Pages

Sunday 30 October 2016

နိုင်ငံသစ်တည်မယ်

~~~~~~~~~~~ စိတ်ထားတွေပြောင်း အကျင့်ဆိုးများခွာ ကိုယ်ချင်းစာတရားသိုမှီး အထက်စီးကကြည့်မပြုံးနဲ့ အားလုံးဟာဂုဏ်သိက္ခာအတူတူ။ မငြူ စူစမ်းပါနဲ့ လွတ်လမ်းကိုအတူမျှော်လို့ နိုင်ငံသစ်တည်ရာ လိုတာတွေဖြည့် ပေါက်မည့်နေရာဖာ ပျက်တာတွေပြု ပြင် ချစ်ခင်စွာတစ်စိတ်တ၀မ်း အတူလှမ်းကြပါစို့။ အနာဂတ်၏ကြယ် တို့လူငယ်သွေးမကြောင်ကြနဲ့ ကျသည့်ဝန်အကျေ ထမ်းဖို့ သုတကိုရှာ သိပညာဒီဂရီတိုးအောင် စွမ်းဆောင်ကြကွယ့်။ ဆူးအိမ်​လှိုင်း

Thursday 6 October 2016

ပြူတင်းတံခါးမှကျော်ကြည့်ခြင်း

~~~~~~~~~~~~~~~~~~ ``စကားလုံးတွေက အသံထွက်မမှန်ဘူး။ ငြိမ်နေရင်ချမ်းတယ်။ မငြိမ်နေရင်မချမ်းဘူး။ ဒီလိုနဲ့ ငြိမ်းချမ်းရေးဟာ အသက်ငင်ကောင်းတုန်း။´´ ငြိမ်းချမ်းရေး.. .ငြိမ်းချမ်းရေး ဝေးဝေးသွားလိုက်ပုံများအမြီးပင် မနည်းကြည့်ရှာကြရတယ်။ ဘယ့်နယ်.. လူကြီးလူကောင်းဆန်လိုက်ကြတာ ဆွေးလေနွေးလေ တိုက်လေခိုက်လေ။ ပြောကြတော့စကားကြီးစကားကျယ် ဖြစ်လာတော့ကလေးသူငယ်။ ဒါဆို ငွေကုန်ကြေးကျ ခံပြီး ဘာအနှစ်မှမပါတဲ့စကားတွေပြော ဆိုကြတာမရှက်ဘူးလား။ အော်နေတဲ့ပြည်သူ့အသံ နာလို့တိမ်ဝင်သွားမယ်။အဲဒီလူတွေ ကြားမယ်မထင်ဘူး။ ``စကားလုံးတွေက သတ်ပုံမမှန်ဘူး။ ပြောင်းချင်တဲ့သူတွေပြောင်းပြီး လဲချင်တဲ့သူတွေလဲနေကြတယ်။ ဒီလိုနဲ့ သံယံဇာတတွေပြောင်ပြီး စာရိတ္တမဏ္ဍိုင်ပြို လှဲခဲ့ပေါ့။´´ ကဗျာဆရာကပြောနေတယ်။စကား လုံးတွေသတ်ပုံမမှန်ဘူး..တဲ့။ ဒါတော့မှန်တယ်။အတွေးဘယ် လောက်ကောင်းကောင်းအရေးအ သားသတ်ပုံမှားလို့ကတော့အဓိပ္ပါယ် ကပြောင်းသွားရော။ ခုလည်းခေါင်းတွဲတည့်အောင်သွား သော်လည်းနောက်တွဲတွေလမ်း မတည့်တော့ကဗျာဆရာဆိုသလို ပြောင်းသူပြောင်းလို့လဲသူလဲကြ တာပေါ့။ ဒီလိုနဲ့ပဲပြောင်းတော့မလိုလိုနဲ့ခေါက် ရိုးကျိုးအကျင့်ဆိုးတွေကြောင့်ခိုးနေ ၀ှက်နေကြကုန်ပေါ့။ ဟိုမရောက်ဒီရောက်ကာလကအရာ ရာကိုရှေ့တိုးဖို့မြူ ဆွယ်ရင်းအသား ကျ ပြီးသားရပ်ကွက်ကိုပဲပြန်ပြန် ၀င်အိပ်နေကြလေရဲ့။ ဘဝအမောတွေပြေကြပါ​စေ ဘဝခရီးသည်