Pages

Thursday 14 April 2016

ပြုပြင်​ရမည့်​စိတ်​ဓာတ်​များ.......

ပြုပြင်​ရမည့်​စိတ်​ဓာတ်​များ......

ကျ​နော်​တို့ မြန်​မာနိုင်​ငံအတွင်းရှိ တစ်​ချို့​သောရွာများတွင်​ ​အောက်​ပါအဖြစ်​အပျက်​တို့ ယ​နေ့တိုင်​ရှိ​နေ​သေးသည်​မှာ ပြုပြင်​စရာစိတ်​ဓာတ်​တို့ ​တော်​​တော်​လိုအပ်​​နေပါ​သေးသည်​ ဟုသာ မှတ်​ချက်​ပြုချင်​ပါသည်​။

ကျ​နော်​တို့​မော်​လူးပုံရိပ်​မှ admin များအဖွဲ့အ​နေနှင့်​ ကျ​နော်​တို့ ​ဒေသ၏
သတင်းများ၊ဗဟုသုတများ၊နည်းပညာများနှင့်​ သုတ/ရသစာ​ပေ များကို အများပြည်​သူများ သိရှိနိုင်​ကြ​စေရန်​ တစ်​​ထောင့်​တစ်​​နေရာမှ ပါဝင်​ဖြည့်​ဆည်းမည်​ဟူ​သော ရည်​ရွယ်​ချက်​ဖြင့်​ တည်​​ထောင်​ဖွဲ့စည်းထားခြင်းဖြစ်​သည်​။

မော်​လူး​ဒေသအတွင်းရှိ ​ကျေး​ရွာများ၏​ကောင်းကျိုးသတင်းများ၊​ဝေးလံသီ​ခေါင်ေ​သာဒေသများသို့သွား​ရောက်​၍ လိုအပ်​ချက်​များကို ​ရေးတင်​ပြီး အထိုက်​အ​လျှောက်​အကူအညီများ​ပေးနိုင်​ခဲ့သည်​ကိုလည်း တင်​ခဲ့ပြီး​သော ​မော်​လူးပုံရိပ်​သတင်းများတွင်​​တွေ့နိုင်​မည်​ဖြစ်​သည်​။

ကျ​နော်​တို့adminအဖွဲ့မှာ ပုဂ္ဂိုလ်​​ရေးတိုက်​ခိုက်​မှုကိုတတ်​နိုင်​သမျှ​ရှောင်​ပါသည်​။

သို့​သော်​လုပ်​​ဆောင်​ချက်​များမမှန်​ကန်​၊မရိုးသားပါက အုပ်​ချုပ်​​ရေးမှူးပင်​ဖြစ်​​စေ ပွင့်​ပွင့်​လင်းလင်း ​ရေးသား​ဖော်​ပြသည်​ကိုလည်း ​တွေ့ရှိမည်​ဖြစ်​သည်​။ဥပမာ-မြို့သစ်​ရပ်​ကွက်မှ ​မြေဂရံ​ကြေး၅ေ​သာင်း​​ကောက်ခံမှု​၊​​ဘော့လုံးကွင်းတိုက်တန်းများ​ရောင်းချ​ခြင်းအေ​ပ်ါပွင့်လင်း​​မြင်​သာမှုမရှိခြင်းများ၊ဘုရားပွဲအရက်​​သေစာနှင့်​​လောင်းကစားထည့်​သွင်း​ရောင်းချခြင်း၊စာ​ပေ​ဟော​ပြောပွဲကျင်းပ​သော​နေရာခွင့်​မပြုခြင်း​အ​ပေါ်​ဝေဖန်​ချက်​၊စိုက်​ပျိုး​ရေးရုံးဝင်းအားအငှားချ လစဉ်​​ကြေး​ကောက်​ခံခြင်း၊မူးယစ်​​ဆေး၊သစ်​စက်​များသတင်း စသဖြင့်​ အများပြည်​သူတို့ သိရှိနိုင်​​စေဖို့ ​ရေးတင်​ထားသည်​ကိုလည်း ဖတ်​မိကြပြီးဖြစ်​လိမ့်​မည်​။

ကျ​နော်​တို့​ဒေသတွင်​​ပေါများလာ​နေ​သော မူးယစ်​​ဆေးဝါးသတင်းများ၊စီးပွားဖြစ်​ ကျွန်းသစ်​များ၊တံခါးချပ်​များအ​ကြောင်းကို မကြာခင်​ကမှ ​ရေးတင်​ထားပြီးဖြစ်​သည်​။

ကျ​နော်​တို့adminအဖွဲ့မှ ကိုယ်​တိုင်​ပါဝင်​၍ မိမိတို့​ဒေသရှိ နီးစပ်​ရာ မူးယစ်​​ဆေးဝါးကင်းကင်​ဖို့အ​ရေး အကြံဥာဏ်​များ​ပေးခြင်း၊ပါဝင်​​ဆောင်​ရွက်​ခြင်းတို့ မိမိတို့တတ်​နိုင်​သည့်​ဖက်​မှ
ပူး​ပေါင်းလုပ်​​ဆောင်​​နေကြသည်​မှာ ​ဒေသသားတို့အတွက်​ပင်​ဖြစ်​သည်​။

အထက်​ပါ ကျ​နော်​တို့​ရေးတင်​​သောသတင်းများအား ​ဝေဖန်​ထိုးနှက်​မှုများ၊ခြိမ်း​ခြောက်​မှုများ၊တစ်​ခါတစ်​ရံ အဆဲပင်​ခံရ​လေသည်​။

သို့​သော်​ကျ​နော်​တို့အဖွဲ့၏ခံယူချက်​မှာ သတင်းကိုမထိမ်​ချန်​ပဲ၊ဖတ်​​ကောင်း​အောင်​သာမလုပ်​ပဲ ပွင့်​ပွင့်​လင်းလင်းချပြမည်​ဟူ​သော ရပ်​တည်​ချက်​ဖြင့်​ ၀င်​​ရေးကြခြင်းဖြစ်​သည်​။

ရွာမှ ရင်းနှီး​သောသူအချို့ ကျ​နော်​တို့အဖွဲ့သားများအား ​နောက်​ကွယ်​မှ မိမိ၏​ကောက်​ရိုးပုံအားမီးရှို့ခြင်း၊လယ်​စပါးခင်းများဖျက်​စီးခံရနိုင်​ခြင်း၊တိရိစ္ဆာန်​များနွားများအားဓားဖြင့်​ခုတ်ခံရခြင်း အစရှိသည့်​ ညစ်​ပတ်​​သောနည်းများ ပြုလုပ်​ခံရနိုင်​​ကြောင်း သတိ​ပေးကြသည်​။

ကျ​နော်​တို့ သိကြပါသည်​။ထို့ထက်​လည်းပို၍ သိပါသည်​။သို့​သော်​ ကျ​နော်​တို့​ဒေသ၏ ဆိုကျိုးများကို ကျ​နော်​တို့လက်​ပိုက်​မကြည့်​နိုင်​ပါ။ကိုယ်​နဲ့မဆိုင်​ဟူ​သော အများတကာတို့​နေသလို ကျ​နော်​တို့မ​နေတတ်​ပါ။မူးယစ်​​ဆေးဝါး၏ ဆိုးကျိုးကို ​ဒေသသားတို့ မခံစားရ​လေ​အောင်​ ကျ​နော်​တို့တတ်​နိုင်​သမျှ အမုန်းခံပါမည်​။ဖော်​ထုတ်​​ရေးသားပြီးလည်းဖြစ်​သည်​။

အကျိုးဆက်​ကား ကျ​နော်​တို့ထင်​ထားသကဲ့သို့ ယ​နေ့၁၄.၄.၂၀၁၆ရက်​​နေ့ မူးယစ်​​ဆေးစွဲ သူများမှ မ​ကျေနပ်​၍ ​ကောက်​ရိုးပုံမီးရှို့ခြင်းသာကြည့်​ပါ​လေ.....
ကျ​နော်​တို့နိုင်​ငံသားများ၏စိတ်​ဓာတ်​ပိုင်း ပြုပြင်​ရန် အများကြီးလိုအပ်​​နေ​သေးသည်​ဟုသာ မှတ်​ချက်​ပြုပါသည်​။
.............................adminတစ်​​ယောက်​၏ post..........................

ဘဝ ခရီးသည်
မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့
ဖွဲ့ဖို့အကြံပေးခဲ့သော
ကောင်းမှုကြောင့်ကျွန်တော့်
ကောက်ရိုးပုံကြီးတော့ဖိုးသမားတွေ
မီးရှို့ လိုက်ကြပြီ...ဗျို့ ...
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်

0 comments:

Post a Comment