Pages

Thursday 27 July 2017

မော်​လူးမြို့ ၊ကိုယ်​ထူကိုယ်​ထ စည်​ပင်​သာယာ​ရေး​ကော်​မတီ ဇူလိုင်​လအတွက်​ ရ/သုံး​ငွေစာရှင်းရှင်းတမ်း....

28.7.2017
မော်​လူး

မော်​လူးမြို့ ၊ကိုယ်​ထူကိုယ်​ထ စည်​ပင်​သာယာ​ရေး​ကော်​မတီ ဇူလိုင်​လအတွက်​ ရ/သုံး​ငွေစာရှင်းရှင်းတမ်း....

မော်​လူးမြို့​ပေါ်(၆)ရပ်​ကွက်​မှ ​ကောက်​ခံရ​ငွေစုစု​ပေါင်း-၅၀၂၅၀၀/ကျပ်
စုစု​ပေါင်းကုန်​ကျ​ငွေ-၄၃၁၈၀၀/ကျပ်
လက်​ကျန်​​ငွေ-၇၀၇၀၀/ကျပ်
(မှတ်​ချက်​-အမှိုက်​ကားဆီဖိုးကုန်​ကျ​ငွေမပါ​သေးပါ)

အင်း​တော်မြို့နယ်၊​​​​မော်​လူးမြို့ ၊ ရပ်​ကွက်​(၃) ရတနာလမ်း​​နေ ကွယ်​လွန်​သူ ဦးဖိုးနီအားရည်​စူး၍ ​ဒေါ်ပြုံးသားသမီး တစ်​စုမှ ​မေတ္တာအားမာန်​ နာရေးကူညီမှုအသင်းအား လူနာတင်​ယာဉ်​တစ်​စီး လှူဒါန်း​ပေးသည်​။

28,7,2017ရက်​​နေ့
မော်​လူး

အင်း​တော်မြို့နယ်၊​​​​မော်​လူးမြို့ ၊ ရပ်​ကွက်​(၃) ရတနာလမ်း​​နေ ကွယ်​လွန်​သူ ဦးဖိုးနီအားရည်​စူး၍ ​ဒေါ်ပြုံးသားသမီး တစ်​စုမှ ​မေတ္တာအားမာန်​ နာရေးကူညီမှုအသင်းအား လူနာတင်​ယာဉ်​တစ်​စီး လှူဒါန်း​ပေးသည်​။

အလှူရှင်​မိသားစုများအား ​မေတ္တာအားမာန်​ အသင်းကိုယ်​စား 
မော်​လူးပုံရိပ်​မှ ​ကျေးဇူးအထူး တင်​ရှိ​ကြောင်း မှတ်​တမ်းတင်​ဂုဏ်​ပြု​ဖော်​ပြအပ်​ပါသည်​။
#​မော်​လူးပုံရိပ်

အင်းတော်မြို့နယ်​၊​မော်​လူးမြို့ ၊အ-ထ-က ​ကျောင်း၌ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊ဌာနဆိုင်​ရာတာဝန်​ရှိသူများလိုက်​ပါလျှက်​ ​ကျောင်းသား/သူများအား  မူးယစ်​ဆေးဝါး၊လူကုန်ကူးမှု၊ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာ​ပေး​ ​ဟော​ပြောပွဲပြုလုပ်​......

27.7.2017 ရက်​​နေ့
မော်လူး

အင်းတော်မြို့နယ်​၊​မော်​လူးမြို့ ၊အ-ထ-က ​ကျောင်း၌ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊ဌာနဆိုင်​ရာတာဝန်​ရှိသူများလိုက်​ပါလျှက်​ ​ကျောင်းသား/သူများအား  မူးယစ်​ဆေးဝါး၊လူကုန်ကူးမှု၊ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာ​ပေး​ ​ဟော​ပြောပွဲပြုလုပ်​......

ယ​နေ့ မနက်​၁၁း၀၀နာရီ အချိန်​ ​မော်​လူး၊အ-ထ-က ​ကျောင်း သရဖီခန်းမ၌ အင်းတော်မြို့နယ်၊မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးမြတ်​ကို​ထွေး၊ဌာနဆိုင်​ရာတာဝန်​ရှိသူများလိုက်​ပါလျှက်
၈-၉-၁၀တန်းမှ ​ကျောင်းသား/သူများအား မူးယစ်ဆေးဝါး၊လူကုန်ကူးမှု၊ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာ​ပေး​ ​ဟော​ပြောခြင်းပြုလုပ်​သည်​။

အဆိုပါ​ဟော​ပြောပွဲသို့ ​မော်​လူးမိခင်​နှင့်​က​လေး ​စောင့်​​ရှောက်​​ရေးအသင်းမှ အသင်းသူများ၊​ကျောင်းသား/သူ ၂၅၀ခန့်​ ၊​မော်​လူးအုပ်​ချုပ်​​ရေးပိုင်းမှတာဝန်​ရှိသူများ တက်​​ရောက်​သည်​။

အသိပညာ​ပေး​ဟော​ပြောပွဲအား
နေ့လည်​ ၁၂း၃၀နာရီအချိန်​တွင်​ ပြီးဆုံး​ကြောင်း သတင်းရရှိသည်​။
#​မော်​လူးပုံရိပ်

Saturday 22 July 2017

မော်​လူး လမ်းဆုံ အလွန်​နား ည ၈း၀၀နာရီအချိန်​ခန့်​က ရပ်​ထား​​သောဆိုင်​ကယ်​အား အရှိန်​ပြင်းစွာ​မောင်းနှင်​လာ​သော ဆိုင်​ကယ်​တစ်​စီးမှ တိုက်​မှုဖြစ်​ပွား......

22,7,2017ရက်​​နေ့
မော်​လူး
မော်​လူး လမ်းဆုံ အလွန်​နား ည ၈း၀၀နာရီအချိန်​ခန့်​က ရပ်​ထား​​သောဆိုင်​ကယ်​အား အရှိန်​ပြင်းစွာ​မောင်းနှင်​လာ​သော ဆိုင်​ကယ်​တစ်​စီးမှ တိုက်​မှုဖြစ်​ပွား......

လမ်းဆုံအလွန်​ ကွမ်းယာဆိုင်​နံ​ဘေး ရပ်​ထား​သောဆိုင်​ကယ်​အား ​တောင်​မှ​မြောက်​သို့​မောင်းနှင်​လာ​သော ၂​ယောက်​စီးဆိုင်​ကယ်​မှ ချိတ်​မိ၍ အရှိန်​နှင့်​ လဲခြင်း​ကြောင့်​ ​နောက်​မှစီးနင်းလိုက်​ပါလာ​သောလူမှ ​ခေါင်း​နောက်​​စေ့ ​ပေါက်​ပြဲ​သွေးထွက်​ဒဏ်​ရာရ​ကြောင်းသိရသည်​။

ရပ်​တန့်​ထားထား​သော ဆိုင်​ကယ်​​ပေါ်မှလူလည်းဒူး​ခေါင်းအနည်းငယ်​ထိခိုက်​​ကြောင်းသိရသည်​။

အဆိုပါတိုက်​မှုဖြစ်​ပွားပြီး အားချင်း ဆိုင်​ကယ်​များ ​မောင်းနှင်​ထွက်​ခွာသွားကြ၍ နာမည်​နှင့်​​နေရပ်​လိပ်​စာ မသိရှိ​လိုက်​​ကြောင်း သတင်းရရှိပါသည်​။
#​မော်​လူးပုံရိပ်

Friday 21 July 2017

2017-2018 ပညာသင်​နှစ်​ ၊မိဘဆရာအသင်း နှစ်​ပတ်​လည်​အစည်းအ​ဝေးနှင့်​ ပညာရည်​ချွန်​ဆု​ပေးပွဲ ကျင်းပ..... (အ.ထ.က) ​မော်​လူး၊

2017-2018 ပညာသင်​နှစ်​ ၊မိဘဆရာအသင်း နှစ်​ပတ်​လည်​အစည်းအ​ဝေးနှင့်​ ပညာရည်​ချွန်​ဆု​ပေးပွဲ ကျင်းပ.....
(အ.ထ.က) ​မော်​လူး၊

ယ​နေ့နံနက်​ (၁၀း၀၀)နာရီအချိန်​ ​မော်​လူး အ.ထ.က ​ကျောင်း သရဖီခန်းမ၌ 2017-2018 ပညာသင်​နှစ်​ ၊မိဘဆရာအသင်း နှစ်​ပတ်​လည်​အစည်းအ​ဝေးနှင့်​ ပညာရည်​ချွန်​ဆု​ပေးပွဲ ကျင်းပသည်​။

အခမ်းအနားအစီအစဉ်​များမှာ
၁။နိုင်​ငံ​တော်​အလံအ​လေးပြုခြင်း၊
၂။မြန်​မာ့​ကျောင်းသီချင်းဖြင့်​ အခမ်းအနားဖွင့်​လှစ်​ခြင်း၊
၃။သဘာပတိ ဦးတင်​နွယ်​၊ဦး​အောင်​၀င်း၊ဦးမြသန်းတို့မှ ​နေရာယူခြင်း၊
၎။သဘာပတိ ဦးမြသန်းမှ အမှာစကား​ပြောကြားခြင်း၊
၅။အုပ်​ချုပ်​​ရေးမှူးဦးစိုးမြင့်​မှ အမှာစကား​ပြောကြားခြင်း၊
၆။လက်​​ထောက်​မြို့နယ်​ပညာ​ရေးမှူး ဦး​ကျော်​​ဇေယျာထွန်းမှ အမှာစကား​ပြောကြားခြင်း၊
၇။မော်​လူးအ.ထ.က ​ကျောင်းအုပ်​ဆရာကြီး ဦးတင်​​မောင်​​အေးမှ ၂၀၁၆/၂၀၁၇ ပညာသင်​နှစ်​ လုပ်​ငန်းတာဝန်​များအစီရင်​ခံတင်​ပြခြင်း၊
၈။ကျောင်းအကျိုး​တော်​​ဆောင်​အဖွဲ့ဥက္ကဋ္ဌ ဦးတင်​​ရွှေမှ အမှာစကား​ပြောကြားခြင်း၊
၉။၂၀၁၆/၁၇ မိဘဆရာအသင်းအားဖျက်​သိမ်း​​ပြီး ၂၀၁၇/၁၈ မိဘဆရာအသင်းအသစ်​အားပြန်​လည်​ဖွဲ့စည်းခြင်း၊
၁၀။သဘာပတိများ ပြန်​လည်​ထွက်​ခွာခြင်း၊
၁၁။ဆုများ​ပေးအပ်​ချီးမြှင့်​ခြင်းနှင့်​ ​ဖျော်​​ဖြေခြင်း။
၁၂။အခမ်းအနားပြီးဆုံး​ကြောင်းကြော်​ငြာခြင်းတို့ဖြစ်​သည်​။

ယ​နေ့ပြုလုပ်​​သော အခမ်းအနားသို့
လက်​​ထောက်​ မြို့နယ်​ပညာ​ရေးမှူး ဦးကျော်​​ဇေယျာထွန်း ၊​မော်​လူးအုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦးစိုးမြင့် နှင့်အဖွဲ့​၊ဋ္ဌာနဆိုင်​ရာလူကြီးများ၊ရပ်​မိရပ်​ဖများ၊ဆုရ​ကျောင်းသား/သူများနှင့်​မိဘများ၊စုစု​ပေါင်းအင်​အား ၂၀၀​ကျော်​တက်​​ရောက်သည်​။

2017-2018 ပညာသင်​နှစ်​ ၊မိဘဆရာအသင်း နှစ်​ပတ်​လည်​အစည်းအ​ဝေးနှင့်​ ပညာရည်​ချွန်​ဆု​ပေးပွဲအခမ်းအနားအား ​နေ့လည်​ ၁၁း၃၀နာရီအချိန်​တွင်​ ပြီးစီး​ကြောင်း​သတင်းရရှိပါသည်​။
#​မော်​လူးပုံရိပ်

မော်​လူး​ဒေသ ဆိုလာမီးလင်း​ရေးစာရင်း​ပေးထားသည့်​​ကျေးရွာများမှာ နမီးအုပ်​စုအတွင်းရှိ ​နောင်​ကွတ်​၊နားမကြိုင်း၊​ခေါင်းတုံးစီ(ရွာသစ်​)၊ဆား​မှော်​ ​ကျေးရွာများ ဖြစ်

21,July 2017
မော်​လူး​ဒေသ

“၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ(NEP) အမျိုးသားလျှပ်စစ် မီးလင်းရေးစီမံကိန်းအဖြစ် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီး ကျေးရွာပြည်သူများ ထည့်ဝင်ငွေဖြင့်​ ဆိုလာမီးလင်း​ရေးအား ယခုဇူလိုင်​လကုန်​တွင်​အပြီး​ဆောင်​ရွက်​​ပေးသွားမည်​ဖြစ်​သည်​။

မော်​လူး​ဒေသ ဆိုလာမီးလင်း​ရေးစာရင်း​ပေးထားသည့်​​ကျေးရွာများမှာ နမီးအုပ်​စုအတွင်းရှိ ​နောင်​ကွတ်​၊နားမကြိုင်း၊​ခေါင်းတုံးစီ(ရွာသစ်​)၊ဆား​မှော်​ ​ကျေးရွာများ ဖြစ်​သည်​။

နောင်ကွပ် (၅၃) အိမ်၊ နားမကြိုင်း (၆၄) အိမ်၊ ခေါင်းတုံးစီမှာ (၃၀) အိမ် နဲ့ ဆားမှော်ကျေးရွာမှာ (၇၃) အိမ်အား​ဇူလိုင်လအတွင်း အပြီးတပ်ဆင်ပေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။

14,July 2017ရက်​​နေ့တွင်
ခေါင်းတုံးစီ​ကျေးရွာ၌ ဆိုလာမီးလာ​ရောက်​တပ်​ဆင်​​ပေး၍ မီးစတင်​လင်း​နေပြီဖြစ်​သည်​။

ကုန်​ကျမှုအသီးသီးအား စာရင်းနှင့်​​ဖော်​ပြအပ်​ပါသည်​။
နေအိမ်​အတွက်​ (၆၀-၀ပ်​) မီးလုံး (၆၄)လုံး၊တစ်​လုံးလျှင်​(၄၅၀၀၀)ကျပ်​နှုန်း၊
လမ်းမီးတိုင်​၅တိုင်​အတွက်​ (၇၀-၀ပ်)မီးလုံး ​၅လုံး(အခမဲ့) နှင့်​ စာသင်​​ကျောင်း၊ဘုန်းကြီး​ကျောင်း အတွက်​(၁၂၀-၀ပ်​)၂လုံး (အခမဲ့)
တပ်​ဆင်​​ပေးသွား​ကြောင်း သိရသည်​။

ခေါင်းတုံးစီ​ကျေးရွာ ဆိုလာမီးတပ်​ဆင်​ခြင်း စုစု​ပေါင်း ကုန်​ကျ​ငွေမှာ(၂၈၈၀၀၀၀/ကျပ်)ဖြစ်​​ကြောင်း ​မော်​လူးပုံရိပ်​မှ သတင်းရရှိသည်​။

(မီးမရရှိ​သေးသည့်​ အခြား​သော ​ကျေးရွာများအ​နေဖြင့်​လည်း မြို့နယ်​ ​ကျေးလက်​ဦးစီးဌာနနှင့်​ချိတ်​ဆက်​​ဆောင်​ရွက်​နိုင်​​ကြောင်းကြားသိရသည်​။)
#Maw Luu´s Images,
Red Heart Images.

Tuesday 18 July 2017

မော်​လူးမြို့၊ ပြည်​သူ့အားကစားကွင်းကြီး၌ နှစ်​(၇၀)ပြည့်​ အာဇာနည်​​နေ့ အခမ်းအနားအား စည်​ကားသိုက်​မြိုက်​စွာ ကျင်းပပြုလုပ်သည်​။

19,July 2017
မော်​လူးမြို့၊

မော်​လူးမြို့၊ ပြည်​သူ့အားကစားကွင်းကြီး၌ နှစ်​(၇၀)ပြည့်​ အာဇာနည်​​နေ့ အခမ်းအနားအား စည်​ကားသိုက်​မြိုက်​စွာ ကျင်းပပြုလုပ်သည်​။

အခမ်းအနားအစီအစဉ်​များမှာ ၁။တက်​​ရောက်​လာ​သောအဖွဲ့အစည်းအသီးသီးမှ သတ်​မှတ်​​နေရာယူခြင်း၊၂။နိုင်​ငံ​တော်​အလံအားအ​လေးပြုခြင်း၊ ၃။ဝမ်းနည်းခြင်းအထိမ်းအမှတ်​ ဥသြသံရှည်​ဆွဲခြင်း၊ ၄။အလံတိုင်တစ်​၀က်​​လျှော့ချခြင်း၊ ၅။ လွမ်းသူ့ပန်း​ခွေချခြင်း၊ ၆။ အခမ်းအနားပြီးဆုံး​ကြောင်း​ကြေ​ကြာခြင်း တို့ဖြစ်​သည်​။

အာဇာနည်​​နေ့အခမ်းအနားသို့
အုပ်​ချုပ်​​ရေးအသင်းအဖွဲ့များ၊ ဋ္ဌာနဆိုင်​ရာအသင်းအဖွဲ့များ၊
နိုင်​ငံ​ရေးအသင်းအဖွဲ့များ၊ လူမှု​ရေးအသင်းအဖွဲ့များ၊ပြည်​သူများ စုစု​ပေါင်းအင်​အား ၁၈၀၀ခန့်​ တက်​​ရောက်​သည်​။

ယ​နေ့ပြုလုပ်​​သော အာဇာနည်​​နေ့အခမ်းအနားအား နံနက်​ ၉း၃၀နာရီ မှစတင်​ပြီး နံနက်​၁၁း၀၀နာရီ အချိန်​တွင်​ ပြီးဆုံးကြောင်း သတင်းရရှိသည်​။

#​မော်​လူးပုံရိပ်

Friday 14 July 2017

"(၇၀)နှစ်​​မြောက်​၊အာဇာနည်​​နေ့" အကြို ​ဟော​ပြောပွဲအား ​မော်​လူးအုပ်​စု ၊​အုန်းဒုတ်​​ကျေးရွာ၊ အ.လ.က(ခွဲ)​ကျောင်းတွင်​ ကျင်းပပြုလုပ်​......

14,July 2017ရက်​​နေ့
အ.လ.က(ခွဲ)​ကျောင်း၊ အုန်းဒုတ်​​ကျေးရွာ။

"(၇၀)နှစ်​​မြောက်​၊အာဇာနည်​​နေ့" အကြို ​ဟော​ပြောပွဲအား ​မော်​လူးအုပ်​စု ၊​အုန်းဒုတ်​​ကျေးရွာ၊ အ.လ.က(ခွဲ)​ကျောင်းတွင်​ ကျင်းပပြုလုပ်​......

အုန်းဒုတ်​​ကျေးရွာ၊
အ.လ.က(ခွဲ)​ကျောင်းမှ ​ကျောင်းအုပ်​ဆရာမကြီး ​ဒေါ်စန်းစန်း​အေး၊ဆရာမ ​ဒေါ်ခင်​မာလွင်​၊ဆရာမ ​ဒေါ်မြနှင်း​အေး၊ဆရာမ ​ဒေါ်စုစုလှိုင်​တို့မှ အာဇာနည်​​နေ့နှင့်​ ပါတ်​သက်​၍ သိ​ကောင်းစရာများ၊အာဇာနည်​(၉)ဦးတို့၏ အတ္ထုပတ္တိများအား ​ကျောင်းသား/သူများအား ​ဟော​ပြောပွဲ ကျင်းပပြုလုပ်​သည်​။

ယ​နေ့ဟော​ပြောပွဲသို့ ​ကျောင်းသား/သူ အင်​အား(၂၀၀)​ကျော်​တက်​​ရောက်​၍ ​ဟောပြောပွဲအား ​နေ့လည်​ ၁း၃၀ နာရီအချိန်​မှစတင်​ပြီး ည​နေ ၃း၀၀နာရီအချိန်​တွင်​ပြီးဆုံး​ကြောင်း သတင်းရရှိပါသည်​။
#​မော်​လူးပုံရိပ်

Wednesday 12 July 2017

(19-7-2017)ရက်​​နေ့တွင်​ ကျ​ရောက်​မည့်​ (၇၀)နှစ်​​မြောက်​ အာဇာနည်​​နေ့​ အခမ်းအနား ကျင်းပပြုလုပ်​နိုင်​ရန်​ ကြိုတင်​ညှိနှိုင်း​ဆွေး​နွေးပွဲ ပြုလုပ်​...

12,7,2017ရက်​​နေ့
မော်​လူး

(19-7-2017)ရက်​​နေ့တွင်​ ကျ​ရောက်​မည့်​ (၇၀)နှစ်​​မြောက်​ အာဇာနည်​​နေ့​ အခမ်းအနား ကျင်းပပြုလုပ်​နိုင်​ရန်​ ကြိုတင်​ညှိနှိုင်း​ဆွေး​နွေးပွဲ ပြုလုပ်​...

ယ​​နေ့ ​နေ့လည်​ ၁၂း၀၀နာရီ အချိန်၊ေ​မာ်​လူးအုပ်​ချုပ်​​ရေးမှူးရုံး၌ ​မော်​လူးအုပ်​စု (၁၀)အုပ်​စုမှ အုပ်​ချုပ်​​ရေးပိုင်းမှ ပုဂ္ဂိုလ်​များ၊နိုင်​ငံ​ရေးပါတီများ၊ဌာနဆိုင်​ရာ ၀န်​ထမ်းများ၊ပြည်​သူလူထုများ တက်​​ရောက်​ကာ (၇၀) နှစ်​​မြောက်
အာဇာနည်​​နေ့ အခမ်းအနား ကျင်းပနိုင်​​ရေး အကြိုညှိနှိုင်း​ဆွေး​နွေးပွဲပြုလုပ်​သည်​။

(၇၀) နှစ်​​မြောက်​ အာဇာနည်​​နေ့အခမ်းအနား ကျင်းပပြုလုပ်​နိုင်​ရန်​ နာယကများ၊အလုပ်​အမှု​ဆောင်​များ၊ပွဲဖြစ်​​မြောက်​​ရေးကော်​မတီများ အသီးသီးဖွဲ့စည်းသည်​။

အာဇာနည်​​နေ့အခမ်းအနားတွင်​ ကျဆုံးလေပြီး​သော အာဇာနည်​​ခေါင်း​ဆောင်​ကြီးများအား အ​လေးပြုခြင်း၊၀မ်းနည်းခြင်းအထိမ်းအမှတ်​ တစ်​မိနစ်​ခန့်​ငြိမ်​သက်​ခြင်း၊အလံတိုင်​တစ်​၀က်​​လျှော့ချ၍လွှင့်​ထူခြင်း ၊သစ်​​တောဌာနမှထုတ်​​ပေးသာ ပျိုးပင်​များအား ​မော်​လူး ဟဲနု​တောင်​ ချင်းဒစ်​​တောင်​ကုန်း​ပေါ်စိုက်​ပျိုးခြင်းတို့ လုပ်​​ဆောင်​ကြမည်​ဖြစ်​သည်​။

ယ​နေ့ပြုလုပ်​​သော (၇၀)နှစ်​​မြောက်​ အာဇာနည်​​နေ့​ အခမ်းအနား ကျင်းပနိုင်​​ရေး ​ဆွေး​နွေးပွဲသို့ အင်​အား (၆၀​)ကျော်​တက်​​ရောက်​​ပြီး အစည်းအ​ဝေးအား မွန်းလွဲ (၁း၃၀) နာရီအချိန်​ ပြီးဆုံး​ကြောင်း​သတင်းရရှိပါသည်​။
#​မော်​လူးပုံရိပ်

Sunday 9 July 2017

အင်း​တော်​မြို့နယ်​၊​ပေကုန်း​ကျေးရွာ ၊​အောင်မင်္ဂလာရပ်​ကွက်​ ၊ဗျူဟာလမ်းနံ​ဘေးရှိ ဦး​ကျော်​​ကျော်​မျိုး ​နေအိမ်​၌ ကြိုးဆွဲချ​သေဆုံးမှုဖြစ်​ပွား...

9th,July 2017
အင်း​တော်​မြို့နယ်​ ၊​ပေကုန်းကျေးရွာ။

အင်း​တော်​မြို့နယ်​၊​ပေကုန်း​ကျေးရွာ ၊​အောင်မင်္ဂလာရပ်​ကွက်​ ၊ဗျူဟာလမ်းနံ​ဘေးရှိ ဦး​ကျော်​​ကျော်​မျိုး ​နေအိမ်​၌ ကြိုးဆွဲချ​သေဆုံးမှုဖြစ်​ပွား...

ယ​နေ့ည ၉း၃၀အချိန်​ ​ပေကုန်း​ကျေးရွာ ဦး​ကျော်​​ကျော်​မျိုး+​ဒေါ်​ဘေဘီမြင့်​​ မိသားစုတို့ နေအိမ်​တွင်​ အိမ်​​ထောင်​ဦးစီးဖြစ်​သူ ဦး​ကျော်​​ကျော်​မျိုး ၊(အသက်​ ၃၈ နှစ်​ခန့်​)မှ ​နေအိမ်​ ​အောက်​ထပ်​၌ မိမိကိုယ်​မိမိ ဆွဲကြိုးချ​သေဆုံးမှုဖြစ်​ပွားခဲ့သည်​။

အိမ်​​ထောင်​ဦးစီးဖြစ်​သူ ဦး​ကျော်​​ကျော်​မျိုး၌ ဇနီးနှင့်​ သားသမီး (၃)ဦးကျန်​ရှိ​ကြောင်းလည်း သိရပါသည်​။

သေဆုံးရုပ်​အ​လောင်းအား (၉း၄၅)အချိန်​​မော်​လူး​ဆေးရုံ ရင်​ခွဲရုံသို့ပို့​ဆောင်​​ခဲ့ကြကြောင်း သတင်းရရှိပါသည်​။
#​မော်​လူးပုံရိပ်
.

Thursday 6 July 2017

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (NEP)အမျိုးသားလျှပ်စစ် မီးလင်းရေး စီမံကိန်းအဖြစ် ဆိုလာမီးစနစ်တပ်ဆင်ဆောင်ရွက်ခွင့် ရရှိတဲ့ ကျေးရွာ ၄ ရွာကို ဆိုလာမီး တပ်ဆင်ပေးခဲ့ပါတယ်။ “ကျနော်တို့အုပ်စုကျေးရွာတွေက မဲဇာချောင်းရဲ့ >>>>>>>>>>

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (NEP)အမျိုးသားလျှပ်စစ် မီးလင်းရေး စီမံကိန်းအဖြစ် ဆိုလာမီးစနစ်တပ်ဆင်ဆောင်ရွက်ခွင့် ရရှိတဲ့ ကျေးရွာ ၄ ရွာကို ဆိုလာမီး တပ်ဆင်ပေးခဲ့ပါတယ်။

“ကျနော်တို့အုပ်စုကျေးရွာတွေက မဲဇာချောင်းရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့အတွက် ခရီးဝေးကွာပြီး ၂၄ နာရီလျှစ်စစ်မီးရဖို့ ခက်ခဲပါတယ်။ ဒီဆိုလာမီးကိုကျောက်ဆင်ရွာက အိမ်ခြေ ၁၀၅ အိမ်ရှိတဲ့ထဲက ဆိုလာမီးယူတဲ့အိမ်က ၈၉ အိမ်၊ သက္ကယ်ကျင်းက ၆၁ အိမ်မှာ ၄၅ အိမ်၊ ထန်းတောက ၅၆ အိမ်မှာ ၃၅ အိမ်၊ လက်ပန်တန်းက ၅၆ အိမ်မှာ ၄၅ အိမ် ဆိုလာမီးယူပါတယ်။ တချို့ဆိုလာမီးရှိပြီးသားအိမ်တွေကတော့ မယူကြပါဘူး”လို့ ကျေးရွာအုပ်စုစာရေး ဦးချိုလွင်က ပြောပါတယ်။

မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်က “၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ(NEP) အမျိုးသားလျှပ်စစ် မီးလင်းရေးစီမံကိန်းအဖြစ် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီးကျေးရွာပြည်သူတွေ ထည့်ဝင်ငွေနဲ့ သက္ကယ်ကျင်းတွင် ၄၅ အိမ်၊ ထန်းတောတွင် ၃၅ အိမ်၊ ကျောက်ဆင်တွင် ၈၉ အိမ် ၊ လက်ပန်တန်း တွင် ၄၅ အိမ်တို့မှာ တအိမ်ကို အိမ်သုံးဆိုလာ 60W မီးလုံး(၅)လုံး၊ ရွာအတွင်း လမ်းဆုံတွေမှာ 70W မီးတိုင် ၅ တိုင်၊ စာသင်ကျောင်း ၄ ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းတို့မှာ 120W မီးလုံး ၉ လုံးစီ တပ်ဆင်ပေးထားပြီ ဖြစ်ကြောင်း  တပ်ဆင်ပေးထားတဲ့ အခြေအနေတွေကို ဇူလိုင် ၄ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ ပါတယ်”လို့ ပြောပါတယ်။

“ဆက်လက်ပြီး ဆိုလာမီးတပ်ဆင်ပေးသွားမယ့် ကျေးရွာတွေကတော့ နောင်ကွပ်မှာ ၅၃ အိမ်၊ နားမကြိုင်းမှာ ၆၄ အိမ်၊ ခေါင်းတုံးစီမှာ ၃၀ အိမ် နဲ့ ဆားမှော်ကျေးရွာမှာ ၇၃ အိမ်အတွက် စာရင်းရရှိထားပြီး ဒီကျေးရွာတွေအတွက် ဆိုလာပစ္စည်းတွေလည်း ရောက်ရှိနေပါပြီ။ ဇူလိုင်လအတွင်း အပြီးတပ်ဆင်ပေးမှာပါ။ အခု ဆိုလာမီးယူထားတဲ့ရွာတွေက  စာရင်းမပေးထား သူတွေကိုလည်း ထပ်မံစာရင်းတွေ ကောက်ခံနေပါတယ်။ သူတို့တွေကိုလည်း မီးရရှိအောင်ဆောင်ရွက်ပေးမှာပါ”လို့ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ကပြောပါတယ်။

ကိုကျော်(အင်းတော်)

The post ၂၄ နာရီလျှပ်စစ်မီးရရှိရန်ခက်ခဲသည့် ကျေးရွာများတွင် ဆိုလာမီးများ တပ်ဆင်ပေး
appeared first on DVB.

Wednesday 5 July 2017

အင်း​တော်​မြို့နယ်​ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ မြို့နယ်​အလုပ်​အမှုဆောင်​များ နှင့်​ နဘား​ကျေးရွာအုပ်​စု အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ ပါတီဝင်​များ၊နဘား​ကျေးရွာ ​ဒေသခံပြည်​သူလူထုနှင့်​ ​တွေ့ဆုံပွဲပြုလုပ်​.....

5.7.2017ရက်​​နေ့
အင်း​တော်​မြို့နယ်​၊နဘား​ကျေး​ရွာ။

အင်း​တော်​မြို့နယ်​ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ မြို့နယ်​အလုပ်​အမှုဆောင်​များ နှင့်​ နဘား​ကျေးရွာအုပ်​စု အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ ပါတီဝင်​များ၊နဘား​ကျေးရွာ ​ဒေသခံပြည်​သူလူထုနှင့်​ ​တွေ့ဆုံပွဲပြုလုပ်​.....

အင်း​တော်​မြို့နယ်​အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ အလုပ်​အမှု​ဆောင်​များမှ ဒုဥက္ကဌ ဦးစိန်​​ဌေး၊သဘာ
ဝတိ ဦးဥာဏ်​၊အတွင်း​ရေးမှူး ဦးသန်း​အောင်​၊တွဲဖက်​အတွင်း​ရေးမှူး ဦးမြင့်​သိန်းတို့ တက်​​ရောက်၍ ဆွေး​နွေးအကြံပြုချက်​များအား မှတ်​တမ်းတင်​ခြင်း၊ရှင်းလင်း​ဖြေကြားခြင်းတို့ ပြုလုပ်​သည်​။

လက်​ရှိနိုင်​ငံ​ရေး၊စီးပွား​ရေး အ​ခြေအ​နေအရပ်​ရပ်​အား ဦးသန်း​အောင်​မှ ​ဆွေး​နွေး​ပြောကြားခြင်း၊နဘား​ကျေးရွာမှ ဦး​ဖေ​မောင်​၊ဥိး​အောင်​ကြီး၊ဦးပြုံးချို၊​ဒေါ်ခင်​​ထွေးရီတို့၏ တင်​ပြချက်​များအား ဦးစိန်​​ဌေး၊ဦးဥာဏ်​နှင့်​ ဦးသန်း​အောင်​တို့မှ ရှင်း​လင်း​ဖြေကြားသည်​။

ယ​နေ့​တွေ့ဆုံ​ဆွေး​နွေးပွဲသို့ ​မော်​လူးအုပ်​စုအမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​၊ရပ်​​/ကျေးအလုပ်​အမှု​ဆောင်​များ၊နဘားအုပ်​စုအတွင်းရှိ ပါတီဝင်​များနှင့်​​ဒေသခံပြည်​သူများ တက်​​ရောက်​​ဆွေး​နွေး​ကြောင်းသတင်းရရှိပါသည်​။

ဆွေး​နွေးပွဲအား ​နေ့လည်​(၁၁း၃၀)နာရီတွင်​စတင်​ပြီး ည​နေ(၂း၃၀)တွင်ပြီးစီးေ​​ကြာင်း သတင်းရရှိသည်​။
#​မော်​လူးပုံရိပ်