Pages

Wednesday 13 April 2016

ခေတ်​ပိ​တောက်​သင်္ကြန်​မ​ဏ္ဍပ်​ဖွင့်​ပွဲ

၁၃၇၇ခုနှစ်၊တန်ခူးလဆန်း(၆)ရက်၊၁၃.၄.၂၀၁၆ ရက်နေ့ ၊မဟာသင်္ကြန် အကျနေ့ 

စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးမြို့ ရပ်ကွက်(၅)၊မြမာလာရပ်ကွက်သူ/သားများ
စုပေါင်းပြုလုပ်သော "ခေတ်ပိတောက်မဟာသင်္ကြန်မဏ္ဍပ်" ဖွင့်ပွဲ.....။

မော်လူးအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊အရံမီးသတ်တပ်ဖွဲ့ဝင်များ၊မော်လူးဒေသမှအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အဖွဲ့ဝင်များ၊ရပ်ကွက်လူကြီးများ၊မော်လူးသင်္ကြန်ချစ်သူများ အသီးသီးတက်ရောက်၍ ​"ခေတ်ပိတောက် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲ"သို့ အားပေးကြည့်ရှူကြသည်။

"ခေတ်ပိတောက် မဟာသင်္ကြန်မဏ္ဍပ်"အား ညနေ(၆း၃၀)နာရီအချိန်တွင် စတင်​ဖွင့်​လှစ်​​ကြောင်း အခမ်းအနားမှူးမှ ​ကြေငြာ၍ အခမ်းအနားအစီအစဉ်များကို ဖတ်​ကြားသည်။

မော်လူးအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်မှ "ခေတ်ပိတောက် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲ" ဖြစ်မြောက်အောင်ဦးဆောင်သူများအား ၀မ်းသာဂုဏ်ယူကြောင်း၊မိမိတို့၏ရိုးရာအမွေအနှစ်ကို အမြတ်တနိုးတန်ဖိုးထားထိမ်းသိမ်းသင့်ကြောင်း၊သင်္ကြန်ကာလအတွင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ယဉ်မတော်တဆမှုများမဖြစ်အောင် သတိထားလိုက်နာဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။

ထို့နောက် ခေတ်ပိတောက် မဟာသင်္ကြန်မဏ္ဍပ်မှ ဖျော်ဖြေရေးအစီအစဉ်များ ဖြင့်တက်ရောက်လာသူများအားစတင်ဖျော်ဖြေသည်။

ဖျော်ဖြေရေးအစီအစဉ်များတွင်​  ဗိုလ်ချုပ်အောင်ဆန်းတေးသရုပ်ဖော်အကများ၊အစိုးရသစ်ကိုကြိုဆိုသော သံချပ်များဖြင့် ဖျော်ဖြေတင်ဆက်မှုများက အထူးခြားဆုံး၊ပရိတ်သတ်အကြိုက်ဆုံးဖြစ်လေသည်။

"ခေတ်ပိတောက် မဟာသင်္ကြန်မဏ္ဍပ်​ဖွင့်ပွဲညက မြင်တွေ့ရသော ပုံရိပ်များအား မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

0 comments:

Post a Comment