Pages

Tuesday 31 May 2016

သတင်း ဒေါ်လာ သန်းချီရှိ ကျောက်မျက်အသင်း ရန်ပုံငွေ အရှုပ်တော်ပုံ မီဒီယာဖွင့်ချပွဲ ပြုလုပ်မည် ထက်နိုင်ဇော်

သတင်း
ဒေါ်လာ သန်းချီရှိ ကျောက်မျက်အသင်း ရန်ပုံငွေ အရှုပ်တော်ပုံ မီဒီယာဖွင့်ချပွဲ ပြုလုပ်မည်
ထက်နိုင်ဇော်| May 31, 2016 |

၂၀၁၀ ခုနှစ် နေပြည်တော်တွင် ပြုလုပ်သည့် ကျောက်မျက် အရောင်းပြပွဲ (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၉၀ ဝန်းကျင်ရှိသော ငွေကြေး အလွဲသုံးစားမှု နှင့် ပတ်သက်ပြီး သတင်းမီဒီယာများသို့ ဖွင့်ချ ရှင်းလင်းပွဲ တရပ် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ထိုရှင်းလင်းပွဲကို ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သော ဦးအောင်ကြီး၊ ဦးကျော်ကျော်ဦး နှင့် ဦးမြင့်ကြည်တို့က ဇွန်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်မည် ဖြစ်သည်ဟု ဦးအောင်ကြီးက ဧရာဝတီသို့ ပြောသည်။

“အကြောင်းအရာ အသေးစိတ်ကိုတော့ ရှင်းလင်းပွဲကျမှပဲ ပြောနိုင်ပါမယ်”ဟုလည်း ဦးအောင်ကြီးက ဆိုသည်။

အဆိုပါ အလွဲသုံးစားမှုနှင့်ပတ်သက်ပြီး ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဒု ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များအပါအဝင် စုစုပေါင်း ၂၁ ဦးက လက်မှတ်ထိုး၍ ၀န်ကြီးဌာန ၃ ခုနှင့် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်များထံသို့ တိုင်ကြားထားသောကြောင့် စစ်ဆေး နေကြောင်းလည်း သိရသည်။

ယခုရှင်းလင်းပွဲ ကျင်းပမည့် ဦးအောင်ကြီး၊ ဦးကျော်ကျော်ဦး နှင့် ဦးမြင့်ကြည်တို့သည်လည်း တိုင်ကြားသူများတွင် ပါဝင်သူများ ဖြစ် သည်။

ယမန်နေ့က နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ တခုတွင်မူ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် က ကျောက်မျက်ရန်ပုံငွေ အလွဲသုံးစားမှု နှင့် ပတ်သက်ပြီး ဝန်ကြီးဌာနထက်မြင့်သော အဖွဲ့အစည်း ဖွဲ့၍ စိစစ်ရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

ဧရာဝတီက ရရှိထားသော မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်၏ တိုင်ကြားစာတွင် အသင်း စတင် တည်ထောင် သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျောက်မျက်လုပ်ငန်း ရှင်များထံမှ ၁ ရာခိုင်နှုန်း ကောက်ခံထားသော ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈၇ သန်း ရှိသည် ဟု ပါရှိသည်။

လက်ရှိ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက သမ္မတဟောင်း ဦးသိန်းစိန် နှင့် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်း တို့ကို ပေးအပ်ငွေ အပါအဝင် အကြောင်းအရာ ခေါင်းစဉ် ၁၀ ခု ပြ၍ အဆိုပါ ရန်ပုံငွေများထဲမှ ဒေါ်လာ သန်း ၈၀ ကို အလွဲသုံးစား ပြုလုပ်ကြောင်း ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ထံသို့ တိုင်ကြားစာ၌ ဖော်ပြ ထားသည်ကို တွေ့ရ သည်။
သမ္မတဟောင်း ဦးသိန်းစိန် က အနုပညာ ဦးစီးဌာန အတွက် ဒေါ်လာ ၇ သန်း ထုတ်ယူထားပြီး ဝန်ကြီးဟောင်း ဦးစိုးသိန်းက ဒေါ်လာ ၅ သန်း ထုတ်ယူထားကြောင်းလည်း ယင်းတိုင်စာတွင် ပါရှိသည်။

ကျောက်မျက် အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူသည် ၂၀၁၄ ခုနှစ်မှ စတင်၍ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဖြစ်သည်ဟုလည်း ဆိုသည်။

ထိုရန်ပုံငွေ အလွဲသုံးစားပြုလုပ်မှုကို ကျောက်မျက်အသင်းနှင့် သက်ဆိုင်သည့် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနသို့ လွှဲပြောင်းပေး၍ စစ်မှုပြုလုပ်ကြောင်းလည်း လက်မှတ်ထိုး တိုင်ကြားရာတွင် ပါဝင်သူတဦးလည်း ဖြစ်သော စစ်ကိုင်းတိုင်း ကျောက်မျက် လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဦးအောင်ကြီးက ပြောပြသည်။

တိုင်စာ တင်ပြခဲ့သည်မှာ မှန်ကန်ပြီး တိုင်ကြားခဲ့သူများကို နေပြည်တော် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းထိန် ဦးဆောင်သည့် အဖွဲ့က စုံခုံဖွဲ့၍ မေလ ၂၇ ရက်က စစ်ဆေးကြောင်းလည်း ၎င်းက ဧရာဝတီ ကို ပြောသည်။

ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဇော်မြင့်ဖေက“ဒီကိစ္စက အားလုံးလည်း စိတ်ဝင်စားပါတယ်။ ဆက်စပ်သွားနိုင်တဲ့ဟာတွေက တော်တော် ကျယ်ပြန့်တယ်။ ရှေ့နောက် စဉ်းစားရမယ့် ပြဿနာတွေလည်း ရှိတယ်။ ဒီဌာနကရော ဒါကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် နိုင်ပါ့မလား။ ကိုင်တွယ်ပြန်ရင်ရော တိုင်တဲ့သူတွေက ကျေနပ်ပါဦးမလား။ ဘယ်အဆင့်က ဘယ်လိုဝင်မလဲ ဆိုတာကတော့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်”ဟု ပြော ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းအား ကျီရွာ၌တားခဲ့သော ဦးဇင်းဝိမလ၏ ဒီပဲရင်းကိုယ်တွေ့ - အပိုင်း (၁) =========

ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းအား ကျီရွာ၌တားခဲ့သော ဦးဇင်းဝိမလ၏ ဒီပဲရင်းကိုယ်တွေ့ - အပိုင်း (၁)
===========================
ဦးဇင်းဘွဲ့ က ဦးဝိမလ ဖြစ်ပါတယ်။ဦးဇင်းဇာတိက စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့ နယ်၊ဒီပဲယင်းနဲ့ လေးမိုင်အကွာ ကျည်ရွာဇာတိပါ။ ဒီပဲယင်းမြို့ နယ်၊စိုင်ပြင် အထကကျောင်းမှာ အလယ်တန်းအထိ လောကီပညာ သင်ခဲ့တယ်။၆တန်းမှာပဲ ကျောင်းကထွက်ပြီး၊ ဇာတိ ကျည်ရွာ၊မြောက်ကျောင်းကြီးမှာ ရှင်သာမဏေကိုရင် စတင်ဝတ်ခဲ့တယ်။အဲဒီနောက် ၁၉၉၄ခုနှစ် မှာ ရဟန်းဘောင်သို့ ဝင်ပြီး ၊မုံရွာမြို့ဓမ္မပါရဂူ ပါဠိတက္ကသိုလ်စာသင်တိုက်၊ရန်ကုန် သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင် တိုက် ၊ရန်ကုန် သင်္ဃန်းကျွန်း ရွှေနားပန်ကျောင်းတိုက်တွေမှာ လောကုတ္တရာ စာပေတွေ လေ့လာသင်ယူခဲ့တယ်။၂၀၀၂ ခုနှစ် ထဲမှာ ကျန်းမာရေးချို့ တဲ့နေတဲ့ ဦးဇင်းဇာတိ ကျည်ရွာကျောင်း ဥပဇ္ဈယ်ဆရာတော်ကြီးကို ပြန်လည်ပြုစုဖို့  တပည့်တပါး အနေ နဲ့ အလှည့်ကျလာတာမို့ ၊ရွာကျောင်းမှာ ပြန်လည်သီတင်းသုံးခဲ့တယ်။
အဲဒီအရေးအခင်းဖြစ်တော့ ဦးဇင်း ကျည်ရွာမှာ သီတင်းသုံးနေတယ်။ဦးဇင်းကြုံတွေ့ ခဲ့တာတွေ ပြန်ပြောပြ မယ်။ ၂၀၀၃ခု မေလဆန်းကတည်းက ဒကာမကြီးဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည်အနှံ့ စည်းရုံးရေးခရီးလှည့် လည်နေတယ် ဆိုတဲ့ သတင်းကို ရေဒီယိုတွေက တဆင့် ဦးဇင်းကြားသိနေခဲ့ရတယ်။ဒေါ်စုတို့ အဖွဲ့ ကို ပြည်သူတွေ သောင်း သောင်းဖျဖျ ကြိုဆို ကြတာတွေ၊ နအဖ စစ်တပ် ရဲ မီးသတ် ကြံ့ဖွတ် စွမ်းအားရှင် တွေက ခရီးလမ်းမှာ အမျိုးမျိုးနှောက်ယှက် နေတဲ့ သတင်းဆိုးတွေလည်း ဦးဇင်းကြား နေခဲ့ရတယ်။ဦးဇင်းတို့  ဒီပဲယင်းကို လာမယ်လို့ လည်း သိရတယ်။ ဒီလိုနဲ့ ဒေါ်စုတို့ သတင်းနားစွင့်နေရင်း ရွာသူ ရွာသားတွေကလည်း ဒေါ်စုတို့ လာရင် သွားကြိုကြမယ် ဆိုတဲ့ အသံတွေကလည်း ရွာထဲမှာကြား နေရတာ အားရှိ စရာပေါ့။ မေလ၂၆ ရက်နေ့ ရောက်တော့ မကောင်းတဲ့ သတင်းတခု ကြားရတယ်။ ရွာထဲက ဒကာတယောက် က ဦးဇင်းကို လာလျှောက်တယ်။ အားလုံးက လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ပြည်သူ့ အချစ်တော် လူထု ခေါင်းဆောင် ဒေါ်စုတို့ကို တွေ့ချင်လို့ ဝမ်းသာ ပျော်ရွှင် နေချိန်မှာ၊ ဒေါ်စုတို့ကို မုန်းနေတဲ့ နအဖ လက်ပါးစေ အလိုတော်ရိ ပြည်သူ့ သစ္စာဖောက် ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေက ဒီပဲယင်း မြို့တော်ခန်းမ (ဆရာစံခန်းမ) မှာ စခန်းချပြီး လက်နက်ကိုင်သင်တန်း တွေပေးနေတာ တွေ့ ခဲ့ရတယ်ဘုရားလို့  လာလျှောက်တယ်။
နောက်တခု ကြားခဲ့ရတာကိုလည်း ဦးဇင်းကို လျှောက်တယ်။ ကျည်ရွာကားဂိတ်နဲ့  ကိုက် ၄၀ အကွာ လောက်မှာ ရှိတဲ့တဖက်ရွာ = ဘုရားထွက် ရွာစပ်က ဘောလုံးကွင်းထဲမှာ ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်နဲ့ အဖွဲ့ ၊ရဲတပ်ဖွဲ့ တွေက လမ်းသွားလမ်းလာ ကားတွေကို ရပ်တန့် စစ်ဆေးနေတယ်။ကားပေါ်ပါ ခရီးသွားတွေကို မှတ်ပုံတင်စစ်၊ ဓါတ်ပုံ မှတ်တမ်းတွေ ရိုက်ယူရင်း လာမယ့် မေလ ၃၀ရက်နေ့ မှာ ကျည်ရွာကားဂိတ်သို ဘယ်သူမှ မလာကြဖို့ နဲ့ လာတဲ့သူကို ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက် ပြောဆိုနေကြောင်းတွေကို ဦးဇင်းကို ပြောပြတယ်။
ဦးဇင်းလည်း ဒကာပြောတာ ဟုတ်မဟုတ် နောက်နေ့ မေလ၂၇ နဲ့ ၂၈ ရက်နေ့ တွေမှာ ကိုယ်တိုင် သွားကြည့် ခဲ့တယ်။ မေလ ၂၇ရက်မှာ ဆရာစံခန်းမမှာ လက်နက်ကိုင် သင်တန်း တက်နေသူတွေ သိပ်မစုံသေးပေမယ့်၊ မေလ ၂၈ရက်ရောက်တော့ လူ တော်တော်စုံနေတာတွေ့ ခဲ့ရတယ်။သင်တန်းသားတွေလက်ထဲမှာ လုံထိန်းတွေ ကိုင်တဲ့ နံပါတ်တုတ်တွေ ကိုယ်စီရှိနေတာတွေ့ ခဲ့ရတယ်။နောက်ထပ်ရောက်လာတဲ့သူတွေအတွက် နံပါတ်တုတ် ဝေပေးဖို့ မလောက်တော့လို့ ၊ဝါးရင်းတုတ်တွေ ဆက်ဝေ ပေးနေတာတွေ့ ခဲ့ရတယ်။သင်တန်း နားချိန်မှာ မူးရူး သောက်စား ကြပြီး ရွာထဲသို့ လျှောက်လည်တာ တွေ့ ခဲ့ရတယ်။တချို့က ဆရာစံ ခန်းမထဲမှာပဲ လေးခွ အပစ် လေ့ကျင့် နေကြတာ တွေ့ ခဲ့ရတယ်။(ဒေါ်စုကြည်- အမျိုး ဖျက်မ အလိုမရှိ။).. စသဖြင့် တိုင်ပေး သူက တိုင်ပေး၊ အော်သူတွေက အော်နေကြတယ်။ဦးစီးခေါင်းဆောင်နေသူက ဒီပဲယင်းမြို့ ကြံဖွတ်အတွင်းရေးမှုး ဝင်းသိန်း ဆိုတာ သိခဲ့ရတယ်။ မြို့ရွာနယ်စုံက လူတွေကို စားစရိတ်ငြိမ်း တနေ့ (၅၀၀) ကျပ်နဲ့ ခေါ်ယူ စုဆောင်းကာ သင်တန်း ပေးနေတာလို့ သိခဲ့ရတယ်။အလားတူ ဒေါ်စုတို့ လာရင် နှောက်ယှက်ဖို့ ဦးဇင်းတို့နဲ့ သိပ်မဝေးလှတဲ့ ရေဦးမြို့ မြို့တော် ခန်းမမှာ၊ ရေဦးမြို့ အထက(၁) ကျောင်းထဲ မှာလည်း စွမ်းအားရှင် သင်တန်းဆိုပြီး လက်နက်ကိုင် သင်တန်းတွေ ပေးနေ ကြတာ တွေ့ ခဲ့ ရတယ်လို့  သွားကြည့်ခဲ့တဲ့ ဦးဇင်းတပါးက ပြောပြလို့ လည်း သိနေခဲ့ရတယ်။
ဒါဆို သူတို့ တွေ လူစုနေကြတာဟာ ခရီးစဉ်သတင်းတွေမှာကြားနေရသလို ဒေါ်စုတို့ အဖွဲ့ ကို နှောက်ယှက်ဖို့ ဆိုတာ သေချာ ပြီဆိုတာ ဦးဇင်းအကဲခတ်မိခဲ့တယ်။ မေ၃၀ရက်နေ့ နေ့ လည် ၁နာရီမှာ ဒေါ်စုတို့ အဖွဲ့  ဦးဇင်းတို့ ကျည်ရွာကားဂိတ်ရှေ့  ကားလမ်းတဆင့် ခရီးဆက်သွားမယ် ဆို တဲ့သတင်းကို မနက်ပိုင်းကတည်းက စိုင်ပြင် ရွာက ဒကာနှစ်ယောက် က ရွာထဲ လာပြောသွားလို့  ရွာသူ ရွာသားတွေ နံနက် ၁၀ နာရီ ကတည်းက ကျည်ရွာ ကားဂိတ်မှာ စုဝေးပြီး ထွက်ကြိုနေခဲ့ကြတယ်။ ရွာသားတွေ ထွက်ကြို ကြတဲ့ သတင်းကို နအဖ လက် ကိုင်တုတ် ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်၊ လဝက ဦးမောင်ရှိန် ၊ကြံ့ဖွတ်တွေ၊ရဲတပ်ဖွဲ့ ဝင်တွေ သိသိချင်း ချက်ချင်း လိုက်လံ တားမြစ် ခြိမ်းခြောက် ခဲ့ကြတယ်။ ကျည်ရွာ ကားဂိတ်မှာ ဒေါ်စုကို ထွက်ကြိုတဲ့ သူတွေကို စစ်အာဏာရှင် ဘက်တော် သားတွေက ဝါးလုံးတွေ တန်းပြီး ထွက်မကြို ကြဖို့ ၊ ပြန်ကြဖို့၊ မပြန်တဲ့သူတွေကို အကုန် ဖမ်းပစ်မယ် စသဖြင့် ကြိမ်းမောင်း ပြောဆိုရင်း ဓါတ်ပုံရိုက်၊ စာရင်းမှတ် လုပ်နေကြတယ်လို့ အဲဒီ ကားဂိတ် က ပြန်လာတဲ့ ဒကာ နှစ်ယောက်က ဦးဇင်းကျောင်းမှာ နေ့ ဆွမ်းဘုန်းပေး နေတုန်း လာလျှောက်ကြတယ်။
ရွာသူရွာသားတွေက ကြောက်ရွံ့ နေကြတယ်လို့  လည်း လျှောက်ကြတယ်။ဒါနဲ့ ဦးဇင်းလည်း ကိစ္စမရှိဘူး၊ ဆွမ်းစား ပြီးတာနဲ့ ရွာ ထဲ လှည့်ပြီး အသံချဲ့ စက်နဲ့  အားလုံးထွက်ကြိုကြဖို့ ဆော်သြလိုက်မယ်လို့ ပြန်ပြော လိုက်တယ်။ ဆွမ်းစား ပြီးတာနဲ့ ကျောင်းထိုင် ဆရာတော်ကြီးကို ရွာကအဖြစ်အပျက်တွေကို ဦးဇင်း မြင်ခဲ့ကြား ခဲ့ရတဲ့ အတိုင်း တင်ပြ လျှောက်ထားရင်း အသံချဲ့စက် သော့ယူရင်း ရွာထဲ ဆော်သြဖို့ ခွင့်ပြုဖို့ ဆရာတော်ကို လျှောက်ထားတော့ ဆရာတော်က .. အေး၊ ဒို့  မြန်မာလူမျိုးတွေ အချင်းချင်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ မဖြစ်သင့် တာတွေ မဖြစ်ဖို ၊့ ဒို့  တတ်နိုင်တဲ့ ဘက်က ကာကွယ်ရမယ်..လို့ ရွာထဲဆော်သြဖို့  ခွင့်ပြုရင်း မိန့် တာနဲ ၊့ ဦးဇင်း လည်း အသံချဲ့စက် ဆရာ ကိုသိုက်ထွန်းဝင်း နဲ့ အတူ အသံချဲ့စက်ကို နွားလှည်းပေါ် တင်ရင်း ၊ ရွာထဲလှည့်ကာ ဒေါ်အောင်ဆန်းစုကြည်ကို မကြောက်မရွံ့ ထွက်ကြိုကြဖို့ ၊ ဦးဇင်း ကိုယ်တိုင် အသံချဲ့စက်နဲ့ လိုက်လံ ဆော်သြ ခဲ့တယ်။
ဦးဇင်းလိုက်လံဆော်သြလို့  နံနက်၁၀နာရီကစပြီး ကျည်ရွာကားဂိတ်မှာ ထွက်ကြိုသူပေါင်းဟာ ကျည်ရွာအပါ အဝင် ရွာနီးဝန်းကျင်ကျေးရွာတွေက ကြိုဆိုသူပေါင်းဟာ ၄ထောင်ကျော် ၅ထောင်နီးပါး ရှိမယ် ခန့်မှန်းရတယ်။ကျည်ရွာမှာ အိမ်ခြေပေါင်း ၁ထောင်ခန့် ရှိတယ်။ တအိမ် မိသားစု ၃ ယောက်နှုန်း ထွက်ကြို ကြရင်ပဲ ကျည်ရွာမှာ ကြိုသူ ၃ ထောင်ကျော်တယ်။ ဘုရားထွက်ရွာမှာ အိမ်ခြေ ၂၀၀ကျော်ရှိတယ်။မန်ကြီးအုပ်ရွာမှာ အိမ်ခြေ ၅၀ခန့် ရှိတယ်။ အခြား အနီးဝန်းကျင်က လာကြိုကြသူ တွေနဲ့ပါ ပေါင်းလိုက်ရင် ၄၀၀၀ ကျော်လောက် ရှိမယ် ခန့်မှန်း ရတယ်။ ဒေါ်စုကို ကြိုဆို ထောက်ခံသူတွေနဲ့ ဆန့် ကျင်ဘက် ၊ နအဖစစ်အုပ်စုက ငွေပေး စည်းရုံး လက်နက် သင်တန်းပေး ခေါ်ဆောင် ထားတဲ့ ဒေါ်စုအဖွဲ့ ကို ဆန့်ကျင် ကန့်ကွက် နှောက်ယှက်မယ့် ကြံ့ဖွတ်၊ စွမ်းအားရှင် တွေကလည်း ကျည်ရွာ အရှေ့ တမိုင်ခန့် ဝေးတဲ့ ရွာသစ်ရွာ ရဲစခန်းမှာ စုရုံးနေကြတာ လူဦးရေ လေးထောင်ကျော်ခန့် ရှိတယ်လို့ ကြားသိခဲ့ရတယ်။ရွာသစ်ရွာတောင်ဘက် (အများအခေါ် = ပတွင်း တံတား) ကနေ စပြီး လမ်းဘေး ဝဲယာ တဘက် တချက်မှာ ဒေါ်စုကိုတိုက်ခိုက်မယ့် အဖွဲ့ တွေကို သူ့အဖွဲ့နဲ့ သူ ရဲ တပ်သား တွေက ကြီးကြပ်နေရာ ချပေး နေခဲ့တယ်။ အစဉ်လိုက်ပြောရရင် ရှေ့တန်းမှာ ဝက်လက် အဖွဲ့ ၊ ဒုတိယတန်းမှာ ရွှေဘို အဖွဲ့ ၊တတိယ တန်းမှာ ခင်ဦး အဖွဲ့ ၊စတုတ္ထတန်းမှာ ရေဦး အဖွဲ့ ၊ပဉ္စမတန်းမှာ ခယက ဥက္ကဌ သန်းဟန် တို့အဖွဲ့ ။
ဒီလိုနဲ့ ကြိုဆိုသူနဲ့ နှောက်ယှက်သူဦးရေဟာ ဆတူ သဘောမျိုးရှိနေတာ တွေ့ ခဲ့ရတယ်။ကြိုဆိုသူတွေက မနက်ခင်း ကတည်းက ကားဂိတ်ကားလမ်း တဖက်တချက်မှာ တနေကုန် စောင့်လာခဲ့ကြတာ၊ ညနေပိုင်း ရောက်လာတဲ့ အထိပေါ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့  ကျည်ရွာ ထိပ်ကို မေ၃၀ရက် ည ၇ နာရီ ၁၅ မိနစ် လောက်မှ ရောက်လာကြတယ်။ ဒေါ်စုတို့ ကား ဆက်လက်မောင်းနှင်လာရင်း ကျည်ရွာကားဂိတ်မရောက်ခင် ကျည်ရွာအလွန် ကြည်ရွာတံတားဦးကျောင်းမှ ဦးဇင်း ဦးကောဏ္ဌည၊ဦးဇင်းဦးတေဇဓမ္မတို့ က ဒေါ်စုတို့ ကားကို တားကာ… ရွာသူရွာသားတွေက မနက်ကတည်းက ထွက်ကြိုနေကြ တာမို့ ရွာလူထု က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခေတ္တ မိတ်ဆက် စကား ဟောပြောပေးဖို့ တောင်းပန် စကားပြောခိုင်းလို့  ဦးဇင်းတို့ အနေနဲ့ လာရောက် မေတ္တာရပ်ခံတာပါ… လို့ ဦးဇင်းတွေက ပြောတဲ့ အခါ ဒေါ်စုကားပေါ် လုံခြုံရေး လိုက်ပါလာတဲ့ လူ ငယ်တွေက ညမိုးချုပ် နေပြီး ရှေ့ဆက်ရမယ့် ခရီးစဉ် တွေလည်း ရှိနေသေးတာမို့  ဟောပြောဖို့ အချိန် မရတော့တာကို နား လည်ပေးဖို့ တောင်းပန် လျှောက်ထား ကြတယ်လို့ သိရတယ်။
ရွာလူထုရဲ့ တောင်းပန်ချက်အရ ဦးဇင်း၂ပါးက ဒေါ်စုတို့ ကားကို တားရင်း စကား ပြောဆို ကြတော့ နောက်က ကားတန်းကြီးလည်း ခေတ္တရပ်တန့် သွားတာပေါ့။ဒါကိုလည်းတွေ့ ရော စောင့်စား နေတဲ့ ရွာ လူထုကြီးကလည်း ဒေါ်စုတို့ ကို သောင်းသောင်းဖျဖျ ကြိုဆို ကြမယ်ဆိုတဲ့ ဝမ်းမြောက် စိတ်တွေနဲ့ ကားတန်း တွေနား စုပြုံ တိုးဝှေ့ရောက် လာကြတာပေါ့။ အလားတူ ဒေါ်စုကို နှောက်ယှက် တိုက်ခိုက်ဖို့ အသင့် စောင့်ဆိုင်း နေကြတဲ့ နအဖရဲ့ လက်မရွံ့  အာဏာပါးကွက်သားတွေ ကလည်း မူးရူးအော်ဟစ်ရင်း လူအုပ်ကြီးထဲကို လေးခွ များနဲ့ စတင် ပစ်ခတ် တိုက်ခိုက် ကြတယ်။ထို့ အတူ ဒေါ်စုတို့ ကားတန်း နောက်ကို နှောက်ယှက်ဖို့ မုံရွာမြို့ အထွက်ကတည်းက လိုက်ပါလာတဲ့ မှန်လုံကားတွေ၊ဒိုင်နာကားတွေ၊ဟီးနိုးကားကြီးတွေ ပေါ်က
တဲ့ လူအုပ်ထဲကို လေးခွတွေနဲ့ စတင် ပစ်ခတ်ရင်း ရုန်းရင်း ဆန်ခတ် ဖြစ်အောင် စတင်လုပ်ကြပါတော့တယ်။
ရွာလူထုဟာ ရုတ်တရက် မထင်မှတ်ဘဲ ညအချိန်မှာ အဲသလို စတင် အတိုက်ခိုက်ခံရတော့ ထွက်ပြေးသူက ထွက်ပြေး၊ လဲကြ ကွဲကြနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ တဆက်တည်း ကျည်ရွာကားဂိတ်မှာ ဒေါ်စုအဖွဲ့ ကို နွားလှည်းပေါ်က ထိုင်ရင်း ထွက်ကြို နေတဲ့ ဦးဇင်းတို့ ကျည်ရွာ ဆရာတော်ကြီးကိုပါ မကျန် လူရမ်းကားတွေက လေးခွနဲ့ ပစ်ပါတယ်။ "ဒီဘုန်းကြီးက ကြီးမှ နိုင်ငံရေး လုပ်တာ”ဟု ပြောရင်း လေးခွနဲ့ အပစ်ခံရလို့  ဆရာတော်ကြီး မှာ လက်ဖနောင့်မှာ တချက်၊ ဆီးခုံမှာ တချက် ထိမှန်သွားပြီး လှည်းပေါ်မှာ လဲကျသွားခဲ့တယ်။
စစ်အာဏာရူးတွေရဲ့ ခိုင်းဖက် စစ်ဘီလူးတွေဟာ သူတို့ ကို ဆန့် ကျင်ရင် ရဟန်းရော၊ ကိုရင်ရော၊ ဘာသာပေါင်းစုံက ပြည်သူတွေကိုရော အကုန်လုံးကို မိုက်ရိုင်း စော်ကားကြတာပဲ။ ဆရာတော်ကြီး သာမက လှည်းပေါ်မှာ ပါလာတဲ့ ကိုရင်လေး နှစ်ပါးကိုလည်း လေးခွထိမှန်ခဲ့တယ် ဒကာရေ။ ဦးဇင်းတသက်မှာ မျက်စေ့ ရှေ့မှာ သံဃာတွေကို ပြည်သူတွေကို လက်ရဲ ဇက်ရဲ ငရဲမကြောက် စော်ကားရဲကြတာ ဒီ စစ် အာဏာရှင် တွေပါလားလို့ ကိုယ်တွေ့ သိခဲ့ရတယ်။ ကိုရင်လေး တပါးက နောက်စေ့ကို ထိမှန်ခဲ့တယ်။ နောက်တပါးက ဦးခေါင်း ထိပ်မှာ ထိမှန် ခဲ့တယ်။လှည်းပေါ်မှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ ဆရာတော်နဲ့ ကိုရင် နှစ်ပါးကို သွားကယ်တဲ့ ဦးဇင်းတို့ ကျည်ရွာသား ဒကာ ဦးဌေးအောင်ဟာ ကိုရင်တွေ ကိုပွေ့ထုတ် နေစဉ် ဦးဌေးအောင် ရဲ့ အနောက်ကနေ ဝါးရင်း တုတ်ကိုင်ထားတဲ့ နအဖ လက်ပါးစေ ပြည်သူ့ သစ္စာဖောက် အသားထဲက လောက်ထွက်တဲ့ လူရမ်းကား တဦးက ခေါင်းကို ရိုက်နှက်လိုက်လို့ ဦးဌေးအောင် ခေါင်းကွဲ သွားခဲ့တယ်။ ဦးဇင်း တို့လည်း ဆရာတော်၊ ကိုရင်တွေ ကို ဆိုင်ကယ်တွေနဲ့ သွားရောက်ကယ် ထုတ်ခဲ့ရတယ်။ အဲဒီနောက် ဦးဇင်းကိုယ်တိုင် လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်နေတဲ့ မြင် ကွင်းများကိုကုက္ကိုပင်များကို အကာအကွယ် ယူလိုက်၊ လယ်ကွင်း တွေထဲ ဖြတ်ပြေးလိုက်နဲ့ ကျည်ရွာ မြောက်ဘက် တံတား ကနေ တောင်ဘက် တံတားဆုံး အထိ ရောက်အောင် ပုန်းလျှိုး ကွယ်ရှိုး နဲ့ လိုက်လံ ကြည့်ရှု ခဲ့တယ်။အရိုက်ခံရသူ တွေဟာ လူမဆန် စွာ တိရစ္ဆာန်တွေကို ရိုက်နှက် သတ်ဖြတ် နေသလို ခံနေကြရတာ တွေ့ခဲ့ရတယ်။ အရိုက်ခံရ သူတွေဆီက ဆွဲကြိုး၊ နာရီ၊ လက်စွပ်၊ လက်ကောက်၊ နားကတ်၊ ရွှေငွေပစ္စည်းတွေကို လုယက် ဖြုတ်ယူ နေကြတာ တွေ့ ခဲ့ရတယ်။အခင်းဖြစ်နေချိန်မှာ ဒကာမလေး တယောက်ကို ရိုက်နှက်သူတွေက “ နင် ဝင်းမြမြလား၊ ဝင်းမြမြ ဆိုတာ နင်လား”လို့မေးရင်း ဦးခေါင်းကို ဝါးရင်းတုတ် နဲ့ရိုက် နေတာတွေ့ရတယ်။ ကောင်မလေးက ဘာမှပြန်မပြောတော့ ကတ္တရာလမ်းနဲ့ခေါင်းနဲ့ မေးလို့ မရမချင်းဆောင့်နေတာတွေ့ ခဲ့ရတယ်။ အဲဒီ ကောင်မလေး လှုပ်ရှားမှု မရှိတော့လို့ သေဖို့များမယ်လို့ ဦးဇင်း ထင်တယ်။ အဲဒီနေရာမှာ ဒဏ်ရာတွေနဲ့ လူပေါင်း များစွာ သေကြတာ တွေ့ ရတယ်။ ရိုက်နှက် သူတွေထဲမှာ လူဝတ်ကြောင် လူရမ်းကားများသာမက သင်္ကန်းပတ်စည်းထားတဲ့ ဘုန်းကြီးအတုတွေပါ ဝင်ရောက်ရိုက် နှက်နေတာကိုဦးဇင်း အံ့အားသင့်စွာ တွေ့ ခဲ့ရတယ်။
ဦးဇင်းမြင်ခဲ့ရတဲ့ ဘုန်းကြီးအတုတွေဟာ သင်းပိုင်သင်္ကန်းများ ကျွတ်ကျပြီး ပြန်ဝတ် ကြတဲ့ အခါ ဦးဇင်းတို့ သံဃာအစစ်တွေ သင်းပိုင် ပြန်ဝတ်သလို ပြန်မဝတ် ကြတော့ဘဲ လူတွေ ပုဆိုးဝတ်သလို သင်္ကန်းတွေကို ပြန်ဝတ်ပြီး လိုက်လံ ရိုက်နှက်ကြတာ တွေ့ခဲ့ရတယ်။ တချို့ဆိုရင် သင်းပိုင် ကိုတောင် ပုဆိုးဝတ် သလို ပြန်မဝတ် တော့ဘဲ သင်္ကန်း အားလုံးကို ချွတ်ချပြီး ဘောင်းဘီတိုများ ဝတ်လျှက်နဲ့ ပဲ လိုက်လံ ရိုက်နှက် ကြပြန်တယ်။
ဦးဇင်း သွားကြည့်တာ ကျည်ရွာ မြောက်ဘက် တံတား အစွန်းကနေ ဟိုးဘက် တောင်ဘက် တံတားအစွန်း အထိရောက်သွားပြီး၊ အဲဒီ တောင်ဘက်ကနေ လိုက်ကြည့်ပြီး မြောက်ဘက်ကို ပြန်လာချိန်မှာ ညအမှောင်မှာ ဦးဇင်း မြင်ခဲ့ရသရွေ့ လူပေါင်း (၉၀) ကျော် လောက် သွေးသံ တရဲရဲနဲ့ တုံးလုံး ပက်လက် လဲနေကြတာ တွေ့ ခဲ့ရတယ်။ရုပ်ပျက်ဆင်းပျက်နဲ့ မအော်နိုင်တဲ့ သူတွေက များတယ်။ ဦိးခေါင်းနဲ့ မျက်နှာတွေကို အဓိက ရိုက်ခံထား ကြရလို့ ဒကာ ဒကာမတွေကို ဘယ်သူ ဘယ်ဝါ ခန့်မှန်းရ ခက်လောက် အောင်ကို ရုပ်လုံး မပီသူတွေ အဖြစ် စိတ်မကောင်းစွာ တွေ့ ခဲ့ရတယ်။ ဒကာမလေးနှစ်ယောက် ဆိုရင် ထပ်လျှက် မေ့လဲနေတာ တွေ့ခဲ့ ရတယ်။ အပေါ်ပိုင်း အဝတ်အစားတွေ မရှိကြတော့ဘူး။သူတို့ လုံချည်နဲ့ ပေါင်တွေမှာ သွေးစီး တွေနဲ့  ကပ်နေတာကို တွေ့ခဲ့ရတယ်။ အဲဒီအထဲက အသေအပျောက် (၆၀) ကျော်လောက် ရှိမယ်လို့  ခန့်မှန်း ရတယ်။
ဦးဇင်း တောင်မြောက် တံတား နှစ်စင်းကနေ ရွာဘက်ကို ပြန်လှည့် လာတော့ တံတားနဲ့ ရွာကြားက သောက်သုံး ရေကန်ဘေးမှာ လဲကျနေတဲ့ဆိုင်ကယ်တွေ၊လူတွေကို တွေ့ ခဲ့ရတယ်။သေနေသူ အတော်များမယ်လို့ ယူဆတယ်။ ရွာကို ဆက်လျှောက်လာရင်း ကျည်ရွာ ကားဂိတ်နဲ့ ကိုက် ၂၀ လောက် အတိုင်းအတာရှိမယ့် ရေကူး မြောင်းလေးမှာ ကားတစီး မှောက်နေတာ တွေ့ ရတယ်။ ကားခေါင်းထဲမှာ
ဒကာတယောက် ဇက်ကျိုးပြီး မျက်လုံး
တဖက် ထွက်ကျပြီး သေနေတာ တွေ့ ရတယ်။ အဲဒီကား အနောက်ဖက် ပိုင်း ကားဝမ်းဗိုက် ကြမ်းပြင် သံမြောင်းလေးတွေကြားထဲမှာ လူ့ သွေးတွေ လက်တဆစ
ပစ်ခဲနေတာတွေ့ ခဲ့ရ တယ်။ အနီးအနား လယ်ကွင်း ဘက်တွေထဲက နေလည်း ကယ်ပါ၊ ယူပါ တစာစာနဲ့ အော်ဟစ် ညည်းတွားနေတဲ့ အသံတွေလည်း ကြား ခဲ့ရတယ်။
ဦးဇင်း ဆက်လျှောက် လာရင်းနဲ့  ရွာနားရောက်တော့ လမ်းတနေရာမှာ ကျည်ရွာက အသက် ၂၀ ကျော် ဒကာလေး သက်နိုင် က “ကယ်ပါ၊ ကယ်ပါ “ လို့  အော်နေလို့ ၊ ဦးဇင်းက ရွာသားတချို့ကို လူနာ နားမှာ အစောင့်ထားပြီး ၊ ကျန်သူတွေကို ရွာပြန်ကာ လှည်း သွားယူခိုင်း လိုက်တယ်။ ဦးဇင်းက လမ်းဆက်လျှောက် လာရင်းနဲ့ ၊ လှည်းနဲ့အတူ လှည်းယူခိုင်း လိုက်တဲ့ ဒကာတွေကို ရွာဦး ဘုရားနားမှာ မျက်နှာချင်းဆိုင် ပြန်တွေ့ ကြလို့၊ ဦးဇင်းက လူနာကို ရွာကို အမြန်သယ်လာဖို့  ထပ်မှာလိုက်တယ်။
ဦးဇင်းရွာကျောင်းကို ရောက်တယ်ဆိုရင်ပဲ လေးခွဒဏ်ရာရထားတဲ့ ဆရာတော်က ဦးဇင်းပြန်မလာလို့ စိတ်ပူ နေတာလို့ ဆို တယ်။ဦးဇင်းက အခု ဘာမှမဖြစ်ဘဲ ပြန်ရောက်လာပြီဘုရားလို့  ဦးချ လျှောက်ထား လိုက်တယ်။ ဒကာလေး မောင်သက်နိုင် ကတော့ လမ်းမှာ ဒဏ်ရာတွေနဲ့ ညည်းညူနေလို့ ရွာကလှည်းနဲ့ သွားသယ် နေကြပြီ ဘုရားလို့ လျှောက်ထား နေရင်း၊ ကြံ့ဖွတ် ဒကာတယောက်ကို ရွာသားတွေက ဖမ်းဆီးလာပြီး၊ ဦးဇင်း ထံကို လာအပ်ကြတယ်။ ကျောင်းထိုင် ဘုန်းကြီးက စစ်မေးခိုင်းလို့ ဦးဇင်းက အဲဒီ ဒကာကို မေးမြန်းတော့သူက ရေဦးမြို့ နယ်၊ ရေဦးကုန်းရွာ ကတဲ့။သူက အရက်မူးနေလို့ သည်းခံ ခွင့်လွှတ်ပါ ဘုရားလို့ တောင်းပန်ရင်း သူတို့ ကြံ့ဖွတ် အဖွဲ့တွေကို စရိတ်ငြိမ်း ၅၀၀ ကျပ် ပေးပြီး အရက်တိုက်တယ်။ အရက်တွေ ပါတဲ့ ကားတွေ နဲ့ ဟိုခေါ် ဒီခေါ် ခေါ်သွားပြီး ဒေါ်စုကြည်နဲ့ အဖွဲ့ ကို ရိုက်နှက် ခိုင်းတယ်။ တပည့်တော်လည်း မူးမူးနဲ့  ဒေါ်စုကြည်တို့ ကားတန်း ကို ရိုက်နေတုန်း ၊ လူသုံးယောက်က ဖမ်းချုပ်ပြီး ၊ ကြိုးတုတ်ကြီးတွေနဲ့ တုတ်ထားပြီး ဘုရားဝင်းထဲမှာ ထားထားတယ် ဘုရား၊ ဦးဇင်း ၂ ပါးက တွေ့တော့ ဒီကောင် ဘယ်ကကောင်လဲလို့ ပြောနေချိန် ၊သူ့ဒကာ နှစ်ယောက် ရောက်လာပြီး၊ ဒီကောင့်ကို ဦးဝိမလဆီ ပို့မယ် ဆိုပြီး ဒီကျောင်းကို ခေါ်လာတာပါ ဘုရားလို့ လျှောက်တယ်။
အဲဒီလို စစ်မေးနေရင်း လူနာ မောင်သက်နိုင် ကို တင်လာတဲ့လှည်း ကျောင်းထဲဝင်လာတယ်။
ဒါနဲ့စစ်မေးတာ ခဏရပ်ရင်း..ဒီကြံ့ဖွတ်ဒကာကို..ကျောင်းအောက်မှာ အစောင့်တွေနဲ့ ခဏထားပြီး၊ စစ်တာ မပြီးသေးဘူး၊ သူ့ကို ဘာမှ မလုပ်ကြနဲ့ လို့မှာရင်း ၊ ဒဏ်ရာတွေနဲ့ မောင်သက်နိုင်ကို အရက်ပျံ တွေနဲ့ ဆေးကြော ပြုစုပေးရတယ်။ သူ့ ဒဏ်ရာတွေက သိပ်ကြီးကျယ်တယ်။ ခြေထောက် အောက်ပိုင်းတွေ အရိုက် ခံထားရတယ်။ ဦးခေါင်း အလယ်ခေါင် တည့်တည့် အရိုက်ခံထားရတယ်။ နဖူးထိပ် တည့်တည့် အရိုက်ခံထားရတဲ့ ဒဏ်ရာက အတော် ကြီးတယ်။ ဦးဇင်း ကိုယ်တိုင် ချုပ်ပေး ခဲ့ရတယ်။ မျက်လုံး နှစ်လုံး စလုံး အထက်အောက် ဝါးချွန်နဲ့ အထိုး ခံရတယ်။ဘယ်ဘက် လက်ခုံမှာလည်း ဝါးချွန်နဲ့ အထိုးခံရတဲ့ ဒဏ်ကြောင့် ၊ ဝါးချွန်ဆိပ် တက်လွန်းလို့၊ သူ အခံရ ခက်လွန်းလို့  သူ့လက်ကို ဖြတ်ခိုင်းတဲ့ အထိ ဒဏ်ရာ ပြင်းထန် ခံစားနေခဲ့တာ ဦးဇင်း မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ ရတယ်။ ကျောင်းပေါ်မှာ ဆေးကု နေတဲ့ လူနာကို ကြည့်နေတဲ့ ဒကာမကြီး တယောက် ရုတ်တရက် မူးလဲ သွားလို့ ၊ရုတ်ရုတ် သဲသဲ ဖြစ်သွားခဲ့သေးတယ်။
ကျောင်းပေါ်မှာ ဆူညံနေသလို ကျောင်းအောက် မှာလည်း ရွာသားတွေက ဖမ်းချုပ်ထားတဲ့ ကြံ့ဖွတ်ကောင်ကို .. လူတွေကို သေအောင်ရိုက်တဲ့ ကောင်ကို ပြန်သတ်မယ်.. လုပ်နေကြလို့ ဦးဇင်းက ဒီကောင့်ကို ဘာမှမလုပ်ကြဖို့  ဟန့် တားရင်း၊ ဆယ် အိမ်မှူး ကို အခေါ် ခိုင်းပြီး ဒီကောင့်ကို ကျုပ်တို့ ဒဏ်ရာ ရအောင် ဘာမှ မလုပ်ခဲ့ဘူး လို့ ပြောပြပြီး ပြန်လွှတ် ပေးလိုက်တယ်။
ဒီပဲယင်းအရေးအခင်းလို့ ဆိုတဲ့ ဦးဇင်းတို့ ကျည်ရွာအနီး နိုင်ငံတော်ကစီစဉ်လုပ်ကြံတဲ့ ကျည်ရွာ လူသတ်မှု ကြီး၊ လူသတ် ပွဲကြီးကို ဆက်ပြော ပြရရင်.. အဲဒီ မေ၃၀ ညမှာပဲ ဒေါ်စု စီးတဲ့ ကားဟာ လူရမ်းကားတွေ ရိုက်နှက် နေတဲ့ ကြားကပဲ ဒရိုင်ဘာရဲ့ ကျွမ်းကျင်မှု၊ ဒေါ်စုတို့ရဲ့သေဘေး ကလွတ်တဲ့ ကံ၊ ပြည်သူတို့ ပို့သတဲ့ စစ်မှန်တဲ့ မေတ္တာ ဓါတ်တွေကြောင့် ရေဦးမြို့ မရောက်ခင် ရွာသစ်ရွာ ရဲစခန်းဂိတ် တွေကို တိုက်ထွက် မောင်းနှင် နိုင်ခဲ့လို့  ရိုက်နှက် သတ်ဖြတ် ခံရတဲ့ အဖြစ်ဆိုးက လွတ်ထွက် ခဲ့တယ်။
ရွာသစ်ရွာ ရဲစခန်းမှာ နအဖ ဘက်က ပါဝင် ဦးဆောင် သူတွေက ခယက ဥက္ကဌ ဗိုလ်မှူး သန်းဟန်၊ စခန်းမှူး ဦးစိန်ဝင်း၊ မြို့နယ်မှူး ဦးသောင်းဝင်း၊ ဒီပဲယင်း တောင်ပြင် ရပ်ကွက်ကချက်ကြီး (ခ) စိုးတင့်၊ ဦးမြဝင်း၊ ရေဦးမြို့ မယက ဥက္ကဌ ဦးစိန်မောင်ဝင်း၊ ဒီပဲယင်း မယက ဥက္ကဌ ဦးတင်အုန်းတို့ ဖြစ်တယ်။ မြို့နယ်မှူး သောင်းဝင်းရဲ့ လူယုံတော် ချက်ကြီး (ခ) စိုးတင့်ဟာ အခင်းဖြစ်မယ့် နေ့ လည်ကတည်း … ဒီပဲယင်းမြေမှာ ကုလားမယား ခြေမချစေရဘူး.. လို့  မြို့ထဲမှာ လျှောက်အော် ခဲ့တယ်။ ဒီပဲယင်း အရေးအခင်းမှာ အဲ ဒီအခင်း ဖြစ်တဲ့ညမှာ ဒေါ်စုတို့ ကားတန်းကို ရွာသစ် ရဲစခန်းဘက် ကနေ မီးဆလိုက်တွေ ထိုးပြီး၊ သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက် တယ်လို့ ကြားရတယ်၊ ဗိုလ်မှူး သန်းဟန် ကိုယ်တိုင် သေနတ် ပစ်မိန့် ပေးတယ်။ သူကိုယ်တိုင်လည်း ဝင် ပစ်တယ်လို့ ကြား ရတယ်။ဒါ့ကြောင့် စစ်အုပ်စုက ဒေါ်စုကို လုပ်ကြံဖို့ ကြိုတင် ကြံစည် ခဲ့တယ် ဆိုတာ အရမ်း ထင်ရှားတယ်။ အရေးအခင်း အပြီးမှာ လူသတ် လုယက်လို့ ရွှေငွေ အများဆုံး ရသူဟာ ချက်ကြီး လို့ နာမည်ကြီး လာခဲ့တယ်။ ဒါပေမယ့် အခုထိ ဒီလူသတ် တရားခံတွေကို အရေး မယူဘဲ၊ အခံဘက်က ခံခဲ့ကြရတဲ့ ဒေါ်စုအပါ အဝင် ဦးဇင်းတို့ကို ထောင်ချ ခဲ့တယ်။
ဒုတိယပိုင်း မကြာမီတင်ပြပါမည်။
Credit.
ZN.H