Pages

Wednesday 6 April 2016

အနီ​ရောင်​ကြယ်​တစ်​ပွင့်

အနီ​ရောင်​ကြယ်​တစ်​ပွင့်​(သို့)ဦးမြင့်​ဦးသို့................

ဝမ်းနည်းမိတယ်​ဗျာ.......
ရှေ့မှာ​ရောင်​နီတို့ ပြိုလို့
နေ့သစ်​အစပြုရုံရှိ​သေး.......
ကြယ်​​တွေစုံတဲ့ ကောင်းကင်​ထက်​က
အလင်းတန်းနဲ့အပြိုင်
ကြယ်​တစ်​ပွင့်​ ​ကြွေလွှင့်​ရှာ​ပေါ့.............

"အနာခံမှအသာစံရ"ဆိုတဲ့စကား
တစ်​တ​လေ မှား​နေ​ရော့သလား.....
အနစ်​နာခံ စွန့်​လွှတ်​စိတ်​နဲ့
ဒီမိုက​ရေစီ ခရီးကြမ်း
တစ်​​လျှောက်​လုံး သူ လှမ်းလာခဲ့ပြီး.......
ပန်းတိုင်​​ရောက်​ကာမှ........
ရုတ်​တရက်​ နုတ်​မဆက်​ပဲ
ကြွေလွှင့်​ရတာ.......
မတရားများ ​နေသလားလို့ဗျာ...............

မော်​လူးအယ်​အယ်​ဒီအတွက်​​တော့....
သူရဲ​ကောင်းတစ်​​ယောက်​လို
ရှေ့မှ ရပ်​တည်.......
ခရီးဆုံးထိလိုက်​ပါပြီးမှ
လက်​ရုံးတစ်​ဖက်​ပြုတ်​သွားသလိုပ........
သြော်​ မရဏမင်းရယ်
"​ကောင်းသူကယ်​ မ​ကောင်းသူပယ်​"
အ​ရွေးများမှား​လေ​ရော့သလား..........

ဦးမြင့်​ဦး​..ရေ...........
နောင်​ဘဝ
လူသားမဆန်​တဲ့ အသိုင်းအ၀ိုင်းထဲ
ပြန်​ဆုံဖြစ်​ခဲ့ရင်.........
ကျ​နော်​တို့ အတူလက်​တွဲလို့
တိုက်​ပွဲဝင်​ချင်​​သေးရဲ့............

သင့်​ရဲ့ မြင့်​မြတ်​တဲ့စိတ်......
ကြင်​နာတဲ့နှလုံးသားတစ်​စုံနဲ့
လူသားဆန်​တဲ့သူမို့.......
လူဖြစ်​​တော့ရှူံးမသွားဘူးဆိုတာ
အခုထိ ကျ​နော်​တို့နှလုံးသားမှာ.....
ကျောက်​ထက်​အက္ခရာ တင်​ထားဆဲ​လေ.

ဒီမိုက​ရေစီအမျှ
သင်​ရ​စေဖို့
ဝေမျှလိုက်​တယ်........
ကောင်းရာမွန်​ရာ မြင့်​မြတ်​ရာဘုံဘ၀မှ
သာဓု​ခေါ်နိုင်​ပါ​စေ..........
သူရဲ​ကောင်း (ဦးမြင့်​ဦး) ​ရေ...............

0 comments:

Post a Comment