Pages
Tuesday 27 September 2016
ပြူတင်းတံခါးကိုကျော်ကြည့်ခြင်း
အမှားတွေအားကြီးနေတယ်။ လူ့လောကကြီးအမှားတွေနဲ့ပြည့် နှက်နေတော့လူသားတွေအမှား တွေကိုအမှန်ထင်လို့တပ်မက်နေကြ တယ်။ ကဗျာဆရာ ကမေးလိုက်တယ်။ အမှန်ကိုအမှန်ဖြစ်စေဖို့ အားထုတ်ရတာ ဘယ်လောက်ပင်ပန်းသလဲ... တဲ့.. သိပ်မှန်တာပေါ့။လူသားတွေက အမှားတွေချည်းစားသုံးနေရတော့ အမှန်တရားကိုချစ်မြတ်နိုးဖို့အား ထုတ်ရတာပင်ပန်းတာပေါ့။ ကဗျာဆရာ ကအမှားအမှန်စိစစ်ဝေ ဖန်နိုင်စေဖို့ကျု ပ်ကိုလုပ်နိုးလိုက် တယ်။ ကဗျာ ကောင်းတစ်ပုဒ်စာကောင်း တစ်ပိုဒ်ဟာခေတ်အခြေအနေကို လှစ်ပြပြီးဖတ်မိသူကိုအလင်းပြလို့ အတွေးပွားစေပါတယ်။ အမှန်တရားဟာဆီခန်းနေတဲ့မီး တောက်လိုမှေးမှိန်မှိန်ရယ်ပါ။အမှား တွေအားကောင်းတဲ့အလင်းနဲ့လူ သားတွေကိုဖျက်ဆီးဖို့ကြိုးစားနေ တယ်။ ဒီအခြေအနေတွေကိုသတိထားမိ စေဖို့ဆရာမာန်ဟုန်ငယ်ကအား ပျော့ပျော့လေသံနဲ့သတိပေးနေတယ်။ကဗျာဆရာကိုယ်တိုင်လည်းအမှန် တရားကိုချစ်မြတ်နိုးပေမယ့်ထုထည် ကြီးမားတဲ့အမှားကိုထိုးဖောက်နေ ရတာမ၀ံ့မရဲ...။ အမှန်တရားတွေနေရာရကြီးစိုးလာဖို့ အမှန်ချစ်သောသူတွေများဖို့လိုပါ လိမ့်မယ်။ခက်နေတာကမိုးခါးရေ သောက်နေသူတွေများနေတယ်။ အမှန်တရားကိုချစ်ပြရင်ပဲလူတွေ ရဲ့မျက်လုံးတွေကဒီကောင်ရူးနေပြီ တဲ့..။ ​ကျေးဇူးပါပဲ ဆရာမာန်ဟုန်ငယ်။ အမှန်တရားတွေကိုချစ်မြတ်နိုးစေ ဖို့သတိပေးခေါင်းလောင်းထိုးလိုက် တာကျု ပ်ဦးနှောက်နဲ့နှလုံးသားမှာ အတော်အသံမြည်သွားတယ်။ လူသားများအမှန်တရားကိုအားသွန် ခွန်စိုက် စိုက်ပျိုးကြရင်သိပ်ကောင်း မယ်။ ဘဝအမောတွေပြေကြပါ​စေ ဘဝခရီးသည်
Saturday 17 September 2016
မိုးညှင်းမြို့၏အရှေ့တောင်ဘက်တွင် မိုင်းကွဲ၍ လူနှစ်ဦးသေဆုံး
17-9-2016
ကချင်ပြည်နယ် မိုးညှင်းမြို့၏အရှေ့တောင်ဘက် ၂မိုင်ခန့်အကွာ မြို့ရှောင်လမ်း နှင့် ၄ဖာလုံ တောင်ယာသွားလမ်း(နန့်ဂျမ်း)လမ်းတွင် ယနေ့ (၁၂း၁၅)အချိန်၌ မိုင်းပေါက်ကွဲ၍ အမျိုးသား(၂)ဦးမိုင်းစများထိမှန်သေးဆုံးသွားကြောင်းသတင်းရှိပါသည်။သေဆုံးသူများမှာတောင်ယာအခင်းသွားကြသော အောင်သပြေ(၁)ရပ်ကွက်တွင်နေထိုင်သောအိမ်အမှတ်(၂၃၈)မှ ကိုမြင့်ဦး(သ)(၄၁)နှစ်(ဘ)ဦးဋ္ဌေးလှိုင် နှင့်အိမ်အမှတ်(၂၃၉)မှ ကိုမျိုးဝင်း(သ)(၃၀)နှစ်တို့ဖြစ်ကြပြီး သေဆုံးသူများမှာ မယားညီအစ်ကို များဖြစ်ကြကြောင်သိရှိရပါသည်။
သေဆုံးသူများအား မြန်​မာနိုင်​ငံ မီးသတ်တပ်ဖွဲ့၊အရန်မီးသတ်တပ်ဖွဲ့၊မေတ္တာမွန်လူမှုကူညီရေးအသင်းတို့မှာ မိုးညှင်းပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။
CREDIT##nyi nyi nyinyimyint
Saturday 10 September 2016
၂၀၁၆ဘဏ္ဍာရေးနှစ်၊ အင်းတော်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေဖြင့် စည်ပင်ခွန်ဆောင်ကြသော မော်လူးနှင့်ဟဲနုကျေးရွာ စည်ပင်သာယာနယ်မြေအတွင်း ကျေးရွာများအား ကွန်ကရစ်တံတား၂စင်း နှင့် ပေ၇၀၀ ကတ္တရာလမ်းခင်းခြင်းအား ချထားပေးပြီးဖြစ်သည်။...........see more
၂၀၁၆ဘဏ္ဍာရေးနှစ်၊ အင်းတော်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေဖြင့် စည်ပင်ခွန်ဆောင်ကြသော မော်လူးနှင့်ဟဲနုကျေးရွာ စည်ပင်သာယာနယ်မြေအတွင်း ကျေးရွာများအား ကွန်ကရစ်တံတား၂စင်း နှင့် ပေ၇၀၀ ကတ္တရာလမ်းခင်းခြင်းအား ချထားပေးပြီးဖြစ်သည်။
၂၀၁၆ခုနှစ်အတွက် မော်လူး၊မြို့မလမ်းပေါ်တံတား၁စင်းနှင့်ဟဲနုအောင်ချမ်းသာရပ်ကွက်ရှိ တံတားတစ်စင်းစုစုပေါင်းတံတားနှစ်စင်းတည်ဆောက်နေပြီဖြစ်ပြီးမော်လူးရတနာလမ်းကတ္တရာလမ်းခင်းခြင်းကိုလည်းမကြာမီစတင်တော့မည်ဖြစ်သည်။
၂၀၁၇ဘဏ္ဍာရေးနှစ်အတွက် မော်လူး၊မြို့မလမ်းအားပေ၇၀၀ကတ္တရာလမ်းခင်းမည်ဖြစ်ပြီး ကွန်ကရစ်တံတားနှစ်စင်းကိုတော့ဟဲနုကျေးရွာမှာတည်ဆောက်ခွင့်ရမှာဖြစ်သည်။
စည်ပင်ခွန်ဆောင်သောစည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ရပ်ကွက်များသို့သာနှစ်စဉ်နှစ်တိုင်း ကွန်ကရစ်တံတားနှစ်စင်းနှင့် ပေ၇၀၀ကတ္တရာလမ်းခင်းခွင့်ရရှိမည်ဖြစ်သည်။
ပြည်သူများထည့်ဝင်သော ပြည်သူ့ဘဏ္ဍာငွေဖြင့်ဆောက်လုပ်၍လည်း ပြည်သူများအတွက်အမှန်တစ်ကယ်လိုအပ်သောနေရာများမှာ လုပ်စေချင်ပါသည်။
ယခုလက်ရှိတည်ဆောက်နေသော တံတားနှစ်စင်းအတွက် သိန်း၂၀စီ ချပေးထားသည်ဟုသိရပါသည်။
သို့သော် တစ်ချို့သော နေရာများမှာဆောက်လုပ်နေသော တံတားမှာအမှန်တစ်ကယ် လိုအပ်သောနေရာဆိုသည်ကို မေးခွန်းထုတ်ချင်သည်။
ဟဲနုအောင်ချမ်းသာရပ်ကွက်၌ဆောက်လုပ်သောတံတားကား လိုအပ်သောနေရာ၊လူသုံးများသောနေရာများ၌ ဆောက်လုပ်ထားခြင်းမဟုတ်ပဲ၎င်းထက်ပို ဆောက်လုပ်သင့်သောနေရာများရှိနေပါလျှက်လူနေအိမ်ခြေလည်းမများ၊တစ်ဖက်ပိတ်လမ်းကြား၌ဆောက်လုပ်နေ၍ ထိုလမ်းမှာအမှန်တစ်ကယ်မလိုအပ်သေးဟုထင်မိသည်။
မည်သည့်အတွက်ကြောင့် ဆောက်လုပ်သည်ကိုတော့ ဆောက်လုပ်ရန် ပြောသည့်လူများပိုသိမည်ဖြစ်သည်။
ပြောရလျှင် ကျနော်တို့ ပါတီဝင်များသည် မိမိလုပ်ပိုင်ခွင့်ရှိသည်ဆိုစေအုံးတော့ တည်ဆောက်ခွင့်မရသေးသည့် အမှန်တစ်ကယ်လိုအပ်သည့်နေရာများအား ဦးစားပေးကာ အခွင့်အရေးကို မိမိကနောက်မှ ယူရမည်ဖြစ်သည်။အများကိုဦးစားပေးရမည်မှာ ကျနော်တို့ပါတီ၏မွန်မြတ်သော အခွင့်အရေးရတိုင်းမယူသော လေးစားစရာကောင်းသည့် စိတ်ဓာတ်ပင်ဖြစ်သည်။
မိမိရပ်ကွက်၌ မိမိအားလူအများအထင်ကြီးလာစေရန် မိမိလုပ်နိုင်သည်အရာဟုလက်မထောင်ကြွားဝါနိုင်ရန် လုပ်ဆောင်သည်ဟုဆိုလျှင်တော့ ကျနော်တို့ အရှိကိုအရှိအတိုင်းအားမနာတမ်းပြောရပေမည်။
အဆိုပါနေရာထက်ပိုအရေးပါသောပိုဆောက်လုပ်သင့်သော စာတိုက်ရုံဘေးတံတားရှိသည်။ သို့မဟုတ်ပဲ ယခုတည်ဆောက်သောတံတားနှင့်ကပ်လျှက် လူ၊ကား၊ဆိုင်ကယ်အသွားများသော မော်လူးနှင့်ကရင်၊မော်လူးနှင့်ဟဲနုရွာချင်းဆက်လမ်းပေါ်က တံတားမှာပို၍ဆောက်လုပ်သင့်သည်ဟုထင်သည်။
ကျနော်တို့သည် အရင်အစိုးရလက်ထက်တုန်းကလည်း မမှန်တာတွေ့လျှင် အခွင့်အရေးသမားများအား ရေးသားဖော်ပြခဲ့ကြသည်။ ကျနော်တို့ပါတီအာဏာရလာ၍လုပ်ပိုင်ခွင့်ရလာချိန်တွင်လည်း အခွင့်အရေးကို တစ်ဖက်စောင်းနင်းမယူမိကြစေဖို့ နဲ့ ဆင်ခြင်နိုင်ကြစေရန် သတိထားမိစေဖို့တင်လိုက်ပါတယ်ခင်ဗျာ.......။
#Maw Luu´s Images
Red Heart Images.
အင်းတော်မြို့ နယ်၊မော်လူးဒေသ၊ ညောင်ပင်သာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတည်ထားကိုးကွယ်မည့် ကမ္ဘာ့ငြိမ်းချမ်းရေးဓါတ်ပေါင်းစုစေတီတော်............။
ညောင်ပင်သာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတည်ထားကိုးကွယ်မည့်     ကမ္ဘာ့ငြိမ်းချမ်းရေးဓါတ်ပေါင်းစုစေတီတော်............
ညောင်ပင်သာကျေးရွာ၊စုပေါင်းအလှူရှင်၅ဦးတို့ သိန်းပေါင်း၁၃၅၀ ကျောက်အောင်သည့်အထဲမှ သိန်း၂၀၀အား စေတီတော်တည်ရန် မတည်လှူဒါန်းခဲ့ကြသည်။အရံစေတီတော် ၉၂ ဆူ အတွက် ၅သိန်းစီလှူဒါန်းသော အလှူရှင်များလည်း ပြည့်ပြီဖြစ်သည်။၁၅သိန်းတန် မုဒ်ဦးအလှူရှင်များလည်း အသီးသီး လှူဒါန်းထားကြပြီးဖြစ်သည်။၁၆သိန်းကုန်ကျသော ထီးတော်လည်းရောက်ရှိနေပြီးဖြစ်သည်။ယနေ့အချိန်ထိ ကုန်ကျငွေစုစုပေါင်းမှာ ကျပ်သိန်းပေါင်းတစ်ထောင်ကျော်ပြီဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးဓါတ်ပေါင်းစုစေတီတော်မြတ်ကြီး၏ ပုံရိပ်များအား ကြည်ညိုနိုင်ကြစေရန် မော်လူးပုံရိပ်မှ တင်လိုက်ပါတယ်ခင်ဗျာ။
*****************************
ညောင်ပင်သာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတည်ထားကိုးကွယ်မည့်     ကမ္ဘာ့ငြိမ်းချမ်းရေးဓါတ်ပေါင်းစုစေတီတော်တည်ထားရန်   သိန်း(  ၂၀၀  )ကျပ်   မ 'တည်လှူဒါန်းကြသောဘုရားဒါယကာ   ဒါယိကာမ  များမှာ
ညောင်ပင်သာရွာ    (ဦးခင်မောင်  'ဒေါ်ဘုံ    မနန်းရီ   )တို့ ကိုရည်စူး၍
ဦးမြင့်အုန်း    ညီ    ကိုဥာဏ်ထွန်း  'မသန်းသန်းချို  ညီ  အကိုမေင်နှမ
တူ   တူမ   များမိသားစု
၂  ။ညောင်ပင်သာရွာ    ဦးစံတင်
ဒေါ်တင်ရီ    သား    ကိုအောင်ထွန်းလင်း      မခင်ချိုဦး
မောင်နှမ   တစ်စု   ။
၃   ။ညောင်ပင်သာရွာ    နှစ်ဘက်မိဘများကို   ရည်စူး
အမှူးထား၍    ကိုတင်နိုင်ဝင်း
မနန်းဦး    မိသားစု
၎   ။ညောင်ပင်သာရွာ
နှစ်ဘက်မိဘများကို   ရည်စူး၍
ဒေါ်တင်မြ    ကိုကျော်ဝင်း     မခင်ထွေးရီ     မိသားစု
၅    ။   ညောင်ပင်သာရွာ
ဦးမြင့်ရွှေ     ဒေါ်စန်းမြင့်    သား
ကိုထွန်းထွန်းနိုင်    နှင့်   ညီအကိုမောင်နှမ  တစ်စု
မိသားစု   ၅    စုတို့ က
စေတနာထက်သန်စွာဖြင့်  သိန်း
( ၂၀၀   )ကျပ်ကိုမတည်လှူဒါန်းကြပါသည်
သာဓုအနုမောဒနာခေါ်ဆိုကြပါစေသော်    ။
*****************************
မော်လူးမြို့ အနီး   ညောင်ပင်သာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတည်ထားကိုးကွယ်မည့်ကမ္ဘာ့ငြိမ်းချမ်ရေးစေတီတော်ကြီး၏   ထီးတော်ကြီး   30  '  8   '   2016    နေ့ က ရောက်ရှိပြီးဖြစ်သည်   ။
ထီးတော် ဒါယကာများမှာ
ညောင်ပင်သာရွာနေ
ကွယ်လွန်ကြပြီသောအဖိုးအဖွါးများနှင့်    ဦးဘဟန်     ဒေါ်အေးတင်
ဥက္ကဌ   ဦးလှမောင်      ဒေါ်အုန်းကြည်    တို့ ကိုရည်စူး၍
    သား   တူ   ဦးအောင်စိန်    ဒေါ်စန်းတင့်   မိသားစု   တို့ မှပူဇော်လှူဒါန်းပါသည်    ။
ထီတော်တန်ဘိုးငွေ  (   ၁၆   )သိန်း
ကျပ်ဖြစ်ပါသည်   ။
*****************************************************
ကမ္ဘာ့ငြိမ်းချမ်းရေးဓါတ်ပေါင်းစုစေတီတော် တည်ထားကိုးကွယ်ရာ၌ စေတနာထက်သန်စွာ ပါဝင်လှူဒါန်းကြသော အလှူရှင်အပေါင်းတို့အား ကျနော်တို့မော်လူးပုံရိပ်မှ ၀မ်းမြောက်စွာသာဓု ၃ကြိမ်ခေါ်ဆိုပါတယ်ခင်ဗျာ...........။
သာဓု.......သာဓု.............သာဓု....။
#Maw Luu´s Images
Red Heart Images.
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နိုင်ငံခရီးစဉ်၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့သို့ သွားရောက်မည့် တရားဝင်ခရီးစဉ်နှင့် နယူးယောက်မြို့ ၌ ကျင်းပပြုလုပ်မည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည့်ခရီးစဉ်တို့ အတွက် ယနေ့ မြန်မာစံတော်ချိန် ၀၉:၄၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းဖြင့် ထွက်ခွာသွားပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နိုင်ငံခရီးစဉ်၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့သို့ သွားရောက်မည့် တရားဝင်ခရီးစဉ်နှင့် နယူးယောက်မြို့ ၌ ကျင်းပပြုလုပ်မည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည့်ခရီးစဉ်တို့ အတွက် ယနေ့ မြန်မာစံတော်ချိန်  ၀၉:၄၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းဖြင့် ထွက်ခွာသွားပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြကြောင်း သိရှိရပါသည်။
Ministry Of Foreign Affairs Myanmar
Friday 9 September 2016
မော်လူးပုံရိပ်မှ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်
ကျေးဇူးတင်လွှာ...............
ကျနော်တို့ မော်လူးပုံရိပ် အဖွဲ့အား ခေတ္တထိုင်းနိုင်ငံရောက်ညီငယ်များ ( ပွင့်လင်းမေတ္တာပညာဒါနအဖွဲ့)မှ ပေးပို့လှူဒါန်းသော နည်းပညာစာအုပ်၊ပညာရေးစာအုပ်နှင့်နည်းပညာဆိုင်ရာခွေ စာရင်းမှာ......
၁။နည်းပညာစာအုပ်(softwareခွေနှင့်)=၂၃အုပ်
၂။ဆော့ဝဲနှင့်စာအုပ်များပါသောDVDခွေ=၃ခွေ
၃။GRADE-11လေ့ကျင့်ခန်းနှင့်အဖြေစုံအထူးထုတ်စာအုပ်=၆အုပ်
၎။GRADE-11 TEXT BOOK=၉အုပ်
တို့ဖြစ်ပါတယ်....။
၂၀၁၆၊ဧပြီလကတည်းကလှူဒါန်းထားပေးသော အဆိုပါစာအုပ်နှင့်ခွေများထဲမှ တက္ကသိုလ်ဝင်တန်း သင်ရိုးစာအုပ်များနှင့် သင်ထောက်ကူစာအုပ်များကို ကျောင်းဖွင့်သည့်ဇွန်လကတည်းက မော်လူး ကိုယ်ပိုင်သင်တန်းကျောင်းနှစ်ခုမှ လိုအပ်သောကျောင်းသား/သူများအား လှူဒါန်းပေးအပ်ပြီးဖြစ်ပါတယ်.........။
ညီငယ်တို့အဖွဲ့ရဲ့ လှူဒါန်းပေးပို့မှုကိုမှတ်တမ်းတင် ဂုဏ်ပြုသောအားဖြင့် ပုံများနှင့်တကွ တင်ပေးလိုက်ပါတယ်....။အလုပ်မအားလပ်၍ အခုမှ ကျေးဇူးတင်ကြောင်းပြောရသည်ကိုလည်း နားလည်ခွင့်လွှတ်ပေးပါ ညီငယ်တို့........
ကျေးဇူးတင်လျှက်......
မော်လူးပုံရိပ်
Admin အဖွဲ့သားများ.........။
#Maw Luu´s Images
Red Heart Images.
Thursday 8 September 2016
ဖားကန့်မြို့နယ်အတွင်းမူးယစ်ဆေးဝါးများဖမ်းဆီးရမိ မိုးကောင်း ၊ စက်တင်ဘာ - ၉
ရတစကခ(၇)မှဗိုလ်ကြီးကျော်သူထွန်းဦးစီးတပ်စိတ်(၁)စိတ်နှင့်ဒုရဲမှူးဝင်းကျော်ဦးစီးအဖွဲ့တို့သည်
စက်တင်ဘာ(၈)ရက်နေ့၊နေ့လည်(၁၂.၃၀)အချိန်ခန့်တွင်
မူးယစ်ဆေးဝါးအထူးသတင်းအရ
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာနှင့်တာမခံကျေးရွာသွားကားလမ်းမပေါ်တွင်စောင့်ဆိုင်းနေစဉ်
ကြိုတင်သတင်းရရှိထားသော
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊မှော်ဂလုံကျေးရွာတွင်နေထိုင်သူ
လဇိန်တူးရိန်(၄၉)နှစ်(ဘ)ဦးလဇိန်လရော်
၁/မမန(နိုင်)၀၀၉၀၃၄
မောင်းနှင်လာသည့်ယာဉ်အမှတ်(၅ဂ/၁၂၇၈)
TOYOTA SURFအမျိုးအစား၊အနီရောင်ယာဉ်အားရပ်တန့်ခိုင်းပြီးမူးယစ်တပ်ဖွဲ့စု(၃)မော်ဝမ်းမူးယစ်ရုံးသို့မောင်းနှင်ခဲ့စေကာ
အသိသက်သေများရှေ့တွင်စစ်ဆေးရှာဖွေရာ
ယာဉ်၏နောက်ဘက်ပစ္စည်းထည့်သည့်အခန်းတွင်
ရောင်စုံဆပ်ပြာခွက်နှင့်ထည့်ထားသည့်
ဘိန်းဖြူဟုယူဆရသောအဖြူမှုန့်အလေးချိန်(၁၂)ဂရမ်စီခန့်ပါ(၂၆၅)ခွက်၊
(၁၃)ဂရမ်စီခန့်ပါ(၃၅၁)ခွက်၊
စုစုပေါင်း(၆၁၆)ခွက်အလေးချိန်(၇၇၄၃)ဂရမ်၊ကာလတန်ဘိုး(၇၇၅၅၈၅၀၀)ကျပ်ခန့်
အားအသိသက်သေများရှေ့မှောက်တွင်သိမ်းဆည်းခဲ့ပြီး
မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀(က)/၂၁
အရအမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန်စီစဉ်ထားကြောင်းသတင်းရရှိပါသည်။
လှိုင်သာယာမြို့နယ်အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို ဓားနဲ့ထိုး ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး ထွက်ပြေးနေတဲ့တရားခံကို ဖမ်းမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လှိုင်သာယာမြို့နယ်အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို ဓားနဲ့ထိုး ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး ထွက်ပြေးနေတဲ့တရားခံကို ဖမ်းမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီနေ့ မနက်ပိုင်းက လှိုင်သာယာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာအခြေပြု အဖွဲ့တွေကို ဓားနဲ့ရန်ပြုတိုက် ခိုက်သူ ၄ ဦးကို ပြည်သူတွေနဲ့ ပူးပေါင်းကာ ပိတ်ဆို့ရှာဖွေဖမ်းဆီးရမိခဲ့တာပါ။
ဒီနေ့ မနက် ၁၂ နာရီ မိနစ် ၂၀ အချိန်တွင် လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေဟာ ရပ်ရွာအခြေပြု အဖွဲ့တွေနဲ့အတူ လှည့်ကင်းဆောင်ရွက်နေစဉ်  န၀ဒေးအိမ်ရာအနီးလမ်းပေါ်မှာ မသင်္ကာတွေ့ရှိသူ လူငယ် ၄ ဦးကို စစ်ဆေးစဉ် ၄ ဦးအနက် တဦးက လှည့်ကင်း တာဝန်ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာအခြေပြုအဖွဲ့ဝင်တွေကို ဓားနဲ့ခုခံရန်ပြု  ထွက်ပြေးသွားခဲ့ပါတယ်။
ဓားနဲ့ခုခံရန်ပြုစဉ် နယ်ထိန်းဒုတပ်ကြပ် ရဲသီဟရဲ့ ရင်ညွန့်မှာ ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရပြီး ဒီနေ့ မနက် ၉ နာရီ မိနစ် ၂၀ မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသူများကို ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲ့ဝင်တွေ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ရပ်ရွာအခြေပြုအဖွဲ့များ၊ ရပ်မိရပ်ဖတွေနဲ့ န၀ဒေးအိမ်ရာ လုံခြုံရေး ၀န်ထမ်းတွေ ပူးပေါင်းဆောင်ရွက်ခဲ့ရာ နေ့လယ် ၂ နာရီခွဲအချိန်မှာ န၀ဒေးအိမ်ရာအနီးမှ သင်္ဃန်းကျွန်းမြို့နယ်နေ ဟန်ရှင်း (ခ) ချစ်ရင်ထူး (၂၀)နှစ်၊ အင်းစိန်မြို့နယ်နေ နေလင်းထွန်း (၃၁) နှစ်နဲ့ လှိုင်သာယာမြို့နယ်နေ ခိုင်ဇော်ဦး (၂၁)နှစ်တို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဆန်းလင်းအောင်မှာ ထွက်ပြေးသွားခဲ့ပါတယ်။
ဒီနေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်မှာ ဆန်းလင်းအောင်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ အငှားယာဉ်မောင်း တွေ ပူးပေါင်းပြီး န၀ဒေးအိမ်ရာအနီး ရေမြောင်းအတွင်းပုန်းအောင်နေစဉ် ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ သက်သေခံ ဓားနဲ့အတူ ပိတ်ဆို့ရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။
အမှုမှ ဒဏ်ရာရရှိသူရဲတပ်ဖွဲ့ဝင်မှာ ဆေးကုသမှုခံယူနေရာမှ ၀၉း၂၀ အချိန်တွင် အင်းစိန်ဆေးရုံ၌ သေဆုံးသွားခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း(ပ)၁၉၁၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၁၁၄ မှ ၃၀၂/၁၁၄ နဲ့ ပြောင်းလဲစစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အက်ဆီးဒင့်ဖြစ်ပြီး မီးစတင်လောင်နေသည့် ကားအတွင်းမှ့ မိသားစု ၃ ဦးလုံးကို အချိန်မီ ကယ်ဆယ်လိုက်နိုင်ခဲ့
အက်ဆီးဒင့်ဖြစ်ပြီး    မီးစတင်လောင်နေသည့်    ကားအတွင်းမှ့    မိသားစု  ၃  ဦးလုံးကို   အချိန်မီ  ကယ်ဆယ်လိုက်နိုင်ခဲ့
8 -9 -2016     ( 5 : 45  pm )
ကား အက်ဆီးဒင့်ဖြစ်ပြီး  မီးလောင်   ။    မီးလောင်နေသောကားထဲမှ့       ၄  နှစ်သား ကလေးအပါအဝင်  မိသားစု  စုစုပေါင်း   ၃    ဦးအား       ကားတစ်စီးလုံးမီးမလောင်ခင်     အချိန်မီ   ကယ်တင်နိုင်ခဲ့ပါတယ် ခင်ဗျာ ။
လူနာများအား   ကားအတွင်းမှ့     အချိန်မီ ကယ်တင်ပြီးတာနဲ့      ကားမှာ   တစ်စီးလုံး  မီးလောင်သွားပါတယ် ။
ဖြစ်ပွားရာနေရာ -
သပိတ်ကျင်းမြို့နယ်   လိပ်ကျ နှင့် ကျည်တောက်ပေါက်ကြား
လူနာများကို   အချိန်မီစွာ    ကျည်တောက်ပေါက် တိုက်နယ်ဆေးရုံသို့   ပို့ဆောင်ကူညီပေးခဲ့ပါသည် ။
ကူညီဆောင်ရွက်ပေးကြသော      မဏီစလ  လူမှု့နာမှု့ ကူညီရေးအသင်း ( မန္တလေး ) အသင်းနှင့်   ရွာသူရွာသားများအားလုံး     အချိန်နှင့်တစ်ပြေးညီ  ဆောင်ရွက် ကူညီပေးခဲ့ကြပါသည်ခင်ဗျာ ။
credit   Kyaw Zin
အလုပ်ခေါ်တာလေးတွေ လက်မလွတ်ကြစေလို
သတ်မှတ်ချက်နဲ့ အကျုံးဝင်သူများအတွက် !
လစ်လပ် ရာထူး (၃၅၉)နေရာ အလုပ်ခေါ်စာပါ။
အချိန်မီပါသေးတယ်။ အောင်မြင်ကြပါစေ !
Wednesday 7 September 2016
ကျောင်းစာကြည့်တိုက်တွေကို စာအုပ်တွေ သွားလှူရင်းနဲ့ တွေ့ခဲ့ရတဲ့ စာအုပ်တွေပါ။ဒီလိုစာအုပ်တွေကို ကျွန်တော်မတွေ့ဘူးတာ နှစ်ကာလ အတော်ကြာပါပြီ။
ကျောင်းစာကြည့်တိုက်တွေကို စာအုပ်တွေ သွားလှူရင်းနဲ့ တွေ့ခဲ့ရတဲ့ စာအုပ်တွေပါ။ဒီလိုစာအုပ်တွေကို ကျွန်တော်မတွေ့ဘူးတာ နှစ်ကာလ အတော်ကြာပါပြီ။အင်းတော် အထကမှာ ကျောင်းတက်တုန်းက ကျောင်းစာကြည့်တိုက်မှာ တွေ့ဘူးပါတယ်။ဒီစာအုပ်တွေ ထုတ်ဝေစဉ် အတိုင်ပင်ခံအယ်ဒီတာက ဟံသာဝတီ ဦးဝင်းတင်ပါ။
            မြေပုံပြုစုတာ သမိုင်းအချက်အလက်တွေ သိပ္ပံဆိုင်ရာအချက်အလက်တွေ
ဓာတ်ပုံတွေကို ဖိုတိုလစ်သိုနည်းပညာနဲ့ ထုတ်ဝေရေးလုပ်တယ်လို့ ကြားဘူးပါတယ်။အဲဒီတုန်းက ဗမာပြည်မှာ ဒီလိုပုံနှိပ်နည်းပညာ မရှိသေးဘူးလို့ ထင်
ပါတယ်။ ဒီစာတွေကို တွေ့ခဲ့ရတာက မော်လူးအထကမှာပါ။
             ဒီလိုစာအုပ်တွေကို အစိုးရအနေနဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး
ထုတ်ဝေသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။
CD ;H.Naing Win
ပြည်သူကိုခြိမ်းခြောက်နေသောရဲ သတင်းနှင့်ပတ်သက်၍ပြည်သူများသို့ အသိပေးခြင်း
ပြည်သူကိုခြိမ်းခြောက်နေသောရဲ    သတင်းနှင့်ပတ်သက်၍ပြည်သူများသို့ အသိပေးခြင်း
                    မနေ့ ကညနေငါးနာရီလောက်မှာလုံးခင်းမဲဆန္ဒရှင်ပြည်သူများထံမှမှော်ပုံသတင်းနဲ့ပတ်သက်တဲ့သတင်းပေး
ပို့ ချက်ကိုလက်ခံရရှိပါတယ် တပြိုင်နက်ထဲသက်ဆိုင်ရာတာဝန်ရှိသူများကိုသတင်းပို့ ပြီးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ခဲ့ပါတယ် ညက၁၂နာရီကျော်မှမှော်ပုံအဖွဲ့ တွေလဲအိမ်ပြန်ကြရပါတယ် သူတို့ တွေကျနော့ဆီကိုလဲသတင်းတွေမပြတ်
ပို့ ပေးနေခဲ့ကြပါတယ်  သေနတ်နဲ့ ထုတ်ချိန်တဲ့ဒုရဲအုပ်စိုးဇော်ဇော်ကိုယ်တိုင်သူ့ တပ်ရင်းမှုး ရဲမှုးတွေနဲ့ NLDတာဝန်ရှိသူတွေ
ရှေ့ မှာရှိခိုးကန်တော့တောင်းပန်တယ်လို့ သိရပါတယ် ဘုန်းကြီးခေါင်းခေါက်ပြီမှကန်တော့ဆိုတာမျိုးပေါ့
                      ကာယကံရှင်တွေအနေနဲ့ သနားလို့ ဘဲဖြစ်ဖြစ်ဘယ်လိုအကြာင်းကြောင့်ဘဲဖြစ်ဖြစ်နားလည်ခွင့်လွှတ်ပေးလို့ 
ရပေမဲ့ကျနော်တို့ ရဲ့ပြည်သူ့ အစိုးရတရပ်အနေနဲ့ ပြည်သူကိုအကာအကွယ်ပေးရမဲ့သေနတ်နဲ့ ပြည်သူကိုပြန်ခြိမ်းချောက်
တာမျိုးးကိုလုံးဝလက်မခံနိုင်ပါဘူး  ဒါကြောင့်ပြတ်ပြတ်သားသားအရေးယူပါမယ်
                         သက်ဆိုင်ရာမြို့နယ်အဆင့်တာဝန်ရှိသူများ ပြည်နယ်ဝန်ကြီးချူ ပ်နဲ့ အထက်တာဝန်ရှိသူများအားသတင်ပို့ 
တင်ပြပြီးဖြစ်ပါတယ် နောက်ဆုံးရရှိတဲ့သတင်းပေးပိုချက်အရဒုရဲအုပ်စိုးဇော်ဇော်ကိုထိန်းသိမ်းထားပြီးစုံစမ်းစစ်ဆေးရေး
ခုံရုံးဖွဲ့ စစ်နေပြီဖြစ်ပါကြောင်းမိဘပြည်သူများအားအသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျား
                             ဒီကိစ္စ ရဲ့အကြောင်းရင်းဖန်တီးသူကိုအောင်မျိုးးတင့်ခေါ်ကိုမျိုးကိုလဲချန်ထားလို့ မရပါဘူး အရေးယူရမှာ
ဖြစ်ပါတယ် မှော်ပုံမြေစာပုံမြေကွက်တွေရောင်းစားပြီးကိုယ်ကျိုးးရှာသူဆယ်အိမ်မှူးးဖြစ်ပါတယ်
                               ကျနော့ရဲ့မဲဆန္ဒရှင်ပြည်သူများလက်သန်းလေးတွေမင်စွန်းရကြိုးနပ်ရပါစေ့မယ်ခင်ဗျား
                                                                                                     လေးစားလျက်
                                                                                                       ဦးတင့်စိုး     ရှမ်းကြီး
                                                                                ဖါးကန့် မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
                                                                                     နေပြည်တော် 09 47025337