက်ခံရသော ကျောင်းသားတစ်ချို့မှာ ၀က်လက်မြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက် ဆေးကုသမှုခံယူပြီး ဆေးစာများဖြင့် မြို့နယ် ပညာရေးမှူးထံ သွားရောက်၍ ညိနှိုင်းဖြေရှင်းပေးရန် မိဘများက သွားရောက် ပြောဆိုသော်လည်း ညိနှိုင်းမှု ပြုလုပ်မပေးသောကြောင့် မိဘ များကတိုင်ကြားခြင်းဟုဆိုသည်။
ကျောင်းအုပ်ဆရာကို အရေးယူပေးရန် တိုင်ကြားစာထဲတွင် NLD ကို ကြိုဆိုသော နေ့ဝက်ပျက် ကျောင်းသူ၊ ကျောင်းသား အယောက် ၄၀ ဦးကို ကျောင်းအလံတိုင်ရှေ့ တန်းစီး၍ တစ်ဦးချင်းစီ ထန်းလက်ဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသည်အထိ ရိုက်ခဲ့သောကြောင့် ထိရောက်စွာ အရေးယူပေးရန်ပါရှိပြီး တိုင်ကြားစာနှင့်အတူ ဆေးစာများဖြင့် ပူတွဲတိုင်ကြားထားသည်။
ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ကိုယဉ်ထွေးကလည်း “ကလေးဆိုတာ ဘာမှ မသိဘူး။ ကြိုတာနဲ့တင် ရိုက်တယ်ဆိုတော့ ဒီလိုဆရာမျိုး ကျွန်တော်တို့ ရွာက အလိုမရှိပါဘူး။ အရေးယူမပေးမချင်း တိုင်ကြားမယ်။ ဒီဘက်ခေတ်မှာ သူတို့လုပ်ချင်သလို လုပ်လို့မရပါဘူး” ဟုပြောသည်။
ထိုသို့ ကျောင်းသူ၊ ကျောင်းသားများအား ရိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာကြီး ဦးထွန်းအေးက “ကြိုလို့ ရိုက်တယ်ဆိုတာက သူစွပ်စွဲတာပါ။ ကျွန်တော့်မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး။ ကျောင်းချိန်မှာ ထွက်ကြိုလို့ ဆုံးမတာပါ။ ကျွန်တော်တို့ ဘယ်ပါတီဘက်ကမှ မပါဘူး။ ကျွန်တော့်ကျောင်းက ဆရာဆရာမတွေလည်း ပြောထားတယ်။ ကိုယ့်ရင်ထဲရှိတာကို မဲပေးကြပါ ပြောပြီးသားပါ။ ဆရာတစ်ယောက်အနေနဲ့ ရိုက်ပြီး ဆုံးမတာပါ။ သူတို့ ဘက်မကျေနပ်လို့ တိုင်လည်း ဖြေရှင်းသွားမှာပါ” ဟု ပြောသည်။
ထိုသို့ အရိုက်ခံရခြင်းကြောင့် တစ်ချို့မှာ ကျောင်းပြန်တက်ပြီး စာမေးပွဲ ဖြေဆိုကြသော်လည်း တစ်ချို့မှာ ယနေ့အချိန်ထိ ကျောက်တက်ခြင်း၊ စာမေးပွဲဖြေခြင်း မလုပ်ရဲဘဲ အိမ်မှာပင် နေနေရသည်မှာ ၉ ရက်ရှိပြီ ဖြစ်ကြောင်း စတုတ္ထတန်းကျောင်းသား မျိုးမင်းသူ က ဆိုသည်။
ကျောင်းအုပ်ဆရာကြီး ဦးထွန်းအေးကမူ “ကလေးတွေ ကျောင်းတက်ရင်လည်း ပြန်လက်ခံ မှာပါ။ သူတို့မိဘတွေက ကျောင်းမပို့တာကိုတော့ ကျွန်တော်ဘာမှ ပြောလို့မရဘူး။ အခုစာမေးပွဲ ဖြေနေတယ် သူတို့ လာမဖြေကြဘူး။ ကျောင်းက ဆရာမလေးတွေ သွားခေါ်တယ် လိုက်မလာကြဘူး။ ကျွန်တော်ကတော့ ကျွန်တော့်တပည့်တွေကို ထူးချွန် ထက်မြက် စေချင်တယ်။ ဒီအရွယ်မှာ ဘာအရောင်မပါစေချင်ဘူး။ အမေစု လာရင် ကျွန်တော်ကိုယ်တိုင် ထွက်ကြိုမှာပါ” ဟု မဇ္ဈိမ ကိုပြောသည်။
ဝက်လက်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အောင်နိုင်ရေး မဲဆွယ်စည်းရုံရေးအဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ဦးမြင့်သိန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်မျိုး၊ တိုင်းလွတ်တော် ကိုယ်စားလှယ်လောင်း(၁) ဦးမောင်မောင်ဝင်း၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်း(၂) ဦးစိုးဝင်ထွန်းတို့ သစ်ဆိမ့် ကျေးရွာသို့ အောက်တိုဘာလ ၁၅ ရက်က မဲဆွယ်စည်းရုံးရေးလာရာတွင် သစ်ဆိမ့် အလယ်တန်းကျောင်းခွဲမှ စတုတ္ထတန်းနှင့် အဌမတန်း ကျောင်းသူကျောင်းသား ၄၀ ဦးတို့ က ထွက်၍ ကြိုဆိုခဲ့သောကြောင့် ကျောင်းအုပ်ဆရာကြီး အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ခေါ်ယူ၍ တန်းစီးကာရိုက်နှက်ခဲ့ခြင်းဟု အရိုက်ခံရသည့် အဌမတန်း ကျောင်းသူ မပန်းအိဝေ က ဆိုသည်။
“သမီးတို့က သီချင်းတွေနဲ့ လှည့်လာတော့ ထွက်ကြိုကြတယ်။ လိုက်လည်းကြည့်တယ်။ ပြီးတော့ သမီးတို့က ၀င်လည်းကကြတယ်။ ညနေပိုင်း တစ်ချိန်တော့ စာသင်ချိန် ပျက်သွားတယ်။ နောက်မနက်ကျတော့ အကုန်တန်းစီပြီး ထန်းလက်ပြားနဲ့ ရိုက်တယ်။ လွှဲရိုက်တယ်။ အရိုက်ခံရလို့ မူးလဲတာတွေလည်း ရှိတယ်။ ဆရာကြီး အကုန်နှင်လွှတ်တယ်။ဒါကြောင့် ဒီနေ့အထိ ကျောင်းလဲမတက်ရဲဘူး။ စာမေးပွဲလည်းသွားမဖြေရဲဘူး” ဟု ပြောသည်။
အဆိုပါ ကျေးရွာသို့ မဲဆွယ်စည်းရုံးရာတွင် ပါဝင်သည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဝင်းက “အခုဖြစ်ရပ်က အဓိပ္ပါယ် မရှိပါဘူး။ ဒါမျိုးမဖြစ်သင့်ဘူး။ မိဘတွေ တိုင်ကြားတဲ့စာ ကျွန်တော့်ကို လာပြတယ်” ဟုပြောသည်။ ၀က်လက်မြို့နယ် မြို့နယ်ပညာရေးမှူး က အဆိုပါကိစ္စနှင့် ပတ်သက်၍ အကြောင်းစုံ မသိရှိရသေးဟုဆိုကာ ဖြေဆိုရန်ငြင်းဆိုသည်။
Thursday 22 October 2015
နေပြည်​​တော်​က....ခုံလုပွဲ.....
နေပြည်တော်က သမ္မတရာထူး ယှဉ်ပြိုင်ပွဲ
ပြည်သူတွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ ၂၀၁၆ ခုနှစ်မှာ သမ္မတရာထူးကို ဝင်ပြိုင်ဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေပုံပေါ်ပါတယ်။
ဒီလိုယူဆနိုင်တဲ့ အဓိက အကြောင်းရင်းကတော့ ဒီအသက် ၇၀ အရွယ် ဗိုလ်ချုပ်ကြီးဟောင်းဟာ နိုင်ငံရဲ့အာဏာကို အဓိက ရယူထားပြီး အပြောင်းအလဲကို မလိုလားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေ အပေါ် ခြိမ်းခြောက်မှု မဖြစ်စေဘဲ အပြောင်းအလဲ တချို့ကို ဆောင်ရွက်နိုင်အောင် ပါးပါးနပ်နပ်နဲ့ စီစဉ်ညွှန်ကြားနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ တပ်မတော် အပါအဝင် အပြောင်းအလဲကို မလိုလားသူတွေရဲ့ အရိပ်က အုပ်မိုးနေဆဲ ဖြစ်ပြီး လက်ရှိနိုင်ငံရေး အခြေအနေမျိုးမှာ ခေါင်းဆောင်အနည်းငယ်သာ ဆက်လက်ရှင်သန်နိုင်လိမ့်မယ် လို့ လက်တွေ့ဝါဒီ သမားတွေက ပြောဆိုကြပါတယ်။
စစ်အာဏာသိမ်း အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ “လမ်းညွှန်မှု” နဲ့ ဆောင်ရွက်တဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ဟာ “ချောချောမွေ့မွေ့” နဲ့ အကောင်အထည် ပေါ်လာဖို့ လက်ရှိအစိုးရက မျှော်လင့်ခဲ့ပါတယ်။ တနည်းအားဖြင့်  ဒီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ဟာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်း မှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ထိခိုက်ခြင်း မရှိဘဲ ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် အစောပိုင်းမှာ စစ်အာဏာသိမ်း အစိုးရ လက်ထက် ဝန်ချုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးသိန်းစိန် သမ္မတရာထူးကို ရယူချိန်ကစလို့ နိုင်ငံရဲ့အာဏာကို အဓိကရယူထားပြီး အပြောင်းအလဲကို မလိုလားတဲ့ သူတွေကို ထိခိုက်မှု မရှိစေဘဲ ပြုပြင်ပြောင်းလဲရေးတွေကို ဘောင်အတွင်းက ဆောင်ရွက်ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် အနေနဲ့ နိုင်ငံကို နိုင်ငံရေး အရရော၊ စီးပွားရေးအရပါ အတိုင်းအတာတခု အထိ တံခါးဖွင့်ပေးခဲ့ပြီး ဒီလို ဆောင်ရွက်မှုတွေကြောင့် နိုင်ငံတကာရဲ့ ချီးကျူးမှုကို ရရှိခဲ့သလို အနောက်နိုင်ငံ တွေကလည်း  သူတို့ရဲ့ စီးပွားရေး ပိတ်ဆို့မှု အများစုကို ဖယ်ရှားပေးခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံရဲ့ အဓိက အတိုက်အခံ ပါတီခေါင်းဆောင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲကို ဝင်ပြိုင် လာအောင်လည်း သိမ်းသွင်း စည်းရုံးနိုင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ကတော့ မဲမသမာမှုတွေ ရှိတယ်လို့ အများက ထင်မြင်ယူဆကြတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲ ရောက်လာတဲ့ အာဏာရပါတီ လွှတ်တော် အမတ်တွေနဲ့ ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် အများစုနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ဟာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အတွက် တရားဥပဒေနှင့် အညီ ဖြစ်တယ်လို့ ပိုပြီး ထင်မြင်လာ ရပါတယ်။
ဦးသိန်းစိန်အနေနဲ့ နိုင်ငံရေး အပြောင်းအလဲမှာ စစ်တပ်က ရေးဆွဲခဲ့တဲ့ အငြင်းပွားဖွယ် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဦးဆောင် အကောင်အထည် ဖော်ပြီး အပြောင်းအလဲတရပ်ကို အကန့်အသတ်နဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
တချို့သူတွေက ဒါတွေကို ဦးသိန်းစိန်ရဲ့ အရပ်သားအမည်ခံ အစိုးရရဲ့ အောင်မြင်မှုတခု အဖြစ် မှတ်ယူခဲ့ကြပါတယ်။
သမ္မတအာဏာ တည်မြဲရေး ဆောင်ရွက်မှု
ဦးသိန်းစိန် သမ္မတတာဝန် ထမ်းဆောင်နေစဉ် အတွင်း အဓိက နိုင်ငံရေး လူအပြောင်းအလဲ နှစ်ရပ် ဖြစ်ပေါ်ခဲ့ပြီး အဲဒီ အပြောင်းအလဲ နှစ်ခုမှာ သူ့ရဲ့ နိုင်ငံရေး ခံနိုင်ရည်နဲ့ သူရဲ့ဝါစဉ်အရ နေရာကို ခြိမ်းခြောက်ခြင်း မခံရမီ ပြိုင်ဘက်တွေကို ရှင်းထုတ်လိုတဲ့ ဆန္ဒရှိတာကို တွေ့မြင်ရပါတယ်။
အစိုးရသစ် ဖွဲ့စည်းပြီးနောက် တနှစ်ကျော်သာ ကြာသေးတဲ့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာ ဦးသိန်းစိန်လိုပဲ ဗိုလ်ချုပ်ကြီး ဟောင်း တဦးဖြစ်တဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေး အခြေအနေအရ ရာထူးမှ အနားယူခွင့် ပြုခြင်းခံရပါတယ်။
အဲဒီ အချိန်တုန်းက ဦးတင်အောင်မြင့်ဦးဟာ လည်ချောင်းကင်ဆာ ခံစားနေရတယ် လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဒီနေ့ အချိန်မှာတော့ ဒီ ဒုသမ္မတဟောင်းဟာ ကျန်းကျန်းမာမာ ရှိနေတုန်းပဲလို့ ဆိုကြပါတယ်။
တကယ်တမ်းမှာတော့ ဦးတင်အောင်မြင့်ဦးဟာ ဦးသိန်းစိန်က တင်ပြတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တချို့ကို ဆန့်ကျင်ခဲ့ပြီး နောက်ဆုံးမှာ အထုတ်ခံခဲ့ရတာလို့ သတင်းတွေက ဆိုပါတယ်။
သူတို့ နှစ်ယောက်စလုံးဟာ သူတို့ရဲ့ ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိပါတယ်။ ဒါပေမယ့်လို့ ဦးတင်အောင်မြင့်ဦးဟာ ဦးသိန်းစိန်နဲ့ သူရဲ့မဟာမိတ်တွေ တခြားနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် လက်ခံလာအောင် ဆောင်ရွက်တဲ့ ဟန်ဆောင်သရုပ်ပြ အပြောင်းအလဲတွေကိုတောင် ဆန့်ကျင်ခဲ့တာမို့ နောက်ဆုံးမှာ ဖယ်ရှားခံခဲ့ရခြင်း ဖြစ်ပါတယ်။
အဲဒီနောက် သိပ်မကြာခင် ပြီးခဲ့တဲ့ ဩဂုတ်လမှာပဲ သမ္မတဦးသိန်းစိန် ပါဝင်ပြန်တဲ့ နိုင်ငံရေး ထိပ်တိုက်တွေ့မှုတခု ဖြစ်ပွားခဲ့ပြန် ပါတယ်။ ဒီတခါတော့ အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီအဆောက်အအုံထဲမှာ ပါ။
နေပြည်တော်မှာ ရှိတဲ့ ပါတီဌာနချုပ်ကို လုံခြုံ ရေးတွေရဲ့ ဝန်းရံမှုနဲ့ အတူ ဖြစ်ပွားခဲ့တဲ့ ဒီသန်းခေါင်ယံ အပြောင်းအလဲ မှာ အာဏာကြီးမားတဲ့ လွှတ်တော် နာယက ဦးရွှေမန်းဟာ ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး တခြားသော သူ့ရဲ့ မဟာမိတ်တွေ ဟာလည်း ဖယ်ရှားခံခဲ့ရပါတယ်။
လေ့လာသူတွေ ကတော့ ဒီအနေအထားကို သမ္မတနဲ့ လွှတ်တော်နာယက အကြား နိုင်ငံရေး အငြင်းပွားမှုရဲ့ နောက်ဆုံး ဖြစ်ရပ် အဖြစ် သတ်မှတ်ခဲ့ကြပြီး ဒီအခြေအနေမှာ တပ်မတော်ကတော့ သမ္မတဘက်မှာရှိနေတာ ဖြစ်ပါတယ်။
ဦးရွှေမန်း ဘာကြောင့် အဖယ်ရှားခံရသလဲ
အပေါ်ယံ ခြုံငုံသုံးသပ် ကြည့်လိုက်ရင်တောင် ဦးရွှေမန်းဟာ လမ်းကြောင်း ပြောင်းသွားခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ သူရဲ့ အနာဂတ် ပိုသေချာစေဖို့ အတွက် ဒီလိုလုပ်တာလည်း ဖြစ်နိုင်ပါတယ်။
ဒီအာဏာရပါတီ ဥက္ကဋ္ဌဟောင်းဟာ ၁၉၈၈ ခုနှစ် ကတည်းက စလို့ စစ်အာဏာသိမ်း အစိုးရ အဆက်ဆက်ကို ဆန့်ကျင်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတရပ်ကို တည်ဆောက်နေခဲ့တယ် ဆိုတာ တော်တော်များများက သိကြပါတယ်။
ပြီးခဲ့တဲ့ စစ်အာဏာသိမ်း အစိုးရမှာ တတိယအကြီးဆုံး ဖြစ်တဲ့ ဦးရွှေမန်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ သူကိုယ်တိုင် ဆန္ဒမဲပေးခဲ့ရာမှာ ဒီအဆိုပြု ပြင်ဆင်မှုထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး အပေါ် စစ်တပ်ရဲ့ အာဏာချုပ်ကိုင်ထားမှုကို ပယ်ဖျက်တဲ့ အချက် ပါဝင်နေခဲ့တာပါ။
သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေးဟာ ဦးသိန်းစိန်ရဲ့ စစ်တပ် ကျောထောက်နောက်ခံ အစိုးရ အတွက် ဆူးတချောင်း ဖြစ်လာခဲ့ပြီး တချို့က သူ့ကို သစ္စာဖောက် အဖြစ် ရှုမြင်ခဲ့ကြပါတယ်။ ဒါပေမယ့် အစိုးရကတော့ ဘာမှ မလုပ်သေးဘဲ သူ့ကို စောင့်ကြည့်နေခဲ့ပါတယ်။
သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားက ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဒီနှစ် အစောပိုင်းက နေပြည်တော်မှာ အစိုးရဝန်ကြီး တယောက်က စာရေးသူကို ဒီလိုပြောပါတယ်။
“သူတို့နှစ်ယောက် ဘယ်နှကြိမ်လောက် တွေ့ခဲ့သလဲ မှတ်တမ်းတင်ဖို့ ကျနော် ကြိုးစားခဲ့တယ်။ ဒါပေမယ့် မလုပ်နိုင်ခဲ့ဘူး။ သူတို့နှစ်ယောက် အကြိမ်ပေါင်းများစွာ သီးသန့်တွေ့ဆုံခဲ့ကြတယ်”
လေ့လာသူတွေ အကုန်လုံးကတော့ အဲဒီလို မမြင်ပေမယ့် ပါတီတွင်း အုပ်စုကွဲတချို့ ကတော့ ဦးရွှေမန်းကို ပြုပြင် ပြောင်းလဲရေး သမား တယောက်နဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေကို ခြိမ်းမြောက်မှုတခု အဖြစ် ရှုမြင်ခဲ့ကြပါတယ်။
ဦးရွှေမန်းဟာ သူရဲ့ သမ္မတ ဖြစ်လိုတဲ့ ဆန္ဒကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အာဏာရပါတီရဲ့ နိုင်ငံရေး အာဏာကို ချုပ်ကိုင် ခွဲဝေပေးသူတွေ အတွက် ဦးရွှေမန်း သမ္မတရာထူးရယူတာ လက်ခံနိုင်စရာ ဖြစ်ကောင်း ဖြစ်နိုင် ပေမယ့် အတိုက်အခံ ခေါင်းဆောင်နဲ့ မဟာမိတ်ဖွဲ့တာ ကတော့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိ ဖြစ်ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် အနေနဲ့ ၂၀၁၆ ခုနှစ်မှာ သမ္မတရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး လို့ ဦးရွှေမန်းက ပြောဆိုခဲ့ ရာမှာတော့ ဒါဟာ စည်းကျော်ခဲ့တဲ့ပုံ ပေါ်ပါတယ်။
နောက်ဆုံးကျန်ရစ်သူ
အဓိက ရာထူးဖြုတ်ချမှု နှစ်ခုနဲ့ အတူ ဦးသိန်းစိန်ဟာ ပိုမို အင်အားကြီးမား လာခဲ့ပြီး သူဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ် အပေါ်မှာလည်း ပိုပြီး ထိန်းချုပ်မှု ရှိလာပါတယ်။ ဒီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ သူဟာ အခြေအနေ အချိန်အခါ အလိုက် ပြောင်းလဲ ဆောင်ရွက်နေတာ ဖြစ်ပြီး သူ့ရဲ့ ဆောင်ရွက်မှုဟာ ဆိုရင် အပြောင်းအလဲကို ဆန့်ကျင်တဲ့ ရှေးရိုးစွဲတွေ အပေါ် ခြိမ်းခြောက်မှု အများကြီး မရှိစေခဲ့သလို သူသမ္မတရာထူး ထမ်းဆောင်ချိန်မှာ စတင်ဆောင်ရွက်တဲ့ အထက်ကနေ အောက်ကို သွားတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ဦးဆောင်သူ အဖြစ်လည်း တရားဝင် အသိအမှတ်ပြုခြင်း ခံရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဦးရွှေမန်း ရာထူးက အထုတ်ခံခဲ့ရပြီး နောက်မှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်ကသာ နိုဝင်ဘာ ရွေးကောက်ပွဲပြီး နောက်မှာ အာဏာကို အဓိကဆုပ်ကိုင်ထားနိုင်ဦးမယ် ဆိုရင် ဒီသမ္မရာထူး အတွက် ဦးသိန်းစိန်ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်သူတွေ ကတော့ သိပ်မရှိပါဘူး။
ဦးသိန်းစိန်က ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လွှတ်တော်အမတ် မဟုတ်သူကိုလည်း ဒုသမ္မတ အဖြစ် အမည်စာရင်း တင်သွင်းနိုင်တာမို့ ဦးသိန်းစိန်ဟာ သမ္မတ ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိနေပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နိုင်ငံတော်ရဲ့ အမြင့်ဆုံး ရာထူးဖြစ်တဲ့ သမ္မတ ရာထူးအတွက် ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောဆိုဖူးခြင်း မရှိတာကြောင့် သူ့အနေနဲ့ ဘယ်လို စိတ်ကူးမျိုး ရှိနေသလဲ ဆိုတာနဲ့ ပတ်သက်ပြီးလည်း သို့လော… သို့လော တွေးတောမှုတွေ ရှိနေပါတယ်။
ဒါပေမယ့် ဩဂုတ်လ ၁၂ ရက် ပါတီတွင်း အာဏာသိမ်းမှုကို ကြည့်ရတာတော့ တပ်မတော်နဲ့ အုပ်ချုပ်ရေးဟာ တဖက်တည်းမှာ ရှိနေတဲ့ပုံ ပေါ်ပြီး ဒါကြောင့် ဒီခေါင်းဆောင် နှစ်ယောက်ကြား တိုက်ရိုက်ပြိုင်ဆိုင်မှုကို တွေ့ရနိုင်ခြေ ကလည်း လျော့ကျခဲ့ရပါတယ်။
နောက်ထပ်ဖြစ်နိုင်တာ တခုကတော့ သမ္မတ ဦးသိန်းစိန်ဟာ နောက်သက်တမ်း ၅ နှစ်ကို အပြည့်အဝ တာဝန် မထမ်းဆောင်ဘဲ ကာကွယ်ရေး ဦးစီးချုပ်က သမ္မတရာထူးကို ထမ်းဆောင်တာမျိုး ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် နောက် ၃ ပတ်လောက်ပဲ လိုတော့တဲ့ ရွေးကောက်ပွဲကနေပြီးတော့ တကယ့် အရပ်သား သမ္မတ တယောက် ပေါ်ပေါက်လာဖို့ ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ။
သမ္မတ ဦးသိန်းစိန်ရဲ့ နှလုံးခုန်စက် အလုပ် လုပ်နေသမျှ ကာလပတ်လုံး ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ရေး၊ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို စီစဉ် ညွှန်ကြားရေးနဲ့ ယခင် အစိုးရဟောင်းရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး” တို့ကို အတူတကွ ပူးပေါင်း ဆောင်ရွက်သွားဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။  ။