Pages
Tuesday 29 March 2016
၂၉.၃.၂၀၁၆ရက်​​နေ့ ရှင်​​လောင်းလှည့်​မြင်​ကွင်းပုံရိပ်
(29-3-2016ရက်နေ့)
"ရဲရင့်အောင်"ပညာရေးမိသားစု၏ "ရှင်ပြုအလှူတော်မင်္ဂလာ"………
အလှူရှင်..........
မန္တလေးမြို့နေ
အလှူဒါယကာ ဦးအောင်မျိုး+အလှူ့ဒါယိကာမ ဒေါ်ခင်စန်းကြွယ် တို့၏ မော်လူးမြို့ တဏှင်္ကရာ အရှေ့ကျောင်းတိုက်၌ ကျင်းပပြုလုပ်သော "ရှင်ပြုအလှူတော်မင်္ဂလာ"
ရှင်လောင်းလှည့် မြင်ကွင်းပုံရိပ်များ။
ရှင်လောင်းအပါးရေ (၄၀)ကျော် နှင့် အလှူလှည့်စည်ကားမှုမှာ မော်လူးမြို့ပေါ် ကျင်းပပြုလုပ်သမျှသော ရှင်ပြုပွဲများအတွင်း အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံးဟုပင် ပြောနိုင်လေသည်။
နွားလှည်းယဉ်အလှများ ဆင်ယဉ်များ မြင်းယဉ်များ ရှင်လောင်းထမ်းများ ဆိုင်ကယ် ကားများ ရှမ်းရိုးရာအက အလှများ ကျောက်ဆည်ဆင်အကများ စုံလင်စွာဖြင့် ရှင်လောင်းလှည့် စဉ်အတွင်း မြင်တွေ့ရသူအပေါင်း ရင်သပ်ရှူမောကြရသည်။မြေပြင်မှ ဗီဒီယိုများ ကင်မရာများသာမက ဝေဟင်မှ Drome လေယဉ်ငယ်ဖြင့် မှတ်တမ်းတင်ရိုက်ကူးနေသည်ကိုလည်း တစ်မူထူးခြားစွာမြင်တွေ့ရလေသည်။
ယနေ့ညမှစတင်ကာ ဖျော်ဖြေရေးအစီအစဉ်ကို နိုင်ငံကျော်အဆိုတော်များ၊ဆိုင်းများ၊အငြိမ့်များဖြင့် စည်စည်ကားကား ဧည့်ခံဖျော်ဖြေနေပြီဖြစ်သည်။
ဖျော်ဖြေမည့်နေ့ရက်........
(၂၉-၃-၂၀၁၆)ရက်နေ့ (ယနေ့ည)နှင့် (၃၀-၃-၂၀၁၆)ရက်နေ့ အထိ နစ်ရက်တိုင် ညနေ(၆)နာရီမှ စတင်ဖျော်ဖြေမည်ဖြစ်သည်။
ဖျော်ဖြေရေးအစီအစဉ်.......
ကျောက်ဆည်ဆင်အကများ မိုးကျော်လှိုင်၊ဆိုင်း ဇော်သူဟိန်း၊ဘိသိက် မန္တလေး ရွှေပြေ့၊ဗညားဟန်၊မေသက်ထားဆွေ ၊နန်းမြင့်နွယ်အငြိမ့်၊.....စသည့် နိုင်ငံကျော်အနုပညာရှင်များ၊အဆိုတော်များဖြင့် နှစ်ညတိုင် ဖျော်ဖြေမှာဖြစ်၍ လာရောက်ကြည့်ရှူအားပေးလှည့်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။
Monday 28 March 2016
အထူး​ကျေးဇူးတင်​လွှာ
အထူး ကျေးဇူးတင်လွှာ...........
နှလုံးလှသူငယ်ချင်းတစ်စု(ပွင့်လင်းမေတ္တာ ပညာဒါန)အဖွဲ့၏ နည်းပညာ(စာအုပ်နှင့်ခွေ)အလှူအား မော်လူးပုံရိပ်အဖွဲ့သားများမှ  ကျေးဇူးဥပက္ခာရတင်ရှိကြောင်းမှတ်တမ်းတင် ဂုဏ်ပြုဖော်ပြအပ်ပါသည်။
ကျနော်တို့နိုင်ငံရှိ တစ်ချို့သောဒေသများမှာ မြို့နှင့်လည်းမနီး၊နည်းပညာကဏ္ဍအနေဖြင့် သင်ယူချင်လျှင်သော်မှ သင်တန်းများ မရှိ၊စာအုပ်များ ခွေများပင် အလွယ်ဝယ်၍မရနိုင်သည်မှာ ကျနော်တို့ကိုယ်တိုင် ကြုံတွေ့နေရသည်။
အချို့ဒေသများ၌ နည်းပညာရှင်များရှိပေငြား ပြန်လည် ဖြန့်ဝေပေးလိုသည့် စိတ်ဓာတ်မျိုးကား ရှားလှပေသည်။
နည်းပညာပိုင်းအားနည်းသူ၏ အမှားကိုသာ ထောက်ပြဝေဖန်တတ်ကြပြီ စိတ်ကောင်းစေတနာနှင့် ကူညီ လမ်းပြပေးသူကားလွန်စွာနည်းလှသည်။
လူဆိုသည်မှာ အသိပညာ၊အတတ်ပညာတို့အား မွေးကတည်းက မည်သူမျှ တတ်မြောက်သည်မရှိပါ။အတွေ့အကြုံများ၊သင်ခန်းစာများမှ သင်ယူရင်း၊လေ့လာရင်းဖြင့်သာ တိုးတက်အောင်ကြံဆောင်ရလေသည်။
ထို့သို့သင်ယူလေ့လာရင်း၌ မိမိလုပ်ဆောင်ချက်များ အဆင်မပြေ၊ မှားသည့်အခါလည်းရှိပေမည်။
မည်မျှပင် သင်ယူနေအုံးတော့ အသစ်အသစ်သောနည်းပညာတို့ကားတိုး၍သာ များလာသည်ဖြစ်ရာ ပညာရပ်မှာဆုံးခန်းတိုင်တတ်မြောက်သည်ဟူ၍ မရှိနိုင်ပေ။
ပညာပါရမီ ဖြည့်သည့်အနေဖြင့် မိမိသိသောနည်းပညာကို မသိသောသူများအား မျှဝေပေးဖို့ရန်လည်း လိုအပ်ပေသည်။
သို့မှသာ ကျနော်တို့ဒေသတွင် အစဉ်မပြတ်လေ့လာသင်ယူနေသော လူ့အဖွဲ့အစည်းကို လက်ဆင့်ကမ်းသယ်ဆောင်နိုင်မည်ဖြစ်သည်။
တစ်ချို့ပညာရှင်များကား ကူညီလိုသည့်စိတ်၊သင်ကြားပြသပေးလိုသည့်စိတ်မျိုးမရှိကြ။ပညာမာန တက်ကြသည်။
(အားလုံးကိုမဆိုလိုပါ။)
ပညာရပ်ကို မိမိတစ်ဦးတည်းသာ တတ်မြောက်လိုပြီး သူတစ်ပါးအားမိမိလောက်မသိ၊မိမိလောက်မတတ်ဟု အမြဲ အထင်အမြင်သေးတတ်လေသည်။
ကျနော်ကိုယ်တွေ့ အပြောခံခဲ့ရသော စကားများကား "ဘာမှမသိပဲလျှောက်လုပ်တယ်၊မတတ်ပဲ လုပ်တာကိုး""ဒီဆော့ဝဲ သွင်းတာလောက်က ကလေးတောင်တတ်တယ်"အစရှိသည့်စကားမျိုးပင် ဖြစ်သည်။"တတ်ယောင်ကား ဆရာများသတိထား"ဟုလည်း ရွဲ့တာ ခံခဲ့ရသည်။(မည်သူ့ကိုမှ မဆိုလို၊တိုက်ဆိုင်မှုရှိကခွင့်လွှတ်ပါ။)
ပိုက်ဆံပေးပြီးလည်းပြင်ရ၊ အပြောလည်းခံရလေသည်။
မိမိပစ္စည်း မိမိဖာသာတတ်သိချင်၍ ကလိသည်ဖြစ်ရာ၊အဆင်မပြေ၊errorတက်ပါက ပြင်နိုင်လျှင်ပြင်ပေးရုံပေါ့၊မပြင်နိုင်၊မပြင်ပေးချင်လည်း ငြင်းလွှတ်ပေါ့ဗျာ။အထင်သေးစကား၊နှိမ်သောစကားများ မပြောသင့်ဟု ထင်ပါသည်။
ကျန်သောညီငယ်များ၊နည်းပညာလိုက်စားသော ညီအကိုများအား ကျနော့်လိုမကြုံတွေ့စေလိုသဖြင့် နည်းပညာကဏ္ဍနှင့်ပါတ်သက်၍ စာအုပ်များ၊ခွေများအား လာရောက် လေ့လာနိုင်ကြောင်း နှင့်ကျနော်သိသမျှ နည်းပညာရှိပါကလည်း ကူညီပြောပြပေးပါမည်ဟုခံယူထားပါသည်။
ကျနော့်၏ မျှဝေလိုသောဆန္ဒကို အွန်လိုင်းမှ ညီငယ်သူငယ်ချင်းတစ်စုတို့မှ တစ်ဖက်တစ်လမ်းမှ စာအုပ်များနှင့် PDFဖိုင်များအား အားဖြည့် ကူညီ၍ အကောင်အထည်ဖော်ပေးကြပါသည်။
ညီငယ်တို့ "ပွင့်လင်းမေတ္တာ" ပညာဒါနအဖွဲ့အား အထူးပင်ကျေးဇူးတင်ကြောင်း နှင့် နည်းပညာ တိုးတက်ရေးအတွက် များစွာအထောက်အပံ့ဖြစ်စေ၍လည်း လွန်စွာဝမ်းမြောက်ကြောင်း ရေးသားဂုဏ်ပြုဖော်ပြအပ်ပါတယ်ခင်ဗျာ။
နှလုံးလှသူငယ်ချင်းတစ်စု(ပွင့်လင်းမေတ္တာ ပညာဒါန)အဖွဲ့မှ လှူဒါန်းသော နည်းပညာ(စာအုပ်နှင့်ခွေ) စာရင်းမှာ
၁။နည်းပညာစာအုပ်(softwareခွေနှင့်)=၂၃အုပ်
၂။ဆော့ဝဲနှင့်စာအုပ်များပါသောDVDခွေ=၃ခွေ
၃။GRADE-11လေ့ကျင့်ခန်းနှင့်အဖြေစုံအထူးထုတ်စာအုပ်=၆အုပ်
၎။GRADE-11 TEXT BOOK=၉အုပ်
တို့ဖြစ်ပါတယ်။
ပို၍လေးစားဖွယ်ရာကား မော်လမြိုင်မှ အထက်ပိုင်းတက်သည့်ကားလိုင်း အဆင်မပြေ၍ ကိုယ်တိုင် မန္တလေးသို့ဆင်းကာ စေတနာသက်သက်နှင့် စာအုပ်များအား ပို့ပေးခြင်းပင်ဖြစ်သည်။
နည်းပညာနှင့်ပါတ်သက်သော စာအုပ်များနှင့် နည်းပညာရပ်ဆိုင်ရာ ခွေများ၊ဆော့ဝဲခွေများ အား လေ့လာလိုပါက လာရောက်ကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ.........။
ပွင့်လင်းမေတ္တာ နှလုံးလှ အဖွဲ့အား များစွာကျေးဇူးတင်လျှက်.......
မော်လူးပုံရိပ် Adminအဖွဲ့သားများ..........
Saturday 26 March 2016
ကျေးဇူးတင်​လွှာ
အထူး ကျေးဇူးတင်လွှာ...........
(SUN,MARCH,27,2016)
နှလုံးလှသူငယ်ချင်းတစ်စု(ပွင့်လင်းမေတ္တာ ပညာဒါန)အဖွဲ့၏ နည်းပညာ(စာအုပ်နှင့်ခွေ)အလှူအား မော်လူးပုံရိပ်အဖွဲ့သားများမှ  ကျေးဇူးဥပက္ခာရတင်ရှိကြောင်းမှတ်တမ်းတင် ဂုဏ်ပြုဖော်ပြအပ်ပါသည်။
ကျနော်တို့နိုင်ငံရှိ တစ်ချို့သောဒေသများမှာ မြို့နှင့်လည်းမနီး၊နည်းပညာကဏ္ဍအနေဖြင့် သင်ယူချင်လျှင်သော်မှ သင်တန်းများ မရှိ၊စာအုပ်များ ခွေများပင် အလွယ်ဝယ်၍မရနိုင်သည်မှာလည်း ကျနော်တို့ကိုယ်တိုင် ကြုံတွေ့နေရသည်။
အချို့ဒေသများ၌ နည်းပညာရှင်များရှိပေငြား ပြန်လည် ဖြန့်ဝေပေးလိုသည့် စိတ်ဓာတ်မျိုးကား ရှားလှပေသည်။
နည်းပညာပိုင်းအားနည်းသူ၏ အမှားကိုသာ ထောက်ပြဝေဖန်တတ်ကြပြီ စိတ်ကောင်းစေတနာနှင့် ကူညီ လမ်းပြပေးသူကားလွန်စွာနည်းလှသည်။
လူဆိုသည်မှာ အသိပညာ၊အတတ်ပညာတို့အား မွေးကတည်းက မည်သူမျှ တတ်မြောက်သည်မရှိပါ။အတွေ့အကြုံများ၊သင်ခန်းစာများမှ သင်ယူရင်း၊လေ့လာရင်းဖြင့်သာ တိုးတက်အောင်ကြံဆောင်ရလေသည်။
ထို့သို့သင်ယူလေ့လာရင်း၌ မိမိလုပ်ဆောင်ချက်များ အဆင်မပြေ၊ မှားသည့်အခါလည်းရှိပေမည်။
မည်မျှပင် သင်ယူနေအုံးတော့ အသစ်အသစ်သောနည်းပညာတို့ကားတိုး၍သာ များလာသည်ဖြစ်ရာ ပညာရပ်မှာဆုံးခန်းတိုင်တတ်မြောက်သည်ဟူ၍ မရှိနိုင်ပေ။
ပညာပါရမီ ဖြည့်သည့်အနေဖြင့် မိမိသိသောနည်းပညာကို မသိသောသူများအား မျှဝေပေးဖို့ရန်လည်း လိုအပ်ပေသည်။
သို့မှသာ ကျနော်တို့ဒေသတွင် အစဉ်မပြတ်လေ့လာသင်ယူနေသော လူ့အဖွဲ့အစည်းကို လက်ဆင့်ကမ်းသယ်ဆောင်နိုင်မည်ဖြစ်သည်။
တစ်ချို့ပညာရှင်များကား ကူညီသည့်စိတ်၊သင်ကြားပြသပေးသည့်စိတ်မျိုးမရှိကြ။ပညာမာန တက်ကြသည်။
(အားလုံးကိုမဆိုလိုပါ။)
ပညာရပ်ကို မိမိတစ်ဦးတည်းသာ တတ်မြောက်လိုပြီး သူတစ်ပါးအားမိမိလောက်မသိ၊မိမိလောက်မတတ်ဟု အမြဲ အထင်အမြင်သေးတတ်လေသည်။
ကျနော်ကိုယ်တွေ့ အပြောခံခဲ့ရသော စကားများကား "ဘာမှမသိပဲလျှောက်လုပ်တယ်၊မတတ်ပဲ လုပ်တာကိုး""ဒီဆော့ဝဲ သွင်းတာလောက်က ကလေးတောင်တတ်တယ်"အစရှိသည့်စကားမျိုးပင် ဖြစ်သည်။"တတ်ယောင်ကား ဆရာများသတိထား"ဟုလည်း ရွဲ့တာ ခံခဲ့ရသည်။(မည်သူ့ကိုမှ မဆိုလို၊တိုက်ဆိုင်မှုရှိကခွင့်လွှတ်ပါ။)
ပိုက်ဆံပေးပြီးလည်းပြင်ရ၊ အပြောလည်းခံရလေသည်။
မိမိပစ္စည်း မိမိဖာသာတတ်သိချင်၍ ကလိသည်ဖြစ်ရာ၊အဆင်မပြေ၊errorတက်ပါက ပြင်နိုင်လျှင်ပြင်ပေးရုံပေါ့၊မပြင်နိုင်၊မပြင်ပေးချင်လည်း ငြင်းလွှတ်ပေါ့ဗျာ။အထင်သေးစကား၊နှိမ်သောစကားများ မပြောသင့်ဟု ထင်ပါသည်။
ကျန်သောညီငယ်များ၊နည်းပညာလိုက်စားသော ညီအကိုများအား ကျနော့်လိုမကြုံတွေ့စေလိုသဖြင့် နည်းပညာကဏ္ဍနှင့်ပါတ်သက်၍ စာအုပ်များ၊ခွေများအား လာရောက် လေ့လာနိုင်ကြောင်း နှင့်ကျနော်သိသမျှ နည်းပညာရှိပါကလည်း ကူညီပြောပြပေးပါမည်ဟုခံယူထားပါသည်။
ကျနော့်၏ မျှဝေလိုသောဆန္ဒကို အွန်လိုင်းမှ ညီငယ်သူငယ်ချင်းတစ်စုတို့မှ တစ်ဖက်တစ်လမ်းမှ စာအုပ်များနှင့် PDFဖိုင်များအား အားဖြည့် ကူညီ၍ အကောင်အထည်ဖော်ပေးကြပါသည်။
ညီငယ်တို့ "ပွင့်လင်းမေတ္တာ" ပညာဒါနအဖွဲ့အား အထူးပင်ကျေးဇူးတင်ကြောင်း နှင့် နည်းပညာ တိုးတက်ရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေ၍လည်း လွန်စွာဝမ်းမြောက်ကြောင်း ရေးသားဂုဏ်ပြုဖော်ပြအပ်ပါတယ်ခင်ဗျာ။(ပို၍ လေးစားဖွယ်ကား မော်လမြိုင်မှ အထက်ပိုင်းတက်မည့် ကားလိုင်း အဆင်မပြေ၍ မန္တလေးသို့ ကိုယ်တိုင်ဆင်းပြီး စာအုပ်ပါးပေးခြင်း ဖြစ်သည်။)
နည်းပညာနှင့်ပါတ်သက်သော စာအုပ်များနှင့် နည်းပညာရပ်ဆိုင်ရာ ခွေများ၊ဆော့ဝဲခွေများ အား လေ့လာလိုပါက လာရောက်ကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ.........။
ပွင့်လင်းမေတ္တာ နှလုံးလှ အဖွဲ့အား များစွာကျေးဇူးတင်လျှက်.......
မော်လူးပုံရိပ် Adminအဖွဲ့သားများ..........
Wednesday 23 March 2016
#Maw Luu's Imags
Hello, Chindits members, I am from Mawlu, Indaw Township, Sagain Region, Myanmar. I would like to give you a message about a medal of Rifle Shooting in 1938. Its real owner was Mr.W.Mc.Cabe. Now I want to give it to the real owner’s family members or his relatives. I think it is an invaluable thing for his family. So I make this letter but I expect nothing from you for keeping it and sending it back to its owner. Could you please email me to confirm whether anyone from his relative has a plan to get it or not? As I sympathetically offer it to you no presents are allow to pay me back.  
I would like to say about the British Chindits troop which camped at the Mount HeNu, Mawlu village in 1944. They named that village as “White City”. Some people have already known about the ding-dong with British troop and Japan troop. On March, 17, 2016 the leader Mr.Brigadier Alastair James Aitken who is a Chindits member and excursion group members came here for 72nd Anniversary. But I didn’t show that medal because I want to give it to the real owner. Do not hesitate to contact me if you are interested in it.
Please,contact "Maw Luu's Images"
Ph;+95 09256187561
စာပနချရမဲ့​လောက.....
ဈာပန ချရမဲ့​​ ​လောက...........
စာရိတ္တကို ဈာပန ချ
အမှန်​တရားတို့ ပျောက်​ဆုံး
အတ္တအ​မှောင်​ဖုံးတဲ့..
အလင်းမဲ့ ​လောက.......
မောဟ​တွေပြည့်​လို့
မုသား​တွေလှိုင်​လှိုင်​သုံး
ညီမျှခြင်း​တွေ ​ပျောက်​ဆုံး
လူလုံးမလှ​တော့တဲ့....​လောက....
မေတ္တာ...ဂရုဏာ....မုဒိတာ...ထက်
ဥ​ပေက္ခာသာ နှလုံးသွင်း
လူဖြစ်​ရှူံးရင်းနဲ့ပဲ
ရှင်​သန်​ခြင်း​တွေ ​လောင်​မြိုက်
မှောင်​မိုက်​တဲ့...​လောက.....
လိမ်​နိုင်​လျှင်​ ပညာရှိ....
ညာနိုင်​လျှင်​...က၀ိ...
အသိတရားမဲ့ဇာတ်​ခုံ​ပေါ်က
ကြည့်​မ​ကောင်းတဲ့ပြဇာတ်
ဒီတင်​ ..တစ်​စခန်းရပ်
ကတ်​.................။
Tuesday 22 March 2016
စေတနာသည်​လူတိုင်းနှင့်​မတန်
"မရှိလို့.....ခံ....
သာဇံက.....အ​ကြွေး.....
ခေါင်းရင်းက ​ဆေးလိပ်​တိုပါယူသွား​သေး...."
............................................................
လွန်​ခဲ့​သော(၃)လခန့်​က........
"ဆရာ​ရေ...ကျမ...​ကောင်​တာ​လေးလုပ်​ချင်​လို့"
ဒါကတစ်​ဦး........
နောက်​တစ်​ဦး....
"ဆရာ​ရေ​....ဟင်း​တွေထည့်​ဖို့....​ကောင်​တာအ​သေး​လေးလုပ်​ချင်​....."
ဟုတ်ကဲ့....​အားလုံး အဆင်​​ပြေ​အောင်
ကျ​နော့်​ဖက်က ​​လုပ်​​ပေးခဲ့ပါတယ်​.......
တလုံးက
5´×1½´×3´ ၅ဆင့်​ပါ မှန်​​ကောင်​တာ =၁သိန်းခွဲနဲ့
နောက်​တစ်​လုံးက
4´×2´၂ဆင့်​ မှန်​​ကောင်​တာ=၄​သောင်းတန်
နှစ်​လုံး လုပ်​​ပေးခဲ့ပါတယ်​.......
ဈေး​ရောင်းတာ အဆင်​​ပြေ​အောင်​လို့ ကူညီ ​ပေးတဲ့အ​နေနဲ့လည်းပါတာ​ပေါ့
သို့​သော်
ကောင်​တာအသစ်​များနှင့်​ အဆင်​​ပြေ​ပြေ​ဈေး​ရောင်း​နေ​သော​ကျေးဇူးရှင်​များ၏ တုန့်​ပြန်​မှုများကား မှတ်​သား​လောက်​​ပေသည်​။
....................................................
"ဆရာ​ရေ ​နောက်​၂/၃ ရက်​မှယူ​နော့........"
ရတယ်​​ပေါ့ ကိုယ်​နဲ့လည်းတစ်​ဖွဲ့ထဲသားချင်းမို့.......
၂/၃ ရက်​ပြည့်​ပြန်​​တော့
"ဆရာ​ရေ ဘုရားပွဲအတွင်းရမယ်​......."လို့ဆိုပြန်​တယ်​...
သြော်​...သူတို့လည်း....နဲနဲခက်​​နေမယ်​​လေ....နားလည်​​ပေးပါတယ်​.......
ဘုရားပွဲ​ရောက်​ပြန်​​တော့လည်း.......
"ဆရာ​ရေ.....ဘုရားပွဲပြီးမှ အိမ်​လာခဲ့မယ်​......"
အင်း ရ​သေးတယ်​........ဒီအထိ......
ဘုရားပွဲပြီးလို့တစ်​ပတ်​​လောက်​ကြာပြန်​​တော့
"ဆရာ​ရေ ​နောက်​၃-၄ရက်​​လောက်​​စောင့်​ပါအုံး"....တဲ့
နည်းနည်းအံ့သြရပြီ........
ဒီလိုနဲ့ တက္ကသိုလ်​၀င်​တန်းစာ​မေးပွဲ​ရောက်​ပြန်​​တော့
"စာ​မေးပွဲအတွင်း လမ်း​တွေပိတ်​ထားလို့...​ဈေး​ရောင်းမ​ကောင်းဘူးဆရာ​ရေ.....""အဆင်​မ​ပြေ​သေးဘူး"လို့ ​ပြောပြန်​တယ်​......
နည်းနည်းေ​တာ့လွန်​ပြီထင်​တယ်​.....
ဈေး​ရောင်းမ​ကောင်းတာနဲ့ ကျ​နော့​ပေးရမဲ့အ​ကြွေးနဲ့.....ဘယ်​လိုများသက်​ဆိုင်​​နေပါလိမ့်​....တစ်​သက်​လုံးမ​ရောင်း​ကောင်းရင်​ တစ်​သက်​လုံးမရမဲ့ပုံ........
သီးခံ....သီးခံ...ကိုယ်​စိတ်​ကိုယ်​.....​ဖြေသိမ့်​ရပြန်​တယ်​.....
နောက်​တစ်​​ခေါက်​​တွေ့ပြန်​​တော့...
"ဆရာ​ရေ....၂၀ရက်​​နေ့....​သေချာ​ပေါက်​ရပြီ......"
ထပ်​လာပြန်​တဲ့စကား...သိပ်​မယုံခဲ့ပါဘူး......
ဒီ​နေ့၂၀ရက်​နေ့ပဲဗျ ​ည​နေ(၁၉း၀၈)နာရီအထိ​စောင့်​တယ်​.........
ထင်​တဲ့အတိုင်း....​သေချာ​ပေါက်​ရမယ်​လို့​ပြောတဲ့ .......ဟာက...​တွေ့​တော့....​ရှောင်​​နေတယ်​.....မသိချင်​​ယောင်​​ဆောင်​​နေတယ်​....
ဒီလို အ​ကြောင်​အမျိုးမျိုးပြ.....ပါးစပ်​က...မုသား​တွေသုံး....တန်​ဖိုးမဲ့စကား​တွေ
ပေါက်​ပန်း​ဈေးစကား​တွေ​ပြောပြီး.......
လိမ်​​နေလိုက်​တာ.....
(၃)လပြည့်​​တော့မယ်​.......အမိတို့.......
ကျ​နော်​ ခင်​ဗျားတို့ကို ကိုယ်​ချင်းစာလို့....ေ​ဈး​​ရောင်းတာေ​လးအဆင်​​ပြေ​အောင်​လို့......
ကိုယ့်​အဖွဲ့သား​​​ချင်းမို့....​စေတနာနဲ့ကူညီ​ပေးခဲ့တာ......
တန်​ဖိုးမထားတတ်​တဲ့ ခင်​ဗျားတို့ကို...ကျ​နော်​...အရမ်း
အံ့သြမိတယ်​......
............................................................................
ကျ​နော်​....အဆင်​မ​ပြေရင်​​နေပါ....အမိတို့အဆင်​​ပြေရင်​ပဲ.....၀မ်းသာ​ပေးပါတယ်​.....
ဒီသင်​ခန်းစာက​နေ
ကျ​နော့်​ဘ၀ရဲ့ memory ထဲမှာ​တော့ .....စာတစ်​​ကြောင်း...ထပ်​တိုးထားတယ်​...
"​စေတနာသည်​ လူတိုင်းနှင့်​မတန်​....ကိုယ်​​တွေ့...."
ဆိုတာ​လေး....ပါ.....။
Friday 11 March 2016
How to grow?
 Discover how to grow grapes, and you'll enjoy the amazing pleasure of picking a grape fresh off the vine and popping it into your mouth. When you bite into a grape that's warm from the sun and bursting with juice, you'll be hooked on growing grapes. When we think of growing grapes, we dream of green or purple table grapes (the kind you eat fresh), jams and jellies, or perhaps a good wine grape, just in case you want to make your own Cabernet. Knowing how to grow grapes successfully means selecting the right variety for your region. Grapes will grow in almost any part of the country (Zones 5-9), but you need to choose one that suits your local conditions of summer heat and winter cold. Your local extension office can suggest a specific variety, whether table or wine. Grapes need full sun all day whatever the region you live in, and well-drained soil that's free of weeds and grass -- you don't want any competition for water and nutrients. Just think of all those pictures you've seen of the Italian hillside vineyards -- that's what you're aiming for. Are you ready to grow more edibles? Check out our guide to vegetable gardening. Planting Grapes Plant grapes in early spring, when you'll find bare-root varieties available. As you plant, cut the existing root back to 6 inches; this will encourage feeder roots to grow near the trunk. The root system of a grapevine can grow deep, so well-cultivated soil is best. You will probably need to do some pruning at planting time, too. Prune off all except for one stem, and then look for the buds on the stem; cut the stem back to only two buds. You're on your way. Feeding Grapes The first two or three years, each early spring, apply a nitrogen fertilizer. You may not have to do this as the vines mature; it all depends on your observation. Do the vines look vigorous and healthy? Maybe you don't need any fertilizer. Pruning Grapes Learn how to grow grapes trained on a vertical trellis or on an overhead arbor -- you can decide which method fits into your garden better, but be sure to have the supports in place before you plant the vines. On a vertical trellis, branches from the previous year's growth are selected to grow along the wires of the trellis or fence. The buds along the stems will flower and set fruit. Just like a fence, the trellis can have two or three levels, and the center stem is left to grow up to the next level. If you'd like to see your grapes hanging down from overhead, you can train the vines that way, still shortening the branches and selecting just a few to secure to the metal or wood arbor. The technique for how to grow grapes that are the most productive is good pruning practices. Pruning grapes and the training techniques may sound complicated, but they don't need to be. Each dormant season, keep a few stems that grew last year, and train them on the wires or trellis. You'll probably have to shorten them to fit your space. Prune everything else off. It's shocking to see how much you will cut off, but your grapes will grow better because of it. You'll see buds on the remaining growth: each of those buds will produce several shoots that grow leaves and flowers. Vines can overproduce grapes. This isn't a case of too much of a good thing, because overproduction leads to poor-quality fruit. Avoid this by thinning flower clusters that look misshapen and cutting off fruit clusters that develop poorly. Don't jump the gun on harvesting: grapes won't improve in taste after you pick, so sample a grape or two occasionally until they are ripe. Then get busy picking!  SherrySolid Wood Bar StoolsColorful Mixing BowlsBakeware SetsKids Bin StorageCushioned Folding ChairsMonarch Specialties FurniturePest Control BirdsFlowering Trees And ShrubsSHOP MORE
လက်​​ဆောင်​မွန်
ဟိုပေးဒီ​​ပေး ခုတ်​ပစ်​ကြတဲ့သစ်​၊လည်​လိုက်​ကြတဲ့ ​စက်​​ ခု​တော့....​ တောပြုန်း​...။ ဟို​ပေးဒီ​ပေး တူးပစ်​ကြတဲ့​ကျောက်​၊​ဖော်​လိုက်​ကြတဲ့​ရွှေ ခု​တော့...... ​တောင်​ပြုန်း.....။ ဟိုလုဒီသိမ်း ဟိုဟာလုပ်​ဒီဟာ​ဆောက်​ ခု​တော့..... လယ်​​မြေ​တွေပြုန်း.....။ ပြုန်း..ပြုန်း..ပြုန်း...ပြုန်း အကုန်​ပြုန်း ​တောပြုန်း​တောင်​ပြုန်း လယ်​ပြုန်းယာပြုန်း ပညာ​ရေး လည်းပြုန်း ကျန်းမာ​ရေးပြုန်း ဟိုပြုန်းဒီပြုန်း အကုန်​ပြုန်း.....။ မျိုးဆက်​သစ်​တို့​ရေ မင်းတို့လက်​မင်းတို့​ခြေ​တွေ သန်​မာ​အောင်​​မွေးမြူ ထား လူကြီး​တွေ​ပေးတဲ့ မင်းတို့​အ​မွေ မင်းတို့ရတဲ့​မြေ အခွံသက်​သက်​ဖြစ်​လို့​လေ...။ ဆူးအိမ်​လှိုင်း
Thursday 10 March 2016
မြစ်​ဆုံငိုရှိုက်​သံ
အရင်​အစိုးရလက်​ထက်​မှာ ချိန်​ကိုက်​ ဗုံးတစ်​လုံးလို​ထောင်​ထားခဲ့​သော မြစ်​ဆုံအ​ရေးဟာအစိုးရသစ်​လက်​ ထက်​မှာလှုပ်​နိုးလာ​တော့မှာဖြစ်​ပါ တယ်​။ ဒါ​ကြောင့်​..... မြစ်​ဆုံအ​ရေး​သွေး​နွေး​နေကြဖို့​ တပ်​လန့်​နိုး​ဆော်​သည့်​အ​နေဖြင့်​ ဆရာဆူးအိမ်​လှိုင်း၏ မြစ်​ဆုံငိုရှိုက်​ သံကဗျာဖြင့်​ ဧရာဝတီချစ်​သူများ နှင့်​သဘာဝပတ်​၀န်းကျင်​မြတ်​နိုးသူ များကိုတပ်​လန့်​လိုက်​ရပါ​ကြောင်း..... မြစ်​ဆုံငိုရှိုက်​သံ ~~~~~~~~~~ ငါ့မှာဘာအပြစ်​ရှိလို့လဲလူသားတို့ ရယ်.....။ ​ပြိုင်​ဘက်​ကင်းအလှမျိုးမဟုတ်​​တောင် ပန်းတစ်​ပွင့်​ရဲ့ အိ​နြေ္ဒမျိုးနှင့်​မင်းတို့တိုင်းပြည်​ကို အလှဆင်​ခဲ့......။ ငါ့မှာရှိသ​လောက်​အားအင်​နှင့်​ ​မေခ၊​မေလိခ​ပေါင်းစည်းပြီး မင်းတို့အသက်​​သွေး​ကြော ဧရာဝတီကိုတည်​​ပေးခဲ့ ငါ့ရဲ့​မေတ္တာနှင့်​​တော​တောင်​​တွေစိမ်း လန်း​စေခဲ့....။ ​မြေ​ပေါ်​ရေထဲ သယံဇာတ​တွေအဆစ်​​ပေးခဲ့တယ်​။ ငါ့မှာဘာအပြစ်​ရှိလို့လဲလူသားတို့ ရယ်​.....။ လူသားမဆန်​ပုံက ငါနှလုံးသားကိုလာခွဲ​နေကြ ဟက်​တက်​ကွဲမှာကပြည်​သူ့နလုံး သားပါ....။ ငါ့ကိုကယ်​ကြပါ လူသားဆန်​သူတို့ရယ်​ တိုင်းပြည်​သာယာဝ​ပြော​အောင်​ အား​ကောင်း​မောင်းသန်​ဧရာဝတီကို ကမ္ဘာတည်​သ၍ လက်​​ဆောင်​​ပေး​နေချင်​လို​က်​တာ..။ ငါ့မှာဘာအပြစ်​ရှိလို့လဲကွယ်​....။ ဆူးအိမ်​လှိုင်း ဘဝအ​မော​တွေ​ပြေကြပါ​စေ ဘဝခရီးသည်
Tuesday 8 March 2016
ရဲဆိုတာ
ပြည်​သူ့အသက်အိုးအိမ်​ ​စောင့်​​ရှောက်​ဖို့ပြည်​သူ့​ငွေယူ​နေသူ ရမ်းကားမှုများထိန်း​ကျောင်းဖို့ ပြည်​သူ့​ငွေကိုစား​နေသူ မူးယစ်​​ဆေးဝါး နိမ်​နင်းဖို့ ပြည်​သူ့​ငွေကိုစား​နေသူ မ​ကောင်း မှုအားလုံး သိမ်း ကျူံး ကာ ကွယ်​ဖို့. ပြည်​သူ့​ငွေကိုစား​နေသူ ခု.......... မူးယစ်​​ဆေး​တွေမင်းမူ​နေပြီ ပြည်​သူ့​ငွေစားသူ​တွေ တာဝန်​​ကျေဖို့လို​နေပြီ ။ ဆူးအိမ်​လှိုင်း
ဗဟုသုတစစစ်​တမ်း
၆၂။ ​ဗေဒါပင်​တို့​မွေးရပ်​​မြေ ​ဗေဒါပင်​တို့၏ဇာတိချက်​​ကြွေ​မွေးရပ်​ ​မြေသည်​ကား​တောင်​အ​မေရိကဖြစ်​ ​ပေသည်​။ ၆၃။ ယမ်းမှုန့်​ကိုစတင်​​တွေ့ရှိ​သောလူမျိုး ၆ ရာစု​လောက်​ကစ၍တရုပ်​လူမျိုး တို့သည်​​ပေါက်​ကွဲ​စေတတ်​​သော ယမ်းမှုန့်​ကိုစတင်​​တွေ့ရှိခဲ့ကြသည်​။ သို့​သော်​လည်းမီးရှူးမီးပန်းပစ်​​ဖောက်​ ခြင်း​လောက်​သာအသုံးပြုခဲ့ကြသည်​။ ၆၄။ လက်​ပစ်​ဗုံးတီထွင်​ခဲ့သူ မွန်​ဂိုဘုရင်​ကူဗလိုင်​ခန့်​သည်​ခရစ်​နှစ်​ ၁၂၃၀ ခုနှစ်​တွင်​လက်​ပစ်​ဗုံးကိုစတင်​ ထွင်​ခဲ့သည်​။ ၆၅။ ကုလဖွဲ့ရန်​ ကုလသမဂ္ဂဖွဲ့စည်းရန်​၁၉၄၅ခုနှစ်​ ဇွန်​လ၂ ရက်​​နေ့တွင်​ ဆန်​ဖရန်​စစ္စ ကိုမျြို့တွင်​စတင်​​ဆွေး​နွေးခဲ့ကြသည်​။ ၆၆။ ကုလတည်​ရာ ကုလသမဂ္ဂဌါနချုပ်​တည်​ရာသည်​ အ​မေရိကန်​နိုင်​ငံနယူး​ရောက်​မြို့တွင်​ ဖြစ်​သည်​။ ၆၇။ ကုလကုန်​​ငွေ ကုလသမဂ္ဂအ​ဆောက်​အဦးအတွက်​ ကုန်​ကျ​ငွေသည်​မြန်​မာ​ငွေဖြင့်​၃၂ ကု​ဋေခန့်​ဖြစိသည်​။ ၆၈။ ကုလအမည်​​ပေးသူ ကုလသမဂ္ဂဟူ​သောအမည်​ကိုကင်​ပွန်းတတ်​ခဲ့သူသည်​အ​မေရိကန်​ သမ္မတဖလင်​ကရင်​ဒီရုစဗဲ့ဖြစ်​သည်​။ ၆၉။ ကုလရည်​ရွယ်​ချက် ကုလ​မဂ္ဂကြီး၏ပဓာနရည်​ရွယ်​ချက်​ သည်​ကားကမ္ဘာ့နိုင်​ငံများအညီအ ညွတ်​​ဆွေး​နွေးတိုင်​ပင်​ကာ​ဆောင်​ ရွက်​ခြင်းဖြင့်​စစ်​ကိုတားဆီးရန်​ဖြစ်​ သည်​။ ၇၀။ ကုလဂတိသစ္စာ ၁၉၄၅ခုနှစ်​ဇွန်​လ၂၆ ရက်​​နေ့တွင်​ ကမ္ဘာ့ကုလသမဂ္ဂစာချုပ်​ကြီးကိုကုလ သမဂ္ဂ၀င်​နိုင်​ငံ​ပေါင်း၅၀ကလက်​မှတ်​ ထိုးရာ၌စာချုပ်​၏ဥပ​ဒေနိဒါန်းတွင်​ ​တွေ့မြင်​ကြရ​သောကမ္ဘာ့ငြိမ်း​ချမ်း​ရေး ကတိသစ္စာတရပသည်​ကား.... ကမ္ဘာ့ ကုလသမဂ္ဂတွင်​ပါဝင်​ကြ​သော ကျွန်ုပ်​တို့လူမျိုးအားလုံးသည်​ကျွန်ုတို့ ၏အဆက်​အနွယ်​ဖြစ်​​သောလူ အ​ပေါင်းအားစစ်​တည်းဟူ​သောကပ်​ ဆိုးကြီးမှလွတ်​ကင်း​အောင်​​ဆောင်​ ရွက်​ကြရန်​အဓိဌါန်​ပြု ပါသည်​ ဟုဖြစ်​သည်​။ ဘဝအ​မော​တွေ​ပြေကြပါ​စေ ဘဝခရီးသည်
Saturday 5 March 2016
မော်​လူးမီးသတ်​​မျှော်​စင်​၏​နောက်​ဆုံးပုံရိပ်
နှစ်​(၃၀)​ကျော်​သက်​တမ်းရှိပြီး ပေ(၆၀) အမြင့်​ရှိတဲ့ေ​မာ်​လူးမီးသတ်ရုံးဝင်း​​အတွင်းက့မီးသတ်​မျှော်​စင်​၏ ​နောက်​ဆုံး ပုံရိပ်များ........။ ၎င်း​နေရာတွင်​ အသစ်​ထပ်​မံ​ရောက်​ရှိလာမည့်​ မီးသတ်​ကားသစ်​တစ်​စီးထားရှိရန်​ အရင်​အ​​ဆောက်အဦး​​ဟောင်းနှင့်​တွဲလျှက်​ အ​ဆောက်​အဦး​အသစ်တစ်ခု ထပ်မံ​​​ဆောက်​သွားမည်​ဖြစ်​​ကြောင်း သိရပါသည်​။ တည်​ဆောက်​ရင်​တာ လ..ချီပြီး...ကြာချင်​ ကြာမယ်​.... ဖျက်​တာက​တော့..တစ်​ရက်​ထဲ......ပါ​လေ......။ခ
ခေါင်​တုံးစီသားတို့ရဲ့ ​လေးစားဖွယ်​ လုပ်​အား
မော်​လူး​ဒေသ ​"ခေါင်​တုံးစီရွာသစ် ရွာသူ/ရွာ​သားတို့၏ စွမ်းပကားလုပ်​အား" "စည်းလုံးခြင်း၊စုစည်းခြင်း၊ညီညွှတ်​ခြင်း"အင်​အားတို့သည်​ အံ့ထူး​သော အရာတို့ကို​ပေးစွမ်းနိုင်​​လေသည်​။ ​ခေါင်​တုံးစီရွာသစ်​သည်​ နားမကျိုင်း​ကျေးရွာအ​နောက်ကမ်း၌တည်​ရှိပြီး နမီးအုပ်​စုအတွင်း ပါဝင်​​လေသည်​။ ​မော်​လူးမှ(၁၀)မိုင်​ခန့်​​ဝေး၍ သွား​ရေးလာ​ရေးခက်​ခဲသည့်​ရွာဖြစ်​လေသည်​။အိမ်​​ခြေ(၈၀​)ကျော်​ခန့်​သာရှိ၍ ရွာသူ/ရွာသားတို့မှာ စည်းလုံးညီညွှတ်​စွာဖြင့်​ ရပ်​အကျိုး၊ရွာအကျိုး စွမ်းစွမ်းတမံ ​ဆောင်​ရွက်​​နေကြသည်​မှာလည်း အတုယူအားကျဖွယ်​ရာပင်​။ လူဦး​ရေနည်းသည့်​အထဲ အချို့​သော ရွာသားတို့မှာ ကျ​နော်​တို့​ဒေသ၌ ​ပေါများ​နေ​သော မူးယစ်​​ဆေးသား​ကောင်​များဖြစ်​​နေသည်​မှာလည်း ၀မ်းနည်းဖွယ်​ရာ​တွေ့မြင်​​နေရသည်​။ ယခုနှစ်​.(၂၀၁၆)အတွင်း ​ခေါင်​တုံးစီရွာသားတို့တည်​​ဆောက်​သဖြင့်ေ​ချာင်းကူး​တံတားသစ်​ကြီးနှစ်​စင်း အ​ကောင်​အထည်​​ပေါ်၍ပြီးစီး​တော့မည်​ဖြစ်​သည်​။ အဆိုပါတံတားနှစ်စင်းမှာ ​​​ခေါင်​တုံးစီရွာသစ်​မှ (၁)ဖာလုံခန့်​ဝေး​သော နန့်​ဆား​ချောင်းကူးတံတားနှင့် (၁)မိုင်​ခန့်​ဝေး​သော နန့်​ရုချောင်းကူးတံတားတို့ ဖြစ်​ကြသည်​။ထိုတံတားသစ်ကြီးနှစ်စင်းသည်​​ ခေါင်​တုံးစီရွာနှင့်​နားဖာရွာ တို့ကို အဆင်​​ပြေစွာဆက်​သွယ်​သွားလာနိုင်​ရန်​​ဆောက်လုပ်ထားခြင်း​​​ဖြစ်​ပြီး ကားပါ​မောင်းနိုင်​​အောင်​လည်း ​ခိုင်​ခံ့စွာ​တည်​ဆောက်​ထား​​လေသည်​။ နိုင်​ငံ​တော်​မှ ​ကျေးလက်​ဖွံ့ဖြိုး​ရေးရံပုံ​ငွေအဖြစ် ​တံတားတစင်းစီအတွက် ​​သိန်း(၂၀)စီ ချ​ပေး​​ပြီး နန့်​ဆားနှင့်​နန့်​ရု ​ချောင်းကူးတံတားတို့အတွက်​ ကုန်​ကျ​ငွေမှာ (၆၅)သိန်းခန့်​စီ ရှိသည်​ဟု သိရပါသည်​။ ကျ​နော်​တို့​မော်​လူး​ဒေသမှ စည်းလုံးခြင်းအင်​အားဖြင့်​ ရပ်​ရွာဖွံ့ဖြိုးတိုးတက်​​အောင်​ (ဘုန်းကြီးနှင့်​အမျိုးသမီးပါမကျန်​)အားကြိုးမာန်​တက်​ဖြင့် ​လုပ်​​ဆောင်​​နေကြ​သော ​ခေါင်​တုံးစီရွာသစ်​ မှ ရွာသူ/သားတို့အား မော်​လူးပုံရိပ်​မှ ဂုဏ်ယူစွာ ​တင်​လိုက်​ပါတယ်​ခင်​ဗျာ။
Friday 4 March 2016
မင်​ဂါ​ဆောင်​တမ်းချင်း