Pages

Sunday 10 April 2016

နှိုး​ဆော်​ခြင်း

အပူရှိန်ပြင်းထန်လွန်းလို့ မော်လူးဒေသမှအမျိုးများအား အပူဒဏ်ကွယ်နိုင်ကြစေရန် တိုက်တွန်းနှိုးဆော်ချက်။

၂၀၁၆ ဧပြီလသည် အင်မတန် ပူပြင်းလွန်းလှသည်ဟု ထင်ပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်းခြောက်သွေ့သောဒေသများ၏အပူချိန်ကား စံချိန်တင် ကြောက်စရာကောင်းလှတော့သည်။
၄၄°C နှင့်၄၆°C အထိပင်ရှိသည်ဟုသိရပါသည်။
ကျနော်တို့ဒေသစစ်ကိုင်းတိုင်းအထက်ပိုင်းသည်ပင် ၉၁°F=၃၃°C လောက်ရှိသည်ပင် နေမထိုင်မသာဖြစ်ရသည်။အောက်ပိုင်းဒေသများကား ပူလွန်း၍ မည်သို့နေရမည်ပင်မတွေးတတ်။
အပူချိန်ပြင်းထန်ခြင်းကြောင့်လည်း ကျမ်းမာရေးဂရုစိုက်ကြဖို့သတိပေးချင်ပါသည်။နေပူထဲထွက်ခြင်းများရှောင်၍မဖြစ်မနေသွားလာရမည်ဆိုက အင်္ကျီလက်ရှည်များ၊ထီး၊ခမောက် စသောလုံခြုံအရိပ်ရသော၊ ပေါ့ပါးသောအကာအကွယ်ဝတ်စုံများဝတ်ဆင်၍သွားလာကြပါရန် သတိပေးအပ်ပါတယ်။အရက်သေစာသောက်စားခြင်း ၊နေပူထဲပြန်လာပြီးစရေချိုးခြင်း၊အားအင်ကုန်ခမ်းသောကိုယ်လက်လှုပ်ရှားခြင်းများ ပြင်းပြင်းထန်ထန်မလုပ်ကြဖို့ လည်းလိုပါတယ်ခင်ဗျာ။

နောက်အရေးအကြီးဆုံးမှာ ခြောက်သွေ့ပြီးအပူချိန်မြှင့်မားသဖြင့် အန္တရာယ်ရန်စွယ်အကြီးဆုံးသော မီးဘေးကိုလည်းအထူးသတိရှိကြဖို့နဲ့ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်သော မီးဘေးအန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်များကို အတိအကျလိုက်နာဖို့လည်းလိုပေသည်။ဖြစ်လာလျှင် ပျက်စီးဆုံးရှူံးမှုကြီးမားနိုင်၍ မိမိ၏ ကျမ်းမာရေး၊ရပ်ရွာမီးဘေး အစရှိသည်တို့ကို ဆင်ခြင်လိုက်နာ၍ ကျနော်တို့ဒေသားတို့ အပူအပင်ဆင်းရဲခြင်းဒုက္ခ မတွေ့ကြုံကြစေလို၍ စေတနာနှင့်တိုက်တွန်းနှိုးဆော်လိုက်ပါရစေခင်ဗျာ။

0 comments:

Post a Comment