Pages

Thursday 30 June 2016

ဆိုင်ကယ်အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော လိုက်ထရပ်ကုန်တင်ယာဉ်ငယ်ကို တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူသေဆုံးခဲ

ဆိုင်ကယ်အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော လိုက်ထရပ်ကုန်တင်ယာဉ်ငယ်ကို တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူသေဆုံးခဲ့

ဇွန်လ ၃၀ ရက် ၂၀၁၆

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မံဟဲကျေးရွာအုပ်စု ပေကုန်းကျေးရွာ ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ် နန့်စီးအောင်သစ်ထုတ်လုပ်ရေးဝင်းအရှေ့ တွင် အရှိန်ပြင်းစွာမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးက လမ်းဘေးတွင် ရပ်ထားသော လိုက်ထရပ်ကုန်တင် ယာဉ်ငယ်တစ်စီးကို တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူမှာ ပြင်းထန်ဒဏ်ရာဖြင့် မိုးညှင်းဆေးရုံသို့ အရေးပေါ်ပို့ဆောင် ကုသခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာဇွန် ၃၀ ရက်နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်က အင်းတော်မြို့နယ် ပေကုန်းရဲကင်း စခန်းပိုင်နယ်မြေတွင် ရဲအုပ်မင်းဇော်ဦးစခန်းမှူး တာဝန်ထမ်းဆောင်နေစဉ် အင်းတော်မြို့နယ် မံဟဲကျေးရွာအုပ်စု ပေကုန်းကျေးရွာနန့်စီးအောင် သစ်ထုတ်လုပ်ရေးဝင်းအရှေ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီးနဘေး ဈေးဆိုင်အနီးတွင်ရပ်ထားသော လိုက်ထရပ်ကုန်တင် ယာဉ်ငယ်တစ်စီး (ယာဉ်မောင်းဦးကျော်ဦး ၄၈နှစ် တန့်ဆည်မြို့ စစ်ကိုင်းတိုင်းဒေသကြီး)ကို မော်လူးကျေးရွာဘက်မှ အရှိန်ပြင်းစွာမောင်းနှင် လာသော Kenbo125နက်ပြာရောင်ဆိုင်ကယ်မောင်းနှင်သူ ကျော်ထက်ဇော်၂၀နှစ်ခန့်နှင့်အနောက်မှ စီးနင်လိုက်ပါလာသူ ဒေါ်ရွယ်၄၆နှစ်(ဘ) ဦးဂျာခွန်တူး မြို့မ(၂)ရပ်ကွက် ကားမိုင်းမြို့ တို့နှစ်ဦး ဝင်တိုက်မိရာ၊

ဆိုင်ကယ်မောင်းနှင် သူ ကျော်ထက်ဇော်မှာ ယာဘက်ဒူးဆစ်အထက်ပေါက်ပြဲသော ပြင်းထန်ဒါဏ်ရာ(စိုးရိမ်သတိမေ့)ဖြင့် ၄င်းနောက်လိုက်ဒေါ်ရွယ်မှာ ယာဒူးပွန်းပဲ့ဒဏ်ရာ ယာလက်မောင်းအဆစ်လွဲဒဏ်ရာနဖူးထိပ် ဖူးရောင်ဒါဏ်ရာတို့ဖြင့်၊

မြိုင်သာယာရွာဖြူစင်မေတ္တာလူမှု့ ကူညီရေးကားဖြင့် မိုးညှင်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း အခင်းဖြစ်ပွားရာသို့ ပေကုန်းရဲကင်းစခန်းမှူး ရဲအုပ်မင်းဇော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ လူမှူကူညီရေးအသင်းအဖွဲ့  များနှင့်မြိုင်သာယာရွာဖြူစင်မေတ္တာလူမှုကူညီရေးကားဖြင့် မိုးညှင်းပြည်သူ့ဆေးရုံသို့ပို့ ဆောင်ခဲ့ရကြောင်း။

အဆိုပါဆိုင်ကယ်မဆင်မချင်မောင်းနှင်သူကို ပေကုန်းရဲကင်းရဲစခန်းက ထိရောက်စွာ အရေးယူရန်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။ (ဆက်လက်စုံစမ်းသိရှိရသည်မှာ အဆိုပါနေ့ နေ့လည်၃နာရီ၂၀မိနစ်တွင်
ပြင်းထန်ဒဏ်ရာဖြင့် မိုးညှင်းပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။

Wednesday 29 June 2016

ငါး သတိပြု ပါ **********

ငါး သတိပြု ပါ
**********
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ထီးချိုင့်မြို့တွင် ငါး ကိုက်မှုနှစ်ခုဖြစ်ပွားခဲ့သည်။ဖြစ်ပွားပုံမှာ
ယခုအခါမိုးရာသီသို့ရောက်ရှိလာရာအေရာဝတီမြစ်ရေသည်တစ်စစတိုးလာခဲ့ပြီးကိုင်းကျွန်များရေနစ်မြုပ်လာခဲ့သည်။ကိုင်းကျွန်းများရှိရေတိမ်ပိုင်းတွင်ငါးရှာဖားရှာကြွက်ရိုက်ဖြင့်ဝမ်းစာဖြည့်ကြသူများလည်းရှိကြသည်။၂၆၊၆၊၂၀၁၆ရက်နေ့မနက်ကထီးချိုင့်မြို့အမှတ် ၄ ရပ်ကွက်နေလူငယ်တစ်ဦးငါးမျှားကြွက်ရိုက်သွားရာဒူးဆစ်ရေတွင်ငါးကိုက်ခံရ ရာခြေဖနှောင့်ကြောများင်ပြတ်သွားကြောင်းသိရသည်။တဖန်နေလည်ပိုင်းတွင်ထီးချိုင့်မြို့တစ်ဖက်ကမ်းမြတောင်ကျေးရွာမှလူငယ်တစ်ဦးယခုလိုငါးကိုက်ခံရကြောင်းသိရသည်။ငါးရွေးကိုက်ကြောင်းပြောကြ၍လိုက်လံစုံစမ်းရာငါးရွေးမဟုတ်ဘဲအာဖရိကငါးခူများဖြစ်နိင်ကြောင်းသိရပါသည်။အဆိုပါငါးများသည်အသားစားငါးများဖြစ်ပြီးငါးလုပ်ငန်းဦးစီဌာနမှတားမြစ်ထားသောငါးမျိုးစိတ်ဖြစ်သည်။ယခုထိုငါးမျိုး ၅ ကောင်လောက်ဖမ်းမိထားပီဖြစ်ကြောင်တံငါသယ်များမှသိရပါသည်။အေရာဝတီမြစ်ဘေးရှိမိဘပြည်သူအပေါင်းငါးသတိရှိကြပါရန်သတိပေးနိုးဆော်အပ်ပါသည်။
Credit - Oo Min

သင်​ဒါ​တွေသိပါသလား?..............

သင်​ဒါ​တွေသိပါသလား?..............

အသက်အရွယ် ကြီးရင့်သူတွေ ကို မတရား သဖြင့် ငွေကြေးတောင်ရမ်းခိုင်းတာတွေ ညှင်းပန်းနှိပ်စက်တာတွေ မြင်ခဲ့ရင် လူမှုဝန်ထမ်း ဦးစီးဌာနကို တိုင်ကြားနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ပြောပါတယ်။ ခင်နှင်းဖြူစိုး သတင်းပေးပို့ထားပါတယ်။ DVB TV – 29.06.2016

အသက်အရွယ် ကြီးရင့်သူတွေ ကို မတရား သဖြင့် ငွေကြေးတောင်ရမ်းခိုင်းတာတွေ ညှင်းပန်းနှိပ်စက်တာတွေ မြင်ခဲ့ရင် လူမှုဝန်ထမ်း ဦးစီးဌာနကို တိုင်ကြားနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ပြောပါတယ်။ ခင်နှင်းဖြူစိုး သတင်းပေးပို့ထားပါတယ်။
DVB TV – 29.06.2016

Aung Thura Mawlu `` လွမ်းးး ........ ´´ """""""''""""""""

Aung Thura Mawlu
`` လွမ်းးး ........ ´´
"""""""''""""""""
လွမ်းးငွေ့ ဝေဝေ
လွမ်းးစရာ့မြေမှာ
လွမ်းးရေး ခက်ခက်
လွမ်းးချက်ကယ်နာ
အလွမ်းးကမ္ဘာ မှာ ...
လွမ်းးပါသော်ငြားးး
လွမ်းးမိမှားးး တယ်
လွမ်းးရသည့်သူမှာ မသိရှာ ။
‪#‎လူးငယ်‬
29.6.2016

Tuesday 28 June 2016

ပြောကြည့်လိုက် ရင်ထဲပေါ့သွားအောင် ••••••••••••••••••••••••••••••••••••••••

ပြောကြည့်လိုက် ရင်ထဲပေါ့သွားအောင်
••••••••••••••••••••••••••••••••••••••••
ဗိုလ်အောင်ဆန်း၊ မခင်ကြည်၊ အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊
အောင်ဆန်းစုကြည် ဆိုတဲ့နာမည်တွေကို
မင်းငယ်ငယ်ကကြားဖူးခဲ့သလား ???
သိမ်ဖြူဟော်ကီကွင်း၊ အဲဒီနောက်ရွှေတိဂုံအနောက်မုခ်ပြောင်း၊
တတ်သိပညာရှင်တွေဝန်းရံပြီး
လူငါးသိန်းကျော်တက်ခဲ့တဲ့ လူထုအစည်းအဝေးအကြောင်း
မင်းတစ်စွန်းတစ်စသိခဲ့သလား ???
"တရားမျှတသောရွေးကောက်ပွဲအမြန်ဆုံးကျင်းပပေး" ဆိုတဲ့
ထိရောက်ပြတ်သားသောကြွေးကြော်သံဟာ သူ့တစ်ယောက်ထဲဆီကစထွက်ခဲ့တယ်ဆိုတာ
မင်းသတိထားမိခဲ့သလား ???
နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးသူလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ်သည့်ဥပဒေ ဆိုတာကြီးကိုသုံးပြီး လူထုလွတ်မြောက်ရေးကိုသာဦးစားပေးခဲ့တဲ့သူ့ကို တစ်ဖက်သတ်အိမ်ချုပ်ချလိုက်တဲ့အကြောင်း
မင်းလေ့လာဖူးသလား ???
ငုနဲ့ပိတောက်နွေမှာလှိုင်ခဲ့ပြီ
စုနဲ့ခမောက်မေမှာနိုင်ခဲ့ပြီ လို့ပြောစမှတ်ပြုရတဲ့
စုနိုင်မှချမ်းသာတဲ့ပွဲ ၁၉၉၀ မှာတကယ်ဖြစ်ခဲ့တာ
မင်းတစ်ယောက်မှတ်သားခဲ့ဖူးသလား ???
ကပ္ပိယ၊ ဖေကံကောင်း၊ ဦးဖြိုး၊ ခြင်ကျား(မအူပင်)၊ ကေတုနီလာ၊ ဖိုးရှုပ် အစရှိတဲ့နာမည်ပုန်း ကလောင်ဝှက်အမျိုးမျိုးသုံးပြီး မိန်းမသားတစ်ယောက်ကို ချေပခွင့်မပေးဘဲ တစ်ဖက်သတ် ပြစ်တင်ရှုတ်ချခဲ့တဲ့ အောက်တန်းအကျဆုံး အစုတ်ပဲ့ဆုံးခေတ်တစ်ခု ဗမာပြည်မှာထွန်းကားခဲ့ကြောင်း ရာဇဝင်ကို
မင်းစေ့ငုကြည့်ဖူးသလား ???
ပါဠိဘာသာကိုထမင်းစားရေသောက်ပြောနိုင်ပြီး ထေရဝါဒဗုဒ္ဓဘာသာစစ်စစ် ပရော့စတိတ်ကင်ဆာဖြစ်ရှာတဲ့ သူ့ခင်ပွန်းရဲ့နောက်ဆုံးနေ့တွေမှာ တာဝန်မကျေနိုင်ခဲ့တဲ့မုဆိုးမကြီးဟာ သားနှစ်ယောက်ကိုလည်းစွန့်ခဲ့ရတယ်ဆိုတာကို
မင်းကိုတစ်ယောက်ယောက်ကပြောဖူးသလား ???
ကမ္ဘာကျော် ဒီပဲယင်းနိုင်ငံတော်လူသတ်မှုမှာ သူထွက်မပြေးဘဲ
အသေခံဖို့လုပ်လို့ ငယ်သားတွေအတင်းကယ်ထုတ်ခဲ့တာကြောင့်
အသက်နဲ့ခန္ဓာအိုးစားမကွဲဘဲကနေ့အထိအသက်ရှင်ခွင့်ရနေတာကို
မင်းဆိုသူ့လိုသွေးငြိမ်ငြိမ်နဲ့ဖြတ်သန်းနိုင်မယ်တွေးသလား ???
အိမ်ကိုပြင်ခွင့်မပေး၊ အိမ်ပေါက်ဟောင်းလောင်းထဲကနေ အဖြူတစ်ကောင် ရူးကြောင်ကြောင်ကိုထည့်သွင်း အပြစ်ရယ်လို့အတင်းသတ်မှတ် တစ်ဖက်သတ်စွဲချက်နဲ့ချုက်ရက်ကိုတိုး အဲသလိုအဖြစ်ဆိုးကို
မင်းသာဆိုခံနိုင်ရည်ရှိနေမယ်ထင်သလား ???
အသက်က (၇၀) တန်း၊ ခရီးကမိုင်ထောင်ချီ၊ နေ့နဲ့ညဆက် ညနဲ့နေ့ဆက်
စစ်ဖိနပ်အောက်ကတိုင်းပြည်လွတ်မြောက် ရောင်နီနဲ့မိုးသောက်ဖို့အတွက် သူ့ဘဝနဲ့သူ့ခွန်အားအစွမ်းကုန်ထုတ်သုံးခဲ့တဲ့လုပ်ရပ်ကို
မင်းယှဉ်နိုင်မယ်လို့စိတ်ကြီးဝင်နေသလား ???
ဒီမှာအပေါင်းအသင်းရေ
တစ်ရက်တစ်လေ မနက်လေးနာရီလောက်ထ၊
ရပ်ကွက်ရုံးကိုသွား၊ နာရီနည်းနည်းလောက်မတ်တပ်ရပ်၊ ပြည်သူ့ကိုယ်စားလှယ်မဲပြားတွေပေါ်တံဆိပ်ခတ်လို့၊ မှင်စွန်းသွားတဲ့မင်းလက်သန်း
မှန်ပါတယ်ဂုဏ်ယူဖွယ်အတိဆိုတာ ...
ဒါပေမယ့်
အဲဒီမှင်စွန်းတဲ့လက်သန်းဟာ
- ဒီအဖွားအိုလေးကိုစော်ကားဖို့ ပါမစ်မဟုတ်
- ဒီအမျိုးသမီးကြီးကိုပုတ်ခတ်ဖို့ ခွင့်ပြုမိန့်မဟုတ်
- ဒီမုဆိုးမကြီးကိုဆဲဆိုဖို့ အခွင့်အရေးမဟုတ်
- ဒီခေါင်းဆောင်ကိုခြေရာတိုင်းဖို့ ဘဝင်လက်မှတ်မဟုတ်
ဆိုတာလောက်တော့ မင်းသိစေချင်တယ်။
ဘာလဲ၊
မင်းလက်သန်းကိုဖြတ်ချင်လို့လား ???
လုပ်လိုက်လေ၊ မင်းတစ်ယောက် လက်သန်းပြတ်တဲ့ဒုက္ခိတတော့ဖြစ်မယ်၊ အဲဒါအပြင် ဘာကောင်မှတော့ ဖြစ်လာဖို့အကြောင်းမမြင်။
မင်းသိထားဖို့က
မင်းရောငါပါ ဘာကောင်မှမဟုတ်ကြဘူးလေ။
ကိုယ့်အဆင့်ကိုယ်သိပါကွာ၊ အနိမ့်ဆုံးတော့ ဘဝင်ရူးမဖြစ်ဘူးပေါ့ ... ။ ။
ကိုထင်
ဂျွန် (၂၈)၊ ၂၀၁၆ SGST ၁၃၂၅ နာရီ

Monday 27 June 2016

ကသာမြို့တွင် လျှပ်တစ်ပြက်ကူညီကယ်ဆယ်ရေး အခမဲ့သင်တန်းဖွင့်လှစ်

လူမှုရေး သတင်း
ကသာမြို့တွင် လျှပ်တစ်ပြက်ကူညီကယ်ဆယ်ရေး အခမဲ့သင်တန်းဖွင့်လှစ်
By ဒီဗွီဘီ 27 June 2016  Print  Tweet
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ ကောင်းသောရှမာရိ လူမှုကူညီရေးအသင်းမှ ဦးစီးပြီး ဦးကျော်သူ ပရဟိတကွန်ရက်အဖွဲ့နဲ့ မြဝတီမြို့ Z Rescue ပရဟိတအဖွဲ့တို့က ဦးစီးပြီး လျှပ်တစ်ပြက် ကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ မနက် ၈ နာရီအချိန်က မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေနဲ့ ရေဘေး၊ မီးဘေး၊ လေဘေးများ တွေ့ကြုံ လာခဲ့တဲ့အခါမှာ လျှပ်တစ်ပြက် အမြန်ဆုံးသွားရောက်ပြီး ကူညီဆောင်ရွက်နိုင်ဖို့ သင်တန်း လာရောက် ပို့ချပေးတာပဲဖြစ်ပါတယ်။

သင်တန်းကို (၅) ရက်တာ သင်တန်းအဖြစ် အခမဲ့ သင်ကြားပို့ချပေးမှာဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို အသက်အရွယ် အပိုင်းအခြား အကန့်သတ်မထားပဲ တက်ရောက်နိုင်မှာဖြစ်သလို သင်တန်းဆင်း လက်မှက်များ ထုတ်ပေးသွားမယ် လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာ ရှိကြတဲ့ ပရဟိတ ကူညီ ကယ်ဆယ်ရေး အသင်း အဖွဲ့များအနေနဲ့ ကွန်ရက်တခု အဖြစ် ချိတ်ဆက်ပြီး သဘာဝဘေးအန္တရာယ် ကျရောက်ရာ နေရာတွေမှာ အထိရောက်ဆုံးနဲ့ အမြန်ဆုံး သွားရောက်ကူညီနိုင်ရန် အခုလို သင်တန်းတွေ ပို့ချပေးတာဖြစ်တယ် လို့ Z Rescue မဲဆောက်မြို့ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော် က ပြောပါတယ်။

အခုလို ဦးကျော်သူ၊ ဥက္ကဋ္ဌ၊ ပရဟိတ ကွန်ယက်အဖွဲ့နဲ့ မြဝတီမြို့ Z-RESCUE ပရဟိတခေါင်းဆောင် ဦးဇော်ဇော်၊ ကသာမြို့ ကောင်းသောရှမာရိ လူမှုကူညီရေးအသင်း တို့က ဦးစီးပြီး မနက် ၈ ခွဲကနေ ညနေ ၄ နာရီအထိ သင်တန်းပို့ချသွားမယ် လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ – သီဟဆွေ (ကသာ)

မျှဝေခြင်းစံမံချက် အမှန်တကယ်ဆင်းရဲချို့တဲ့သော မော်တိတ်ဒေသ ဂွေ့ကြီးကျေးရွာ မူလတန်းကျောင်းသူကျောင်းသား(၃၅)ယောက်တွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါတယ်။ အလျှူရှင်များကို အထူးကျေးဇူးတင်ရှိပါသည်။(27.6.2016)

မျှဝေခြင်းစံမံချက်
အမှန်တကယ်ဆင်းရဲချို့တဲ့သော မော်တိတ်ဒေသ ဂွေ့ကြီးကျေးရွာ မူလတန်းကျောင်းသူကျောင်းသား(၃၅)ယောက်တွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါတယ်။
အလျှူရှင်များကို အထူးကျေးဇူးတင်ရှိပါသည်။(27.6.2016)

Sunday 26 June 2016

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သာဝတ္ထိကျေးရွာ၌ ဇွန်(၂၅)ရက်နေ့ ည(၁၁)နာရီခွဲခန့်က မိခင်က သားမိုက်အရင်းကို ဓါးဖြင့် ဆုံးမလိုက်သော လူသတ်မှု တစ်ခုဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သာဝတ္ထိကျေးရွာ၌ ဇွန်(၂၅)ရက်နေ့ ည(၁၁)နာရီခွဲခန့်က မိခင်က သားမိုက်အရင်းကို ဓါးဖြင့် ဆုံးမလိုက်သော လူသတ်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဖဦးစိန်လင်း+အမိဒေါ်မြမြမော်တို့၏သား သန်းမင်းဦးမှာ အရက်သေစာများ သောက်စားမှုးယစ်ပြီး ပတ်ဝန်ကျင်ဆွေမျိုးများ မိဘညီအစ်ကိုမောင်နှမများအပေါ် နေ့စဉ်ရက်ဆက်လိုလို ဒုက္ခအမျိုးမျိုးပေးလျက်ရှိပြီး သီးခံလာခဲ့ကျရာမှ ဇွန်(၂၅)ရက်နေ့ ညနေ(၄)နာရီခန့်က ဖခင်ဖြစ်သူဦးစိန်လင်းမှာ စိုက်/ဘဏ်ချေးငွေထုတ်ပြီးပြန်လာစဉ် မိခင်ဖြစ်သူဒေါ်မြမြမော်နှင့်သားဖြစ်သူသန်းမင်းဦးတို့မှာ ဖုန်းပျောက်သည့်ကိစ္စနှင့်ပတ်သက်၍နေအိမ်၌ စကားများရန်ဖြစ်နေကျသည်ကို ဝင်ရောက်ဖြန်ဖြေခြင်း မပြုတော့ဘဲ တူမတော်သူအိမ်သို့ သွားရောက်နေခဲ့ပြီး။ ည(၁၁)နာရီခန့်မှ နေအိမ်သို့ပြန်လာခဲ့ရာ သားဖြစ်သူကတောင်းဘက်ခုံတန်းလျား၌အိပ်နေပြီး ဇနီးဖြစ်သူမှာမြောက်ဘက်ခုံတန်းလျားတွင် မျက်နှာချင်းဆိုင်အိပ်နေကျသည်ကိုတွေ့ရှိရသဖြင့် အိပ်ယာဝင်ခဲ့သည်။ ၎င်းနောက် နာရီဝက်ခန့်အကြာတွင် "တခွပ် ခွပ်"ခုတ်သံကြား၍ လန့်ပြီထကြည့်ရာ ဇနီးဖြစ်သူဒေါ်မြမြမော်မှာ သားဖြစ်သူသန်းမင်းဦး၏လည်ပင်ကို ထင်းခုတ်ဓါးမဖြင့် ခုတ်သတ်နေသည်ကိုတွေ့ရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံအကြောင်းကြားပြီး ရဲစခန်းသို့တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခင်ဦးမြို့မရဲစခန်းမှ အမှုမှတ်(ပ)၁၆၃/၂၀၁၆ ပုဒ်မ-၃၀၂ အရ တရားခံဒေါ်မြမြမော်(၅၀)နှစ်(ဘ)ဦးသန်းစိန် တောင်သူ သာဝတ္ထိကျေးရွာနေသူအား အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

Chit San

အင်းတော်မြို့နယ် မော်လူးဒေသခံပြည်သူများနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံး တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းတို့ တွေ့ဆုံခဲ့ကြပါတယ်။ (26.6.2016)

အင်းတော်မြို့နယ် မော်လူးဒေသခံပြည်သူများနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံး တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းတို့ တွေ့ဆုံခဲ့ကြပါတယ်။ (26.6.2016)

Saturday 25 June 2016

`` နှလုံးးသားးဖြင့် ရေးးသည် ......´´ ××××××××××××××

`` နှလုံးးသားးဖြင့် ရေးးသည် ......´´
××××××××××××××××××××××××××××
ဘဝ တဲ့ ....
မညီမျှခြင်းးတွေကို
ထမ်းးပိုးပြီးး လျှောက်ရတာလောက်
လေးးလံတာ မရှိဘူးးးး ။
ရှေ့ကနေ ဘယ်လောက်ပြေးးပြေးးးး
ပန်းးဝင်ဖို့ကျ အတူတူဖြစ်ဖို့ ....
ဒီဘူတာကပဲ ရပ်စောင့်ခိုင်းးသတဲ့လားးး ??? ?
စိုက်ထုတ်ခဲ့ရတဲ့ အားးအင်တွေ အချိန်တွေကို
တောင်းးပန်ပါရစေ ... ။
အဲ့တာ ....
တရားးနည်းးလမ်း ကျလွန်းးတဲ့သူတွေတဲ့ ။
အယောင်ဆောင်ထားးတဲ့ ပြဇာတ်မှာ
ဇာတ် တိုက်ခဲ့မိတော့ ...
ကျွန်တော်အတွက် ဆုလဒ်က
ဗီလိန် တစ်လှည့် ...
လူကြမ်းးး တစ်လှည့် ....
..........
......... .................. တစ်လှည့်
ထားးပါ ...
ဒါဟာ .... ခင်ဗျားးတို့ စားးသုံးနေကျ
ရေပေါ်ဆီ ယဉ်ကျေးးမှုတွေပဲကိုးးးး
မုန်းးးးး တယ် ..... !!! ! !
နားးရည်ဝလွန်းးနေတဲ့
ငြီးးငွေ့ဖွယ် သြဝါဒတွေ ...
အရိပ်မမြင်ရတဲ့ မက်လုံးးးတွေ ....
မတူညီတဲ့ အတန်းးအစားအတွက်
အာမခံချက် ပေးးဖို့မရဲတာတွေ ... အတွက်
ပြတ်ပြတ်သားသားးပဲ ....
အခွင့် ပေးးးပါ ။
အနှိမ်ခံ ယူနစ်တစ်ခုအတွက်
မျက်နှာဖုံးးး တပ်ပြီးးးး
အိပ်ကပ်ကို မဟချင်သူမို့
ကျွန်တော့် ခံယူချက်တွေကို
မြိန်ယှက်စွာ လာခပ်သောက်ကြပါ ။
လူအုပ်ကြားးထဲ ရောက်မှ
အထီးးကျန်ဆန်မှုတွေကိုပဲ
ခင်ဗျားးတို့ ယူကြပါ ။
အပေါ်ယံအပြုံးးက ရင်ထဲထိ မဖုံးးနိုင်ကြောင်းး
သက်သေပြပါလိမ့်မယ် ။
ကိုယ့် ယူနစ် တစ်ခုရဲ့ တန်ဖိုးးး
ကိုယ့် အသိုက်အဝန်းးရဲ့ သိက္ခာ ...
ပညာရပ်တစ်ခုရဲ့ မာနတရားးတွေ အတွက် ...
ယုံကြည်ချက် ခပ်ပြင်းပြင်းးထားးနေရတာက
အိပ်မက်တွေ ခါးးကောင်း ခါးးနေပါလိမ့်မယ် ။
ကဲ .....
အဲ့ဒီ အိပ်မက် ခါးးခါးးးးတွေကိုပဲ
ဝဝလင်လင် မက်ပြီးးးး
မျှော်မှန်းးချက်တွေ လင်းးလက်လာဖို့ ...
ကြမ်းးတမ်းမှု တစ်ချို့ကို
ကျွန်တော် ....
ကြိုဆိုလိုက်ပါဦးးမည် ။
‪#‎လူးငယ်‬
26.6.2016
2:25 AM

Friday 24 June 2016

အင်​မတန်​ လူမဆန်​တဲ့ဖခင်​........သြဇီကဖြစ်​ရပ်​မှန်​....ဖတ်​သာကြည့်​​တော့ဗျာ....

သြစတြေးလျနိုင်ငံက အသက် ၄၂ နှစ်အရွယ် ဖခင်တစ်ဦးကို သမီးရင်းအားမုဒိမ်းကျင့်မှုနဲ့ တရားရုံးက ထောင်ဒဏ် ၂၂ နှစ်ခွဲ ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ အရွယ်မရောက်သေးတဲ့ သမီးကို အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ရုံသာမက သူစိမ်းယောက်ျားတွေကိုပါ သမီးဖြစ်သူကိုအဓမ္မကျင့်စေခဲ့ပြီး သူကတော့ထိုင်ကြည့်နေခဲ့ပါတယ်။

မုဒိမ်းကျင့်ခံရတဲ့ ကောင်မလေးရဲ့အရှက်ကာကွယ်ဖို့အတွက် တရားရုံးက သူမရဲ့ဖခင်အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပါဘူး။ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း သမီးဖြစ်သူကို ၆၁ ကြိမ် ညှင်းပန်းစော်ကားခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပြီး တရားရုံးက ယခုလိုအမိန့်ချမှတ်လိုက်တာပါ။ ထိုစဉ်က သူ့ရဲ့သမီးငယ်ဟာ အသက် ၁၁ နှစ်နဲ့ ၁၃ နှစ်ကြားသာ ရှိပါသေးတယ်။

အွန်လိုင်းပေါ်မှာ သိကျွမ်းခဲ့တဲ့ အမျိုးသား ၆ ဦးကိုပါ ခေါ်ပြီး သမီးဖြစ်သူကို မုဒိမ်းကျင့်စေခဲ့တဲ့ဖခင်ကို နှစ်ပေါင်းများစွာ အကျဉ်းချခံရဖို့ သြစတြေးလျအနောက်ခရိုင်တရားရုံးက ဇွန်လ ၂၃ ရက်မှာ အမိန့်ချမှတ်ခဲ့တာပါ။ အမှုမှာပါဝင်တဲ့ အမျိုးသား ၆ ဦးအနက် တစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး အခြားနှစ်ဦးကိုလည်း ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ အမျိုးသားသုံးဦးကလည်း ထောင်ချခံရမယ့်အလားအလာရှိနေပါတယ်။
Credit : Duwun

သံ​ဝေဂ ယူစရာ......ပါ....

ရန်ကုန်ဆေးရုံကြီးမှာ လူနာစောင့်ကြည့်ရင်း
ညသုံးနာရီလောက်မှာ ဆေးရုံအောက်ထပ်ကိုဆင်းကာ
အရေးပေါ်လူနာပြမည့် အပေါက်ဝရှေ့ဘက်ဆိုင်သို့
အအေးဗူးဝယ်ရန် ဆင်းလာခဲ့ပါတယ်။
ကိုယ်ဆင်းပြီးတော့ လျှောက်လာတဲ့လမ်းဟာ
သေဆုံးလူနာများကို ရေခဲတိုက်သို့
ပို့ဆောင်ရာလမ်းဖြစ်နေပါတယ်။
ကိုယ်က အအေးဗူးဆင်းဝယ်ရင်း
ထိုလမ်းပေါ်လျှောက်တဲ့ ခေတ္တခဏလေးမှာတင်
သေဆုံးလူနာ ခုနှစ်ယောက်လောက်ကို
ကုတင်နဲ့သယ်သွားတာ တွေ့မိရသလို
သုံးဘီးကားလေးနဲ့လည်း ရေခဲတိုက်ဘက်ကို
သေဆုံးလူနာတွေကိုသယ်ဆောင်နေကြတာ
တွေ့ခဲ့ရပါတယ်။
ကိုယ့်လူနာကို ဆရာဝန်များက
အရေးတကြီးဆိုသလို
အရေးပေါ်ကယ်ဆယ်ရေးကုသဆောင်ဘက်
ပို့လိုက်ပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးဘက်ရောက်တော့
ဒလဘက်ကမ်းက ဆိုင်ကယ်တိုက်မိလို့
လူတစ်ယောက်ဟာ
ဦးနှောက်တွေ ထွက်ကျနေပြီး
သေတော့မယ့်အခြေအနေဖြစ်လိုဖြစ်။
ကိုယ့်လူနာ ကုတင်နားက
ဒကာမတစ်ယောက်လည်း
ရောက်လို့ နာရဝက်မျှမကြာသေးခင်
အသက်ဆုံးရှုံးသွားပြန်တယ်။
ကိုယ်တွေလည်းတွေးနေမိပါတယ်။
""ရန်ကုန်ဆေးရုံကြီးမှာ
ကိုယ်ခဏလေးနေရတဲ့အခိုက်အတန့်မှာတောင်
ဒီလောက်လူတွေ သေဆုံးနေကြရင်
တစ်ရက်ကို ဒီဆေးရုံကြီးမှာ ဘယ်လောက်တောင်မှ
ဆုံးရှုံးနေကြရမလဲ"
ရန်ကုန်ဆေးရုံကြီးနဲ့တွက်လို့ တစ်ရက်ကို
ခန္ဓာပျက်ကြွေ သေဆုံးသူတွေဟာ
ဘယ်လောက်များလိုက်မလဲ
နိုင်ငံနဲ့တွက်ကြည့်ရင်
ကမ္ဘာနဲ့တွက်ကြည့်ရင်
အား--အများကြီးပါပဲလား""လို့
တွေးနေမိတယ်။
နေ့တစ်နေ့ကို
လူ့လောကကြီးရောက်လာကြသူများသလို
ထွက်ခွာသွားတွေလည်း များမှများပါပေ့။
ကိုယ်တွေလည်း
ခန္ဓာဖြစ်တည်လို့ လူ့လောကကြးထဲရောက်ခဲ့ရပြီ
ခန္ဓာပျက်ကြွေကာ သေဆုံရမယ့်နေ့စွဲစာရင်းထဲ
ဘယ်နေ့ပါလာမည်ဆိုတာ အတိအကျမသိရ။
ဗုဒ္ဓမြတ်စွာကတော့
" သဗ္ဗေ သင်္ခါရာ အနိစ္စာ"
ခပ်သိမ်းသော သင်္ခါရတရားဆိုတာ မမြဲဘူး"လို့
အတိအကျဟောထားခဲ့ပြီးသားပါ။
တကယ်တော့
သတိလက်လွတ် မေ့လျော့နေမိတဲ့အခါ
ဒီခန္ဓာကြီး မြဲတယ်
ပိုင်တယ်ထင်နေမိကြတာလေ။
ငါ့သား ငါ့သမီး ငါ့ဆွေမျိုး
ငါ့ရာထူး ငါ့အလှ ငါ့ဥစ္စာ ငါ့မာနတရားတွေနဲ့
သတိမေ့လျှော့ ပျော်မွေ့နေမိတဲ့အဖြစ်တွေ။
မသေခင်မှာ
အချစ်တွေ အမုန်းတွေ အာဃာတတွေ
ဝမ်းနည်းဝမ်းသာမှုတွေနဲ့
သံသရာလည်နေတဲ့အဖြစ်တွေ။
နောက်ဆုံးတော့---
ဆေးရုံကြီးတွေကို မိသားစုတွေနဲ့လာပြကြ
လာကုသလိုက်ကြ
မကုသနိုင်ကံကုန်တဲ့အဆုံး
သေဆုံးသွားပြီဆိုမှတော့ဖြင့်
ကိုယ့်ကို ရေခဲတိုက်ထံအပ်နှင်းထားခဲ့ကာ
မိသားစုများပြန်သွားကြ။
ရေခဲတိုက်ကို ပို့လိုက်တဲ့အချိန်
ဘာတွေယူလို့ရမှာလဲ။
ကုသိုလ်ဥစ္စာတစ်မျိုးကလွဲ
ဘာဆိုဘာမှမယူနိုင်ကြ
ဘုံဆိုင်အထုပ်တွေအားလုံးထားခဲ့ပေတော့။
ကိုယ်ပိုင်ကုသိုလ်ဥစ္စာဟာ
ဒီနေရာမှာတန်ဖိုး အရှိဆုံးဖြစ်သွားခဲ့လေပြီ။
တကယ်တော့
ကုသိုလ်ဆိုတာ အလိုအပ်ဆုံးအရာသာ
ခန္ဓာပျက်ကြေသေဆုံးရမယ့်
နေ့စွဲစာရင်းဟာ
တစ်နေ့တော့ မဖိတ်ခေါ်ပါပဲရောက်ကိုလာတော့မှာ
မနက်ဖြန်လား ဒီနေ့လားဆိုတာ
သေချာရေရာ ခွဲခြားမသိကြရတဲ့
မမြဲခြင်းဘဝ ပိုင်ဆိုင်ရလူသားတွေပါ။
ကိုယ်ကတော့ တွေးမိနေတယ်
ဗုဒ္ဓမြတ်စွာသာသနာနဲ့လည်းကြုံ
လူဘဝလည်းရလာကြ
သံသရာချမ်းသာကြောင်း
သံသရာလွတ်ကြောင်းတရားကောင်းများ
ဟောပြောနိုင်တဲ့ဆရာကောင်းတွေလည်းရှိနေပါရဲ့
ထောင်နိုင်တဲ့နားမြင်နိုင်တဲ့မျက်လုံး
စဉ်းစားသုံးသပ်နိုင်တဲ့အသိဥာဏ်များပြည့်စုံနေပါလျှက်
အသိလွဲ အမြင်လွဲ အကျင့်တွေလွဲမှား
တစ်ဘဝကောင်းစားရေးလမ်းစဉ်လျှောက်
သေခါနီးကုတင်ပေါ်မှာရောက်မှ
သတိလေးထားပြီး
မိသားစုက
"" ကုသိုလ်အာရုံပြု ကုသိုလ်အာရုံယူနှော်""
လို့ပြောကြတဲ့အခါမှာတော့
ယူရမယ့်ကုသိုလ်အာရုံက
တစ်ခုမှရှိမနေကြဘူးဆိုရင်တော့
ကျိမ်းသေပါတယ်။
လာခြင်ကောင်း၍ ပြန်ခြင်းမချမ်းမြေ့ပါပဲ
လူ့ဘဝကို အလွဲသုံးစားလုပ်ကာ
လူဖြစ်ရှုံးသူများဖြစ်ဖို့ပေါ့။
မိမိတို့လောကလူ့ဘဝကျင်လည်ရာ
သက်တမ်းတစ်လျှောက်မှာ
အလုပ်လုပ်ကြတဲ့အခါ
အရှုံးအမြတ်ဆိုတာ တွက်ချက်ကြပါတယ်။
အရှုံးဆိုတဲ့နေရာမှာ
သေခါနီးအချိန်
ကိုယ်အာရုံယူစရာ
ကုသိုလ်ကောင်းမှုတစ်ခုခုမရှိနေခြင်းဟာ
အရှုံးတကာ့အရှုံးထဲမှာ
အဆိုးဆုံးအရှုံးတစ်ခုပါပဲ။
တည့်တည့်ပြောရရင်တော့
မလိုချင်ဆုံးအရှုံးပါပဲ။
မိမိနှင့်အတူ
မိတ်ဆွေအပေါင်းသူတော်ကောင်းများဟာ
သေခါနီးအချိန်မှာ အာရုံယူစရာ
ကုသိုလ်ကောင်းမှုမြောက်များစွာဖြစ်စေဖို့
ကောင်းမှုတစ်ခု နေ့စဉ်ပြုကြပါလို့သာ
စေတနာဖြင့်တိုက်တွန်ရင်း
လာခြင်းကောင်း၍ ပြန်ခြင်းချမ်းမြေ့သူများ
ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းသာ---။--။
23 - 6 -16
Cred..အရှင် ဣန္ဒ​က