Pages

Friday, 24 June 2016

ဖိုးသီးချို PTC ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး


ဖိုးသီးချို PTC ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်မှာ 24.6.2016 ရက်၊ ယနေ့ နေ့ လည် ၁ နာရီခန့် က ဖိုးသီးချို PTC ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး သွားကြောင်း သိရပါတယ်။

အေးရိပ်ငြိမ်ရပ်ကွက် အမိမြေ ၃လမ်း ရှိ နေအိမ်အား ဆက်သွယ်ထားရှိသော လျှပ်စစ်ကြိုးသစ် သားတိုင်လဲကျပြီး လျှပ်စစ်ကြိုးပြတ်တောက်နေသဖြင့် PTC မှ Line Man ဖြစ်သူ သိန်းမင်းလတ်(ခ)ကိုလတ် ၃၄ နှစ်(ဘ)ဦးဝင်းမြင့် ကျောက်ဖျာလမ် ဘုရင့်နောင်ရပ် ကွက်နေသူသည် မိုးရွာနေသည့်ကြားမှ ပြတ်တောက် နေသည့် မီးကြိုးဆက်နေစဉ် ဓါတ်လိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ်ကြိုးအား ကိုင် ဆောင်လျှက် အနေအထားနဲ့  လဲကျနေပြီး ဓာတ်လိုက်တာကြောင့် ယာဘက် ဖ၀ါးနှင့် လက်သန်းကြွယ်တို့မှာ ဓါတ် လိုက်ပေါက်ပြဲဒဏ်ရာ၊ ပါးစပ်မှသွေးထွက်ဒဏ် ရာများရရှိ နေသဖြင့် သစ်သားချောင်းဖြင့် လျှပ်စစ်ကြိုးအား ထိုးဖြုတ်ခဲ့ပြီး ဘေးတွဲဆိုင်ကယ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အချိန်မမှီတော့ဘဲ သေဆုံးသွား ခဲ့ကြောင်း သိရှိရပါတယ်။

Aung Zaw Min Tun

0 comments:

Post a Comment