Pages

Saturday 12 November 2016

ပြိုင်မြင်းတို့ခွာသံ

~~~~~~~~~~ မြင်းကမြင်းကောင်း ဇောင်းကတာအထွက် လမ်းပျက်တာနဲ့တင်ခရီးမတွင်ဘူး။ ဒဏ်ရာဗလပွနဲ့ဒီနိုင်ငံ သွေးပြည်တွေလျှံ ပြည့် ဒါ ပကတိအခြေအနေ။ နှစ်နှစ်ဆယ်ကျော်ဖျက်ခဲ့ကြတဲ့လမ်း ပေါက်နေတာတွေဖာ စောင်းနေတာတွေတည့်လို့ မြင်းကောင်းပြေးဖို့လမ်းဖို့တာလေ။ ဒါ​တောင်​ ဟောက်တာတွေဟောက် ချို င့်တာတွေခွက် စနစ်သိုးရဲ့အကျ င့်ဆိုး အမြစ်ရိုးကခုထိမကျွတ်။ မြင်းကမြင်းကောင်း ဇောင်းကတာအထွက် လမ်းပျက်တာနဲ့တင်ခရီးမတွင်ဘူး။ ဆူးအိမ်​လှိုင်း

Thursday 10 November 2016

လံကဓော

~~~~~~ ဘုံဘဝမှာ ကြုံ လာသမျှ ကို ဒုက္ခ.ဒုက္ခရယ်လို့ ငိုဖို့လည်းမစဉ်းစားချင်တော့ပါဘူး။ နေမင်းဝင်တာကို ၀မ်းနည်းပိုနေရင်းက လမင်းအလှကို ဘယ်လိုမြင်ရပါ့လဲ။ အနိစ္စ၊ဒုက္ခ၊အနတ္တ ဖြစ်သမျှ ကြောင်း အကောင်းချ ည်းသာ စိတ်ဖြေရာ၏။ လောကတံထွာ ဓမ္မတာကား ဖြစ်ပြီးရင်ပျ က် ကောင်းပြီးရင်ဆိုး အမျိုးမျိုးအဖုံဖုံ ကြုံသမျှ လောကဓံ ကြံ့ကြံ့ခံနိုင်ဖို့လိုတာပေါ့။ ဆူးအိမ်​လှိုင်း

Monday 7 November 2016

မိုးနဲ့လူ

~~~~~ လူကပြောတယ်.. မိုးတဲ့ကွာ ရွာပါဆိုတော့သူမရွာ မလိုချ င်ကာမှတသဲသဲ။ မိုးကပြောတယ်.. လူတဲ့ကွာ မရွာတော့တမ်းကာတ ရွာချ တော့တမျိုးမာန် ....လှန်လို့ဆဲ။ ဆူးအိမ်​လှိုင်း