Pages

Saturday 30 April 2016

"ကမ္ဘောဇအနာဂါတ်အလင်းတန်းမြန်မာဖေါင်းဒေးရှင်း" မှ ​​မော်လူး​ဒေသ၊​တောင်​​ဖီလာ​​​ကျေးရွာ ခိုင်းနွားနှစ်​​ကောင်​မိုးကြိုးထိမှန်​​သေဆုံးမှုအတွက်​ ထောက်​ပံ့​ငွေ​ပေးအပ်

၃၀- ၄ - ၂၀၁၆ အင်းတော်မြို့နယ် တောင်ဖီလာ ခိုင်းနွားနှစ်ကောင် မိုးကြိုးထိမှန်သေဆုံးသည့်ဆုံးရှုံးမှု အား ကမ္ဘောဇအနာဂါက်အလင်းတန်းမြန်မာဖေါင်းဒေးရှင်းမှ နွားနှစ်ကောင် သိန်းနှစ်ဆယ် ကောလင်းမြို့ကမ္ဘောဇ ဘဏ်ရုံးတွင် ဒုတိယအထွေထွေ မန်နေဂျာ ဦးတင်ဝင်းမှ ကောလင်းမြို့မိမြို့ဖ အင်းတော်စားသုံး သူရေးရာဦးစီးဌာန ဦးကြည်နိုင်ဦး အင်းတော် ပြန် ဆက်ဦးစီးဌာန ဦးကျော်သီဟ ရှေ့တွင်သေဆုံးနွားနှစ်ကောင်ပိုင်ရှင်ဦးကျော်ဆန်းဦးသို့ပေးအပ်လှူဒါန်း နွားပိုင်ရှင်မျက်ရည်များနဲ့ကျေးဇူးတင်စကားပြောကြားပြီးအခမ်းအနားပြီးမြောက်ခဲ့ပါတယ်

Friday 29 April 2016

ဥရုချောင်းထဲက အငြင်းပွားဖွယ် ကျောက်စိမ်းတူးဖော်မှုကြီး ...

ဥရုချောင်းထဲက အငြင်းပွားဖွယ် ကျောက်စိမ်းတူးဖော်မှုကြီး ...
ဖားကန့်မြို့နယ် ဖားကန့်ကြီးမှော်နားမှာ ကျောက်စိမ်းနဂါး ကုမ္မဏီက ဥရုချောင်းဧရိယာထဲမှာ သွပ်တွေကာပြီး ကျောက်စိမ်းတူးနေခြင်းဟာ အကျည်းတန် အရုပ်ဆိုးလှပါသည် ။ ဥရုချောင်းဟာ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများကြောင့် ၂၀၀၃ ခုနှစ်မှ စတင်ပျက်လာခဲ့တာပါ ။၂၀၀၇ ခုနှစ်များတွင် အဆိုးရွားဆုံးရေကြီးရေလျှံမှုတွေ ဖြစ်ပြီး လူနေရပ်ကွက်တွေပါ ပျောက်သွားခဲ့ပါတယ် ။ ဒီလို ဒေသခံတွေ အတိဒုက္ခရောက်နေချိန်မှာ ဘယ်ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများကမှ ထိထိရောက်ရောက် ထဲထဲဝင်ဝင် ကူညီပေးတာမျိုးတွေ မရှိခဲ့ပါဘူး ။ဒီနေ့အချိန်ထိလည်း မရှိပါဘူး ။ဥရုချောင်းကို ပျက်စီးအောင် လုပ်ခဲ့တဲ့ အဓိက တရားခံဟာ ဖားကန့်ဒေသကို သက်တမ်း(၃) ဆက် ထမ်းဆောင်ခဲ့တဲ့ ဗျူဟာမှူးကြီး ဦးတင်ရှိန်ပါပဲ ။ဒုတိယ တရားခံဟာ ထိုစဉ်က ကျောက်စိမ်းရုံး ( လုံးခင်း ) တွင် တာဝန်ထမ်းဆောင်ခဲ့သော ပုဂ္ဂိုများဖြစ်ပါတယ် ။ ထိုစဉ်က ဥရုချောင်းထဲကို ကုမ္မဏီတွေက စွန့်ပစ် မြေစာစွန့်ပစ်ခွင့်ရဘို့ ဗျူဟာမှူးဦးတင်ရှိန်ကို သီးသန့် သိန်းရာပေါင်းများစွာ ပေးခဲ့ရတယ်လို့ ကုမ္မဏီအသိုင်းအဝိုင်းက သိရပါတယ် ။ ကျောက်စိမ်းရုံး( လုံးခင်း ) ကို ဘယ်လောက် ပေးရတယ် ဆိုတာကိုတော့ ပြောမသွားပါဘူး ။
အခုကိစ္စကိုလည်း ကြည့်မယ်ဆိုရင် အရင်ခေတ်နဲ့ ဘာများကွာနေပြီလည်းဆိုတာ မေးခွန်း ထုတ်စရာပါ ။ဘယ်သူ့ကိုမှ ဂရုမစိုက် ။ ထင်ရာလုပ်နေတဲ့ ခရိုနီတွေနဲ့ အာဏာရှင် မိုးကျရွှေကိုတွေရဲ့ လုပ်ရပ်ပါ ။ဥရုချောင်းပျက်စီးလို့ ပြည်သူတွေ နှစ်စဉ် ဒုက္ခရောက်နေတာကို သိနေပါရက်နဲ့ ဥရုချောင်း အတွင်းမှာ ဒီလို ကျောက်စိမ်းတူးဖော်ခွင့် ပြုနေခြင်းဟာ နှစ်ဘက်တာဝန်ရှိသူတွေအနေနဲ့ ( သတ္တုတွင်းဝန်ကြီးဌာန နှင့် ကျောက်စိမ်းနဂါးကုမ္မဏီ ) ပြည်သူ နဲ့ လက်ရှိ အစိုးရသစ်ကို မထီမဲ့မြင် ပြုရာရောက်နေပါတယ် ။
ဥရုချောင်းကို ချောင်းရှင်းလင်းရေး လုပ်ဟန်ပြကာ ရေကြောင်းလွှဲပြီး ကျောက်စိမ်းတူးနေခြင်းဟာ အင်မတန်မှ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ပါ ။ဒီလို လုပ်နေတာကို သိနေရက်နဲ့ လာရောက်စစ်ဆေးတာမြစ်ခြင်း မလုပ်တဲ့ ကျောက်စိမ်းရုံး ( လုံးခင်း) က တာဝန်ရှိသူတွေဟာလည်း တော်တော် တာဝန်မဲ့လွန်းပါတယ် ။သတ္တုတွင်း ဝန်ကြီးဌာနက ဒါကို တရားဝင် လုပ်ကွက်ချပေးခဲ့တယ်ဆိုရင်တော့ မြန်မာ့သတ္တုတွင်းဝန်ကြီးဌာနဆိုတဲ့ အဖွဲ့အစည်းကြီးဟာ တော်တော်ကို သိက္ခာမဲ့တဲ့ လုပ်ရပ်ကို လုပ်တယ်လို့ပဲ မြင်မိပါတယ် ။ ဒီလိုအဖွဲ့အစည်းမျိုးကို ကျနော်တို့ပြည်သူတွေ ဘယ်လိုမှ အသိအမှတ် မပြုနိုင်ပါဘူး ။မြန်မာ့သတ္တုဥပဒေမှ ပြဌာန်းထားတဲ့ မြစ်ချောင်းများနှင့် ကိုက်တစ်ရာမှာ လုပ်ကွက် ချထားပေးခွင့်မပြုရဘူးဆိုတာကို လုံးဝ ချိုးဖောက်နေတာကို တွေ့ရပါတယ် ။ ဒါကြောင့် ယခုလုပ်ရပ်အား သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံး ပွင့်လင်မြင်သာစွာ ဖြေရှင်းပေဘို့ လိုအပ်နေပြီဆိုတာကို အကြံပြု တင်ပြလိုက်ရပါတယ် ။
ဇော်မိုးထက် ( ၂၇.၄.၂၀၁၆ )

Thursday 28 April 2016

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

Maung Pauk   12:34 AM   Government  , Political  , Recent  , Regions and States  , Sagaing
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဖွဲ့စည်းပုံ

 ၁။    ဒေါက်တာမြင့်နိုင်              ဝန်ကြီးချုပ်
 ၂။    ဗိုလ်မှူးကြီးကျော်သန့်နိုင်    ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန
 ၃။    ဦးစိုးဦး                          ဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
 ၄။    ဦးကမ်ဇာမုံ                     ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
 ၅။    ဦးသန်းညွန့်ဝင်း               ဝန်ကြီး၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန
 ၆။    ဦးမြင့်ကြည်                    ဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးဌာန
 ၇။    ဒေါက်တာဇော်ဝင်း           ဝန်ကြီး၊ လူမှုရေးဝန်ကြီးဌာန
 ၈။    ဒေါ်မွှေးမွှေးခင်               ဝန်ကြီး၊ ရှမ်းတိုင်းသားလူမျိုးရေးရာဝန်ကြီးဌာန
 ၉။    ဦးလာလ်ထောင်ထန်း       ဝန်ကြီး၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
၁၀။    ဦးခင်မောင်လှ              ဥပဒေချုပ်
၁၁။    ဦးစိုးစိုးဇော်                  အတွင်းရေးမှူး

Wednesday 27 April 2016

ရောက်​တတ်​ရာရာအ ​တွေးများ

နွေ​နေ့တစ်​​ပေါ့....။ ရွာစာကြည့်​တိုက်​ကအမြဲပိတ်​ထား ​လေ့ရှိတံခါးကိုယ့်​ဖာသာဖွင့်​ပြီးဖတ်​ စရာလိုက်​ရှာ​တော့ ``အလင်းသစ်​ သတင်းလွှာ´´ဆိုတဲ့အမှတ်​(၁) ၃၀၁၄၊ ဒီဇင်​ဘာလ ထုတ်​ကိုငှါးရမ်း ဖတ်​ကြည့်​မိတယ်​။ စာအုပ်​ကစာဖတ်​ကြဖို့အ​ကြောင်းအ ရာစာကြည့်​တိုက်​အ​ကြောင်းအရာ များကိုစာအုပ်​မျက်​နှာဖုံးမှာထင်​ထင်​ ရှားရှားရိုက်​နိပ်​ထား​လေ​တော့စိတ်​ ၀င်​တစားဖတ်​ကြည့်​ခဲ့တယ်​။ အဲဒီမှာအဖွင့်​​ဆောင်းပါးဖြစ်​တဲ့ဆရာ ချစ်​နိုင်​(စိတ်​ပညာ)ရဲ့စာဖတ်​​လေ​လေ တိုးတက်​​လေ​လေ​ဆောင်းပါးကိုဖတ်​ မိပါတယ်​။ ​​ဆောင်းပါးအစကနှစ်​​ပေါင်း၂၅၀၀ ​ကျော်​ဘုရားရှင်​လက်​ထက်​​တော်​က အစပျိုးထားပါတယ်​။ ဆရာကဘုရားရှင်​နှင့်​​ဗောဓိမင်းသား အ​မေးအ​ဖြေ​တွေကိုဖတ်​​စေပြီးဆုံး ကာနီး​လေးပုံသုံးပုံ​လောက်​မှာ ဒီ​နေ့ပြည်​သူပြည်​သား​တွေအထင်​ ကြီး​လေးစားခြင်းခံ​နေရတဲ့​ ဒေါ်​အောင်ဆန်းစုကြည်​ရဲ့ဘဝ တစွန်းတစကိုဥပမာအ​နေနှင့်​ပြပြီး အမျိုးဂုဏ်​ဇာတိဂုဏ်​အ​ကြောင်း ​ပြောပြခဲ့ပါတယ်​။ [ကိုယ့်​မိဘရဲ့ဂုဏ်​၊ကိုယ့်​မျိုးရိုးရဲ့ အစဉ်​အလာကြီးမားတဲ့နယ်​ချဲ့ဆန့်  ကျင်​​ရေးအစဉ်​အလာ။အင်္ဂလိပ်​က အဘိုးဦးမင်း​ရောင်​ကို​ခေါင်းဖြတ်​သတ်​ခဲ့တယ်​။ အင်္ဂလိပ်​တပ်​က အင်္ဂလိပ်​စစ်​ဗိုလ်​​တွေကိုခိုးဝှက်​ထုတ်​ ​ပေးခဲ့တဲ့စတင်းဂန်းနဲ့ကျည်​ဆန်​များနဲ့ ဖခင်​ဗိုလ်​ချု ပ်​​အောင်​ဆန်းကို၁၃ချက်​တိတိ ပစ်​ခတ်​ပြီးလုပ်​ကြံသတ်​ဖြတ်​ခံ ခဲ့ရတယ်​။] အင်္ဂလိပ်​ကိုမမုန်းချင်​​နေပါ။ လင်​အဖြစ်နဲ့အနှစ်၂၀​​လောက်​မယား လုပ်​ခဲ့ရ​လောက်​​အောင်​​တော့မမွှန်​ သင့်​ဘူး။မရူးမိုက်​သင့်​ဘူး။စိတ်​လိုက်​ မာန်​ပါစိတ်​​နောက်​ကိုယ်​ပါဇွတ်တ ရွတ်လုပ်တတ်တဲ့အမူအကျင့်ဟာ ဥာဏ၀ိပ္ပယုတ်အဆင်ခြင်နည်းပါး ခြင်းရဲ့လက္ခဏာေ​​​တွပဲ။ လို့​ရေးသားခဲ့ပါတယ်​။ ဆရာဟာလူငယ်​လူရွယ်​​တွေကိုပြု စု ပျိုး​ထောင်​ တဲ့စာ​တွေအ​ရေး ​ကောင်းသလိုအခြားစာ​တွေလည်း အ​တွေးအ​ရေး​ကောင်းခဲ့ပါတယ်​။ ဒါ​ပေမယ့်​ဒီ​ဆောင်းပါးမှာ​တော့ဆရာ ဟာစစ်​မှုထမ်းခဲ့ဖူးသူပီပီ​ဒေါ်​အောင်​ ဆန်းစုကြည်​အ​ပေါ်အမြင်​မကြည်​စွာ ​ရေးသား​ပြောဆိုသွားတာကိုစိတ်မေ​ကာင်း​​စွာ​တွေ့ရပါတယ်​။ ​လောကမှာလူတစ်​​ယောက်​ဟာသူ ဘာဖြစ်​ခဲ့တယ်​ဆိုတာအ​ရေးမကြီး ပါဘူး။လက်​ရှိပစ္စု ပ္ပန်​မှာသူဘာလုပ်​ ​နေလဲဆိုတာပဲအ​ရေးကြီးတယ်​ဆိုတာဆရာ​မေ့ချင်​ဟန်​​ဆောင်​​နေတယ်​ထင်​ပါတယ်​။ ​နောက်​ပြီးတစ်​ခုထပ်​ပြီးစိတ်​ပူသွားမိ တာတစ်​ခုရှိတယ်​။ဒါကဘာလဲဆို ​တော့မြန်​မာနိုင်​ငံမှာရှိ​နေကြတဲ့အစိုး ရနဲ့ဆက်​ဆံရတဲ့စာကြည့်​တိုက်​မှန်​ သမျှ ဟာတကယ့်​အမှန်​တရားကို ​ပေးစွမ်းနိုင်​ပါ့မလားလို့​တွေးကြည့်​ မိတယ်​။ အထူးသဖြင့်​လိမ်​လည်​ခြင်းခံထား ကြရတဲ့သမိုင်း​မှတ်​တမ်း​တွေပဲဖြစ်​ ပါတယ်​။ ဘဝအ​မော​တွေ​ပြေကြပါ​စေ ဘဝခရီးသည်

မော်​လူး​ဒေသ၊​တောင်​ဖီလာ​ကျေးရွာ၊မိုးကြိုးထိမှန်​မှု သတင်း..............

မော်​လူး​ဒေသ၊​တောင်​ဖီလာ​ကျေးရွာ၊လူ​နေအိမ်​အား မိုးကြိုးလျှပ်​စီး​ စီးဝင်​ရာ နွားနှစ်​​ကောင်​​သေဆုံး.......

(၂၃.၄.၂၀၁၆) ရက်​​နေ့၊ည(၉း၀၀)နာရီအချိန်
မော်​လူးမြို့နှင့်​(၄)မိုင်​ခန့်​​ဝေး​သော ပုန်းဟုန်​​ကျေးရွာအုပ်​စု၊​တောင်​ဖီလာ​ကျေးရွာ၊ဦး​ကျော်​ဆန်းဦး+​ဒေါ်အိဖြူ တို့​နေအိမ်​၌
(၂၃.၄.၂၀၁၆) ရက်​​နေ့၊ည(၉း၀၀)နာရီအချိန်ခန့်က မိုး​ကြိုးလျှပ်​စီး စီးဝင်​မှုဖြစ်​ပွားခဲ့သည်​။

တောင်​ဖီလာ​ကျေးရွာအ၀င်​၊လူနေအိမ်​ကျဲ​သော​ ဘယ်​ဖက်​အခြမ်း၌ မကြာခင်​ကမှ အိမ်​သစ်​တက်​ပြီးစ မိသားစုတို့ အိပ်​​မောကျ​နေစဉ်​ ည(၉း၀၀)နာရီအချိန်​ခန့်​ မိုးများရွာ​ပြီး​ မိုးကြိုးလျှပ်​စီးထိမှန်​မှုခံရခြင်းဖြစ်​သည်​။

ဝင်​လာ​သောမိုးကြိုးလျှပ်​စီးမှာ သွပ်​ကို​ဖောက်​၍ အိမ်​တိုင်​မှတစ်​ဆင့်​ အိမ်​​အောက်​ရှိတိုင်​နှင့်​ချည်​ထား​သောနွားနှစ်​​ကောင်​ကိုထိမှန်​ကာ ၎င်းနွားနှစ်​​ကောင်​မှာ ​နေရာတွင်​ပင်​ ​သေဆုံးသွား​ကြောင်း သိရပါသည်​။

လူများတစ်​စုံတစ်​ရာမထိခိုက်​ပဲ လျှပ်​စစ်​စီးဝင်​ရာ သွပ်​​​နေရာ​ပေါက်​ထွက်​ပြီး အိမ်​​တိုင်​မှာကွဲအက်​ဖွာထွက်​လျှက်​ အိမ်​​အောက်​ဖက်​သို့ စီးဝင်​သွား​ကြောင်းလည်း သိရသည်​။

တိုင်​နှင့်​နီး​သောဘထ္ထရီအိုးမှာလည်း ​အောက်​​ခြေအ​ပေါက်​ဖြစ်​လျှက်​ ပျက်​စီးသွား​သည်​ကို ပုံပါအတိုင်း​တွေ့နိုင်သည်​။

အိမ်​တိုင်​များမဲခြင်း၊မီး​လောင်​ခြင်း ​သေဆုံးသွား​သောနွားများညိုမဲခြင်းမရှိသည်​ကိုလည်း ​တွေ့ရသည်​။

လတ်​တ​လော လယ်​ယာစိုက်​ပျိုး​ရေးလုပ်​ငန်းအတွက်​ အားကိုးရာနွားများ​သေဆုံးသွား၍ ​ဦး​ကျော်​ဆန်းဦးတို့မိသားစုမှာ အခက်​အခဲကြုံ​နေရ​ကြောင်းနှင့်​ဆုံးရှူံးမှုတန်ဖိုး​မှာ သိန်းဆယ်​​ငွေ ပမာဏရှိကြောင်းကြားသိရပါသည်​။
မော်​လူးပုံရိပ်​........

Monday 25 April 2016

မော်​လူးဘူတာ၌ တရားမ၀င်​တင်​​ဆောင်​ထား​သော ကျွန်းတံခါးချပ်​များ ဖမ်းဆီးရမိ....

(၂၆.၄.၂၀၁၆)ရက်​​နေ့
မော်​လူး

သတင်း​ပေးတိုင်​တန်းချက်​အရ ​မော်​လူးဘူတာတွင်​ တရားမ၀င်​တင်​​ဆောင်​ထားသော ကျွန်းတံခါးချပ်​များ ဖမ်းဆီးရမိ......

ယ​နေ့နံနက်​(၇း၁၅)နာရီအချိန်​ခန့်​၊မန္တ​လေးမှမြစ်​ကြီးနားသို့ထွက်​ခွာလာ​သော စက်​​ခေါင်းအမှတ်​ -DD.1117 ကုန်​ရထားသည်​ ​မော်​လူး​ဒေသ၊စီပိန်းနှင့်​ပုန်းဟုန်​​ကျေးရွာကြား၊နန့်​တယ​ရေ​ပေါက်​အလွန်​၌ရပ်​၍ တရားမ၀င်​ကျွန်းတံခါးချပ်​များတင်​​ဆောင်​​နေ​ကြောင်း တာဝန်​သိပြည်​သူတစ်​ဦးမှ သတင်း​ပေးတိုင်​တန်းချက်​အရ ​မော်​လူးအုပ်​စု ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးနှင့်​အာဏာပိုင်​အဖွဲ့များ၊သစ်​​တောဌာနမှတာဝန်​ရှိသူများ၊ အသိသက်​​သေလူကြီးများ နှင့်​အတူ ​မော်​လူးဘူတာ၌သွား​ရောက်​​စောင့်​ဆိုင်းကာ ဖမ်းဆီး​သည်​။

မော်​လူးဘူတာ၌ရပ်​တန့်​၍
တွဲဆိုင်းအမှတ်​-GBHAH 40902 ပေါ်မှ​ ​ရောမတံခါးချပ် (၂​၉)ချပ်​၊ရိုးရိုးတံခါးချပ်​(၉)ချပ်​ စုစု​ပေါင်း-(၃၈)ချပ်​ဖမ်း​ဆီးရမိသည်​။

ပိုင်​ရှင်​မှာ​မော်​လူးမြို့၊မြမာလာရပ်​ကွက်​၊ရပ်​ကွက်​(၅​)​နေ ဒေါ်သင်းသင်းမြတ်​ဟုသိရပြီး တရားဥပ​ဒေအရ​ကြောင်းအရ ဆက်​လက်​​ဆောင်​ရွက်ေ​န​ကြောင်း သတင်းရရှိပါသည်​။
မော်​လူးပုံရိပ်

အ​ယောင်​​ဆောင်​​တွေမပါတဲ့ ရိုးရှင်းတဲ့ဘ၀နဲ့ ပြည်​​ထောင်​စုဝန်​ကြီး

တစ်ခေတ်တစ်ခါနဲ့တော့ လုံးဝမတူ
===================
မနေ့ည ၇ နာရီလောက်က မိတ်ဆွေတွေက
ထမင်းစားဖိတ်လို့ ရန်ကင်း ကျောက်ကုန်းမှာ
ဖွင့်ထားတဲ့ ROYAL THAI စားသောက်ဆိုင်
ကို သွားခဲ့တယ်။
ဆိုင်က သိပ်ပြီး ခမ်းခမ်းနားနား မရှိလှပါဘူး။
ဈေးကလည်း သင့်ရုံ အလယ်အလတ် လောက်ပါ။
ကျွန်တော်တို့ ထိုင်စားနေတုန်း ကပ်လျက်ဘေးဝိုင်း
ကို အခု အရပ်သားအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး
(စက်မှုဝန်ကြီးဋ္ဌာန) ဦးခင်မောင်ချိုတို့ လင်မယား ၂
ယောက်ထဲ ရောက်လာကြတယ်။
ဝန်ကြီးလင်မယားက မီနူးကြည့်ပြီး စားပွဲထိုးလေးကို
စားစရာမှာနေတာ တွေ့ရတယ်။
တစ်အောင့်နေတော့ ဝန်ကြီးဝိုင်းအတွက် ဟင်းပွဲ ၂
ပွဲ ယူလာတာကို လှမ်းကြည့်လိုက်တော့ ထမင်းနဲ့ အသား
ဟင်းတစ်မျိုးကို တစ်ခါတည်း ထည့်ပေးလိုက်တဲ့ ၃၀၀၀
ကျပ်တန် (ဆိုင်အခေါ် ပုံစား) ဟင်းပွဲလေးပါ။
တခြား ဘာဟင်းပွဲမှ မပါပါဘူး။
လင်မယား ၂ ယောက် တစ်ယောက်တစ်ပန်းကန် စား
နေကြတယ်။
အအေး ၂ ခွက် ထပ်မှာပြီး သောက်တယ် ၊ ပြီးတော့ ငွေ
ရှင်းပြီး ပြန်သွားကြတယ်။
ဒဲ့ဟစ်ဘဝမှာ
အရင်ခေတ်တွေက ဝန်ကြီးတွေ ၊ ဗိုလ်ချုပ်တွေ ၊ အဘ
အခေါ်ခံရသူတွေနဲ့လည်း မကြာခဏ စားသောက်ဆိုင်
တွေမှာ ဆုံခဲ့ဖူးပါတယ်။
VVIP RESERVE ဆိုတဲ့ သီးသန့်အခန်းတွေ ၊ သီး
သန့်စားပွဲတွေပြင်ပြီး တပည့်တပန်း ခရိုနီတွေနဲ့ သိန်း
ကျော်တန် နိုင်ငံခြားအရက်မျိုးစုံပါတဲ့ စားပွဲမျိုးနဲ့တော့
လုံးဝ ကွဲပြားနေတာ သတိပြုမိ လိုက်ပါတယ်။
ဝန်ကြီးဆီက ခွင့်ပြုချက် မတောင်းဘဲ post တင်လိုက်
တာကို နားလည် ခွင့်လွှတ်ပေးပါ။
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်
ဆန်းစုကြည် ဦးဆောင်တဲ့ခေတ်မှာ မြင်သိနေရတာတွေဟာ
တစ်ခေတ်တစ်ခါနဲ့တော့ လုံးဝမတူဘူးဆိုတာ သိစေချင်လို့ပါ

လွှတ်​​တော်​ကိုယ်​စားလှယ်​များနှင့်​ မြို့နယ်​ပြည်​သူ့ဝန်​ထမ်းများ​တွေ့ဆုံပွဲ....

(၂၅.၄.၂၀၁၆)ရက်​​နေ့
နိုင်ငံနဲ့ပြည်သူ့အကျိုးများဖော်ဆောင်ရန်
သက်ဆိုင်ရာ ပြည်သူ့ဝန်ထမ်းတာဝန်ရှိသူများနဲ့ NLD ပြည်သူရွေးကောက်ခံကိုယ်စာလှယ် ဒေါက်တာဒေါ်ပြုံး/ တိုင်းဒေသကြီး(2)ဦးသန်းဝင်း တွေ့ဆုံပွဲ မှတ်တမ်း
အင်းတော်မြို့နယ် ကသာခရိုင် 10:11am 25/04/2016 ထွေ/အုပ် အစည်းအဝေးခန်းမ

Sunday 24 April 2016

မော်​လူးမြို့၊တိုက်​နယ်​ပြည်​သူ့​ဆေးရုံအတွက်​ မွန်​မြတ်​တဲ့ အလှူ

မွန်​မြတ်​တဲ့အလှူ....................

(24-4-2016)ရက်​နေ့
စစ်​ကိုင်းတိုင်း​ဒေသကြီး၊အင်း​တော်​မြို့နယ်​၊​မော်​လူးမြို့၊တိုက်နယ်ပြည်​သူ့​ဆေးရုံ "က​လေးကုသ​ဆောင်​"အတွက် ကလေးချွဲစုတ်စက် (တန်ဖိုးအားဖြင့် -၁၆၅၀၀၀ ကျပ်) အား မော်​လူးမြို့၊ဘူတာလမ်း​နေ-ဦးချောမောင်+ဒေါ်ရွှေ(မွှေး​မွှေးကုန်စုံဆိုင်​)မိသားစုမှ လှူဒါန်း​ပေးအပ်​စဉ်​..........



မန္တ​လေးမြို့​နေ ဦးစိုးနိုင်​+​ဒေါက်​တာရီရီခိုင်​(မြင့်​မိုရ်​ဦး​ဆေးဆိုင်​)မိသာစုတို့ရဲ့ မွန်​မြတ်​တဲ့အလှူ....

24-4-2016 နေ့ မော်လူးတိုက်နယ်ဆေးရုံအတွက်oxygen concentrater မန္တ​လေးမြို့​နေ ဦးစိုးနိုင်​+​ဒေါက်​တာရီရီခိုင်​ (မြင့်​မိုရ်​ဦး​ဆေးဆိုင်​)မိသားစုတို့ရဲ့ မွန်​မြတ်​တဲ့အလှူ​တော်​..........


(24-4-2016)ရက်​​နေ့ 


စစ်ကိုင်းတိုင်းေ​ဒသကြီး၊အင်း​​တော်မြို့နယ်၊​​​​​​​မော်လူးမြို့၊တိုက်နယ်ပြည်သူ့​ဆေးရုံအတွက် oxygen concentrater (စက်တန်ဖိုးအားဖြင့် -၁၂သိန်းကျပ်​)အား

မန္တ​လေးမြို့​နေ ဦးစိုးနိုင်+ဒေါက်တာရီရီခိုင် (မြင့်မိုရ်ဦးဆေးဆိုင်)မိသားစုတို့မှ လှူဒါန်းစဉ်​.........

နတ်​လူသာဓု ​ခေါ်​စေ​သောဝ်​.............


 

 

  (၁၂သိန်း)ကိုဦးစိုးနိုင် ဒေါက်တာရီရီခိုင် မြင့်မိုရ်ဦးဆေးဆိုင်မိသားစုမှလှူ တန်းပါသည်။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊အင်း​တော်​မြို့နယ်​၊မံဟဲအုပ်​စု၊​မြေပလ္လင်​-​ပေကုန်း ကြား​မြေသားလမ်း​​ပြုပြင်​​ရေး အလှူရှင်​များ

ဒီလမ်းလေးအတွက် ယနေ့(24-4-2016) လှူဒါန်းကြသူများ
၁- ကိုမင်းနိုင်+မခင်ဌေး မန်ဟဲ ၂၀၀၀၀/-
၂- ဦးပေါရွှေ+ဒေါ်ကြည်မြ မြေပလ္လင် ၂၀၀၀၀/-
၃- ဦးပညာသာမိ ပင်လုံကျောင်း ၁၀၀၀၀/-
၎- ဦးညွှန့်အောင် မိသားစု မြေပလ္လင် ၁၀၀၀၀/-
၅- ဦးချစ်အောင် မိသားစု မြေပလ္လင် ၅၀၀၀/-
စုစုပေါင်း ၆၅၀၀၀/- လက်ခံရရှိပါတယ်
အလှူရှင်များ ကိုယ်၏ကျမ်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့် ပြည့်စုံ၍ ဒေသအကျိုးလေးကို တတ်စွမ်းသမျှဆောင်ရွက်နိုင်သူများဖြစ်နိုင်ကြပါစေ

ဆိုင်​ကယ်​သူခိုး အင်း​​တော်​တွင်​ ဖမ်း​မိ

မှုခင်း သတင်း
အင်းတော်တွင် ဆိုင်ကယ်ခိုးသူ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိ (ရုပ်သံ)
By ဒီဗွီဘီ 23 April 2016  Print  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့မှာ ဆိုင်ကယ်ခိုးလာသူ လူငယ်နှစ်ဦးကို ဧပြီ ၂၂ ရက်နေ့ ညနေပိုင်းမှာ လှည့်ကင်းဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ်ရဲစခန်းက ပြောပါတယ်။

အင်းတော်မြို့မ ရဲစခန်း ရပ်တပ်ဖွဲ့ဝင်တွေ ဧပြီ ၂၂ ရက်နေ့ ညနေပိုင်းက မြို့ပေါ်လှည့်ကင်းဆောင်ရွက်နေစဉ် အင်းတော်မြို့ တြိဂံလမ်းဆုံအနီးမှာ လူငယ်နှစ်ဦး မောင်းနှင်လာတဲ့ TOYOMAX 125 အနက်ရောင်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ကောလင်းမြို့နယ်နေ ဆိုင်ကယ်မောင်းနှင်သူ အောင်သန်းနိုင် (၁၇) နှစ်နဲ့ ဆိုင်ကယ်နောက်မှ စီးနင်လာသူ ထီးချိုင့်မြို့နယ်နေ ရဲမင်းအောင် (၁၈) နှစ်တို့ကို ဖမ်းဆီးမိခဲ့တာလို့ အင်းတော်ရဲစခန်းက ပြောပါတယ်။

သူတို့ နှစ်ဦးလုံးဟာ ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း အထောက်အထားတစုံတရာ ပြသနိုင်ခြင်းမရှိသလို ဆိုင်ကယ်ခိုးရာမှာ အသုံးပြုတဲ့ ဂွ၊ ၀ါယာကြိုး အပါအ၀င် ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

အင်းတော်မြို့မရဲစခန်း တာဝန်ရှိသူတဦးက “ကျနော်တို့ စစ်ဆေးနေပါတယ်။ သူတို့အင်းတော်ကနေ ခိုးယူပြီး ရောင်းစားထားတဲ့ ဆိုင်ကယ်တွေကို ပြန်လည်သိမ်းဆည်းရမိဖို့ လုပ်ဆောင်နေပါတယ်။ ကျနော်တို့ စစ်ဆေးချက်အရ အခုဆိုင်ကယ်အစီးရေ  ၂၀ ကျော်လောက်အထိ ခိုးယူခဲ့ကြောင်း အစစ်ခံခဲ့ပါတယ်” လို့ ပြောပါတယ်။

သူတို့ နှစ်ဦးကို အင်းတော်မြို့မ ရဲစခန်းက ပြစ်မှုဆိုင်ရာပုဒ်မ ၃၈၀/ကျင့်၅၄ အရ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သတင်းရုပ်သံ – ကိုကိုလင်း(အင်းတော်)

သက်စွန့်​ဆံဖျား ပညာ​ရေး

သက်စွန့်​ဆံဖျား ပညာ​ရေး

(၂၀၁၆)ခုနှစ်​၊ဧပြီလအတွင်း၊နယ်​စပ်​မြို့​လေးတစ်​မြို့​၌ တာဝန်​ထမ်း​ဆောင်​​နေ​သော (အ.လ.ပြ) ဆရာမတစ်​ဦးနှင့်​ကျ​နော်​ စကား​ပြောဖြစ်​ကြ​လေသည်​။

ဆရာမမှာ ကချင်​ပြည်​နယ်​၊ပူတာအိုခရိုင်​၊​ခေါင်​လံဖူးမြို့နယ်​၊မထီဆွတ်​ (အ.လ.က) ​ကျောင်းတွင်​တာဝန်​ထမ်း​ဆောင်​ပြီး ​ကျောင်းပိတ်​ရက်​များအတွင်း ဇာတိမြို့သို့ပြန်​လာခြင်းဖြစ်​သည်​။

အဆိုပါ မထီဆွတ်​​ကျောင်းမှာမြန်​မာပြည်​​မြောက်​ဖျား ကြမ်းတမ်း​သောရာသီဥတု၊ခက်​ခဲ​သောလမ်းခရီး၊တိုင်းရင်းသားလူမျိုးစုများ​နေထိုင်​ကြ​သော ​တောင်​​ပေါ်မြို့ငယ်​​လေးတွင်တည်ရှိသ​ည်​။

ကျောင်းသားဦး​ရေစုစု​ပေါင်း(၃၀၀)​ကျော်​ခန့်​သာရှိပြီး အလယ်​တန်းတက်​​ရောက်​သူဦး​ရေနည်းပါး၍ အထက်​တန်းသို့မည်​သူမျှတက်​​ရောက်​ခြင်းမရှိ​ပေ။

ခေါ​င်​လံဖူးမြို့နယ်​တွင်​သာ အထက်​တန်း​ကျောင်းရှိပြီး၊သွား​ရေးလာ​ရေးအင်​မတန်​ခက်​ခဲ​သော​ကြောင့်​ ​ကျောင်း​ပညာ​ရေး​​ဆုံးခန်းတိုင်​​အောင်မတက်ကြပါ။အောင်ချက်​​အညံ့ဆုံး​​သောမြို့နယ်​လည်းဖြစ်​သည်​။အဆိုပါမထီဆွတ်​​ကျောင်းသို့ ​တော်​ရုံဆရာ/မ များမည်​သူမျှ မသွားလိုကြပါ။လစာနှစ်ဆ​ရသော်ငြား​ ​သွား​ရေးလာ​ရေး၊ဘာသာစကား၊​နေထိုင်​မှု၊ရာသီဥတု၊အခက်​အခဲ​ပေါင်းများစွာကြုံ​တွေ့ရ​သော​ကြောင့်​ပင်​။အခန့်​မသင့်​လျှင်​ အသက်​ပါဆုံးရှူးံနိုင်​သည်​။

စစ်​တပ်​နှင့်​ရဲမရှိပဲ ရွာလုံခြုံ​ရေးအား မထီဆွတ်​ရွာသားများဖွဲ့ထား​သောပြည်​သူ့စစ်​အဖွဲ့ကသာ လုံခြုံ​ရေးတာဝန်​ယူကြသည်​။တစ်​ရုတ်​ပြည်​နှင့်​နီး၍ အပင်​များ၊သစ်​​တောထွက်​ပစ္စည်းများစသည့်
သဘာဝသယံဇာတများ လည်း​ပြောင်​သလင်းခါကုန်​ပြီဖြစ်​သည်​။

ခေါင်​လန်​ဖူး​မှ သွားလျှင်​​ကြမ်းတမ်း​သော​တောင်​​ပေါ်လမ်းကို ရာသီဥတုဒဏ်​ကြံ့ကြံ့ခံ၍ ရက်​(၂၀)​လောက်​ကြာ​အောင်​သွားရမည်​ဖြစ်​သည်​။လမ်းခရီးတစ်​​လျှောက်​​ တောင်​တက်​​/တောင်​ဆင်းများ၍ ​ရေခဲဖုံး​နေ​သော​တောင်​​ပေါ်လမ်းများတွင်​ ​နက်​ရှိုင်းလှ​သော​ချောက်​အတွင်း ​ခြေ​ချော်​မကျ​စေရန်​ သတိထားသွားလာရသည်​။နေ့လည်​​ရေခဲ​ပျော်​ပြီး ​ရေခဲပြုတ်ကျတတ်​၍ တ​စ်​ဦးနှင့်​တစ်​ဦး(၁၀​)ပေခန့်​ခြားပြီး အရင်​လူ​ခြေရာအတိုင်းလိုက်​ရသည်​။
ကြွပ်​ကြွပ်​အိပ်​(၅)ထပ်​​ ခြေအိပ်​(၁)ထပ်​ ၀တ်​ကာ ​ရေခဲ​မကျွံ​အောင်​လည်း လှမ်းကြရသည်​​။သွေးစုပ်​​ကောင်​များဖြစ်​​သော ကျွတ်/​ဒက်​ တို့ ကိုက်​သည့်​ဒဏ်​ကိုလည်းခံရမည်​။ရေခဲဖုံး​နေ​သော​တေင်​​ပေါ်​ဒေသဖြစ်​ပြီး အိမ်​သာသီးသန့်​မရှိ၊အဆင်​​ပြေသလိုသွားရသည်​။

အိမ်​​ခေါင်​မိုး​အောက်​တွင်​သာ​နေကြရပြီး ​ခေါင်​မိုးအစွန်းများသို့သွားလာရာတွင်​ ခေါင်​မိုးအစွန်းမှ​ရေခဲပြုတ်​ကျပါက အသက်​​အန္တရာယ်​ရှိ၍ သတိထားကြရသည်​။

တရုတ်​ပြည်​ဆဒုံးဖက်​မှ ​တောင်​သုံး​တောင်​​လောက်​​ကျော်​ပြီးဝင်​လျှင်​(၅)ရက်​နှင့်​​ရောက်​သည်​။ထို့​ကြောင့်​ အပြန်​ခရီး တွင်​တရုတ်​ပြည်​မှသာပတ်​၍ပြန်​ကြသည်​။

တရုတ်​ပြည်​က​နေလှည့်​၍ ​ကားနဲ့ခိုးဝင်​နိုင်​​အေင်​လည်း တစ်​လ​ဈးဝယ်​ခွင့်​​​ ဧည့်​စာအုပ်လုပ်​ထားရသည်​။တရုတ်​ပြည်​မှ မြန်​မာနိုင်​ငံသား ၀န်​ထမ်းများဆိုလုံးဝ ၀င်​ခွင့်​မ​ပေး၍ ​ဈေးဝယ်​ခွင့်​စာအုပ်​နှင့်​မိမိကို ၀န်​ထမ်းများအဖြစ်​မသိနိုင်​​အောင်​လည်း ဟန်​​ဆောင်​ထားရ​သည်​။

ဆက်​သွယ်​​ရေးအ​နေဖြင့်​ တ​​ရုတ်​​​ဖုန်း​ ကိုသာဝယ်​ကို​င်​ကြရသည်​။

ရွာသားတို့သုံး​သောစကားမှာ တရုတ်​နှင့်​လီဆူး ဘာသာစကားသာဖြစ်​ပြီး မြန်​မာစကားမကျွမ်းကျင်​လှ။

ခေါင်​လံဖူးတွင်​ လီးဆူးစကားသုံး၍
မဒီဆွတ်​တွင်​ ရ၀မ်စကားသုံးကြ​လေသည်​။အစားအ​သောက်​ရှားပါးပြီး​ တရုတ်​လုပ်​​ခေါက်​ဆွဲ​ခြောက်​ထုပ်​ကိုသာအားကိုးရသည်​။

ရေခဲ​ပျော်​ချိန်​ လမ်းခရီးခက်​ခဲလှ၍ တရုတ်​ပြည်​ဖက်​ ရှင်း​ခေါင်​လမ်းမကသာ ၀င်​ကြရသည်​။

သုံးစွဲ​သော​ငွေ​ကြေးမှာလည်း တရုတ်​​ငွေယွမ်​ဖြစ်​၍မြန်​မာ​ငွေမသုံးကြ။တရုတ်​​ငွေ(၁)ကျပ်​လျှင်​မြန်​မာငွေ​(၂၀၀)နှင့်​ညီမျှသည်​။

ညအချိန်​ တရုတ်​ပြည်​ဖက်​ခြမ်းတွင်​ လျှပ်​စစ်​မီးများလင်းထိန်​ပြီး မြန်​မာဖက်​ခြမ်းတွင်​ ​မှောင်​အတိ။လမ်းပန်းဆက်​သွယ်​​ရေး၊လူ​နေမှုအဆင့်​အတန်း တရုတ်​နိုင်​ငံနှင့်​ကွာလွန်းလှသဖြင့်​ တိုင်းရင်းသားတို့မှာ တရုတ်​ဖက်​ခြမ်းသို့သွား၍အလုပ်​လုပ်​ကြသည်ကိုလည်း ကြားသိရ​လေသည်​။

ပုံထဲကရှူခင်းများသာယာလှပသည်​ဟုထင်​ရ​သော်​လည်း အပြင်​​လောက၌ကား အင်​မတန်​ ကြမ်းတမ်းလှသည့်​ ၎င်း​ဒေသများသို့သွား​ရောက်​ တာဝန်​ထမ်း​ဆောင်​သည့်​ ပညာ​ရေးဝန်​ထမ်းများအား ​လေးစားသဖြင့်​ ဂုဏ်​ပြု​ဖော်​ပြအပ်​ပါသည်​။