(၂၂.၅.၂၀၁၆)ရက်နေ့
မော်လူးမြို့ပေါ် ရေမြောင်းများအားသန့်ရှင်းရေး စုပေါင်းဆောင်ရွက်.........
စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးအုပ်စု အုပ်ချုပ်ရေးမှူးဦးစိုးမြင့် ဦးဆောင်မှုဖြင့် ယနေ့မနက်(၈း၀၀)နာရီအချိန်မှစ၍ မြို့တွင်းရေမြောင်းသန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါရေမြောင်း
သန့်ရှင်းရေးဆောင်ရွက်ခြင်းသို့ အင်းတော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊မော်လူးမြို့ပေါ်ရှိ မေတ္တာအားမာန်လူမှုကူညီရေးအဖွဲ့၊မော်လူးအုပ်စုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊မော်လူးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊မော်လူးအလုပ်သမားရုံးမှအဖွဲ့ဝင်များ၊မော်လူးဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ၊မော်လူးပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊မော်လူးသစ်တောရုံးမှဝန်ထမ်းများနှင့် မော်လူးဒေသခံပြည်သူများ စုစုပေါင်းအင်အား(၆၀)ကျော်ခန့်ဖြင့်မြိုင်ဆိုင်စွာ စုပေါင်းလုပ်ဆောင်ကြသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိဦးအေးမင်းထွန်းဦးဆောင်၍ စည်ပင်သာယာရေးကား(၁)စီး၊မော်လူးမြို့မှကား(၁)စီး၊စုစုပေါင်း(၂)စီးဖြင့် ရေမြောင်းအတွင်းမှဆယ်ယူရရှိသောအမှိုက်များအား သယ်ယူစွန့်ပစ်ခြင်းတို့လုပ်ဆောင်ကြသည်။၎င်းအမှိုက်ပစ်ကားနှစ်စီးစလုံး၏ ဆီဖိုးနှင့်ငှါးရမ်းခများအားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျခံပေးခြင်းဖြစ်သည်။
ရေမြောင်းသန့်ရှင်းရေးအား မော်လူးမြို့ပြည်သူ့ဆေးရုံကြီးရှေ့မှစတင်ကာ လမ်းမတော်လမ်းမကြီးတစ်လျှောက်နှင့်ဘူတာလမ်းမှအုန်းဒုတ်လယ်ယာမြေများသို့ဖောက်လုပ်ထားသောရေမြောင်းများတစ်လျှောက် သန့်ရှင်းရေး စုပေါင်းလုပ်ဆောင်ကြသည်မှာ အားရစရာကောင်းလှပေသည်။
ယနေ့ ရေမြောင်းသန့်ရှင်းရေးဆောင်ရွက်ကြသူများအား မော်လူးမြို့ခံများမှ မနက်ပိုင်း တွင်ကောက်ညှင်းပေါင်း၊အကြော်နှင့်လ္ဘက်ရည်တိုက်ကျွေးပြီး နေ့လည်ပိုင်း(၁၁း၀၀)နာရီအချိန်တွင် မော်လူးအုပ်ချုပ်ရေးမှူးရုံး၌ မနက်စာထမင်းကျွေးမည်ဖြစ်သည်။
မော်လူးမြို့တွင်းရှိ ရေမြောင်းများထဲသို့ အမှိုက်များမပစ်ချကြပဲ ပြည်သူများမှ တစ်ဦးချင်းအသိဖြင့်စည်းကမ်းလိုက်နာကြဖို့နှင့် မြို့တွင်းရေမြောင်းများသန့်ရှင်းသာယာရေး၊ရပ်ကွက်နေပြည်သူများစိတ်ချမ်းသာကိုယ်ကျမ်းမာရှိစေရေးဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ............
0 comments:
Post a Comment