Pages

Thursday, 17 September 2015

နမီးသို့တစ်​​ခေါက်

နမီးရွာ သို့တစ်ခေါက်                    
              15-9-2015 ဒီနေ့ပေါ့ ကျွန်တော်နဲ့ ဆရာ
ဦးအောင်ဝင်း ဆရာတပည့်နှစ်ယောက် ပါတီအောင်နိုင်ရေး
ကိစ္စတွေလုပ်စရာရှိတာနဲ့ နမီး ကုန်းခါး ညောင်ပင်စိတ်ရွာ
လေးတွေကို အရေးတကြီးသွားခဲ့ကြတယ်ဆိုပါတော့ဗျာ။ဒါပေ
မဲ့အဲ့ဒီနေ့မတိုင်ခင်ရက်တွေက မိုးကရွာထားတာမို့ ပျက်စီးနေ
တဲ့လမ်းတွေက အင်မတန်ဆိုးဝှားလှဒါကြောင့် ခက်ခက်ခဲခဲသွား
ခဲ့ရတာပေါ့။ဘယ်လောက်အထိခက်ခဲလို့လည်းလို့များမေးစေချင်
ပါတယ်။ကျွန်တော်ပြန်ဖြေချင်လွန်းလို့ပါ ဖြေပါရစေ ကျွန်တော် တို့စီးသွားတဲ့ဆိုင်ကယ် အသွားအပြန်တွန်းလာခဲ့ရတဲ့အထိပါပဲ
လို့ဖြေလိုက်ချင်ပါဘိတော့တယ်။ဆိုးလိုက်တဲ့လမ်းကျွန်တော့တစ်
သက်မှာတော့ဒီတစ်ခါသွားလိုက်ရတဲ့လမ်းဘယ်လမ်းနဲ့မှမတူတမူ
ထူးပြီးဆိုးလေသလားရယ်အောင့်မေ့ပါတော့်တယ်။ကျွန်တော့်ဆ
ရာဦးအောင်ဝင်းခမျာမှာလည်း အသက် ၇၀ ပင်ရှိသော်လည်း
ဒီခရီးနဲ့ဒီလမ်းကြမ်းပင်ကြမ်းသော်လည်း မညီးမညူလိုက်ခဲ့ရှာပါ
တယ်ဗျာ။ကျွန်တော်ကတော့ လူငယ်ပေမို့ ဒီခရီးဒဏ်ခံနိုင်ပေမဲ့  
အသက် ၇၀ ကျော်ပြီဖြစ်တဲ့ဆရာ့ကိုတော့အားနာမိပါဘိတော့
လားဗျာ။ဆရာ မပင်ပန်းဘူးလား ပင်ပန်းမှာပဲနော်လို့ ကျွန်တော်
ကမေးတော့ ဆရာကကျွန်တော့ကိုပြန်ဖြေပါတယ်။ ဟား ……
ရတယ်ဟေ့ကောင် ဒါဒီမိုကရေစီရဖို့ပဲ ပြည်သူတွေရဲ့ဘဝလွတ်
လပ်စွာရပ်တည်နိုင်ဖို့ပဲ။ဒီတစ်ချီမှာမှ ငါတို့မလုပ်နိုင်ရင် ငါတို့မျိုး
ဆက်တွေ နောက်ထပ် နှစ်ငါးဆယ်ကျော် တနည်းအားဖြင့် ရာစု
နှစ်တစ်ဝက်ကျော်ထပ်ပြီးဒုက္ခခံနေကြရလိမ့်မယ်။အဲ့တော့ ငါတို့
နောင်မျိုးဆက်တွေဒုက္ခခံကြရမှာနဲ့စာရင် ငါတို့အခုပင်ပန်းတာ
ဘာမှမပြောပလောက်ဘူ်းဟေ့ကောင်။ရတယ်ဆက်သွားဆိုပြီးဆရာ
ဦးအောင်ဝင်းကပြောတော့ ကျွန်တော်လည်းပြန်ပြီးအားတက်ရ
တာမို့ရှေ့ခရီးကိုဆရာတပည့်နှစ်ယောက်ဆက်လိုက်ကြတာ လုပ်
ငန်းကိစ္စလေးတစ်ချို့ပြီးခဲ့တယ်လို့ဆိုနိုင်ပါပြီလားဗျာ။ အဲ့တော့
ကျွန်တော်အဓိကပြောချင်တာက အသက် ၇၀ ကျော်အဖိုးအို
ကတောင်ဒီမိုကရေစီအရေးနဲ့ပတ်သက်လာရင် ဒီလိုစိတ်ဓာတ်
အင်အားအပြည့်နဲ့ရိုးသားစွာတာဝန်ယူခဲ့တော့ ကျွန်တော်တို့လို
လူငယ်တွေပိုပြီးစိတ်ဓာတ်ခွန်အားမရှိသင့်ဘူးလား ဒီမိုကရေစီအ
မှာတက်တက်ကြွကြွမပါဝင်မဆောင်ရွက်သင့်ဘူးလားပေါ့။
နောက်တစ်ခုက ဆရာဦးအောင်ဝင်းကဲ့သို့အပင်ပန်းမခံနိုင်ရင်
တောင်ကိုယ့်ရဲ့မူလရပိုင်ခွင့်ဖြစ်တဲ့ဆန္ဒမဲလေး တစ်ပြားနဲ့တော့
တာဝန်ယူသင့်တယ်လိုတွေးမိလို့ပါ။ကျွန်တော်ကတော့ဆုံးဖြတ်ပြီး
ပါပြီ NLD ကိုပဲမဲပေးရွေးချယ်တော့မည် ဒါမှဒီမိုကရေစီရဲ့ ဝါဒ
အရ တစ်နည်း စနစ်အရတန်းသူညီမျှခံစားပိုင်ခွင့်အရ မြို့တွင်
နယ်တွင်မှာလမ်းတွေကောင်ခဲ့ရင် နမီး ကုန်းခါးဆိုတဲ့လူတွေနေ
တဲ့ရွာလမ်းတွေလည်းကောင်းနိုင်ဖို့ NLD ကို မဲပေးကြပါစို့လား
ဗျာ။ဆရာဦးအောင်ဝင်းပြောသလိုပေါ့ နောင်မျိုးဆက်များအ
တွက်ဆန္ဒမဲတစ်ပြားနဲ့လည်းတာဝန်ယူလိုက်ချင်ပါရဲ့ဗျာ။

0 comments:

Post a Comment