Pages

Sunday 17 April 2016

မော်​လူးမြို့​ပေါ်ရပ်​ကွက်​အသီးသီးသို့ အန္တရာယ်​ကင်း ပရိတ်​ရွတ်​ခြင်း........

(၁၇.၄.၂၀၁၆)မြန်​မာနှစ်​သစ်​ကူးအခါသမယ၊နှစ်​ဆန်း(၁)ရက်​​နေ့

မြန်​မာသက္ကရာဇ်​-(၁၃၇၈)ခုနှစ်​၊ဦးတန်​ခူးလဆန်း(၁၀)ရက်​​၊နှစ်​ဆန်း(၁)ရက်​​နေ့တွင်​ ​မော်​လူးမြို့တွင်းရပ်​ကွက်​ အသီးသီးသို့ အန္တရာယ်​ကင်းပရိတ်​ရွတ်​ဖတ်​ခြင်းများ​ပြုလုပ်​ကြပြီး ပရိတ်​တရား​တော်​များအတူတကွနာယူကြ၍ ကုသိုလ်​တရားပွားများကြသည်​။

မော်​လူးမြို့ပေါ်ဘုန်း​တော်​ကြီး​ကျောင်း(၂)​ကျောင်းနှင့်​အနီးအနားရှိ​ဝေဘူ​ဝေဘာ​တောရ​ကျောင်း၊မူလ​တောရ​ကျောင်းများမှ သံဃာ​တော်​များပင့်​ဖိတ်​ကာ မြို့တွင်းရပ်​ကွက်​အသီးသီးသို့လှည့်​လည်​​၍ အန္တရာယ်​ကင်းပရိတ်​ရွတ်​ဖတ်​ခြင်း၊ကုသိုလ်​အစုစုတို့အတွက်​အမျှ​ပေး​ဝေခြင်း၊ကမ္မ၀ါညှပ်​ခြင်းအစရှိသည်​တို့ ရွတ်​ဖတ်​သရစ္ဆာယ်​ကြသည်​။
နှစ်​​ဟောင်းကအညစ်​အ​ကြေးများ၊မ​ကောင်းမှုများ၊ကာယကံ၊၀စီကံ၊မ​နောကံတို့ဖြင့်​ ပြစ်​မှားမိ​သော အပြစ်​တို့ကိုကင်းစင်​ပ​ပျောက်​​စေခြင်း၊မ​ကောင်း​သောအတိတ်​၊မ​ကောင်း​သောနိမိတ်​ ၊အညံ့အဆိုးတို့ ပ​ပျောက်​​စေရန်​ နှစ်​စဉ်​ နှစ်​ဆန်း(၁)ရက်​​နေ့​ရောက်​တိုင်း လမ်းများ၊ရပ်​ကွက်​များအသီးသီးသို့ အန္တရယ်​ကင်းပရိတ်​ရွတ်ကြသည်​မှာ ဗုဒ္ဓဘာသာမြန်​မာလူမျိုးတို့၏ အစဉ်​အလာတစ်​ခုပင်​ဖြစ်​သည်​။

မိမိရပ်​ကွက်​အတွင်းရှိအိမ်​များသို့​စေတနာသဒ္ဒါတရားရှိသ​လောက်​အလှူ​ငွေ​ကောက်​ခံ၍ ပရိတ်​ရွတ်​ကမ္မ၀ါညှပ်​​ပေးကြသည့်​ ဘုန်း​တော်​ကြီးတို့အားဝတ္ထု​ငွေ များထည့်​ဝင်​လှူဒါန်းကြသည်​မှာလည်း ကုသိုလ်​တစ်​ခုပင်​။

နှစ်​​ဟောင်းကုန်​၍ နှစ်​သစ်​ကူး​ပြောင်း​သော(၁၃၇၈)ခုနှစ်​မှာ မြန်​မာနိုင်​ငံသူ/သားအ​ပေါင်း​ ဘေးရန်​ခပ်​သိမ်းကင်းငြိမ်းကြပါ​စေ၊​ကောင်​ကျိုးလိုရာဆန္ဒ တို့တစ်​လုံးတ၀တည်းပြည့်​ဝကြပါ​စေ.....လို့ကျ​နော်​တို့ "​မော်​လူးပုံရိပ်​"အဖွဲ့သားမှ ဆု​မွန်​​ကောင်း တောင်း​ပေးပါတယ်​ခင်​ဗျာ........။

0 comments:

Post a Comment