Pages

Thursday 26 October 2017

မော်လူး(အ.ထ.က)ကျောင်း၊KGတန်းတက်နေသောကလေးအား ဆရာမဖြစ်သူမှ အရွယ်နှင့်မမျှ တုတ်ဖြင့်ရိုက်အပြစ်ပေး..........

မော်လူး(အ.ထ.က)ကျောင်း၊KGတန်းတက်နေသောကလေးအား ဆရာမဖြစ်သူမှ အရွယ်နှင့်မမျှ တုတ်ဖြင့်ရိုက်အပြစ်ပေး..........

၂၅.၁၀.၂၀၁၇ ရက်နေ့ ၊မနက်ပိုင်းကျောင်းတက်ချိန်အတွင်း မော်လူး၊မြမာလာရပ်ကွက်၊ရပ်ကွက်(၅)နေ ကိုခင်မောင်သိမ်း+မတင်တင်ထွန်းတို့၏ သားငယ် မောင်အောင်ဖြိုးဝင်း၊ အသက် (၅) နှစ် KG တန်းနေသူ ကျောင်းသားငယ်အား အတန်းပိုင်ဆရာမ ဒေါ်အမာတင် ဖြစ်သူမှ တုတ်ဖြင့် (၆)ချက်ရိုက်သည်ဟုသိရသည်။

တင်ပါး၃ချက် ၊ခေါင်း၁ချက်၊လက်၁ချက်၊စသည်နေရာများမှာ ရိုက်သည့်နေ့တွင်ပင် အရှိုးရာများဖြစ်ပေါ်သည်ဟုသိရသည်။

လက်မှာဆရာမ ရိုက်သောဒဏ်ရာဖြင့်သွေးချေဥကြောင်း၊
ခေါင်း၌ဘုလုံးမှာထိုနေ့၌ကွမ်းသီးလုံးခန့်ပင်ရှိကြောင်းသိရသည်။

ကလေးမှာ နားပြည်ယိုပြီး နားသိပ်မကြားရဟုသိရသည်။
ကျောင်းတက်ရန်ပင် မနည်းတွန်းပို့နေရသည့်ကလေးဖြစ်သည်။

ပြစ်ချက်မှာ ၀လုံးကိုအပေါ်က၀ိုက်ရေးရာတွင် ကလေးမှာအောက်က၀ိုင်း၍ ဆရာမစိတ်မရှည်သဖြင့်ဆော်ပလော်တီးကြောင်းသိရသည်။

ူခုမှ ၅နှစ်အရွယ် KGတန်းတက်နေသော ကလေးအား အရွယ်နှင့်မမျှအောင် တုတ်ဖြင့်ရိုက်၍ အပြစ်ပေးသော ဆရာမအား ကလေးမိဘများနှင့် ကျနော်တို့ မော်လူးပုံရိပ်အဖွဲ့မှ များစွာစိတ်မကောင်းဖြစ်မိပါသည်။

နောင် KGတန်းကလေးများ အရွယ်နှင့်မမျှ အပြစ်ပေးခြင်းအား ရှောင်ကြဉ်ဆင်ခြင်နိုင်ကြစေဖို့ အသိပေးရေးသားဖော်ပြအပ်ပါသည်။
#မော်လူးပုံရိပ်

Thursday 5 October 2017

5.10.2017ရက်နေ့ မော်လူးဒေသ ၊ကိုးတိုက်နယ် ဒီပင်္ကရာ မဟာစေတီတော်မြတ်ကြီး၏ စေတီယံ လေးဆူ ဌာပနာပိတ်ပွဲနှင့် အဘိဓမ္မာအခါတော်နေ့ ဆီမီး(၁)သောင်းပူဇော်ပွဲ ခြိမ့်ခြမ့်သဲကျင်းပ.........

(၁၃၇၉)ခုနှစ်၊သီတင်းကျွတ်လပြည့် (၁၅)ရက်နေ့

5.10.2017ရက်နေ့
မော်လူးဒေသ ၊ကိုးတိုက်နယ် ဒီပင်္ကရာ မဟာစေတီတော်မြတ်ကြီး၏
စေတီယံ လေးဆူ ဌာပနာပိတ်ပွဲနှင့် အဘိဓမ္မာအခါတော်နေ့ ဆီမီး(၁)သောင်းပူဇော်ပွဲ ခြိမ့်ခြမ့်သဲကျင်းပ.........

ယနေ့ ညနေ (၅း၃၀)နာရီအချိန် မော်လူးဒေသ ၊ကိုးတိုက်နယ် ဒီပင်္ကရာမဟာစေတီတော် စေတီယံ လေးဆူ ဌာပနာပိတ်ပွဲနှင့် အဘိဓမ္မာအခါတော်နေ့ ဆီမီး(၁)သောင်းပူဇော်ပွဲအား ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ ၀တ္တကနယ်မြေအတွင်း ကျင်းပပြုလုပ်သည်။

အဆိုပါစေတီတော်မြတ်ကြီး၏ စေတီယံလေးဆူ ဌာပနာပိတ်ပွဲနှင့် အဘိဓမ္မာအခါတော်နေ့ ဆီမီး(၁)သောင်းပူဇော်ပွဲအား မော်လူးဒေသ အုပ်စုအသီးသီးမှ ဆရာတော်ကြီးများ၊မော်လူးဒေသသားများ၊မော်လူးနှင့်အနီးပါတ်ဝန်းကျင်ရွာများမှ ရဟန်းရှင်လူအများအပြား တက်ရောက်ကြည်ညိုကြသည်။

မဟာဂန္ဓာရုံကျောင်းတိုက်  နာယကဆရာတော်၊မော်လူးဘုရားကြီးကျောင်းဆရာတော် ၊ မြိုင်သာယာဆရာတော် တို့မှ တက်ရောက်လာသော အလှူရှင် ၊စေတနာရှင် ၊နယ်သူ/သားများအား သြ၀ါဒစကားများ၊တရားများအသီးသီးဟောကြားချီးမြှင့်ပေးသည်။

ယနေ့ပြုလုပ်ကျင်းပသော မော်လူးဒေသ ၊ကိုးတိုက်နယ် ဒီပင်္ကရာမဟာစေတီတော် စေတီယံ လေးဆူ ဌာပနာပိတ်ပွဲနှင့် အဘိဓမ္မာအခါတော်နေ့ ဆီမီး(၁)သောင်းပူဇော်ပွဲသို့ နယ်သူ/သားများ စုစုပေါင်း ၃သောင်းကျော်တက်ရောက်ကြပြီး ည(၇း၀၀)နာရီထိုးသည်အထိ အသွားအလာများပြားနေကြောင်း သတင်းရရှိသည်။
#မော်လူးပုံရိပ်