Pages

Thursday 14 April 2016

ဆရာ ရန်​ငြိမ်းသူရဲ့ ရင်​ဘတ်​ထဲမှ လာ​သော ခံစားချက်​တို့တိုက်​ဆိုင်​ရာ အရမ်း​ကောင်းလှတဲ့ ကဗျာ​လေးပါ...ဖတ်​ကြည့်​ကြပါအမျိုး​တွေ...

မေမေဖတ်ဖို့ရေးတဲ့ကဗျာ *******
နှစ်အကူးမှာ
ပုရစ်ဖူးအသစ်အသစ်တွေနဲ့
ဝေဆာနေတဲ့တိုင်းပြည်ငယ်လေးပါ မေမေ
အစိုးရအသစ်တစ်ရပ်ရဲ့
ပထမဆုံးခြေလှမ်အကြွမှာတောင်
ရဲ နဲ့ ပြည်သူလက်တွဲညီပုံက
ဒီမိုကရေစီရဲ့
ကြည်နူးစရာမြင်ကွင်းတွေပါပဲ မေမေ
မေမေ
မေမေ့ရဲ့နှစ်သစ်ကိုကြိုဆိုလိုက်တဲ့
မိန့်ခွန်းတစ်ရပ်ရဲ့အမှာစကားမှာပဲ
သက်ြန်ဆိုတဲ့ယဉ်ကျေးမှုကို
မင်းသမီးငယ်လေးတစ်ယောက်က
ရပ်ကွက်တစ်ခုရဲ့အုန်းလက်မဏ္ဍာပ်လေးမှာ
ပြသနိုင်ခဲ့ပါပြီ မေမေ
ဧပရယ်လမှာငလျင်လှုပ်တာ
မြေဆီတွေပေါကြွယ်ဝပြီး
ရန်အပေါင်ချူပ်ငြိမ်းမယ်ဆိုလို့
အခုဆို
ပြည်သူတွေကပျော်ရွှင်နေကြပြီ မေမေ
တစ်ခုတော့ရှိတာပေါ့
ကြွေးသောလက်နဲ့ကြိုးဖြည်ပေးတဲ့လက်ကို
အမြင်မတော်ပြန်ကိုက်နေတဲ့
မလောက်လေးမလောက်စားခွေးတစ်အုပ်ရဲ့
ဥာဏ်မမှီတဲ့နိမ့်ကျတဲ့နိုင်ငံရေးအမြင်ကိုတော့
တစ်နေ့လူထုကဆုံးမရလိမ့်မယ် မေမေ
မေမေ
ဘာပဲဖြစ်ဖြစ်ပေါ့လေ
ဒီနှစ်တန်ခူးမှာ
မေမေ့ရင်ဝယ်သားသမီးတွေက
မေမေ့စကားကိုမြေဝယ်မကျနားထောင်လို့
အပျော်တွေကိုသတိကလေးကပ်နေတာမြင်မိလို့
မေမေ ဝမ်းမြောက်ပေးပါ မေမေ
မေမေ
ပြည်သူ့အပေါ်မေမေ့မေတ္တာမှန်ကန်လို့
ပြည်သူ့အပေါ်မေမေ့ချစ်ခြင်းတွေမှန်ကန်လို့
အာဏာရှင်တွေလည်း
တစ်ခန်းရပ်ပြဇာတ်ပြီးဆုံးခဲ့ရပြီ မေမေ
ဒီကဗျာကို
မှန်သောစကား
မှန်သောစာသား
မှန်သောအတွေး
မှန်သောရင်ဘတ်ကအန်ကျမိသောကြောင့်
မှန်ရာကိုသစ္စာပြုပါတယ်မေမေ
ဤမှန်သောကဗျာကြောင့်
မေမေကျန်းမာအသက်ရှည်ပါစေသား။ ။
ရန်ငြိမ်းသူ

0 comments:

Post a Comment