Pages

Thursday, 14 July 2016

ဖွတ်တက်တာထက် ဆိုးသွားလေသော ဇနီးမောင်နှံ ------------

ဖွတ်တက်တာထက် ဆိုးသွားလေသော ဇနီးမောင်နှံ
-------------------------------------------------------
ကသာမြို့၊ အမှတ် (၉) ရပ်ကွက် ၊အပိုင်း(၄) မှာ
ဇူလိုင်လ (၁၄) ရက်နေ့ နေ့လည် ၃း၃၅ နာရီ အချိန်ခန့် က သက္ကယ်မိုး ထရံကာ နေအိမ် တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

တံစက်မြိတ် က မီးစတင်ပြီး အနည်းငယ် လောင်ကျွမ်း ခဲ့တာ လို့သိရပါတယ်။

အိမ်ငှားပြီး နေထိုင်ကြတာဖြစ်ပြီး မီးလောင်တဲ့ အချိန်မှာ ကိုလင်း+ မစန်းမြင့်တို့ ဇနီးမောင်နှံ ဟာ တစ်ယောက်မှ နေအိမ်မှာ ရှိမနေပါဘူး။

နေ့စဉ် နေအိမ်တံခါးကို သော့ခတ် ပိတ်ထားခဲ့ပြီး ရွှေပြည်သစ် ကျေးရွာမှာဘက်မှာ လက်သမား သွားရောက် လုပ်ကိုင်နေတာ ဖြစ်လို့ ညနေပိုင်း အချိန်မှ အိမ်ပြန်ရောက်ကြတယ် လို့ ဆိုပါတယ်။

လျပ်စစ်မီးကြိုး သွယ်တန်းထားတာလည်း လုံးဝ  မရှိတဲ့ အတွက် ဝါယာရှော့ခ် ဖြစ်စရာလည်း မရှိပါဘူး။

လေ့လာ သိရှိချက်အရ မီးကြွင်း မီးကျန် က လောင်တာမဟုတ်တဲ့အတွက် ပေါ့ဆမီး မဟုတ်တာ သေချာပါတယ်။

ဒီလင်မယား နှစ်ယောက် ငှားရမ်း နေထိုင်တဲ့ နေအိမ် မီးလောင်တဲ့အတွက် အမှုဖွင့် အရေးယူ ခြင်းခံရပါတော့တယ်။

မီး ဘာကြောင့်လောင်တယ်ဆိုတာကို သုံးသပ်လေ့လာဖို့ လိုအပ်သလို ဘယ်သူ ဘယ်ဝါရဲ့ ပယောဂကြောင့် လောင်တယ် ဆိုတာကို  စုံစမ်း ဖော်ထုတ်ပေးသင့်ပါတယ်။

ဒီလိုမဟုတ်ပဲ အမှုဖွင့် အရေးယူခြင်း ခံရမယ်ဆိုရင်တော့ အပြစ် ရှိရှိ မရှိရှိ လည်စင်း
ခံ ပေးရမလို ဖြစ်နေပါတယ်။

ဒီ ဇနီးမောင်နှံ ငှားရမ်း နေထိုင်လာတဲ့ နေအိမ်တံစက်မြိတ် မီးလောင်လိုက်တဲ့ အတွက် ဒီကနေ့ ဖြစ်ရပ် က ဖွတ်တက်တာထက် ဆိုးသွားတဲ့ ဇနီးမောင်နှံဖြစ်သွား ပါတော့တယ်။

                         သီဟဆွေ (ကသာ)

0 comments:

Post a Comment