Pages

Friday, 11 September 2015

အလွှမ်းမိုးစက်များ

#Maw Luu's Images
"အလွမ်းမိုးစက်များ"

•ဆန္ဒ နဲ့ ဘဝ
တစ်ထပ်ထဲမကျတဲ့ ငါ.....
ကမ်းပျောက်နေတာ ကြာလှပေါ့

•တစ်ခါတစ်ရံ
နုံချာတဲ့ ငါ့ကံ
လမ်းမှားရောက်လာလို့
အားနာစွာနဲ့ ပြန်မောင်းထုတ်ရတယ်

•သြော် ဘဝရယ်
တစ်ခါတစ်ရံ တစ်စိမ်းတရံလိုလည်း
ဆက်ဆံရပြန်တယ်

•မှုန်ဝါးဝါး အတွေးစထဲက
နင် ရယ် ငါရယ်
ငါ့မျှော်လင့်ချက်လေးရယ်
အခုတော့ဖြင့်
ကတ္တီပါ လမ်းခွဲရောက်မှ
လွမ်းလှပေါ့.....

•သြော် ဒီလိုဖြင့်
အပြင်မှာ မိုးတွေရွာနေတယ်
ရင်မှာအလွမ်းမိုးတွေစွေနေတော့လည်းသေရင် သေပါစေတော့.....

•သက်ဆုံးတိုင် ချစ်နိုင်အောင်ပဲ
ကြိုးစားပါ့မယ်
လွှမ်းလွန်းလို့လေ.......။

0 comments:

Post a Comment