Pages

Sunday 31 July 2016

Black list အဖြူစာရင်းမှာ နာမည်သွင်းခံရပြီ

Black list အဖြူစာရင်းမှာ နာမည်သွင်းခံရပြီ

လက်ရှိအစိုးရကနေ လူပေါင်း (၆ဝ၇) ယောက်ကို နာမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။ နိုင်ငံခြားသား (၃ဝဝ) နဲ့ မြန်မာလူမျိုး (၂ဝဝ) ကျော်ပါတယ်။

၂ဝ၁၂ သြဂုတ်လထဲမှာ အရင်အစိုးရကနေ အမည်မည်းစာရင်းထဲက နှစ်ထောင်ကျာ်ကို ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီတုံးက ၁၉၉ဝ တုံးကအရွေးခံရပြီး အပြင်ထွက်လာကြတဲ့ လွှတ်တော်အမတ်ကို ထိပ်မှာတွေ့ရတယ်။ ကိုယ့်နာမည် ပါမယ် ထင်မထားပေမဲ့ နံပါတ် (၇) မှာတွေ့ပါတယ်။ အဲဒီစာရင်းထဲမှာ တာဝန်တခုမကရှိတဲ့သူ နှစ်ခါထပ်ပါနေတယ်။ နာမည်ဖြူ လူတူမရှားဖြစ်သွားတယ်။

တိုင်းပြည်ထဲမှာ အပ်ကျတာကအစသိတယ်လို့ ကြွားဝါခဲ့တဲ့ စစ်ထောက်လှမ်းရေးကနေ အမည်းစားရင်းကို ပြုစုခဲ့တာပါ။ ပြည်ပအန္တရာယ်ကိုတော့ အနှစ် (၂ဝ) ကျော်မှ သတိပြုမိပုံရတယ်။

အရင်သတင်းကို ရေဒီယိုတခုကတော့ နာမည်ပျက်စာရင်းလို့ ခပ်လွယ်လွယ် သုံးသွားတယ်။ Black list ဆိုတာ နာမည်ပျက် မဟုတ်ပါ။ Disgraced, Dishonored, Shamed တို့ကိုသာ နာမည်ပျက်လို့ပြန်သင့်ပါတယ်။

အချင်းချင်းတော့ အောင်စာရင်းခေါ်ကြတယ်။ မဖြေတဲ့စာမေးပွဲ အောင်ကြတာပါ။ ရင်းနှီးတဲ့တယောက်က ဆရာရော ဖြူသွားတယ်ဆိုတော့ ဝမ်းသာရပြီပေါ့။ ဒါပေမဲ့ ကိုယ့်ဖာသာ ဘယ်တုံးကမှ မမည်းခဲ့ဘူးမို့လားဆရာတဲ့။ ဟုတ်ပါတယ်။ ကျွန်တော့်အဖို့တော့ အနှစ်နှစ်ဆယ်အတွင်းမှာ မတူတော့တာကဆံပင်။ ဒါကြောင့်လို့ မထင်ပါ။ ဆံပင်ဖြူတာတော့ ၂ဝ၁၂ အရင်ကဆိုတော့ ကြာပြီပေါ့။

ကျွန်တော့်ရှေ့က (၆) ယောက်ထဲမှာ ဦးပီတာလင်းပင်ကတော့ သမတ ပဌမအကြိမ်ခေါ်ကတည်းက (ဘလက်လစ်စ်) မထွက်ခင်ကတည်းက ပြည်တွင်းပြန်ဝင်တယ်။ ဒေါက်တာမျိုးဝင်းက ကွယ်လွန်ပြီးဖြစ်တယ်။ ဒေါ်စန်းစန်းနဲ့ ဒေါက်တာစန်းအောင်တို့က အလည်ပြန်ကြတယ်ထင်တယ်။ ဦးတက်ဒီဘူးရီ ပြန်-မပြန် မသိပါ။ ဒေါက်တာစိန်ဝင်းက အခုမှသာ ဗီဇာလျှောက်တယ်။

ကျွန်တော့်မှာ စာရွက်စာတမ်း မရှိသေးပါ။ (၆) တန်းကျောင်းသားဘဝကရခဲ့တဲ့ သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်တော့ ရှိသေးတယ်။ နံပါတ်လည်း အလွတ်ရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၆

ရောက်​တတ်​ရာရာအအ​တွေး များ

ကျု ပ်​ကနွားချီးပုံနား၊​ကောက်​ပင်​​တွေ ကြား​နေ​ပေမဲ့ စာအုပ်​​ပေါ်တက်​၊ အင်​တာနက်​ထဲဝင်​၊စ​လောင်းစင်​​ပေါ် တက်​လို့အစဉ်အလာကို​​ကျော်​၊​​ ကမ္ဘာကြီးအား​မျှော်​​မျှော်​ပြီးကြည့်​ တတ်​တယ်​​။နား​ထောင်​မိတယ်​​လေ။ အမြင်​ကျ ယ်​သူ​တွေရဲ့အသံ ကျု ပ်​ နားယံကိုတိုးတိုးသဲ့သဲ့လာလာထိ ကြတယ်​။ ဘာတဲ့.... ကမ္ဘာ ကြီးကရွာကြီးတစ်​ရွာဖြစ်​သွား ပြီတဲ့။ကိုယ့်​နိုင်​ငံ၊ကိုယ့်​လူမျိုး။ကိုယ့်​ ဘာသာ၊ကျွဲ​ခြေရာကွက်​က​နေတွယ်​ တာယုံကြည်​မှု၊ငါမှငါပ​ဒေသရာဇ်​ အ​တွေးအမြင်​​ဘောင်​ကျ ဉ်းကျ ဉ်း ထဲက​နေမ၀ံ့မရဲ​စောင်းငဲ့ကြည့်​လိုက်​ ​တော့..လား..လား ကမ္ဘာ ကြီးက တကယ့်​ရွာကြီးတစ်​ရွာဖြစ်​ခဲ့ပါပြီ ​ကော..။ ကျု ပ်​တို့ကမ္ဘာမှာငါမှငါဆိုတဲ့ပုံစံ​ဟောင်း အတ္တဥခွံကျ ဉ်းကျ ဉ်းထဲက လူသားတစ်​ဆန်​ဆန်​​တွေး​ခေါ်တတ်​ ဖို့ရုန်းထွက်​ရပါမည်​​ကော။ လူသား​တွေဟာအ​တွေးအမြင်​ကျ ယ်​ လာတာနဲ့အမျှတစ်​နိုင်​ငံနှင့်​တစ်​နိုင်​ငံ ကူးလူးဆက်​ဆံလာကြတယ်​။စား ၀တ်​​နေ​ရေးအရ​ရေကြည်​ရာမြက်​နု ရာကိုယ်​အဆင်​​ပြေရာသွားလာ​နေ ထိုင်​ကြတယ်​။ ဒီလိုကူးလူးဆက်​ဆံလာကြ​လေ​တော့ သူ့နိုင်​ငံ​ရောက်​ရင်​သူ့စည်းမျ ဉ်း စည်းကမ်း​တွေ​လေးစားလိုက်​နာ။ ကိုယ့်​နိုင်​ငံဆိုလည်းဒီလိုပါပဲ။အပြန်​ အလှန်​​လေးစားလိုက်​နာကြရမယ်​ ​လေ။ဒါဟာလူ့ယဉ်​​ကျေးတို့ရဲ့အပြု အမူပဲ။ အဲဒီလိုတစ်​ဦးနဲ့တစ်​​ယောက်​အပြန်​ အလှန်​​လေးစားခြင်း၊နားလည်ခွင့် လွတ်ခြင်း​​တွေလူသားဆန်​စွာလိုက်​ နာကျင့်​သုံးကြရမယ်​။ ဒီမှမဟုတ်​ပဲနားလည်​ခွင့်​ခြင်း​တွေ ကိုယ်​ချင်းစာ ခြင်း​တွေ​ပျောက်​ပြီး မာန်​တင်း​နေကြရင်​​တော့နိုင်​ငံတစ်​ နိုင်​ငံမှာတည်​ငြိမ်​​အေးချမ်းမှုလည်း ကင်း​ဝေးလာမှာမလွဲမ​သွေပါပဲ။ ဆက်​ရန်​ ဘဝအ​မော​တွေ​ပြေကြပါ​စေ ဘဝခရီးသည်

ဘုန်ကြီးကျောင်း မီးလောင်မှု သံဃာတော် ၃ ပါး ပျံလွန်တော်မူ (ဓါတ်ပုံသတင်း)

ဘုန်ကြီးကျောင်း မီးလောင်မှု သံဃာတော် ၃ ပါး ပျံလွန်တော်မူ (ဓါတ်ပုံသတင်း)

ဇူလိုင်လ (၃၀)ရက်နေ့ မနေ့ည ၉ : ၃၀ အချိန်တွင် ရှမ်းပြည်နယ် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာ ဘုန်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွားရာ ကျောင်းထဲတွင် သံဃာတော် ၁၈ ပါးရှိပြီး ၃ ပါး ပျံလွန်တော်မူပြီး ၁ ပါးက ခုလွိုင်လင်ဆေးရုံတွင် ဆေးကုသနေပါတယ်။

သတင်း-ဓါတ်ပုံ ။ ။  Yin Oum Mh

ဒီနေ့ညနေပိုင်းမှာ အလုပ်ကိစ္စတစ်ခုနဲ့ မော်လူးကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ထူးခြားဖြစ်စဉ် သတင်း တစ်ပုဒ် ရခဲ့တယ်။ ဆရာနဲ့ တပည့်အကြားမှာ မတရားခြိမ်းခြောက် ငွေတောင်းယူခဲ့တာပါ ။ဖြစ်သင့်လား မဖြစ်သင့်လား စဉ်းစားကြည့်ပါ။

ဒီနေ့ညနေပိုင်းမှာ အလုပ်ကိစ္စတစ်ခုနဲ့ မော်လူးကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ထူးခြားဖြစ်စဉ် သတင်း တစ်ပုဒ် ရခဲ့တယ်။

ဆရာနဲ့ တပည့်အကြားမှာ မတရားခြိမ်းခြောက် ငွေတောင်းယူခဲ့တာပါ ။ဖြစ်သင့်လား မဖြစ်သင့်လား စဉ်းစားကြည့်ပါ။

လောကမှာ ငပိနဲ့လောက် ရွှေနဲ့ကျောက်ဟာ မကင်းနိုင်သလို သားသမီးနဲ့ မိဘ ဆရာနဲ့ တပည့်ဟာလည်း ထိုနည်းတူစွာပါဘဲ။

တပည့်တစ်ယောက်ကို မှားနေလို့ ဆရာက ဆုံးမတာ ကို ပုံကြီးချဲ့ပြီး ငွေငါးသိန်း ရလိုမှုနဲ့ တိုင်တန်း ခဲ့တဲ့အတွက် လျော်ကြေးပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အနည်းငယ် ပွန်းသွားရုံနဲ့ (၅) သိန်းကျပ် ပေးလျော်ခဲ့ရရင် ပေါက်ပြဲသွားရင် မတွေးရဲစရာဘဲ။ ပေးသင့်လို့ ပေးလိုက်ရတဲ့ ဇာတ်လမ်းတော့ မဟုတ်ဘူး။

ဘယ်လိုအနေအထားနဲ့ ခြိမ်းခြောက်လဲဆိုတော့ DVB မှာ တင်မယ် အင်တာနက်စာမျက်နှာမှာ မော်လူးက စာသင်ဝိုင်းအကြောင်း တပြည်လုံး သိအောင် ရေးတင်မယ်တဲ့ဗျ အဲဒါ တကယ်ဖြစ်ခဲ့တာပါ။

အဲလိုလူတွေကို အဓိကဖျက်စီးနေတာဟာ အောင်မြင်မှု ဆိုတဲ့ အသီးအပွင့်တွေရယ် ကြော်ကြားမှုဆိုတဲ့  အစွန်းရောက်မှုတွေရယ်ကြောင့် လို့ ပြောချင်တယ်။

အတ္တ မာနတွေ ခဝါ မချနိုင်သရွေ့ဆိုပါတော့. . .။

သတင်း အပြည့်အစုံကို ဆက်လက်ရှုစားရန်. . . .

                          သီဟဆွေ (ကသာ)

ဒီနေ့ညနေပိုင်းမှာ အလုပ်ကိစ္စတစ်ခုနဲ့ မော်လူးကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ထူးခြားဖြစ်စဉ် သတင်း တစ်ပုဒ် ရခဲ့တယ်။

ဒီနေ့ညနေပိုင်းမှာ အလုပ်ကိစ္စတစ်ခုနဲ့ မော်လူးကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ထူးခြားဖြစ်စဉ် သတင်း တစ်ပုဒ် ရခဲ့တယ်။

ဆရာနဲ့ တပည့်အကြားမှာ မတရားခြိမ်းခြောက် ငွေတောင်းယူခဲ့တာပါ ။ဖြစ်သင့်လား မဖြစ်သင့်လား စဉ်းစားကြည့်ပါ။

လောကမှာ ငပိနဲ့လောက် ရွှေနဲ့ကျောက်ဟာ မကင်းနိုင်သလို သားသမီးနဲ့ မိဘ ဆရာနဲ့ တပည့်ဟာလည်း ထိုနည်းတူစွာပါဘဲ။

တပည့်တစ်ယောက်ကို မှားနေလို့ ဆရာက ဆုံးမတာ ကို ပုံကြီးချဲ့ပြီး ငွေငါးသိန်း ရလိုမှုနဲ့ တိုင်တန်း ခဲ့တဲ့အတွက် လျော်ကြေးပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အနည်းငယ် ပွန်းသွားရုံနဲ့ (၅) သိန်းကျပ် ပေးလျော်ခဲ့ရရင် ပေါက်ပြဲသွားရင် မတွေးရဲစရာဘဲ။

ဘယ်လိုအနေအထားနဲ့ ခြိမ်းခြောက်လဲဆိုတော့ DVB မှာ တင်မယ် အင်တာနက်စာမျက်နှာမှာ မော်လူးက စာသင်ဝိုင်းအကြောင်း တပြည်လုံး သိအောင် ရေးတင်မယ်တဲ့ဗျ အဲဒါ တကယ်ဖြစ်ခဲ့တာပါ။

အဲလိုလူတွေကို အဓိကဖျက်စီးနေတာဟာ အောင်မြင်မှု ဆိုတဲ့ အသီးအပွင့်တွေရယ် ကြော်ကြားမှုဆိုတဲ့  အစွန်းရောက်မှုတွေရယ်ကြောင့် လို့ ပြောချင်တယ်။

အတ္တ မာနတွေ ခဝါ မချနိုင်သရွေ့ဆိုပါတော့. . .။

သတင်း အပြည့်အစုံကို ဆက်လက်ရှုစားရန်. . . .

                          သီဟဆွေ (ကသာ)

ကျောင်းခေါ်ချိန်မပြည့်သည့် ကျောင်းသားများကို စာမေးပွဲဖြေဆိုခွင့် ပေးသည့် ဆရာ၊ ဆရာမများကို ရာထူးချသည်အထိ အရေးယူခံရမည် *************

ကျောင်းခေါ်ချိန်မပြည့်သည့် ကျောင်းသားများကို စာမေးပွဲဖြေဆိုခွင့်
ပေးသည့် ဆရာ၊ ဆရာမများကို ရာထူးချသည်အထိ အရေးယူခံရမည်
**************************************************************************

ဖြူသစ်လွင် ၊ ရန်ကုန်၊

ကျောင်းခေါ်ချိန် ၇၅ ရာ ခိုင်နှုန်း ပြည့်မီခြင်းမရှိသည့် တက္က သိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်း သူများကို စာမေးပွဲ ဝင်ရောက်ဖြေ ဆိုခွင့်ပြုသည့် ဆရာ၊ ဆရာမများ အား စစ်ဆေးတွေ့ရှိပါက ရာထူး ချသည်အထိ အရေးယူသွားမည် ဟု ပညာရေးဝန်ကြီးဌာနမှ သိရ သည်။

ပညာရေးဝန်ကြီးဌာနမှ အ ဆင့်မြင့် အရာရှိတစ်ဦးက ''ကျောင်း ခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်အောင် ကျောင်းတက်ရမယ်။ စာမေးပွဲ မ ဖြေမီ လအထိ အတန်းချိန် ပြည့် အောင် ကျောင်းမတက်ကြတာ မှန် ပေမယ့် အောက်တိုဘာ၊ နိုဝင်ဘာ အထိ ကျောင်းခေါ်ချိန် မှန်ပြီး ၇၅ ရာခိုင်နှုန်းပြည့်နေတဲ့ ကျောင်းသား တွေပဲ စာမေးပွဲဖြေခွင့်ရှိတယ်။ တ ချို့ ကျောင်းသားတွေက ၇၅ ရာ ခိုင်နှုန်း မပြည့်ဘဲ ၆ဝ၊ ၆၅ ရာခိုင် နှုန်းလောက်ပဲ ရှိနေတာ စစ်ဆေး တွေ့ရှိရင် ပြန်ပြီး ပယ်ဖျက်ရတာ တွေရှိတယ်''ဟု ပြောသည်။

တချို့သော တက္ကသိုလ်ဝင် တန်း ကျောင်းသား၊ ကျောင်းသူများ သည် အစိုးရကျောင်းများထက် ပြင် ပကျူရှင်များကို ဦးစားပေး တက် ရောက်ကြပြီး ကျောင်းခေါ်ချိန် ပြည့် မီရန် သင်ကြားသည့် ဆရာ၊ ဆရာ မများနှင့် နားလည်မှုယူကာ စာမေး ပွဲ ဝင်ရောက်ဖြေဆိုခြင်းများ ရှိနေ သည့်အပေါ် ရည်ညွှန်းဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

အတန်းချိန် ပုံမှန်တက်ရောက် လိုသော်လည်း သင်ကြားပေးသည့် ဆရာတချို့မှာ သင်ခန်းစာများကို ကျောင်းချိန်အတွင်း ထိရောက်စွာ သင်ကြားပေးခြင်း မရှိသဖြင့် ကျောင်း သားများအနေဖြင့် ပြင်ပကျူရှင်များ ကိုသာ အားကိုးနေရခြင်း ဖြစ်သည် ဟု အင်းစိန်မြို့နယ်မှ တက္ကသိုလ် ဝင်တန်း ကျောင်းသားတချို့က ပြော သည်။

''တချို့ ကျောင်းသား တစ် ယောက်စ နှစ်ယောက်စတော့ ရှိ ကောင်းရှိမယ်။ နယ်တွေမှာတော့ ဒီလိုမျိုးတွေ မရှိကြဘူး။ အဲဒီလိုမျိုး ကျောင်းသားနဲ့ ဆရာကြား မသမာ မှုတို့၊ ဘက်လိုက်မှု၊ လာဘ်စားမှုတွေ ကို စစ်ဆေးတွေ့ရှိရင် ပြစ်မှုကျူး လွန်တဲ့ အတိုင်းအတာအထိ သက် ဆိုင်ရာ ပညာရေးဝန်ထမ်းကို ပြောင်း ရွှေ့မိန့်ကနေ ရာထူးချတဲ့အထိ အ ပြစ်ပေးခံရမယ်''ဟု ယင်းက ဆက် ပြောသည်။

အလားတူပင် နည်းပညာတက္က သိုလ်များတွင်လည်း ယခုနှစ်မှ စ တင်၍ ဘာသာရပ် တစ်ခုချင်းစီ၌ ကျောင်းတက်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီမှသာ စာမေးပွဲဖြေဆိုခွင့် ရ မည်ဟု နည်းပညာတက္ကသိုလ် အ သိုင်းအဝိုင်းမှ သိရသည်။

(Yangon Times Journal, 11-50)
*************************************************************************်

ကျူရှင်​များ၊​ဘော်​ဒါများ အသီးသီး​၌ သင်​​နေကြကုန်​​သော  ​ပညာ​​ရေးဝန်​ထမ်းများ..............မကြာမှီ လာမည်​...........။

ကျူရှင်​များ၊​ဘော်​ဒါများ အသီးသီး​၌ သင်​​နေကြကုန်​​သော  ​ပညာ​​ရေးဝန်​ထမ်းများ..............မကြာမှီ လာမည်​...........။

(28.7.2016)ရက်​​နေ့ထုတ်​ မြ၀တီသတင်းစာပါ ပညာ​ရေးသတင်း......
ကျူရှင်​သင်​​ကြား​​သော ​ကျောင်းဆရာများ၊ဆရာမများ ​တွေ့ရှိကတိုင်​ကြားနိင်​ပြီး လုပ်​ထုံးလုပ်​နည်းနှင့်​အညီ အ​ရေးယူသွားမည်​။
ရန်​ကုန်​၊ဇူလိုင်​-၂၈

ကျောင်းပညာ​ရေးတိုးတက်​မှုရှိ​အောင်​လုပ်​​ဆောင်​​နေချိန်​တွင်​ အခ​ကြေး​ငွေယူကာ ကျူရှင်​သင်​ကြား​နေ​သော ​ကျောင်းဆရာ/မ များ​တွေ့ရှိပါက တိုင်​ကြားနိုင်​ပြီး လုပ်​ထုံးလုပ်​နည်းများနှင့်​အညီ အ​ရေးယူသွားမည်​ဖြစ်​​ကြောင်း ပညာ​ရေးဝန်​ကြီးဌာန မှတာဝန်​ရှိသူတစ်​ဦးက​ပြောသည်​။

အဆိုပါအ​ခြေခံပညာ​ကျောင်​များ၌တာဝန်​ထမ်း​ဆောင်​​နေသည့်​ ဆရာ/မ များအ​နေ​ဖြင့်​အခ​ကြေး​ငွေယူကာ ကျူရှင်​သင်​ကြား​နေခြင်းကို လုံးဝခွင့်​ပြုမည်​မဟုတ်​​ကြောင်း ၁၉၉၀ ပြည့်​နှစ်​က တရားဝင်​စာဖြင့်​ထုတ်​ပြန်​ထားပြီးဖြစ်​ပါသည်​။ယင်းထုတ်​ပြန်​ချက်​သည်​ အမိန့်​​ကြေငြာစာအဖြစ်​ရှိ​နေပြီး နိုင်​ငံ့ဝန်​ထမ်းဥပ​ဒေတွင်​ လည်းတရားဝင်​ ပါရှိပြီးသားဖြစ်​သည်​။

ယင်းကဲ့သို့ အခ​ကြေး​ငွေယူကာ ကျူရှင်​သင်​ကြားခြင်း​များကြောင့်​ ​ကျောင်းပညာသင်​ကြားမှုများတွင်​ အားနည်းမှုများဖြစ်​လာနိုင်​ပြီး ​ကျောင်းသား/သူများ၏ ပညာ​ရေးပိုင်းတွင်​ တန်းတူသင်​ကြားနိုင်​မှု များ​လျော့ကျလာကာ အဂတိလိုက်​စားမှုများ လည်းရှိလာနိုင်​သည့်​အ​လျှောက်​ ကျူရှင်​သင်​ကြားခြင်းကိုတားမြစ်​ထားခြင်းဖြစ်​သည်​။

အခ​ကြေး​ငွေယူကာကျူရှင်​သင်​​ကြား​နေ​သော ​ကျောင်းဆရာများ၊ဆရာမများပ​ပျောက်​​စေ​ရေး ​ကျောင်းသားမိဘများအ​နေဖြင့်​ပူး​ပေါင်းလုပ်​​ဆောင်​ရန်​လိုအပ်​ပြီး တိုင်​ကြားမှုများအတွက်​လိုအပ်​သလိုအဖွဲ့များခွဲကာ စစ်​​ဆေးပြီး အ​ရေးယူမှုများလုပ်​​ဆောင်​​ပေးမည်​ဖြစ်ြ​ကောင်းသိရသည်​။
#mawluu´s images(​မော်​လူးပုံရိပ်​)

ဇူလိုင်လ (၃၁)ရက်နေ့ ယနေ့ နေ့ လည် (၁၂)နာရီခန့် က မင်္ဂလာဒုံမြို့နယ် ပုလဲ ၃ရပ်ကွက် မြစံပယ်၃လမ်းမှာ လျှက်စစ်မီးသွယ်တန်းရာမှ ဓါတ်လိုက်သေဆုံးသူ အမျိုးသား ကိုဖိုးဇော် အသက်၃၀ခန့် epc မှ ဝန်ထမ်း မဟုက်ပဲ ဆက်သွယ်ရေး ဝန်ထမ်းတဦးဟု သိရသည်။ Htin Lin Aung

ဇူလိုင်လ (၃၁)ရက်နေ့ ယနေ့ နေ့ လည် (၁၂)နာရီခန့် က မင်္ဂလာဒုံမြို့နယ် ပုလဲ ၃ရပ်ကွက် မြစံပယ်၃လမ်းမှာ လျှက်စစ်မီးသွယ်တန်းရာမှ ဓါတ်လိုက်သေဆုံးသူ အမျိုးသား ကိုဖိုးဇော် အသက်၃၀ခန့် epc မှ ဝန်ထမ်း မဟုက်ပဲ ဆက်သွယ်ရေး ဝန်ထမ်းတဦးဟု သိရသည်။

Htin Lin Aung

Saturday 30 July 2016

ရေပြန်ကျသွားတဲ့ တပ်မတော်၊ ပြည်သူ့ရဲ၊ မီးသတ်တပ်ဖွဲ့၊ သူနာပြု ဝန်ထမ်းများ၊ ဆရာဆရာမများ၊ တိုင်းရင်းသားပြည်သူများ တက်ညီလက်ညီ ....

ရေပြန်ကျသွားတဲ့ ခန္တီးမြို့လေးကို
သန့်ရှင်းရေးလုပ်ပေးနေသော
တပ်မတော်၊ ပြည်သူ့ရဲ၊ မီးသတ်တပ်ဖွဲ့၊
သူနာပြု ဝန်ထမ်းများ၊ ဆရာဆရာမများ၊
တိုင်းရင်းသားပြည်သူများ တက်ညီလက်ညီ ....

မြန်မာပြည် ပြန်လည်ထူထောင်ရေးအတွက်
ခုလိုအင်အားစုတွေ စည်းစည်းလုံးလုံး
ပေါင်းစည်းညီညာကြရင် ဘယ်လောက်ကောင်းမလဲဗျာ ...

Photo: credit

ZN.H

ကြုံရပြန်​ပြီ MPT.....

MPT ကတ်ရှိထားတဲ့ fri တို့ရေ ကိုယ့်ရှိသမျှ mpt ကတ်တွေအကုန်လုံးကို bill ပြန်စစ်ကြပါ။ call center ကိုခေါ်ပြီး ယူထားသမျှ ဝန်ဆောင်မှုတွေအကုန်ပြန်ဖျက်ပေးပါလို့ ပြောပါ။ mpt နဲ့ပေါင်းထားတဲ့ ဝန်ဆောင်မှုကုမ္ပဏီတွေထဲမှာ အင်မတန်ယုတ်မာတဲ့ သူခိုးအကြီးစားတွေ ရှိပါတယ်။ သူတို့ဆီကဝန်ဆောင်မှုတွေကို ကိုယ်မယူထားလည်း bill ဖြတ်နေပါတယ်။ ဖုန်းဆက်တာကလွဲလို့ ဘာမှသုံးမရတော့တဲ့ handset အစုတ်လေးထဲမှာ mpt ကတ်ထည့်ထားပါတယ်။ ဖုန်းအဝင်လက်ခံရုံလောက်ပါပဲ။ အခု Bill စစ်ကြည့်တော့ bill တွေ ဘယ်ရောက်သွားမှန်းမသိပါဘူး။ စိတ်တိုတိုနဲ့ 106 ကိုဖုန်းခေါ်တယ် အထွက်မရှိတဲ့ကတ်ကနေ bill တွေ ဘယ်ထွက်သွားတာလဲလို့။ ဘောလုံးသတင်းဝန်ဆောင်မှုကနေ အစ်မကတ်ကို တရက် ၁၈၉ကျပ်နှုန်းနဲ့ နေ့တိုင်းbill ဖြတ်နေပါတယ်တဲ့။ ကျွန်မ လုံးဝမယူထားတဲ့ဝန်ဆောင်မှုကနေ နေ့တိုင်း Bill ဖြတ်နေရအောင် mpt က customer တွေအပေါ် တော်တော်မထေမဲ့မြင်ပြုနေပါလား ဒီလုပ်ရပ်က ကိုယ့် customer တွေအပေါ် လေးစားမှုမရှိတဲ့လုပ်ရပ်ပဲ customer ဘက်က confirm လုပ်မှ ဒီဝန်ဆောင်မှုက စရမှာမဟုတ်လားလို့ ပြောလိုက်တော့ အထပ်ထပ်အခါခါ တောင်းပန်ကြပါတယ်။ အစ်မကတ်ကို ဝန်ဆောင်မှုရပ်ပေးပါ့မယ်တဲ့ တခြား mpt ကတ်တွေရှိနေသေးရင်လည်း အဲဒီကတ်တွေကနေ ဖုန်းခေါ်ပေးပါ ဝန်ဆောင်မှုရပ်ပေးပါ့မယ်တဲ့။ ဒီကိစ္စက အစ်မတစ်ယောက်တည်းမဟုတ်ပဲ လူအများကြီးခံနေရတဲ့အကြောင်းနဲ့ သူတို့ mpt ကလုပ်တာမဟုတ်ပေမယ့် mpt နဲ့ပေါင်းထားတဲ့ကုမ္ပဏီကြောင့် ဖြစ်သွားရတာမို့ အားနာကြောင်း တောင်းပန်ကြောင်းတွေပဲ အထပ်ထပ်ပြောသွားပါတယ်။ ခိုးခံလိုက်ရတဲ့ငွေတော့ ပြန်မရတော့ပါ။ ကျွန်မက ပုံမှန် bill စစ်နေကြပါ ဒီရက်ပိုင်းမှ အလုပ်များတာရော နေမကောင်းတာရောကြောင့် မစစ်မိတာတောင် ဒီလောက်ပါသွားပါတယ်။ bill စစ်လေ့စစ်ထမရှိတဲ့သူတွေကတော့ ဘယ်လောက်တောင်ပါသွားလဲဆိုတာ သိမယ်တောင်မထင်ပါဘူး သံသရာကြွေးမကြောက်တဲ့သူခိုးတွေရေ သံသရာကြွေးအတွက်တော့ အဆင်သင့်ဖြစ်နေပါစေကွာ :)

မော်​လူးအုပ်​စု​၊အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ရုံး ၌ ရပ်​​/​ကျေး အလုပ်​အမှု​ဆောင်​ လစ်​လပ်​​နေရာများအတွက်​ အကြိုညှိနှိုင်း အစည်းအ​ဝေးပွဲ ပြုလုပ်​။

မော်​လူးအုပ်​စု​၊အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ရုံး ၌ ရပ်​​/​ကျေး အလုပ်​အမှု​ဆောင်​ လစ်​လပ်​​နေရာများအတွက်​ အကြိုညှိနှိုင်း အစည်းအ​ဝေးပွဲ ပြုလုပ်​။

(30.7.2016)ရက်​​နေ့၊​နေ့လည်​၁၂း၀၀နာရီး အချိန်​တွင်​ မော်​လူးအုပ်​စု​၊အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ရုံး ၌
ရပ်​​/ကျေး အလုပ်​အမှု​ဆောင်​ လစ်​လပ်​​နေရာ(၈)​နေရာအတွက်​ အကြိုညှိနှိုင်းအစည်းအ​ဝေးပွဲ ပြုလုပ်​ကျင်းပသည်​။

အဆိုပါအကြိုညှိနှိုင်းအစည်းအ​ဝေးသို့ ​မော်​လူးအုပ်​စုအတွင်းပါဝင်​​သော နားခွင်းကျင်​​ကျေးရွာ၊ကရင်​​ကျေးရွာ၊ဟဲနု​ကျေးရွာ၊သက်​ရင်းသာ​ကျေးရွာ၊ပဲခူး​ကျေးရွာ၊ရွာရှည်​​ကျေးရွာများမှ ပါတီဝင်​များ တက်​​ရောက်​​​ဆွေး​နွေးအကြံပြုကြ​ကြောင်း သတင်းရရှိပါသည်​။
Mawluu´s Images
Red Heart Images.

"အသံတိတ် တိုင်းပြည်ထဲမှာ" --------------

"အသံတိတ် တိုင်းပြည်ထဲမှာ"
--------------------------
အသံတိတ် တိုင်းပြည်ထဲမှာ
တဦးတယောက်ကများ ချောင်းနားထောင်နေရင်ဘဲ
ဆက်မပြောရဲကြတော့ဘူးလေ။
သတင်းပေးဆိုသူတွေက လျှို့ဝှက်ချက်တွေကို ရောင်းစားကြတယ်လေ။
ပြည်သူတွေရဲ့ အသက်သွေးတွေကို ဖောက်သောက်နေကြတာလေ။
မင်းဆိုးမင်းယုတ်တွေ မကြိုက်တာဆို
ဘယ်သူကမှ မပြောရဲကြဘူးလေ။
အသံတိတ် ဗမာပြည်ထဲမှာ
ရယ်မောနေသူတွေ လည်းမရှိကြဘူး၊
ထုတ်ပြောနေသူတွေ လည်းမရှိကြဘူး။
အသံတိတ် ဗမာပြည်ထဲမှာ
လူထုတွေရဲ့ တိတ်ဆိတ်မှုတွေကြား
အဲဒီ အမှန်တရား ကို ကြားသိနိုင်တယ်လေ။
အသံတိတ် တိုင်းပြည်ထဲမှာ
မတရားဖမ်းဆီးဖို့ လာနေတဲ့
စစ်သားတွေ ကိုမြင်နေတာတောင်
ဘယ်သူကမှ မပြောရဲကြဘူးလေ။
တရုတ်တွေက လမ်းမကြီးကို လိုချင်နေကြတယ်။
ပြင်သစ်တွေက ရေနံကို လိုချင်နေကြတယ်။
ထိုင်းတွေက သစ်ကို လိုချင်နေကြတယ်။
အစိုးရကတော့ အရာရာကို ဖျက်စီးနေကြတယ်။
အသံတိတ် တိုင်းပြည်ထဲမှာ
အသံတိတ် တိုင်းပြည်ထဲမှာ
ဘာသံမှကြားရမယ် မဟုတ်ဘူး
လူသတ်သမားတွေက နှုတ်ပိတ်ထားလို့လေ။
အကြောက်တရားတွေက ဖုံးပိတ်ထားလို့လေ။
အင်အားသုံးပြီး ဖိနှိပ်ထားပါစေ၊
မုသားဝါဒီတွေ မတုပနိုင်တဲ့၊
ဖျောက်ဖျက် ဖုံးဖိမထားနိုင်တဲ့
အသံတသံကတော့ ရှင်သန်နေမှာ
”လွတ်လပ်ခြင်း” တဲ့။ ။
.
အောင်ဆန်းစုကြည်
.
( ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင် ရေးသားထားတဲ့ ကဗျာတပုဒ်ဖြစ်တယ်လို့သိရတယ်။အင်္ဂလိပ်လိုရေးပြီးမှ
မြန်မာလိုပြန်တာဖြစ်တယ်။မူရင်းကဗျာ နှင့် ဘာသာပြန်ကဗျာ နှစ်မျိုးစလုံး တင်ပေးလိုက်ပါတယ်..).
.
“In The Quiet Land”
-------------------------------
In the Quiet Land, no one can tell
if there's someone who's listening
for secrets they can sell.
The informers are paid in the blood of the land
and no one dares speak what the tyrants won't stand.
In the quiet land of Burma,
no one laughs and no one thinks out loud.
In the quiet land of Burma,
you can hear it in the silence of the crowd
In the Quiet Land, no one can say
when the soldiers are coming
to carry them away.
The Chinese want a road; the French want the oil;
the Thais take the timber; and SLORC takes the spoils...
In the Quiet Land....
In the Quiet Land, no one can hear
what is silenced by murder
and covered up with fear.
But, despite what is forced, freedom's a sound
that liars can't fake and no shouting can drown.

by Daw Aung San Su Kyi
credit : Burmarpyithar
Via Martin Swe

# ကဗျာပြခန်းမှ ပြန်လည်ကူးယူမျှဝေသည်။

အင်းစိန်တွင် GTC ကျောင်းသားက မိဘနှစ်ပါးကို ဓားဖြင့်ထိုး ---------------------------------

အင်းစိန်တွင် GTC ကျောင်းသားက မိဘနှစ်ပါးကို ဓားဖြင့်ထိုး
---------------------------------
အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ ရပ်ကွက် (၄) လမ်းမြောက်တွင် ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်က အသက် ၁၉ နှစ်အရွယ် GTC ကျောင်းသားက မိဘ နှစ်ပါးကို ဓားဖြင့် ထိုးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဓားဖြင့်ထိုးသူမှာ မှော်ဘီ GTC ကျောင်းတွင် BE (Civil) ဒုတိယနှစ် တက်ရောက်နေသူ ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်က ကျောင်းမှ နေအိမ်သို့ ၎င်း၏ သူငယ်ချင်း အမျိုးသားနှင့်အတူ ပြန်လာစဉ် နေအိမ်ရှေ့ ထွက်ကြိုနေသည့် မိဘနှစ်ပါးကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း အင်းစိန်မြို့နယ် ရဲမှူးမင်းသိန်းက ပြောကြားသည်။

“အိမ်ပြန်လာမယ်လို့ သားဖြစ်သူက ဖုန်းဆက်လို့ မအေက အိမ်ရှေ့ ထွက်ကြိုနေတာ သားဖြစ်သူနဲ့အတူ လူငယ် တစ်ဦးပါလာပြီး မအေဖြစ်သူကို မပြောမဆိုနဲ့ ဓားနဲ့ ဝိုင်းထိုးတယ်။ ဖခင်ဖြစ်သူက သူတို့ နှစ်ယောက်ကို ဝင်လုံးထိုးကြိတ် ဖမ်းဆီးရာက သူပါ ဓားနဲ့ ထိုးခံရတယ်။ ပြစ်မှုကျူးလွန်သူတွေ မမိသေးပါဘူး”ဟု ၎င်းက ဆိုသည်။

ယင်းဓားဖြင့်ထိုးသူ နှစ်ဦးမှာ ဆေးကြောင်နေသည်ဟု ဖခင်ဖြစ်သူ၏ တရားလိုပြု အမှုဖွင့် တိုင်ကြားချက်အရ သိရှိရပြီး ဓားထိုးခံရသော အသက် ၄၄ နှစ်အရွယ် မိခင်မှာ ဝမ်းဗိုက် ထိုးသွင်း ဒဏ်ရာ နှစ်ချက် အသက် ၅၀ အရွယ် ဖခင်ဖြစ်သူမှာ ဝမ်းဗိုက် ပြတ်ရှ ဒဏ်ရာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာနှင့် ဘယ်ဘက် လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး အင်းစိန်ဆေးရုံ တင်ပို့ထားရကြောင်း အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

ကသာမြို့၊ဧရာကမ်းသာလူမှုကူညီ ရေးအဖွဲ့၊Onlineချစ်သူများအဖွဲ့နဲ့ လူငယ်ပရဟိတကွန်ယက်အဖွဲ့တို့ဟာ ၃၀.၇.၂၀၁၆နေ့ကကသာမြို့နယ် တွင်းရေဖုံးလွှမ်းနေတဲ့အောက်သ ဖန်းဒေါင့်၊ကွေ့ကြီးကျွန်း၊လက်ပံ ဇင်ကျွန်း၊ဝေစွယ်၊စစ်ကုန်းကျေးရွာများ သို့သောက်ရေသန့်များ၊ဆန်၊ဆီ စားသောက်စရာများကိုသွား ရောက်လှူဒါန်းခဲ့ပါတယ်။ Credit - Aye Lwin

ကသာမြို့၊ဧရာကမ်းသာလူမှုကူညီ
ရေးအဖွဲ့၊Onlineချစ်သူများအဖွဲ့နဲ့
လူငယ်ပရဟိတကွန်ယက်အဖွဲ့တို့ဟာ
၃၀.၇.၂၀၁၆နေ့ကကသာမြို့နယ်
တွင်းရေဖုံးလွှမ်းနေတဲ့အောက်သ
ဖန်းဒေါင့်၊ကွေ့ကြီးကျွန်း၊လက်ပံ
ဇင်ကျွန်း၊ဝေစွယ်၊စစ်ကုန်းကျေးရွာများ
သို့သောက်ရေသန့်များ၊ဆန်၊ဆီ
စားသောက်စရာများကိုသွား
ရောက်လှူဒါန်းခဲ့ပါတယ်။

        Credit - Aye Lwin