Pages

Wednesday 30 September 2015

အ​ရွေ့အ​ရွေ့ဘယ်​လို​ရွေ့

ရောက်​တတ်​ရာရာအ​တွေးများ
         
       တခါတ​လေပျင်းပျင်းရှိရင်​​တွေး
မိတတ်​တယ်​။
      အ​ပြောင်းအလဲကိုလိုချင်​လို့
NLD ကိုအနိုင်​ရ​စေချင်​​တယ်​။
ဒါ​ပေမဲ့တခါတ​လေ​ပေါ့ နိုင်​ပြီးအစိုး
ရမဖွဲ့​စေချင်​ပြန်​ဘူး။ဘာဖြစ်​လို့ဆို
၂၀၁၅အလွန်​အစိုးရအတွက်​စိန်
ခေါ်မှု​တွေကကြီးမားလှတယ်​။
      ဒီ​နေ့ရဲတွေနှင့်​ဒီ​နေ့ဥပ​ဒေဘယ်
လိုမှတရားဥပ​ဒေစိုးမိုး​ရေးဖြစ်​မလာ
နိုင်​ဘူး​လေ။၂၀၀၈ဥပ​ဒေနှင့်​ဒီ​နေ့
စစ်​တပ်​အာဏာဖက်​တွယ်​လိုမှု​ကြောင့်​အမျိုးသားရင်ြ​ကား​စေ့​ရေး
ဘယ်​လိုဖြစ်​လာနိုင်​မလဲ။
      အ​ထွေ​ထွေကျပ်​တည်း​တွေများ
လွန်းလှတို့နိုင်​ငံဘယ်​သူကယ်​မ
နိုင်​မလဲ။လက်​ရှိအစိုးရနှင့်​​တော့ခု
ငါးနစ်​တာပုံမျိုးနဲ့​တော့အဆင်​မ​ပြေ။
     လက်​ရှိအစိုးရအလုပ်​မလုပ်​ဘူး
လား။လုပ်​ပါတယ်​။ဒါ​ပေမဲ့ပြည်​သူ​တွေ​မျှော်​ထားသလိုမျိုးဖြစ်​မလာဘူး။
လာဘ်​​ပေးလာဘ်​ယူမှု​တွေပိုမိုများ
လာတယ်​။ဒါ​ကြောင့်​မူးယစ်​​ဆေး
သုံးစွဲသူ​တွေများလာတယ်​။
       အို....ဖြစ်​ပျက်​မှု​တွေကမဖြစ်​သင့်
တာ​တွေကြီးပါပဲ။လက်​ရှိတာဝန်
ထမ်း​ဆောင်​​နေကြတဲ့ဝန်​ထမ်း​တွေ
စိတ်​ဓာတ်​​တွေမ​ပြောင်းလဲသ၍
တော့မြန်​မာပြည်​ပြန်​လည်​ထူ​ထောင်​ဖို့ဆိုတာခက်​​နေအုံးမှာပါ။
       ဘဝအ​မော​တွေ​ပြေကြပါ​စေ
                          ဘဝခရီးသည်

Friday 25 September 2015

မှုခင်း




ဖဲကြိုးစိမ်းလှုပ်​ရှားမှု

ပညာရေး ၀န်ကြီးဌာနသို့ တပ်မတော်မှ အသွင်ကူးပြောင်းလာသည့် အရာထမ်းများ ထပ်မံရောက်ရှိ မလာစေရေး အတွက် ဖဲကြိုးစိမ်း လှုပ်ရှားမှုဖြင့် ဆရာ၊ ဆရာမများ သဘောထားဆန္ဒ ထုတ်ဖော်မည်

ပညာရေး ၀န်ကြီးဌာနသို့ တပ်မတော်မှ အသွင်ကူးပြောင်း ရောက်ရှိလာသည့် အရာထမ်းများ ထပ်မံရောက်ရှိ မလာစေရေးအတွက် ဖဲကြိုးစိမ်း လှုပ်ရှားမှုဖြင့် ဆရာ၊ ဆရာမများ သဘောထားဆန္ဒ ထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။  

အဆိုပါ ဖဲကြိုးစိမ်း လှုပ်ရှားမှုဖြင့် သဘောထားဆန္ဒ ထုတ်ဖော်ပြသမှုများကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း လူမှုကွန်ရက် စာမျက်နှာများ ပေါ်တွင်လည်း စတင်ဆန္ဒထုတ်ဖော် ပြသနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများ အဖွဲ့ချုပ်မှ သိရသည်။

“ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပရင်းနဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို တစ်ပြိုင်တည်း စတင်ဆောင်ရွက်မှာပါ။ စတဲ့နေရာတွေတော့လည်း စနေကြပါပြီ။ အဓိကဖြစ်နေတာက အဆင့်မြင့်မှာ ဖြစ်တာထက် အခြေခံမှာ များပါတယ်။ အခြေခံမှာ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ တိုင်းပညာရေးမှူးတို့လို အဆင့်တွေမှာ တော်တော်များများ ရောက်လာတယ်။ အဲဒီအတွက် အခြေခံက ဆရာ၊ ဆရာမတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို လှမ်းအကူအညီ တောင်းပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အားလုံးဝိုင်းပြီး ဆန္ဒထုတ်ဖော် ကြမှာပါ။ ကျွန်တော်တို့ အနေနဲ့ အများကြီးတော့လည်း မမျှော်လင့်ထားပါဘူး။ စဖြစ်တာက အခြေခံမှာ ဖြစ်တယ်ဆိုပေမယ့် အခြေခံက ဆရာ၊ ဆရာမတွေက အကြောက်တရား အများကြီးနဲ့ ရင်ဆိုင်နေရတယ်။ အပြောင်းအရွှေ့ တာဝန်တွေက မြို့နယ်အဆင့်လောက် အထိကို ခွဲပေးထားတာပါ။ အဲဒီခွဲပေးထားတဲ့ တာဝန်ကို ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ Decentralization ပေါ့။ အကုန်လုံးကို ဗဟိုက တိုက်ရိုက်မချုပ်ထားဘူး ဆိုပေမယ့် လုပ်ပိုင်ခွင့်ကို လွဲသုံးစားလုပ်ပြီးတော့ အရေးကိစ္စတွေ ဆောင်ရွက်တဲ့ ဆရာ၊ ဆရာမ တွေကို နယ်ပို့ပစ်လိုက်တာမျိုးတို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ခြိမ်းခြောက်တာမျိုးတွေ လုပ်လာမှာ စိုးလို့ပါ။ ဆရာ၊ ဆရာမ အများစုက ဒီလိုမျိုးလှုပ်ရှားမှုတွေ လုပ်ရမှာကို စိုးရိမ်နေတာ မျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူပါပါ မပါပါ ကျွန်တော်တို့  ဆရာများ အဖွဲ့ချုပ်ကနေ လုပ်ကြပါမယ်။ ဆရာများ အဖွဲ့ချုပ် အဖွဲ့ဝင် ဆရာ၊ ဆရာမတွေက ဖဲကြိုးစိမ်းကို တပ်ဆင်ပြီး ကမ်ပိန်းလုပ်ကြပါမယ်။ ဒါက ပထမအဆင့် လှုပ်ရှားမှုပေါ့။ အဲဒီအဆင့်ပေါ် မူတည်ပြီးတော့ နောက်အဆင့်တွေကို ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ကြမှာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က ဆိုသည်။

ယခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို မန္တလေးမြို့၊ ၈၄ လမ်းရှိ ဓမ္မသာလ ဓမ္မာရုံတွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်၌ အဖွဲ့ဝင် လေးထောင်ကျော် ရှိကြောင်း သိရသည်။      

သတိထားကြ​စေရန်

မြောင်းမြတွင် NLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်သို့ လိုက်ပါသော လူငယ်တစ်ဦးကို လူသုံးဦးက ရိုက်နှက်၍ သုသာန်အတွင်း ပစ်ထားခဲ့မှု ဖြစ်ပွား
မြောင်းမြမြို့ တောင်ကလေး ကျေးရွာအုပ်စု သစ်စိမ့်ကုန်းကျေးရွာတွင် စက်တင်ဘာ ၂၃ ရက်က ကျင်းပသော NLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို လိုက်ပါပို့ဆောင်သည့် ပါတီဝင်လူငယ်တစ်ဦးကို လူသုံးဦးက လမ်းခရီးတွင် ပါတီအလံအား လုယူရိုက်ချိုး၍ လူအားသတိလစ်စေသည်အထိ ရိုက်နှက်ကာ သုသာန်အတွင်း ပစ်ထားမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သစ်စိမ့်ကုန်းကျေးရွာ၌ ပြုလုပ်သော NLD ပါတီ၏ ဟောပြောပွဲသို့ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား လမ်းပြလိုက်လံ ပို့ဆောင်သော သစ်စိမ့်ကုန်း ကျေးရွာနေ မောင်နေမျိုးဟိန်း (ဘ) ဦးမောင်လှဌေး (အသက် ၂၃ နှစ်) မှာ ကိုယ်စားလှယ်လောင်းများအား ဟောပြောပွဲ အပြီးတွင် မြို့သို့ လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း၊ ကျေးရွာသို့ အပြန် ပိန္နဲကုန်းကျေးရွာ ကူးတို့ဆိပ်အရောက်တွင် ဦးရွှေမောင်၊ ကွိကွိ၊ ဇော်မျိုးတို့ သုံးဦးက မောင်နေမျိုးဟိန်း ကိုင်ဆောင်ထားသော NLD ပါတီအလံအား မင်းတို့အလံက ကျက်သရေ မရှိဘူး ပြောဆိုကာ အလံအား ဆွဲယူ၍ နင်းချေ ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ဦးရွှေမောင်တို့ သုံးဦးက မောင်နေမျိုးဟိန်းအား ၀ိုင်းဝန်း ရိုက်နှက်ကြပြီး မောင်နေမျိုးဟိန်း သတိလစ် မေ့မြောသွားရာတွင် ဆိုင်ကယ်ပေါ်သို့တင်၍ ရွာဆိုးချောင်း သုသာန်တွင် သွားရောက် ပစ်ထားခဲ့ကြောင်း၊ မောင်နေမျိုးဟိန်းသည် သတိ ပြန်လည်ရရှိပြီးမှ ကျေးရွာသို့ ပြန်လည် လာရောက်နိုင်ခဲ့ပြီး မိဘများမှ မြောင်းမြဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။

“ပုံမှန်ရန်ပွဲတစ်ခု မဟုတ်ဘူး ပါတီရဲ့ အလံကိုပါ နင်းချေ ဖျက်ဆီးတယ် ၊ အရိုက်ခံရသူဟာ ပါတီဝင် တစ်ဦးလည်းဖြစ်နေတယ်၊ ဒါကြောင့် ရုံးဖွင့်ပြီဆိုတာနဲ့ ကော်မရှင်ကို တရားဝင် တိုင်ကြားစာပို့မယ် လိုအပ်မယ်ဆို တရားရုံးကို ဦးတိုက်လျှောက်ထားမယ်” ဟု  မြောင်းမြ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြောင်းမြရဲစခန်းက ပုံမှန်မှုခင်းဖြစ်စဉ် အဖြစ် (ပ) ၂၉၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၂၅ဖြင့် အမှုဖွင့် အရေးယူထားပြီး ကျူးလွန်သူဟု စွပ်စွဲခံထားရသူ သုံးဦးအား အာမခံ ပေးထားကြောင်း သိရသည်​။





အောင်​နိုင်​​ရေးခရီးစဉ်

&ရောက်တတ်ရာရာ အတွေးများ&
    ~~~~~~~~~~~~~~~~~
      #Maw Luu´s Images ၂၄.၉.၂၀၁၅. ရက်နေ့NLDအဖွဲ့ဝင်
များစီးမော်အုပ်စုစီပိန်း၊ညောင်ပင်သာ
စီးမော်၊မန်ကျည်းကုန်းကျေးရွာတို့
တွင်၂၀၁၅အေ
ထွထွေရွေးကောက်
ပွဲအတွက်မဲဆွယ်စည်းရုံးရင်းမဲပေး
ခြင်းဆိုင်ရာအသိပညာများတအိမ်
တက်ဆင်းလိုက်လံဝေငှကြသည်။
        ကသာ၊အင်တော်အဖွဲ့ချုပ်အဖွဲ့
ဝင်များနှင့်ရပ်ကျေးအဖွဲ့ဝင်များပူး
ပေါင်းလိုက်ပါပြီးနေပူကျဲကျဲတွင်
ပြည်သူတို့အနာဂတ်ဖွံ့ဖြိုးသာယာ
ရေးမျှော်တွေးပြီးမမောမပန်းတအိမ်
တက်ဆင်းစည်းရုံးခဲ့ကြသည်။
၂၅ရက်ဒီနေ့ပုန်းဟုန်၊စဥ့်ခိုး၊
တောင်ဖီလာ၊ဥသျှစ်ကုန်းကျေးရွာ
များသို့သွားရောက်မဲဆွယ်စည်း
ရုံးမည်ဟုသိရသည်။
    ဘဝအမောတွေပြေကြပါစေ
                          ဘဝခရီးသည်

Tuesday 22 September 2015

တစ်​ပတ်​ရစ်​နှလုံးသားနဲ့လူ

"
တစ်ပတ်ရစ်နှလုံးသားနဲ့လူ"
မျှော်လင့်ပါရစေလေ......
နှလုံးသားရှိသူတိုင်း
အချစ်နဲ့ဆုံတွေ့ခွင့်ရချင်တာ
မင်းတစ်ယောက် နားလည်ပါ.......

အခါခါရှူံးနိမ့်ဖူးသူတစ်ယောက်မို့လဲ
အသဲကွဲတယ်ဆိုတာ
ရင်းနှီးပြီးသားပါ........

မင်းဝင်လာမယ်ဆို
ကိုယ့်ရင်ခွင်တံခါး ဖွင့်လို့ကြိုမယ်.........

အပိုတွေမဆိုဘူး မေ.....
ခိုဝင်လာမဲ့နေ့ကို
စောင့်လိုကြိုနေတယ် ဆိုတာ.........

ငါ့အချစ်စစ်တလင်းမှာ........
ခံတပ်မရှိပေမဲ့
အချစ်စစ် တို့နဲ့.......
နံပါတ်တစ်နေရာက ချစ်မဲ့
"တစ်ပတ်ရစ်နှလုံးသားနဲ့လူ"ပါ........။

မ​ဖြောင့်​ဖြူး​သော ခရီး

&ရောက်တတ်ရာရာ အတွေးများ&
        #Maw Luu´sImages
ဖွံ့ဖြိုးမှုအားနည်းလှသည့်ကျေး
လက်ဒေသများတွင်တစ်ရွာနှင့်တစ်
ရွာအနည်းဆုံး ၃.၄ မိုင်မျှဝေးကွာ
ပေသည်။
          ထိုအထဲတွင်သနားစရာ
ကောင်းသည်မှာ၅တန်း၆တန်းကျောင်းသားကျောင်းသူများဖြစ်
သည်။ထိုကလေးများသည်၃.၄မိုင်
ဝေးသောအလယ်တန်းကျောင်းရှိရာ
သို့သွားကြရသည်။
          တားဖလာရွာမှကလေးများ
သည်၃..၄မိုင်မျှဝေးလံသောခိုချယ်
ကျေးရွာရှိအလယ်တန်းကျောင်းသို့
သွားတက်ကြရသည်။
         ထိုကဲ့သို့ပင်နားဖာမှကလေး
များသည်လည်း၂မိုင်ကျော်၃မိုင်မျှ
ဝေးသောကွငိးငို့ရွာကျောင်းသို့သွားရောက်သင်ကြားကြရသည်။
    ဘဝအမောတွေပြေကြပါစေ
                      ဘဝခရီးသည်

Monday 21 September 2015

သမိုင်းတရာခံ

&ရောက်တတ်ရာရာ အတွေးများ&
    ~~~~~~~~~~~~~~~~~
           သမိုင်းတရားခံ
        ၂၀၁၅ဟာမြန်မာ့အပြောင်း
အလဲကိုမြင်တွေ့ရမဲ့ခုနှစ်ပဲ။ပြည်သူ
ပြည်သားတွေတကယ့်ကိုမျှော်လင့်
ခဲ့ကြတယ်။အပြောင်းအလဲအတွက်
စိတ်အားထက်သန်ခဲ့ကြတယ်။
       သို့သော်မျိုးစောင့်ကြောင့်တွေ
ဝေသွားစေခဲ့တယ်။ခုတော့မျိုးစောင့်
ချစ်သူတွေဝမ်းသာသွားကြပြီ။
   မြန်မာပြည်မှာတရားဥပဒေစိုးမိုး
မှုမရှိဘူး။ဒါကိုမမေ့ဖို့တော့လိုလိမ့်
မယ်။တရားဥပဒေစိုးမိုးရေးမကောင်း
ရင်ဘယ်ဥပဒေမှသက်ရောက်မှုမရှိ
ဘူး။ဥပဒေစိုးမိုးမှုရှိလာအောင်စနစ်
တစ်ခုကိုပြောင်းကိုပြောင်းမှဖြစ်လိမ့်
မယ်။
         အရှင်ဘုရားတို့မြန်မာပြည်က
အရှင်တို့ရဲ့ဒါယကာဒါယိကာမတွေ
အထွေထွေအကျပ်အတည်းနဲ့ကြုံ့
တွေ့နေရပါတယ်။အရှင်တို့လိုချင်တဲ့
မျိုးစောင့်ရပါပြီ။အပြောင်းအလဲ
အတွက်မျှော်လင့်ခဲ့ပြီးခုချိန်မှာတွေ
ဝေနေကြတဲု့ပြည်သူပြည်သားတွေ
အတွက်အရှင်တို့ဘာလုပ်မလဲ။
       ၂၀၁၅မှာအပြောင်းအလဲအချိုး
အကွေ့ကိုမမြင်ရရင်တော့အရှင်ဘုရား
တို့သမိုင်းတရားခံဖြစ်လိမ့်မယ်။
ပြည်သူပြည်သားတွေအတွက်သနားသဖြင့်မျိုးစောင့်ကိုတောင်း
ဆိုခဲ့ကြတဲ့အရှင်တို့အထွေထွေ
အကျပ်အတည်းနင့်နစ်ပေါင်းများစွာ
ကြုံ့နေရတဲ့မြန်မာပြည်သူပြည်သား
တွေရဲ့ဒုက္ခအဖုံဖုံပြေလျော့အောင်
တွေဝေနေတဲ့စိတ်တွေကိုထက်သန်
လာအောင်လုပ်ဖို့မလိုဘူးလား။
         သမိုင်းမရိုင်းအောင်စိုင်းပြင်း
သင့်ပါပြီဘုရား။
ဘဝအမောတွေပြေကြပါစေ
        ကန်တော့ရိုကျိုးလက်စုံမိုး၍
                          ဘဝခရီးသည်

ဝေး​ဝေးကပဲ ချစ်​ မဲ့သူ

"​ဝေး​ဝေးက ချစ်​မဲ့သူ"

အချစ်​တစ်​ခုကို
ပိုင်​ဆိုင်​မှုအ​တွက်
လုတယ်​လို့ မထင်​လိုက်​နဲ့..............

ဝေးရမယ်ဆိုတာ
အစကတည်းက သိ​ရင်
ငါ့ဘ၀ထဲ နင်​၀င်​မလာနဲ့​​​လေ.............

ခွဲခွာခြင်း​နောက်​မှာ
လွှမ်းကျန်​ခဲ့သူ မဖြစ်​လိုပါ.................

အချစ်​ဆိုတာလဲ
ရယူခြင်းမှ မဟုတ်​ပဲ....................

မင်း​ပျော်​​နေရင်ပဲ
ကျေနပ်​စွာနဲ့​ ​နေတတ်​သူပါ..............

မဖြစ်​နိုင်​တဲ့ဘ၀မှာ
မျှော်​လင့်​ချက်​တို့ မျိုသိပ်​လို့
အလွှမ်းကု​ဋေကုဋာနဲ့
ကျေနပ်​စွာ
ဝေး​ဝေးကပဲ ချစ်​​နေမှာပါ.................။

Sunday 20 September 2015

ဖုန်းသုံးသူများအတွက်​နည်းလမ်းများ

Android ဖုန်း User များသတိပြုသင့်သော အချက် (၉) ချက်

ကျွန်တော့် android သက်တမ်း ကြုံသမျှ ဆောင်ရန်ရှောင်လေးတွေပါ။ စေတနာ တစ်ခုတည်းနဲ့ မသိသေးသော android user ကိုကို မမ သူငယ်ချင်းများ အတွက် ရည် ရွယ်ပါတယ်။ ကျွန်တော့် အကြံပြုချက်လေးတွေသာ အသုံးတည့်သွားရင် ကျေနပ်ပါ တယ်။ သူငယ်ချင်းတို့ရဲ့ ယူဆချက်လေးတွေကိုလည်း comment ပေးခဲ့ကြပါ။
- 1. မိမိတို့ ဖုန်းမှာ USB Debugging ကိုအမြဲ ဖွင့်ထားပါ။ Gingerbread(2.3.X) နဲ့ အောက်ပိုင်း version တွေဆိုရင် Setting>application>development ထဲမှာ usb debugging ကို check box - On ထားပြီး ဖွင့်ထားရပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x) တွေဆိုရင် Setting>Developer options ထဲမှာ usb debugging ကို check box-On ပြီ ဖွင့်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတော်တဆ ကျွန်တော်တို့ရဲ့ android ဟာ အကြောင်းအမျိုးမျိုးကြောင့် firmware ကျသွားမယ်…ဒါမှမဟုတ် patte rn/pin/password lock တစ်ခုခုကျသွားမယ်ဆိုရင်ပြသနာပြန်လည်ဖြေရှင်းတဲ့အခါ ဆိုင်မှာပဲ သွားလုပ်လုပ်၊ ကိုယ့်ဟာကိုယ်ပဲ လုပ်လုပ် အဲဒီ usb debugging ကိုဖွင့်ထား တဲ့ အတွက် ကွန်ပျူတာမှာ detect သိနိုင်ဖို့အကြောင်းတစ်ခုဖြစ်လို့ လွယ်လွယ်ကူကူ ပြသနာကိုဖြေရှင်းနိုင်မှာပါ။
***stay your usb debugging always ON cause you can get detection your android with computer easily when you lost your firmware or security lock.

- 2. မိမိဖုန်း ဘက်ထရီ ကို အမြဲတမ်း charging power 30% ထက်မနည်းထားပေးပါ။ ဖုန်း ကို charging အကုန်သုံးတတ်တာကို ရှောင်ပေးပါ။ charging loss ကြိမ်ဖန် များ စွာဖြစ်ရင် android firmware ကိုထိစေတတ်ပါတယ်။
***always make sure not to be under 30% of batter charging .

-3. မလိုအပ်တဲ့ launcher တွေသုံးခြင်းမှ ရှောင်ပါ။ တချို့တချို့ launcher တွေသုံး ခြင်းဖြင့် ဖုန်းမှာ ပါတဲ့ မူရင်း launcher နဲ့ conflict ဖြစ်ပြီး error တွေတက် တတ် ပါတယ်။ တတ်နိုင်သမျှ android မှာပါတဲ့ default launcher ကို သုံးခြင်းက ပိုမို ကောင်းမွန်ပါတယ်။
***you should use your android default launcher.Sometimes, another launcher give u any conflict.

- 4. Root လုပ်ထားတဲ့ android တွေ user တွေအတွက် cpu နဲ့ memory ကို over clock လုပ်တဲ့ software များကို သုံးခြင်းမှ ရှောင်ကြပါ။ မိမိရဲ့ android လေးအ သက် ရှည်ဖို့ cpu နဲ့ memory ကို လိုအပ်တာထက်ပိုမခိုင်းပါနဲ့ ။ ကြာရင် android ဟာ လေး လံလာတတ်ပါတယ်။
***For root user, don't use any cpu and memory over clocking applications cause of decreasing ur android performance.

- 5. အင်တာနက်, game နဲ့ application တွေကိုသုံးပြီးတိုင်း Android ကို cache တွေကို အမြဲ ရှင်းလင်းပေးပါ။ appcache cleaner လိုမျိုး android ရဲ့ cache ကို ရှင်းပေးတဲ့ android application လေးတွေ ရှိပါတယ်။ မိမိ android ကို သွက် လက်စေပါတယ်။
***always clean ur cache of android after using internet ,app and games.That will be better performance for ur android.

- 6. မှတ်မိသိလွယ်ပြီး လုံခြုံတဲ့ pattern/pin/password securit lock မျိုးကိုသာ ပေးပါ။ တစ်ခုရှိတာက ဒီလိုမျိုး security lock မျိုးပေးပြီးမှ security lock ကို မသိတဲ့ အခြားသူ တစ်ယောက်က အကြိမ်ကြိမ်အခါခါ မှားယွင်းပြီး ဖွင့်မိတာ မဖြစ်ပါစေနဲ့။ အကြိမ်ကြိမ် မှားယွင်းပြီး pattern/pin/password security lock ကိုဖွင့်မိရင် နောက်ဆုံး ကိုယ် လည်း ဖွင့်လို့ မရတော့ပါဘူး။
***safe and recognize ur security lock

- 7. မလိုအပ်သော application နဲ့ game တွေကို မိမိ android မှ ဖယ်ရှား (uninstall) ထားပါ။ Gingerbread(2.3.x)နဲ့ အောက်ပိုင်း version တွေမှာ Setting> appli cation>manage application ထဲသို့သွားပြီး မိမိမလိုချင်တာကို uninstall လုပ်လို့ ရပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x)တွေမှာ Setting>apps ထဲသို့ သွားပြီး uninstall လုပ်လို့ရပါတယ်။
***remove applications and games u never used.

8. ဖြစ်နိုင်သမျှ stock rom(official rom) ကိုပဲ သုံးပါ။stock rom ဆိုတာ android device ထုတ်လိုက်တဲ့ company က အဲဒီ device အဲဒီ model အတွက် သီးသန့် ရေးထားတာပဲဖြစ်ပါတယ်။ custom rom(unofficial rom) ကို သုံးခြင်းမှ ရှောင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ custom rom(unofficial rom) တွေဟာ user တွေ android developer တွေက ပြန်လည် ပြီး modifiy လုပ်ထားတာဖြစ်တဲ့အတွက် လိုအပ်ချက် တွေ ရှိကောင်းရှိနေလို့ပါ။(တချို့ custom rom တင်ပြီးမှ camera မရ၊ sim card မသိ တာတွေဖြစ်တတ်လို့ပါ)။ ဒါကြောင့် android user တွေအနေနဲ့ မိမိရဲ့ android လေး version မြင့်ရင်ပြီးရောဆိုပြီး stock rom နဲ့ custom rom ကိုမသေချာပဲ မတင်ပါနဲ့။ ဆိုင်မှာ သွားလုပ်တယ်ဆိုရင်လည်း stock rom လား custom rom သေချာမေးပါ။ မေးတဲ့ ပုံစံလေးတော့နည်းနည်းသတိထားနော်။တော်ကြာဖုန်းဆိုင်က service သမား က ငါ့ကိုဆရာလုပ်တယ်ဆိုပြီး မျက်မုန်းကျိုးနေဦးမယ်…ဟိဟိ။
***suggest u stock rom is more better than custom than.

- 9. နောက်ဆုံးတစ်ခုပြောချင်တာကတော့ မိမိမှာရှိတဲ့ android device specification နိမ့် တာတွေမှာ game တွေများများဆော့တာပါ။ အဓိကက ဖုန်းတွေမှာပါ။ game များ များဆော့တော့ဘာဖြစ်လဲ???touch ကိုထိခိုက်စေတယ်။ ဆော့တာကြာလာရင်၊ ဖုန်း သက်တမ်းရှည်လာရင် ဘက်ထရီက အရင်ကလောက် performance မကောင်း တော့ ဘူး။ ပြောရရင်ဘက်ထရီ ကြာကြာမခံတတ်တော့ဘူး။ မဆော့နဲ့လို့ မပြောလို ပါဘူး။ ဖုန်းသုံးတဲ့လူအမျိုးမျိုးမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိတယ်။ entertainment and comm unication ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကိုယ်က ပိုက်ဆံပေးဝယ် ထားတာ ပါ။တကယ် game ဆော့ချင်ရင် android tablet ကောင်းကောင်း လေးတစ်လုံး ၀ယ်ပြီး သုံးသင့်တယ်ထင်ပါတယ်။
***the last one, i think many games playing will decrease ur low specification android phone performance.

ကဲ…ကျွန်တော်ပြောသမျှ ကို android သုံးတဲ့ ကိုကို မမ သူငယ်ချင်းအားလုံး စေတနာ တစ်ခုတည်းနဲ့ ရည်ရွယ်ပြီး ဒီပို့စ်ကို တင်ပေးတယ်လို့ နားလည်းစေချင်ပါတယ်။ ကျွန် တာ့်အတွက် ဘာမှ မပါ ပါဘူး။
အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေခင်ဗျာ။

ကျွတ်​ပြီ

အကြိုက်​ဆုံးကာတွန်း

မှန်​ကန်​​သော​ရွေးချယ်​မှု

နိုင်​ငံခြားက​တောင်​NLDကိုဝန်​ရံကုန်​ပြီ
ဒါဆိုသင်​​ရောဘယ်​ပါတီကိုမဲ​ပေးသင့်​ပြီဆိုတာ?











ပျက်​သုဉ်းခြင်း

လိုရာဆွဲဥပ​ဒေနှင့်​မြင်​သာမြင်​ရ​သောသယံဇာတမျာ


သတင်းနှင့်​​ခေတ်

သတင်းနှင့်​​ခေတ်
ယ​နေ့သတင်းနှင့်​နည်းပညာ​လောကတွင်​လူသုံးများလှ၍အရိုးရှင်းဆုံးမှာပွတ်​စကရင်​​လေးဖြင့်​ကြည့်​ရ​သော​လူမှုဝက်ဆိုက်ပ​​င်​ဖြစ်​သည်​။နေရာ​ဒေသအသီးသီးမှသတင်းထူးများကိုချက်​ချင်းဖုန်းဖြင့်​ရိုက်​၍လည်းအလွယ်​တစ်​ကူတင်​နိုင်​​လေသည်​။ဥပမာ​ရေကြီးသတင်းများ၊မှုခင်းသတင်းများ၊ပရဟိတလုပ်​ငန်းများ၊နည်းပညာအခက်​အခဲများ၊ယုတ်​စွအဆုံး​ငွေ​ကြေးချို့တဲ့၍အခက်​အခဲဖြစ်​​နေသူများပင်​အနှီ​ဖေ့ဘုတ်​ဟု​ခေါ်​သောလူမှုဝက်​ဆိုက်​မှအကူအညီ​တောင်းနိုင်​ကြ​လေသည်​။
ဤသို့အကျိုးများလှ​သော​ဖေ့ဘုတ်​သုံးစွဲကြသည်​ကို​မ​​ကောင်း​ပြောသူကရှိ​ချေသည်​တစ်​မုံ့
"ခင်​ဗျားတို့​ဖေ့ဘုတ်​လို့​ခေါ်တဲ့social wetsiteကသတင်း​တွေကိုမယုံနဲ့"တဲ့
ဟုတ်​ကဲ့၊ဒါက​တော့ကိုယ်​ပိုင်​အ​တွေးအ​ခေါ်ကိုယ်​ပိုင်​ဥာဏ်​ဖြင့်​ကိုယ့်​သူငယ်​ချင်းလုပ်​ထား​သောသူများထဲမှဘယ်​သူ​ရေးတင်​လိုက်​တာက​တော့မှန်​၏။ဘယ်​သူ​ရေးတင်​တာက​တော့လုပ်​ကြံသတင်းဖြစ်​၏ဆိုတာကိုယ်​သာအသိဆုံးဖြစ်​သည်​။
ထိုကဲ့သို့သတင်းမှားလို့သာ​ပြော​ကြေးဆို
ဘယ်​သတင်းမှကိုယ်​တိုင်​မမြင်​ရ၍​ရေဒီယို၊ရုပ်​မြင်​သံကြား၊သတင်းစာတို့ပင်​မကြည့်​သင့်​​တော့​ပေ။"၎င်းတို့​​ကောဘယ်​​လောက်​မှန်​ပါသလဲ"ဟု​မေးခွန်းထုတ်​ချင်​သည်​။
ဖေ့ဘုတ်​မှကျမ်းမာ​ရေး၊ပညာ​ရေးအကူအညီ​တောင်းခံမှုများနှင့်​အခြားသူများ၏၀ိုင်းဝန်းကူညီလှူဒါန်းမှုများစသည့်​အမှန်​တစ်​ကယ်​အကျိုးရှိ​စေ​သောသတင်းမျိုး​တွေ့မြင်​ရသည်​မှာလည်းမငြင်းနိုင်​​သောအချက်​​ပင်​။
Social wetsiteသုံးသည်​ကိုအ​ကောင်းမမြင်​နိုင်​သူမှာကိုယ်​ပိုင်​အ​တွေးအ​ခေါ်ကိုယ်​ပိုင်​ဥာဏ်​ဖြင့်​​ဖေ့ဘုတ်​မှသတင်းများကိုမှန်​မမှန်​မမြင်​နိုင်​ပဲသူများ​ပြောစကားခဏဌား၍လူအထင်​ကြီး​အောင်​​ပြောခြင်းဖြစ်​သည်​ဟုနားလည်​မိပါသည်​။
စစ်​ပွဲ သတင်းများ၊ရာသီဥတုသတင်းများ၊​ရေလွှမ်းမှုအ​ခြေအ​နေများ၊ကျမ်းမာ​ရေး၊စီးပွား​ရေး၊နိုင်​ငံ​ရေးအစရှိသည့်​သတင်းတို့ကိုအလွယ်​တကူသိနိုင်​သည်​မှာထိုsocial wetsite သုံးခြင်း​ကြောင့်​ဆိုလျှင်​လွန်​အံ့မထင်​။မှန်​မမှန်​က​တော့ကိုယ်​ပိုင်​ဥာဏ်​ဖြင့်​သာဆင်​ခြင်​သုံးသပ်​ရ​ပေမည်​။
ထိုလူ့အဖွဲ့အစည်း၏အ​ရေးပါလှ​သောသတင်းမီဒီယာ​ကားလူမှုအသိုင်းအ၀ိုင်းတွင်​​​အမှန်​ပင်​လို​အ​ပ်​လှ​ပေသည်​။မိမိတို့​ဒေသတွင်းရှိအဖွဲ့အစည်း၏လုပ်​​ဆောင်​ချက်​များ၊အားနည်းချက်​၊အားသာချက်​များကိုလည်းအချင်းချင်းသိ​စေနိုင်​ရုံမကကျန်​​သောလူများကိုလည်းစည်းရုံးနိုင်​​လေသည်​။ဥပမာ​ရေ​ဘေးအလှူ၊လမ်းလုပ်​အားအလှူ၊သစ်​ပင်​စိုက်​လုပ်​အားအလှူ၊စာအုပ်​အလှူစသည်​တို့ကိုကျယ်​ကျယ်​ပြန့်​ပြန့်​သိ​စေနိုင်​​လေသည်​။ထိုသို့မဟုတ်​ပဲလူအများသိ​စေရန်​မလိုပါကမိမိတစ်​ဦးတည်းတိုးတိုးတိတ်​တိတ်​ကြိတ်​၍လုပ်​​ဆောင်​ရမည်​ဖြစ်​​ပေသည်​။နိုင်​ငံ​ရေး၊လူမှု​ရေးလုပ်​သည်​ဆိုသည်​မှာလူအများနှင့်​ဝိုင်းဝန်းလုပ်​​ဆောင်​ရ​သော​ကြောင့်​လူအများစိတ်​၀င်​စားလာ​အောင်​၊စည်းရုံး​ရေးအသွင်​​ဆောင်​​သောသတင်းဝက်​ဆိုက်​ကားအမှန်​ပင်​လိုအပ်​မည်​ဖြစ်​သည်​။သတင်းဝက်​ဆိုက်​တို့အ​ရေးပါပုံကိုမသိ​မမြင်​နိုင်​​သောသူမျိုးလည်းရှိ​ချေသည်​။
"မြို့နယ်​များ၌အဖွဲ့ကိုယ်​ပိုင်​​ထောင်​ထား​သောဝက်​ဆိုက်​မရှိ၊အဲဒါ​တွေကရှူပ်​သည်​၊လုပ်​လျှင်​ကန့်​ကွက်​မည်"ဟုပင်​ဆို​လေသည်​။
နောက်​ကျ​နေသည်​ဟုသာ​ပြောလိုသည်​။မြို့နယ်​ကိုယ်​ပိုင်​၀က်​ဆိုက်​များကားထိုသူမမြင်​​လေသ​လော။ရှူပ်​သည်​ဟု​ပြောရ​အောင်​လည်းကိုယ်​ဖြင့်​ကြိုးစားကြည့်​မယ်​မရှိ၊တစ်​လ​နေလို့လိုင်း​ပေါ်တစ်​​ခေါက်​တက်​သူမဟုတ်​။တစ်​ခြားအဖွဲ့​တွေလုပ်​ကိုင်​ပုံလည်းမ​လေ့လာ၊သိ​အောင်​လည်းမကြိုးစား၊သူများ​ပြောစကားကိုအထင်​ကြီး၍သာဖင်​ပိတ်​ငြင်းသည်​ဟုထင်​ပါသည်​။
မိမိလုပ်​သည်​မှလွှဲ၍အခြားသူလုပ်​​ဆောင်​မှုများအားအကျိုးမရှိဟုထင်​​နေသမျှကာလပတ်​လုံးအဖွဲ့အစည်းမှာအ​ကောင်းဆုံးပုံစံသို့​ရောက်​ရန်​အလှမ်း​ဝေး​နေမည်​သာ။

ကမ္ဘာ့ငိုရှိုက်​သံ

"ကမ္ဘာ့ငိုရှိုက်သံ"
လူသားတို့........
ငါ့မျက်နှာပြင်​​ပေါ်
သင်​တို့​နေထိုင်​ဖို့
ခွင့်​ပြုလို့ထားတယ်.........။

သင့်ပတ်ဝန်းကျင်
အလှ​​တွေအစုံအလင်
ေ​​နချင်​​အောင်လည်း
ပြင်ဆင်ထားတယ်............။

စား​​သောက်ဖို့​ရာ
ပူပန်စရာ မလို​ပါ.....
သီးနှံအစုံအလင်
ငါ့ေ​​​မြတစ်ခွင်မှာ
စိုက်ခွင့်ရေ​စမယ်...........။

သဘာဝ​တောတန်းတို့
သစ်​ပင်​ပန်းမာန်​လ်​ပြည့်​လို့
သာ ယာလှပ...
စိမ်းမြ​စေမယ်............။

မြစ်​​ချောင်းအင်းအိုင်​တို့
ငါးပုဇွန်​ပြည့်​လို့်လည်း
စားစရာဆို
ပူပန်​စရာမလို.........
ရေချိုများနဲ့
အေးမြ​စေမယ်............။

သက်ရှိများစွာ
ငါ့ကမ္ဘာမှာ
​ေ​အးအတူပူအမ်ွ......
အတူ​တကွ​နေလာ
ယခုထိ​အောင်​ပါ.............။

သင်​တို့ရဲ့အတ္တနဲ့​လောဘက
ငါ့အလှ​တွေ​ခြွေချ​နေပြီ.......
သစ်​ပင်​​တွေတုံးလယ်​​တွေဆုံးလို့
မြစ်​​ချောင်းလဲ​နောက်
တောပါ​ပျောက်​​လေပြီ......
ေ​နပူရှိန်ပြင်း မိုး​​လေကင်းလို့
ဥတုလည်းမမှန် ကန္တာရဆန်​​လေပြီ.....။

စဉ်းစားပါလူသားတို့......
သင့်​မျိုးဆက်​တို့
အေးချမ်းစွာ​နေဖို့..........
ငါ့ကမ္ဘာ မဖျက်​ဆီးဖို့ရာ
"၀ိုင်းဝန်းထိန်းသိမ်း​ပေးပါ" လို့
တောင်းဆိုတယ်​ လူသားတို့..........။

အောင်​နိုင်​​ရေးခရီးစဉ်

သိပါစေသောဝ်
~~~~~~~~          
    ၁၈..၉..၂၀၁၅
နေ့စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်း
ကိုသန်းဝင်းဦးဆောင်သောအင်းတော်မြို့နယ်ရွေးကောက်ပွဲအောင်
နိုင်ရေးအဖွဲ့မော်လူးဒေသအတွင်း
ရှိဟောင်းတုန်း၊ဆားမော်၊နားမကျိုင်း၊
နားဖာ၊ကွင်းငို့ကျေးရွာများသို့မဲဆွယ်
စည်းရုံးရင်းမဲပေးပုံများအသိပညာပေးခဲ့ကြသည်။
        ဘဝအမောတွေပြေကြပါစေ
                      ဘဝခရီးသည်

Thursday 17 September 2015

နမီးသို့တစ်​​ခေါက်

နမီးရွာ သို့တစ်ခေါက်                    
              15-9-2015 ဒီနေ့ပေါ့ ကျွန်တော်နဲ့ ဆရာ
ဦးအောင်ဝင်း ဆရာတပည့်နှစ်ယောက် ပါတီအောင်နိုင်ရေး
ကိစ္စတွေလုပ်စရာရှိတာနဲ့ နမီး ကုန်းခါး ညောင်ပင်စိတ်ရွာ
လေးတွေကို အရေးတကြီးသွားခဲ့ကြတယ်ဆိုပါတော့ဗျာ။ဒါပေ
မဲ့အဲ့ဒီနေ့မတိုင်ခင်ရက်တွေက မိုးကရွာထားတာမို့ ပျက်စီးနေ
တဲ့လမ်းတွေက အင်မတန်ဆိုးဝှားလှဒါကြောင့် ခက်ခက်ခဲခဲသွား
ခဲ့ရတာပေါ့။ဘယ်လောက်အထိခက်ခဲလို့လည်းလို့များမေးစေချင်
ပါတယ်။ကျွန်တော်ပြန်ဖြေချင်လွန်းလို့ပါ ဖြေပါရစေ ကျွန်တော် တို့စီးသွားတဲ့ဆိုင်ကယ် အသွားအပြန်တွန်းလာခဲ့ရတဲ့အထိပါပဲ
လို့ဖြေလိုက်ချင်ပါဘိတော့တယ်။ဆိုးလိုက်တဲ့လမ်းကျွန်တော့တစ်
သက်မှာတော့ဒီတစ်ခါသွားလိုက်ရတဲ့လမ်းဘယ်လမ်းနဲ့မှမတူတမူ
ထူးပြီးဆိုးလေသလားရယ်အောင့်မေ့ပါတော့်တယ်။ကျွန်တော့်ဆ
ရာဦးအောင်ဝင်းခမျာမှာလည်း အသက် ၇၀ ပင်ရှိသော်လည်း
ဒီခရီးနဲ့ဒီလမ်းကြမ်းပင်ကြမ်းသော်လည်း မညီးမညူလိုက်ခဲ့ရှာပါ
တယ်ဗျာ။ကျွန်တော်ကတော့ လူငယ်ပေမို့ ဒီခရီးဒဏ်ခံနိုင်ပေမဲ့  
အသက် ၇၀ ကျော်ပြီဖြစ်တဲ့ဆရာ့ကိုတော့အားနာမိပါဘိတော့
လားဗျာ။ဆရာ မပင်ပန်းဘူးလား ပင်ပန်းမှာပဲနော်လို့ ကျွန်တော်
ကမေးတော့ ဆရာကကျွန်တော့ကိုပြန်ဖြေပါတယ်။ ဟား ……
ရတယ်ဟေ့ကောင် ဒါဒီမိုကရေစီရဖို့ပဲ ပြည်သူတွေရဲ့ဘဝလွတ်
လပ်စွာရပ်တည်နိုင်ဖို့ပဲ။ဒီတစ်ချီမှာမှ ငါတို့မလုပ်နိုင်ရင် ငါတို့မျိုး
ဆက်တွေ နောက်ထပ် နှစ်ငါးဆယ်ကျော် တနည်းအားဖြင့် ရာစု
နှစ်တစ်ဝက်ကျော်ထပ်ပြီးဒုက္ခခံနေကြရလိမ့်မယ်။အဲ့တော့ ငါတို့
နောင်မျိုးဆက်တွေဒုက္ခခံကြရမှာနဲ့စာရင် ငါတို့အခုပင်ပန်းတာ
ဘာမှမပြောပလောက်ဘူ်းဟေ့ကောင်။ရတယ်ဆက်သွားဆိုပြီးဆရာ
ဦးအောင်ဝင်းကပြောတော့ ကျွန်တော်လည်းပြန်ပြီးအားတက်ရ
တာမို့ရှေ့ခရီးကိုဆရာတပည့်နှစ်ယောက်ဆက်လိုက်ကြတာ လုပ်
ငန်းကိစ္စလေးတစ်ချို့ပြီးခဲ့တယ်လို့ဆိုနိုင်ပါပြီလားဗျာ။ အဲ့တော့
ကျွန်တော်အဓိကပြောချင်တာက အသက် ၇၀ ကျော်အဖိုးအို
ကတောင်ဒီမိုကရေစီအရေးနဲ့ပတ်သက်လာရင် ဒီလိုစိတ်ဓာတ်
အင်အားအပြည့်နဲ့ရိုးသားစွာတာဝန်ယူခဲ့တော့ ကျွန်တော်တို့လို
လူငယ်တွေပိုပြီးစိတ်ဓာတ်ခွန်အားမရှိသင့်ဘူးလား ဒီမိုကရေစီအ
မှာတက်တက်ကြွကြွမပါဝင်မဆောင်ရွက်သင့်ဘူးလားပေါ့။
နောက်တစ်ခုက ဆရာဦးအောင်ဝင်းကဲ့သို့အပင်ပန်းမခံနိုင်ရင်
တောင်ကိုယ့်ရဲ့မူလရပိုင်ခွင့်ဖြစ်တဲ့ဆန္ဒမဲလေး တစ်ပြားနဲ့တော့
တာဝန်ယူသင့်တယ်လိုတွေးမိလို့ပါ။ကျွန်တော်ကတော့ဆုံးဖြတ်ပြီး
ပါပြီ NLD ကိုပဲမဲပေးရွေးချယ်တော့မည် ဒါမှဒီမိုကရေစီရဲ့ ဝါဒ
အရ တစ်နည်း စနစ်အရတန်းသူညီမျှခံစားပိုင်ခွင့်အရ မြို့တွင်
နယ်တွင်မှာလမ်းတွေကောင်ခဲ့ရင် နမီး ကုန်းခါးဆိုတဲ့လူတွေနေ
တဲ့ရွာလမ်းတွေလည်းကောင်းနိုင်ဖို့ NLD ကို မဲပေးကြပါစို့လား
ဗျာ။ဆရာဦးအောင်ဝင်းပြောသလိုပေါ့ နောင်မျိုးဆက်များအ
တွက်ဆန္ဒမဲတစ်ပြားနဲ့လည်းတာဝန်ယူလိုက်ချင်ပါရဲ့ဗျာ။

အကြိုက်​ဆုံးကာတွန်း


NLDကအမျိုး​တွေသိ​စေ

သမိုင်းဝင်​မိန့်​ခွန်း​ပြောမည့်​​နေ့ကြိုတင်​အ​ကြောင်းကြားပါတယ်