အားလုံး မင်္ဂလာ ပါ
မောင်လေး ညီမလေးတို့ကို ခွန်အားလေးပေးချင်သည့်အတွက် ဒီစာလေးရေးတင်လိုက်တာပါ။ ကျမအခု ရန်ကုန်မြို့ရဲ့တိုက်ခန်းလေးထဲမှာ ခဏနေနေပါတယ်။ လွန်ခဲ့သည့်တပတ်က ကုမ္ပဏီ တစ်ခုက အတူနေတဲ့အစ်မဆီ ဖုန်းဆက်ပြီး ဆရာမရေ တပည့်လေးတွေရှိရင်ပို့ပေးပါ အလုပ်မှာလူလိုလို့ပါတဲ့။ ဒါနဲ့ စပ်စုတတ်သည့်ကျမကလည်း မောင်လေး ညီမလေးတွေအတွက် စပ်စုခဲ့မိတာပေါ့။ အတူနေအစ်မကလည်းစိတ်ရှည်လက်ရှည်ရှင်းပြပေးပါတယ် ဂျပန်နိုင်ငံမှာ အလုပ်လုပ်ရင်းကျောင်းတဖက်တက်လို့ရအောင်ကူညီပေးတဲ့ကုမ္ပဏီတဲ့ စိတ်ချရတယ်သူတို့မြို့က သူငယ်ချင်းတဲ့ သူကိုယ်တိုင်လည်းအရမ်းကြိုးစားတယ်တဲ့ ညီမလေးစိတ်ဝင်စားရင် အစ်မတို့တစ်ရက်သွားတွေ့တာပေါ့တဲ့လိုက်ပို့ပေးမယ်တဲ့။ မောင်လေး ညီမလေးတို့အတွက်ပဲ စိတ်ဝင်စားတာပေါ့ ဒါနဲ့ မအားသည့်ကြားကပဲ taxi ခအကုန်ခုံပြီး ပုလဲ ကွန်ဒိုအရောက်သွားတွေ့ခဲ့ပါတယ်။
ပုလဲကွန်ဒိုရောက်တော့ ဖုန်းဆက်သည့် အစ်ကိုကကိုယ်တိုင်ဆင်းကြို ပြီး သူ့ ရုံးခန်းထဲခေါ်သွားပြီး သူကိုယ်တိုင်ရော ပြီးတော့ ကလေးမလေးတစ်ယောက်ပါ ကျမတို့ကိုစိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပါတယ်။
ကဲထားလိုက်ပါတော့ သူပြောတဲ့အထဲမှာ ကျမအခုသိခဲ့ရတာက အခုဂျပန်မပို့တော့ပါဘူးတဲ့ ဒါပေမယ့် ကျွန်တော်တို့ လူငယ်ဘွဲ့ရတွေအများကြီးလိုပါတယ်တဲ့မြန်မာနိုင်ငံကြီးတကယ်ပြောင်းလဲနေပြီဗျ အခုပြည်ပမှ ရင်းနှီးမြှုပ်နှံမှုတွေ မကြာခင်လာတော့မယ် ကဏ္ဍစုံအတွက် လူငယ်တော်တော်များများလိုမယ်ဗျ ဒါကြောင့်ကျွန်တော်လည်းဆရာမတို့ကို အားကိုးရတာပဲ ဘာသာစကားတတ်ထားသူ l ဥပဒေပညာဘွဲ့ရ အင်္ဂလိပ်စကားပြောကျွမ်းကျင်သူ ပိုပြီးလိုချင်ပါတယ်တဲ့။ ကဲဘယ်လိုလဲ ကျမတော့ အလုပ်သွားရှာပေးခဲ့ပြီ အချိန်မရွေးလွှတ်လိုက်ပါတဲ့ တကယ်လို့နယ်ကတွေက အလုပ်လာလျှောက်ဖို့ အခက်အခဲရှိမယ်ဆို ဆရာမ လူစုထားပေးပြီး ကျွန်တော်တို့ ဘက်ကလူလွှတ်ပြီး interview လုပ်ပေးပါ့မယ်တဲ့။ နယ်ကသူများအဖို့ အဆောင်နေစရိတ် ကားခပါ ထည့်ရှင်းပေးတယ်ဆိုပဲ။
ကျမလုပ်ပေးနိုင်တာက ဒါပဲလေ ဆက်ကြိုးစားဖို့ကမောင်လေး ညီမလေးတို့အပိုင်းဟုတ်တယ်နော်။ လူငယ်ဘွဲ့ရပညာတတ်ပြီး အလုပ်လက်မဲ့နှင့်အချိန်မဖြုန်းစေချင်ပါ မြေစာပုံကြား သူဋ္ဌေးဖြစ်မည့်ရက်ကိုမျှော်တွေးရင်း မြေစာပိသည့်အဖြစ်ဆိုးကိုမမြင်ရက်ပါ။ ကိုးရီးယားမင်းသားလေးတွေလို လှပချောမောသည့် မောင်လေးများအား မူးယစ်ဆေးရဲ့ကျေးကျွန်ဘဝမဖြစ်စေလိုပါ။ မိဘကျေးဇူးဆပ်နိုင်သည့် သား သမီး အလိမ္မာလေးများဖြစ်ဖို့ မျှော်လင့်ရင်း ဒီစာလေးကိုတင်လိုက်ပါတယ်။
admin ရဲ့ဆုတောင်း ရိုးသားကြိုးစားသူတို့၏ လမ်းပြကြယ်ဖြစ်ချင်ပါသည်။ လူဆိုးလေးများအား အမှောင်ထဲမှ အလင်းသို့ ခေါ်ဆောင်ပေးသူဖြစ်ချင်ပါသည်။
ကျမ နှင်းနှင်းငယ်ပါရှင့်
အသေးစိပ်သိလိုပါက chat box တွင်ဆွေးနွေးနိုင်ပါသည်ရှင့်။
Friday, 27 May 2016
Home »
» အမှောင်ထဲမှ အလင်းသို့ ခေါ်ဆောင်ပေးချင်သူ................
အမှောင်ထဲမှ အလင်းသို့ ခေါ်ဆောင်ပေးချင်သူ................
19:37
No comments
0 comments:
Post a Comment