Pages

Sunday 10 April 2016

ပြုပြင်​သင့်​သည်​များ

ပြုပြင်သင့်သည်များ။

ကျနော့် laptop ကွန်ပျူတာလေးမှာ batteryမကောင်းပါ။လျှပ်စစ်မီး
ရုတ်တရက်ပြတ်ပါက ချက်ချင်းshutdownကျ၍ပိတ်သွားတတ်သည်။
တစ်ခါတရံလောက်ဖြစ်တာ အကြောင်းမဟုတ်ပေမဲ့ ခဏခဏလျှပ်စစ်မီးပြတ်ပါက hardisk ပျက်တတ်သည်ကို ကွန်ပျူတာသမားတိုင်းသိရှိကြသည်။

မနှစ်ကလည်း လျှပ်စစ်မီးခဏဏပျက်၍hardisk ကြွ၍ ၃သောင်းခွဲကျွတ်လေသည်။
ယခုလည်းမီးခဏတိုင်းသာ တင်ကြိုအသိပေးခြင်းမရှိပဲပျက်ပါက ကျနော်တို့လို ရှိစုရှိမဲ့လေးဖြင့်ဝယ်ထားသော လျှပ်စစ်ပစ္စည်းများ ပျက်မည်ကို စိုးရိမ်နေရသည်။

(10.4.2016)ရက်နေ့ ညနေ ၅း၁၀ မိနစ်ခန့်က ကွန်ပျူတာသုံးနေရင်း လျှပ်စစ်မီးပျက်လေသည်။
ကြိုတင်အကြောင်းကြားခြင်း နို့တစ်ဘုတ်တွင်သတိပေးထားခြင်းမရှိပဲဖြတ်ခြင်းဖြစ်သည်။
ညနေ(၅း၃၅)နာရီလောက်မီးပြန်လာလေသည်။
ပြည်သူကို လေးစားသမှုဖြင့် မီးပျက်မည်ဆိုလျှင် အကြောင်းပြန်ပေးသင့်သည်။
မီးလိုင်းများပြင်စရာရှိသည်ကိုမြင်နေ၍ အပြစ်မပြောပါ။သို့သော် ကြိုတင်အသိပေးခြင်း noticeဘုတ်တွင်ရေး၍ကြေငြာခြင်းမျိုးအမြဲတမ်း ပြုလုပ်သင့်သည်။

အရင်အစိုရလက်ထက်ကကဲ့သို့ ကျနော်တို့ကို သီးခံစိတ်များ မမွေးမြူခိုင်းသင့်ပေ။ပြောင်းလဲသင့်သည့် အဖြစ်အပျက်မျိုးတွင် သည်လိုအဖြစ်အပျက်မှာလည်းတစ်ခုအပါအဝင်ဖြစ်သည်။ 

ယနေ့လည်းကြိုတင်အကြောင်းကြားခြင်းမရှိပဲ မနက် (၉း၀၅)နာရီမှစ၍မီးဖြတ်ပြန်ပြီ။လျှပ်စစ်မီးသုံး၍ချက်ထားသောအိမ်ရှင်မများ၏ ညည်းသံကြားရပြန်သည်။သြော်သည်းခံစိတ်တို့နဲ့ ကျနော်တို့ပြည်သူများ အသားကျနေ၍ လူတိုင်းအတွက်မထူးဆန်းသော်လည်း ပြောင်းလဲစေလိုသောဆန္ဒဖြင့် ရေးသားလိုက်ပါတယ်။

နို့တစ်ဘုတ်တွင် ရေးသားထားသည်က (၅.၄.၂၀၁၆)ရက်နေ့ကမီးပျက်မည့်အကြောင်းသာဖြစ်ပြီး နောက်ရက်များတွင်လည်း အစဉ်ရေးသားဖော်ပြပေးပါက ကြိုတင် ပြင်ဆင်နိုင်မည်ဖြစ်၍ ရေးသားဖော်ပြပေးဖို့ တိုက်တွန်းအပ်ပါတယ်။
လေးစားစွာဖြင့်

0 comments:

Post a Comment