Pages

Tuesday 31 January 2017

ခေါင်းတုံးစီသစ်မှ ဆားမှော်ကြား ရှိ လှည်းကူးတံတားကြီး ကုန်ပိုကားများကြောင့်စတင်ပျက်စီး

1.2.2017ရက်နေ့ 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်

မော်လူးဒေသ

ခေါင်းတုံးစီရွာသစ်မှ ဆားမှော် မော်လူးသို့ သွားသည့်လမ်းမပေါ်ရှိ နန့်မူးချောင်းလှည်းကူးတံတားမှာ ကုန်ပိုကားများ
သစ်မှောင်ခိုကားများကြောင့် စတင်ပျက်စီးနေပါပြီ
တာဝန်ရှိသည့်ပုဂ္ဂိုလ်များအနေဖြင့် မှောင်ခိုကားများကို ဖမ်းဆီးအရေးယူသင့်ပါသည်
သစ်မှောင်ခိုထုတ်လုပ်သူများသည် မိမိကိုယ်ကျိုးအတွက်သာကြည့်သည့်အတွက် ပတ်ဝန်းကျင်ပျက်စီးမှု လမ်းတံတားပျက်စီးမှုတွေကြောင့် ဒေသခံတိုင်းရင်းသားများ နှစ်နာဆုံးရှုံးနေရပါသည်
သက်ဆိုင်သူ လူကြီးမင်းများ မြန်ဆန်မှန်ကန်စွာအရေးယူသင့်လှပါသည်။

#Maw Luu's Images,

Red Heart Images.

၃၁.၁.၂၀၁၇ နေ့ လည် ၃:၃၀ ခန့် က မီးလောင်ရာသို့ ကသာမီးသတ်ကားများ ထွက်ခွာ

၃၁.၁.၂၀၁၇
နေ့ လည် ၃:၃၀ ခန့် က
မီးလောင်ရာသို့ ကသာမီးသတ်ကားများ ထွက်ခွာ
သဖန်းကိုင်း အောက်ဖက် ဘိုကုန်း ဟိန္ဒူ ဘုရားကျောင်း အနီး ကောက်ရိုးပုံ မီးလောင်နေ စိုးရိမ်စရာမရှိ ဟု ကနဦး သိရှိရပါတယ် ။

Photo - Mg Zaw Nyein

Monday 30 January 2017

အငှားယာဉ်မောင်းကိုနေ၀င်းတွင် ကျန်ရစ်ခဲ့သည့် သားသမီးသုံးဦးကို တရုတ်လူမှုရေးနှင့်ဘာသာရေးအဖွဲ့အစည်းခုနစ်ခုက ကျပ်သိန်း ၁၄၀ ထောက်ပံ့ ++++++++++++++++++++++++++++++++++++++++++

အငှားယာဉ်မောင်းကိုနေ၀င်းတွင် ကျန်ရစ်ခဲ့သည့် သားသမီးသုံးဦးကို

တရုတ်လူမှုရေးနှင့်ဘာသာရေးအဖွဲ့အစည်းခုနစ်ခုက ကျပ်သိန်း

၁၄၀ ထောက်ပံ့

+++++++++++++++++++++++++++++++++++++++++++++++

ရန်ကုန်၊ ဇန်န၀ါရီ ၃၀

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် NLD အကြံပေး
ဦးကိုနီသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရချိန်တွင် ၀င် ရောက်
ကူညီပေးရင်း သေဆုံးခဲ့ရ သည့် အငှားယာဉ်မောင်း ဦးနေ၀င်း(ခ) စောကျိဝှား
တွင်ကျန်ရစ်ခဲ့သည့် ကလေးငယ် သုံးဦးအတွက် တရုတ်လူမှုရေးနှင့် ဘာသာရေးအဖွဲ့အစည်းခုနစ်ခု က ထောက်ပံ့ငွေကျပ်သိန်း ၁၄၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

လေဆိပ်တွင် ကွယ်လွန်ခဲ့သည့် မြန်မာပြည်ဖွား တရုတ်မျိုးနွယ်ဖြစ် သူ ကိုနေ၀င်းတွင် ကျန်ရစ်ခဲ့သည့် ကလေးငယ်များကို အဆိုပါအဖွဲ့ အစည်း ခုနစ်ခုမှ တာဝန်ရှိသူများက ပေးအပ်ခဲ့သည့် အဆိုပါလှူဒါန်း ငွေကို မိသားစုကိုယ်စား ကိုနေ၀င်း (ခ) စောကျိဝှား ၏ဖခင်ဖြစ်သူ ဦးမောင်မောင်(ခ)စောဟော့ကျင်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲကို ဇန်န၀ါရီ ၃၀ ရက်ညနေက ရန်ကုန်မြို့ကမ်း နားလမ်းနှင့်စဥ့်အိုးတန်းလမ်းထောင့်ရှိစိန့်ဟုတ် ဗုဒ္ဓဘာသာဘုရားကျောင်း တွင် ပြုလုပ်ခဲ့ရာ ဖူးကျန့်တရုတ်အ မျိုးသားအသင်းကကျပ်သိန်း ၂၀၊ စိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်း မှ ကျပ်သိန်း၂၀၊ တရုတ်ကုသိုလ်ဖြစ် အသင်းမှကျပ်သိန်း၂၀၊ စောမျိုး နွယ်ဘုံကျောင်းမှ ကျပ်သိန်း ၂၀၊ ယူနန်ဘုံကျောင်းမှ ကျပ်သိန်း ၂၀၊ ကောင်းတုန်ကုန် ကုန်သည်ကြီးများ အသင်းက ကျပ်သိန်း၂၀၊ တရုတ် ကုန်သည်ကြီးများအသင်းက ကျပ် သိန်း၂၀ စုစုပေါင်းကျပ်သိန်း ၁၄၀ ကို ကိုနေ၀င်း(ခ) စောကျိဝှား ၏ မိသားစုကိုယ်စား ရန်ကုန်မြို့ လသာမြို့နယ် ၂၂ လမ်း တွင်နေထိုင်သည့် ဦးမောင်မောင် (ခ)စောဟော့ကျင် လက်ခဲ့ရယူခဲ့ ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကိုနေ ၀င်း(ခ) စောကျိဝှား၏ ဖခင်ဖြစ်သူ
ဦးမောင်မောင် (ခ)စောဟော့ကျင်က ""သူ့အနေနဲ့ ဘာမှရည်ရွယ်
ချက်မှမရှိဘဲနဲ့ သာ မန်လူကို ကူညီလိုတဲ့ စိတ်ထားနဲ့ကူ ညီလိုက်တာမှာ မမျှော်လင့်ဘဲတိုင်း ပြည်အတွက် အသက်ပေးသွားတဲ့ ကိစ္စဖြစ်သွားတာပေါ့။ ဖခင်တစ် ယောက်အနေနဲ့ ၀မ်းလည်းနည်း တယ်။ ဂုဏ်လည်းယူတယ်။ ဒါလောက် ပဲပြောနိုင်ပါတယ်"" ဟုဇန်န၀ါရီ ၃၀ ရက်က ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောသည်။
 
ယင်းအပြင် တရုတ်ကုသိုလ် ဖြစ်အသင်းနှင့်စိန့်ဟုတ်ဗုဒ္ဓဘာသာ တရုတ်ဘုရားကျောင်းမှ လည်း ကျန်ရစ်ခဲ့သည့် ကလေးငယ်သုံးဦး ကို လစဉ်ထောက်ပံ့ငွေများ ကူညီပေး သွားမည်ဖြစ်ပြီး တရုတ်လူမှုရေး
နှင့်ဘာသာရေးအဖွဲ့အစည်းခုနစ်ခု က ပေးအပ်ခဲ့သည့် ထောက်ပံ့ငွေ များကိုလည်း ကိုနေ၀င်း(ခ) စောကျိဝှား၏ ဇနီးဖြစ် သူ၏ ခွင့်ပြုချက်ဖြင့် ဖခင်ဖြစ်သူဦး မောင်မောင်(ခ)စောဟော့ကျင်က  ယာယီသိမ်းဆည်းပေး
ထားမည်ဖြစ် ပြီး ကလေးငယ်သုံးဦးထံကိုလည်း ငွေများကို စနစ်တကျ လွှဲပြောင်း ပေးသွားမည်ဟု သိရသည်။

ကိုနေ၀င်း(ခ) စောကျိဝှား၏ ရုပ်ကလာပ်ကို  ဇန်န၀ါရီ ၃၁ ရက် (အင်္ဂါနေ့) မွန့်း လွဲ ၁ နာရီတွင် ကိုနေ၀င်း(ခ) စောကျိဝှား၏ နေ အိမ်ဖြစ်သည့် မင်္ဂလာဒုံမြို့နယ်ကြံ ခင်းစုရပ်ကွက်၊ မြတောင်ညို (၁) လမ်း နေအိမ်မှ
တစ်ဆင့် ရေဝေးသုသာန် သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ် ကြောင်း
သိရသည်။ သေဆုံးသူ ဦး နေ၀င်း(ခ) စောကျိဝှားသည် ရန်ကုန်လေဆိပ်
တွင် ပြေးဆွဲနေသည့် ပျံသန်းသော ပျံ လွှားအငှားယာဉ်လိုင်းမှ အငှားယာဉ် မောင်းတစ်ဦးဖြစ်ပြီး သေဆုံးချိန် တွင် ဇနီးနှင့်သားသမီး သုံးဦးကျန် ရစ်ခဲ့ကြောင်း သိရသည်။

DT
#Democracytoday

တရုတ်လူမှုရေး နှင့်ဘာသာရေးအဖွဲ့အစည်းခုနစ်ခုကလှူန်းသည့်အလှူငွေ

အားကိုနေ ၀င်း(ခ) စောကျိဝှား၏ ဖခင်ဖြစ်သူဦးမောင်မောင်

(ခ)စောဟော့ကျင်ကလက်ခံရယူနေစဉ်
#Edkza

Sunday 29 January 2017

NLD ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရ

NLD ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည်
ယနေ့ (ဇန်န၀ါရီ ၂၉ ရက်) ညနေ ၅ နာရီခန့်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သေနတ်ဖြင့်
ပစ်ခတ် လုပ်ကြံခံခဲ့ရကြောင်း သိရသည်။

ဦးကိုနီသည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံသို့ လေ့လာရေးခရီး လိုက်ပါသွားခဲ့ပြီး ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိ ချိန်တွင် လုပ်ကြံခံခဲ့ရခြင်း ဖြစ်ကာ လုပ်ကြံခဲ့သူကိုလည်း ဖမ်းဆီးရမိထားပြီး ဖြစ်ကြောင်း သိရပါသည်။ #EMG

>> Zin Moe

Friday 27 January 2017

ကုန်းဘောင်ခေတ်ကတည်းက မြန်မာတွေဟာ စင်ကာပူမှာ လာရောက်နေထိုင်ခဲ့ကြ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ကုန်းဘောင်ခေတ်ကတည်းက မြန်မာတွေဟာ စင်ကာပူမှာ လာရောက်နေထိုင်ခဲ့ကြ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

စင်ကာပူရှိ မြန်မာမြို့ နာမည်နဲ့လမ်းတွေရဲ့ သမိုင်းကြောင်းကို ရှာဖွေလေ့လာရင်း ကုန်းဘောင်ခေတ်ကတည်းက မြန်မာတွေဟာ စင်ကာပူမှာ လာရောက်နေထိုင်ခဲ့ကြတယ်ဆိုတဲ့ မှတ်တမ်းတွေကိုပါ ရှာဖွေတွေ့ရှိခဲ့တယ်။
ယနေ့ ကျွန်တော်တို့ တိုပါးယိုးလို့ခေါ်နေတဲ့ ကျောင်းတော်ကြီးကို ၁၈၇၅ မှာ ဘုရားဒကာကြီး ဦးသာနှင်းဆိုသူက Maha Sasana Ramsi (Burmese Buddhist Temple) မဟာသာသနရံသီ (မြန်မာ ဗုဒ္ဓဘာသာ ဘုရားကျောင်း)အမည်နဲ့ စင်ကာပူနိုင်ငံ ကင်တာလမ်းမှာ တည်ထားကိုးကွယ်ခဲ့တာပါ။ ခုဆိုရင် နှစ်ပေါင်း ၁၄၂ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၈၇၈ ရောက်တော့ ဘုရားဒကာဦးသာနှင်းက ဘုရားဒကာ ဦးကျော်ဂေါင်ထံကို ဆက်လက် လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီအချိန်ဟာ သီပေါမင်း နန်းစတက်တဲ့နှစ် ဖြစ်ပါတယ်။
မူလက ဓမ္မာရုံသာသာ ကျောင်းဆောင်တစ်ခုအဖြစ်နဲ့ ကင်တာလမ်းပေါ်မှာတည်ရှိခဲ့ပြီး၊ ၁၉၈၁ ခုနှစ်မှာတော့ စင်ကာပူမြို့ ပြဖွံ့ဖြိုးရေးစီမံကိန်းအရ အာဏာပိုင်တွေက ဖယ်ရှားခဲ့တဲ့အတွက် လက်ရှိတိုပါးယိုးကျောင်းတော်ကြီးနေရာကို ၁၉၈၈ ခုနှစ်မှာ ရောက်ရှိလာခဲ့ပါတယ်။ ၁၉၉၁ မှာတော့ ကျောင်းတော်ကြီးကို တရားဝင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

မဟာသာသနရံသီကျောင်းမှာ ကိန်းဝပ်စံပယ်နေတဲ့ ဆင်းတုတော်ဟာ စကျင်ကျောက်နဲ့ ထုလုပ်ထားတာဖြစ်ပြီး၊ ပြည်ပရောက် စကျင်ဆင်းတုတော်တွေထဲမှာတော့ အကြီးဆုံးဆင်းတုတော် ဖြစ်ပါတယ်။ ဆင်းတုတော်ရဲ့ ဉာဏ်တော်ဟာ ၁၀ ပေခန့် ရှိပါတယ်။ ဦးကျော်ဂေါင်ကိုယ်တိုင် ရွေးချယ်ပေးတဲ့ မန္တလေးစကျင်တောင်ကကျောက်သားကို ယူပြီး ၁၉၁၈ မှာ ထုလုပ်ပူဇော်ခဲ့တာပါ။ ဆင်းတုတော် ထုလုပ်ပြီးတဲ့နောက် မြန်မာပြည်သား ကျားဘန်းပရုတ်ဆီပိုင်ရှင် ဦးအော်ဘွန်ပါရဲ့ အကူအညီနဲ့ ၁၅၅၄ မိုင် ဝေးတဲ့ခရီးကို ကုန်းတစ်တန်ရေတစ်တန်ဖြတ်ကျော်ပြီး စင်ကာပူကိုရောက်အောင် ပင့်ဆောင်လာခဲ့ကြရပါတယ်။
ဒီကျောင်းတော်ကြီးဟာ စင်ကာပူရှိ ထေရ၀ါဒ ဗုဒ္ဓကျောင်းတော်တွေထဲမှာလည်း သက်တမ်းအရှည်ဆုံးကျောင်းတော်ကြီး ဖြစ်ပါကြောင်း လေ့လာသိရှိသမျှ ပြန်လည် ဝေမျှလိုက်ရပါတယ်။

စလုံး Page
(စင်ကာပူနှင့်ပတ်သက်သောဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection

သက်ငယ်မုဒိန်းပပျောက်ရေးလှုတ်ရှားသူများအားအကူအညီတောင်းခံပါသည်။်(၂၂- ၁- ၂၀၁၇)ရက်နေ့က.........

သက်ငယ်မုဒိန်းပပျောက်ရေးလှုတ်ရှားသူများအားအကူအညီတောင်းခံပါသည်။

်(၂၂- ၁- ၂၀၁၇)ရက်နေ့က

မန္တလေးတိုင်း
မိုးကုတ်မြို့နယ်
်ပိန်းပစ်ကျေးရွာမှာ
၎နှစ်အရွယ်မိန်းကလေးကို
အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း
သိရှိရပါတယ်။

မိန်းကလေး၏
ဖခင်မှာအရက်သမားဖြစ်ပြီး
မိခင်ဟာထင်းခုတ်ဖို့တောထဲသွားနေစဉ်
နေအိမ်၌ကစားဖော်နှင့်အတူဆော့ကစားနေခဲပါသည်။

်  နံနက်၁၁နာရီအချိန်ခန့်တွင်
၎င်းတို့နေထိုင်ရာ
အိမ်ရှေ့လမ်းတစ်ဖက်ခြမ်းရှိ
နေအိမ်မှအသက်၇၂နှစ်အရွယ်
အမျိုးသားတစ်ဦးမှ့  ကစားဖော်ကလေးအားမုန်ဝယ်ရန်စေခိုင်းလိုက်ပြီး
၎နှစ်အရွယ်ကလေးငယ်အားအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ထိုအမှုမှာယနေ့အထိအမှုဖွင့်
အရေးယူဆောင်ရွက်ထားခြင်းမရှိ
သေးကြောင်း 
ကလေးမိခင်အားကျေအေးလွှာလက်မှတ်ထိုးခိုင်းမှုရှိနေကြောင်း  
အဆိုပါကျေးရွာသို့ရောက်ရှိကာ
သတင်းယူနေသော
သတင်းထောက်ကျောင်းတော်ရာမောင်ဦးMJAမှဆက်သွယ်ပြောကြားပါသည်။

ယဉ်ယဉ်သိန်းနဘား
၂၈  ၁  ၂၀၁၇

ကျောင်းတော်ရာမောင်ဦး 
ဖုန်း09455983161

28.1.2017ရက်​​နေ့ ​ဂွေ့ကြီးအုပ်​စု ၊နန့်​ရုံ​ကျေးရွာ ပန်းပျိုးလက်​ စာကြည့်​တိုက်​ဖွင့်​ပွဲသို့ အမှတ်​တရစာအုပ်​၊White Board လာ​ရောက်​လှူဒါန်း......

28.1.2017ရက်​​နေ့
ဂွေ့ကြီးအုပ်​စု ၊နန့်​ရုံ​ကျေးရွာ
ပန်းပျိုးလက်​ စာကြည့်​တိုက်​ဖွင့်​ပွဲသို့
အမှတ်​တရစာအုပ်​၊White Board
လာ​ရောက်​လှူဒါန်း......

အင်း​တော်​မြို့မှ ကို​ဌေးနိုင်​လင်း(ခ)​ကိုရွှေပိန်​၊ကိုညီမင်းထက်​(ခ)ကိုသားကြီး တို့မှ
ဂွေ့ကြီးအုပ်​စု ၊နန့်​ရုံ​ကျေးရွာ
ပန်းပျိုးလက်​ စာကြည့်​တိုက်​ဖွင့်​ပွဲသို့ စာအုပ်​များနှင့်​ ကိုမန်းခိုင်​၊ကိုထိန်​​ဟော်​တို့မှ စာကြည့်​တိုက်​တွင်​သုံးရန်​ White Board တစ်​ချပ်​ လာ​ရောက်​ပေးအပ်​လှူဒါန်းကြောင်းသိရသည်​။
#Maw Luu´s Images,
Red Heart Images.

28.1.2017ရက်​​နေ့ ​ဂွေ့ကြီးအုပ်​စု ၊နန့်​ရုံ​ကျေးရွာ ပန်းပျိုးလက်​ စာကြည့်​တိုက်​ဖွင့်​ပွဲ......

28.1.2017ရက်​​နေ့
ဂွေ့ကြီးအုပ်​စု ၊နန့်​ရုံ​ကျေးရွာ
ပန်းပျိုးလက်​ စာကြည့်​တိုက်​ဖွင့်​ပွဲ......

ဂွေ့ကြီးအုပ်​စု ၊နန့်​ရုံ​ကျေးရွာ
ပန်းပျိုးလက်​ စာကြည့်​တိုက်​ဖွင့်​ပွဲအား နံနက်​၉း၀၀နာရီအချိန်​၌ပြုလုပ်​သည်​။

အဆိုပါဖွင့်​ပွဲသို့ အင်း​တော်​မြို့နယ်​ ပြန်​ကြား​ရေး နှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဝန်​ကြီးဌာနမှ မြို့နယ်​ဦးစီးမှူး ဦး​ကျော်​သီဟ တက်​​ရောက်​ဖွင့်​လှစ်​​ပေးသည်​။

ထို့​နောက်​တက်​​ရောက်​လာ​သော ဧည့်ပရိသတ်​များအား နံနက်​စာ ထမင်း၊ မုန့်​ဟင်းခါးတို့ဖြင့်​ ဧည့်​ခံ​ကျွေး​မွေးသည်​။

ဂွေ့ကြီးအုပ်​စု ၊နန့်​ရုံ​ကျေးရွာ
ပန်းပျိုးလက်​ စာကြည့်​တိုက်​ဖွင့်​ပွဲ အခမ်းအနားအစီအစဉ်​များကို နံနက်​ ၉း၃၀အချိန်​တွင်​စတင်​ကျင်းပသည်​။

အစီအစဉ်များမှာ....​တက်​​ရောက်​လာကြ​သော ဧည့်​ပရိသတ်​များမှ နိုင်​ငံ​တော်​သီချင်း သီဆိုခြင်း၊အင်းေ​​တာ်​မြို့နယ်​ ပြန်​ကြား​ရေး နှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဝန်​ကြီးဌာနမှ မြို့နယ်​ဦးစီးမှူး ဦး​ကျော်​သီဟမှ အမှာစကား​ပြောကြားခြင်း၊ဂွေ့ကြီး​ကျေးရွာအုပ်​စု ဥက္ကဌ ဦး​မောင်​ကြည်​ မှ အမှာစကား​ပြောကြားခြင်း၊
ပန်းပျိုးလက်​စာကြည့်​တိုက်​မှူးဦးဝင်းလှိုင်​မှ ​ကျေးဇူးတင်​စကား​ပြောကြားခြင်း၊ထို့​နောက်​ နန့်​ယုံ​ကျေးရွာ ​ကျောင်းသားလူငယ်​များမှ ကဗျာများ ၊စာများကို တစ်​ဦးချင်း၊အဖွဲ့လိုက်​ သီဆို​ဟော​ပြောခြင်းများပြုလုပ်​၍ အခမ်းအနားကို ​နေ့လည်​၁၂း၀၀နာရီအချိန်​တွင်​ ပြီးဆုံး​ကြောင်း သတင်းရရှိပါသည်​။

ယ​နေ့ပြုလုပ်​​သော ဂွေ့ကြီးအုပ်​စု ၊နန့်​ရုံ​ကျေးရွာ ပန်းပျိုးလက်​ စာကြည့်​တိုက်​ဖွင့်​ပွဲ အခမ်းအနားသို့ ​မော်​လူးအုပ်​စုအမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​မှ ပါတီဝင်​များ နန့်​ရုံ​ကျေးရွာ အုပ်​ချုပ်​​ရေးအဖွဲ့များ ၊ရပ်​မိ/ဖ များ ၊ အများပြည်​သူ စုစု​ပေါင်းအင်​အား ၁၅၀​ကျော်​ခန့်​တက်​​ရောက်​​ကြောင်း သိရသည်​။

ညပိုင်းတွင်​ ဂွေ့ကြီးအုပ်​စု ၊နန့်​ရုံ​ကျေးရွာ
ပန်းပျိုးလက်​ စာကြည့်​တိုက်​ဖွင့်​ပွဲ အထိမ်းအမှတ်​ က​လေးသူငယ်​စာဖတ်​ရှိန်ုမြှင့်​တင်​​ရေး စာ​​ပေေ​​ပြာပွဲအား ဆရာရဲသျှမ်းမှ
ဟော​ပြောမည်​ဖြစ်​၍ ကြွ​ရောက်​ကြပါရန်​ ​မော်​လူးပုံရိပ်​မှ ဖိတ်​​​ခေါ်လိုက်​ပါတယ်​ခင်​ဗျာ......

Monday 23 January 2017

"အစိုးရသစ် ဒီမိုကရေစီအာဏာရှင်စနစ်ကို ဦးတည်နေကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌဝေဖန်" ==============================================

"အစိုးရသစ် ဒီမိုကရေစီအာဏာရှင်စနစ်ကို ဦးတည်နေကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌဝေဖန်"
==============================================

(ရန်ကုန်- ဇန်နဝါရီ ၂၃)

အစိုးရသစ် လက်ထက်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးအဖွဲ့တွေ အပြန်အလှန် ထိန်းကျောင်းမှု ယိမ်းယိုင်လာတဲ့ အတွက်ကြောင့်
ဒီမိုကရေစီ အာဏာရှင်စနစ်ကို ဦးတည်လာပြီး တရား ဥပဒေ စိုးမိုးရေးလည်း အားနည်းလာကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးက ဝေဖန်လိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာဆွေးနွေးပွဲ မှာ ဦးသန်းဌေး က အထက်ပါ အတိုင်းပြောကြား ခဲ့တာပါ ။

ဒါ့အပြင် အစိုးရသစ် အနေဖြင့် လူ့အခွင့်အရေးကို ရှေ့တန်းတင်လွန်းတဲ့အတွက် နိုင်ငံသား အခွင့်အရေးနဲ့ နိုင်ငံတော် အခွင့်အရေးတွေ များစွာ ဆုံးရှုံး နစ်နာနေတယ်လို့လည်း သူကဆိုပါတယ်။

"နိုင်ငံတော်နဲ့ နိုင်ငံသား တွေရဲ့ လုံခြုံရေးကိုများစွာ အထောက်အကူပြုတဲ့ ဥပဒေအချို့ကိုဖျက်သိမ်းပြီးဒီဖျက်သိမ်းမှု ကတစ်ဆင့် နိုင်ငံအနှံ့ တောရောမြို့ပါ မျက်နှာစိမ်းများ အလွယ်တကူ အလျင်အမြန် အများအပြားရောက်ရှိခြေကုပ် လာကြတာတွေကို စိုးရိမ်ဖွယ်ရာ တွေ့ရှိလာရပြီဖြစ်ပါတယ်" လို့ ဦးသန်းဌေးက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ စီးပွားရေး ကျဆင်းလာမှုကြောင့် ရာဇဝတ်မှုတွေ ၊ ဥပဒေချိုးဖောက်မှုတွေ တိုးတက် လာကြောင်း၊ အစိုးရသစ် လက်ထက်မှာ " နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ" သက်ဝင် လှုပ်ရှားမှု လုံးဝ မရှိဘဲ အဖွဲ့အစည်းတွေ ဖန်တီး အစားထိုးတဲ့ လုပ်ရပ်တွေ ပေါ်ပေါက်လာကြောင်း သူကပြောပါတယ် ။

"အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်လို့ အငြင်းပွား နေကြတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေ အပါအဝင် အခြားအငြင်းပွားဖွယ် ဥပဒေတွေ ပြဌာန်းပြီး စီမံခန့်ခွဲ လာတာကို တွေ့ရပါတယ်။ အခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီရဲ့ သက်ဝင် လူပ်ရှားမှု လုံးဝမရှိဘဲ အဖွဲ့အစည်း တွေ အစားထိုးတဲ့ လုပ်ရပ်တွေ ပေါ်ပေါက် လာတာကို တွေ့ရပါတယ်" လို့ ဦးသန်းဌေး ကဆိုပါတယ်။

ပြည်ခိုင်ဖြိုး ပါတီရဲ့ နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ကို ညနေ လေးနာရီ အထိ ဆက်လက်ကျင်းပမှာဖြစ်ပါတယ် ။

သတင်း -လင်းဟိန်း
ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)
ဟိန်းထွဋ်ခေါင်

Sunday 22 January 2017

ပညာရေးဝန်ထမ်းများ ဖတ်ကိုဖတ်ထားသင့်ပါသည်။ ============================

ပညာရေးဝန်ထမ်းများ ဖတ်ကိုဖတ်ထားသင့်ပါသည်။
============================

ကျောင်းထောက်ပံ့ကြေးဆိုတာဘာလဲ?
~~~~~~~~~~~~~~~~~~

ဘယ်လဲ?
ဘယ်လိုလဲ?
ဆီးသီးဗန်းလား?
ဂွေးသီးမရမ်းလား?
ဘယ်လို ဘယ်ပုံ ဘာညာ စိတ်ဝင်စားပါသလား?
အချိန်အနည်းငယ် ပေးရပါလိမ့်မည်။

ကျောင်းထောက်ပံ့ကြေး အစီအစဉ် (School Grant Program)

ကျောင်းထောက်ပံ့ကြေး အစီအစဉ်ဆိုသည်မှာ ကမ္ဘာ့ဘဏ်မှ (အတိုးမဲ့) ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၊ AusAID Multi-Donor Trust Fund (MDTF) မှ အမေရိကန်ဒေါ်လာသန်း ၂၀၊ စုစုပေါင်း ဒေါ်လာသန်း ၁၀၀ ဖြင့် အခြေခံပညာကျောင်းများကို ငွေကြေးထောက်ပံ့ပေးသည့် အစီအစဉ် ဖြစ်ပါသည်။ ၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ ၂၀၁၇-၁၈ ထိ ၄ နှစ် ထောက်ပံ့ပေးမည့် အစီအစဉ်ဖြစ်သည်။
*ပညာရေးတိုးတက်ပြောင်းလဲလာမည်ဆိုရင် ကမ္ဘာ့ဘဏ်က အကြွေးလျှော်ပေးမည်ဟု သိရပါသည်။ (ရဲဘော်တွေ ကြိုးစားကြပါစို့)

ကျောင်းထောက်ပံ့ကြေး ဘယ်လောက်ရလဲ ?

ကျောင်းသား အရေအတွက်ပေါ်မူတည်၍ ကျောင်းထောက်ပံ့ကြေးကို ခွဲဝေရရှိပါသည်။ တစ်ကြိမ်တည်း အကုန်မပေးပဲ (၂ ကြိမ်ခွဲ၍) တစ်ဝက်စီ ခွဲဝေပေးပါမည်။
မူလတန်း၊ မူလွန်၊ လခွဲနှင့် အလယ်တန်းကျောင်းများသည် အောက်ပါအတိုင်း ခွဲဝေရရှိပါသည်။

ကျောင်းသား ၅၀ အောက်= ၄ သိန်း
                 ၅၁-၁၀၀  =  ၈ သိန်း
                ၁၀၁-၂၀၀ =  ၁၀ သိန်း
                ၂၀၁- ၃၀၀ =  ၁၂ သိန်း
                ၃၀၁- ၄၀၀ =  ၁၄ သိန်း
                 ၄၀၁- ၅၀၀ =  ၁၆ သိန်း
                 ၅၀၁- ၇၀၀ =  ၁၈ သိန်း
                ၇၀၁- ၉၀၀. = ၂၂ သိန်း
               ၉၀၁- ၁၁၀၀ = ၂၆ သိန်း
              ၁၁၀၁- ၁၅၀၀ = ၃၀ သိန်း
               ၁၅၀၁ -၂၀၀၀ = ၃၄ သိန်း
             ၂၀၀၁ -၂၅၀၀ = ၃၈ သိန်း
          ၂၅၀၁ မှအထက် = ၄၂ သိန်း

အထက ခွဲ နှင့် အထက်တန်းကျောင်းများကိုတော့ အောက်ပါအတိုင်းတွက်ချက် ထုတ်ယူရရှိပါသည်။

(ကျောင်းသားဦးရေ × ၅ ထောင်) + ၅ သိန်း ဖြစ်ပါသည်။
ဥပမာ ကျောင်းသား ၅၀၀ ရှိပါက (၅၀၀×၅၀၀၀)+၅၀၀၀၀၀= သိန်း ၃၀ ဖြစ်ပါသည်။

*ပြီးခဲ့သည့် စက်တင်ဘာလ ကျောင်းသားဦးရေဖြင့် တွက်ချက်ရမည်။ ဖော်ပြပါ ငွေပမာဏများသည် တစ်နှစ်စာ ဖြစ်သည်။ နှစ်ကြိမ်ခွဲ၍ တစ်ဝက်စီချထားပေးမည်။

ဘယ်သူက၊ ဘယ်လိုထုတ်မှာလဲ ?

ကျောင်းအုပ်ကြီးက မြို့နယ်ပညာရေးမှူးရုံးမှ ထုတ်ယူပါမည်။

ဘယ်သူက တာဝန်ယူပြီးသုံးစွဲမှာလဲ?

ကျောင်းထောက်ပံ့ကြေး ကော်မတီက တာဝန်ယူ သုံးစွဲပါမည်။
ကျောင်းထောက်ပံ့ကြေး ကော်မတီတွင် ကျောင်းအုပ်ကြီးက ဥက္ကဌ ဖြစ်သဖြင့် ကျောင်းအုပ်တွင်သာ အဓိက တာဝန်အရှိဆုံးဖြစ်သည်။ ဆိုလိုသည်မှာ ကျောင်းအုပ်ကြီးက ငွေကိုင်သုံးစွဲသူဖြစ်သောကြောင့် ပြဿနာအရှုပ်အရှင်း ပေါ်ပေါက်ပါကလည်း ကျောင်းအုပ်ကြီးကသာ တာဝန်ခံရပါမည်။ (အချို့ဒေသများတွင် ရပ်ရွာလူကြီးများက တာဝန်ယူ ထိန်းသိမ်းမည် ဟူ၍ ပြဿနာတက်ကြကြောင်း ကြားသိရပါသည်။ ကျောင်းထောက်ပံ့ကြေးကော်မတီမှ လွဲ၍ မည်သည့် အရပ်ဖက်၊ အစိုးရ အဖွဲ့အစည်းမှ တာဝန်ယူထိန်းသိမ်းခြင်း မပြုရပါ။ ကျောင်းအုပ်ကြီးများကလည်း မိမိတာဝန်ယူထားသော ငွေကြေးများဖြစ်သဖြင့် အမိုက်ခံ၍ အခြားသူများကို လွှဲပေးရိုးထုံးစံမရှိပါ။)

ကျောင်းထောက်ပံ့ကြေးကော်မတီ ဘယ်လို့ဖွဲ့ ?

ကျောင်းအုပ်က ဥက္ကဌ ဖြစ်ပါသည်။ ကျန်အဖွဲ့ဝင်များကတော့
ရပ်/ကျေး ဥက္ကဌ ၁ ဦး
ကျောင်းအကျိုးတော်ဆောင် ၂ ဦး
မိဘဆရာအသင်းမှ ၂ ဦး
တိုင်းရင်းသားကိုယ်စားလှယ် (သို့) အရပ်ဖက်လူမှုအဖွဲ့အစည်း NGO ၁ ဦး
အတွင်းရေးမှူး ၁ ဦး
မူလတန်းကျောင်းများတွင် ဆရာ/မ ကိုယ်စားလှယ် ၁ ဦး
အလယ်တန်းကျောင်းများတွင် ဆရာ/မ ကိုယ်စားလှယ် ၅ ဦး
အထက်တန်းကျောင်းများတွင် ဆရာ/မ ကိုယ်စားလှယ် ၇ ဦး တို့ဖြစ်ပါသည်။
*(NGO ဟုဆိုသော်လည်း မီးသတ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကဲ့သို့ အစိုးရနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများလည်း ရပါသည်)

ဘယ်လိုသုံးမှာလဲ? ကျောင်းအုပ်က ဥက္ကဌဆိုတော့ သူသုံးချင်ရာ သုံးမှာလား ?

မရပါ။
ကျောင်းထောက်ပံ့ကြေးကို ခေါင်းစဉ် ၁၂ ခု ခွဲ၍ အသုံးပြုရပါမည်။ ခေါင်းစဉ် ၁၂ နှင့် အကျုံးမဝင်သောနေရာများတွင် သုံးစွဲခွင့်မရှိ။ ခေါင်းစဉ် ၁၂ ရပ်အတွင်းက သုံးစွဲရာတွင်လည်း သုံးစွဲသမျှကို ကော်မတီဝင်များအား အသိပေးရှင်းလင်းတင်ပြရပါသည်။ ပွင့်လင်းမြင်သာမှု အားနည်းရင် အတိုင်ခံရမည်။ သဘောထားမတိုက်ဆိုင်သည့် ဆုံးဖြတ်ချက်များကို မဲခွဲဆုံးဖြတ်နိုင်သည်။ ကျောင်းအုပ်သဘောတစ်ခုတည်းမရပါ။ ကော်မတီ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။ (ကျောင်းအုပ်သည် ဥက္ကဌဖြစ်ရာ လုပ်ပိုင်ခွင့် အရှိဆုံးသူဖြစ်သည်ကိုတော့ သတိပြုပါ)

ဘတ်ဂျက်ခေါင်းစဉ် ၁၂ ခုမှာ -
၀၂၀၁ ပြည်တွင်းခရီးစရိတ်
၀၃၀၁ လုပ်အားခ
၀၃၀၃ ငှါးရမ်းခ
၀၃၀၄ သယ်ယူပို့ဆောင်ခ
၀၃၀၅ ရုံးအသုံးအဆောင်
၀၃၀၇ တံဆိပ်ခေါင်း တယ်လီဖုန်း
၀၃၀၈ လျှပ်စစ်ဓာတ်အားခ
၀၃၀၉ သတင်းစာ စာနယ်ဇင်း
၀၃၁၃ လုပ်ငန်းသုံး
၀၃၁၄ အစားအစာ ဧည့်ခံစရိတ်
၀၃၂၅ ပြပွဲပြိုင်ပွဲ
၀၄၀၉ အခြား တို့ဖြစ်ပါသည်။

သတိပြုရန်
-ကျောင်းထောက်ပံ့ကြေး ကော်မတီ အစည်းအဝေးကို အနည်းဆုံး ၃ ကြိမ် ပြုလုပ်ရမည်။
-ပွင့်လင်းမြင်သာမှု ရှိရမည်။ ရ/သုံး ငွေစာရင်းကို ကော်မတီဝင်များ၊ ဆရာ/မများကို ရှင်းလင်းတင်ပြရပါမည်။
-ဘောက်ချာတစ်ရွက်လျှင် ၂ သိန်းထက် မပိုရပါ။ ပိုလျှင် အခွန်ဆောင်ရမည်။ ကမ္ဘာ့ဘဏ်ပိုက်ဆံများကို အခွန်မဆောင်စေလိုသောကြောင့် ဖြစ်သည်။ (ထို့ကြောင့် computer ကဲ့သို့ ပစ္စည်းကြီးကြီးမားမား ဝယ်မရပါ။ ကျောင်းအုပ်အများစု ထောက်ပြကြသော အားနည်းချက်ဖြစ်ပါသည်။)
-ပြည်တွင်းခရီးစရိတ်သည် စုပေါင်းရငွေ၏ ၃%ခန့်သာ ဖြစ်သင့်သည်။ ၅%ထက် မကျော်စေရန် မှာကြားထားပါသည်။

Credit- သင်ထောက်ကူများစုဝေးရာ

ဓာတ်ပုံ.. ကိုယ့်ပုံ