Pages

Monday, 6 June 2016

********* အင်းတော်မြို့နယ် မော်တိတ်ရဲကင်း စခန်းမှ မတရား ဖမ်းဆီးချုပ်နှောင်၍ ခြိမ်းခြောက် ငွေတောင်းမှုအား စီစစ်ရန်လိုအပ် -------------------------

ဟာဂျူလီ ကသာပြန်လာပြီး ဒီသတင်းမှန် မမှန်သေချာလိုက်မယ်၊ မှန်နေလို့ကတော့ ပြည်သူကို ဒီလောက် အနိုင်ကျင့်တဲ့ ရဲရော သတင်းပေးရော ထောင်ကျအောင် ချပြမယ်၊ဒေသခံတွေကို ဗိုလ်ကျအနိုင်ကျင့်တဲ့ ဗန်းမောက်က ရဲသတင်းပေးကိုတော့ ကိုယ်တိုင်သွားဖမ်းပြီး ထောင်ထဲ ပို့ပြီးပြီ၊ သတင်းပေးတဲ့ ကာကွယ်တဲ့ရဲကိုလည်း ရဲတရားရုံး စစ်ထားပြီ(အရေးယူမှုတော့ မသိရသေးဘူး) (ဟာဂျူလီ-ကသာ)
************
အင်းတော်မြို့နယ် မော်တိတ်ရဲကင်း စခန်းမှ မတရား ဖမ်းဆီးချုပ်နှောင်၍ ခြိမ်းခြောက် ငွေတောင်းမှုအား စီစစ်ရန်လိုအပ်
---------------------------------------------------
၆ . ၆ . ၂၀၁၆ ရက်နေ့တွင် မေးမြန်းသိရှိရသော သတင်းကို တင်ပြခြင်း ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်တိတ်ကျေးရွာတွင် အပြစ်မဲ့ ပြည်သူတစ်အား တန်ခူး လပြည့်ကျော် (၄)ရက် (26 . 4 . 2016) ရက်နေ့ က ခြိမ်းခြောက် ငွေတောင်းမှု ဖြစ်ပွားခဲ့ ပါတယ်။
"ကျွန်တော် က နွားပျောက်နေလို့ နွားရှာ ဆိုပြီး ည(၉း၀၀) နာရီခန့်မှာ အိမ်က ထွက်သွားခဲ့တာပါ။ မော်တိတ်ရဲကင်း စခန်းအနီး ရောက်တော့ အင်ဖော်မာ ဟန်မင်းထွန်း ကို နွားပျောက်နေလို့ လိုက်ရှာနေတာ မတွေ့မိဘူးလားလို့ မေးကြည့် ပါတယ်။ ဘာနွား တစ်ကောင်မှ မတွေ့မိဘူး မင်းကို ပြောစရာလေးရှိသေးတယ်ဆိုပြီး ခဏအကြာမှာ ဟန်လင်းထွန်း ရောက်လာပြီး လက်ထိပ်ခတ်လိုက်ပါတော့တယ်။ ဘာအမှုနဲ့ ဖမ်းတာလဲမေးတော့ မူးယစ်ကွင်းဆက် အမှုနဲ့ ဖမ်းတာလို့ပဲဆိုပါတယ်။ ဒုတပ်ကြပ် နေလင်းဇော် ရဲ့နေအိမ်ထဲမှာဖမ်းထားခဲ့တာပါ။ ဒီအိမ်ထဲမှာပဲ (၂) နာရီခန့် အပြင်မှ သော့ခတ်ကာ ပိတ်လှောင် ဖမ်းဆီးထားခဲ့ပြီး ရဲတပ်သား ဟန်လင်းထွန်းမှ ဖိုက်ဘာခုံဖြင့် ရိုက်ကာ သိန်း (၂၀) ကျပ်ပေးရင် ပြန်လွတ်ပေးမယ်လို့ ပြောပါတယ်။ မပေးရင်မလွတ်ပေးဘူး ဆိုပြီး ခြိမ်းခြောက် ငွေတောင်းပါတော့တယ်။ ကျွန်တော် မှ ငွေသိန်း (၂၀) ဆိုသည်မှာ ရှိလဲ မရှိသလို တတ်လဲ မတတ်နိုင်ကြောင်း ပြောတဲ့အခါ ခေါင်းပေါင်း ဆိုသူကို ဖုန်းဆက်ပြီး ငွေ(၁၁)သိန်း ကျပ်နဲ့ ဈေးဖြတ်လိုက်ပါတော့တယ်။ ကျွန်တော်လည်း လက်ထိတ်ခတ် အဖမ်းခံ ထားရတာက တစ်ကြောင်း လှောင်ပိတ် ခံထားရတာ က တဖုံဆိုတော့ ကြောက်လှန့်ပြီး ညတွင်းချင်း စပါး ရောင်းချပြီး ငွေရှာ ပေးလိုက်ရပါတယ်။ တကယ်တော့ စပါး တင်း(၁၀၀) ရောင်းမှ ငွေ(၆) သိန်းခွဲပဲရတာပါ။ ဒီလိုနဲ့ ကျွန်တော့် အိမ်ကို မော်တိတ်ရဲကင်း မှ အင်ဖော်မာ ဟန်မင်းထွန်း အား မိန်းမထံသို့ လွတ်ပြီး မချောဦးထံမှာ စပါးနှောင်ပေး သွင်းပေးမယ်ဆိုပြီး ကြိုတင်ငွေ ထုတ်ယူ ခိုင်းလိုက်ရပါတယ်။ အခုရရှိလာတဲ့ ကြိုတင်ငွေနဲ့လည်း မလောက်သေးတဲ့အတွက် ဘဏ်အကြွေး ဆပ်စရာအဖြစ် ကျွန်တော့် အမ ထံမှာ အပ်ထားတဲ့ ငွေ (၃) သိန်း ကိုပါ ယူခိုင်းလိုက်ရတာပါ။ ရှိစု မဲ့စု စုစုပေါင်း ငွေ(၉၅၀၀၀၀) ကိုးသိန်းခွဲ ပေးခဲ့ရပါတယ်။ စပါးနှောင်ပေးနဲ့ ရောင်းခဲ့ တာကတော့ မော်တိတ်ကျေးရွာ က မချောဦး ထံ မှာ ရောင်းခဲ့တာပါ။ ပြန်လွတ်တဲ့ အချိန်မှာ မင်းဒီအကြောင်းကို ပြောရဲရင် ပြောကြည့် မင်းအိမ်ထဲ မူးယစ်ဆေးဝါး ပစ်ထဲ့ပြီး ပြန်ဖမ်းမယ်လို့လည်း ခြိမ်းခြောက် ဟန့်တားခဲ့ပါသေးတယ်။ အခုလို ကျွန်တော့်ကို ပြန်လွတ်ပြီး မကြာခင်မှာ မော်တိတ် ရဲကင်းမှူး ရဲအုပ် ဇော်သန်းထွဋ် က ကျန်နေတဲ့ ငွေ (၁) သိန်းခွဲ ကို အင်ဖော်မာအား လွတ်ပြီး တောင်းခိုင်းခဲ့ ပါသေးတယ်။ ပေးစရာမရှိလို့ မပေးလိုက်တော့ ပါဘူး" ဟု မော်တိတ်ကျေးရွာ မှ ကျော်သိန်းထွေး က ပြောသည်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မော်တိတ် နယ်မြေ ရဲကင်း စခန်းမှ အပြစ်မဲ့ ပြည်သူအား မူးယစ်ဆေးဝါး ကွင်းဆက် တရားခံဟု ဆိုကာ မတရားဖမ်းဆီး ချုပ်နှောင် ရိုက်နှက်၍ ခြိမ်းခြောက်ငွေတောင်းယူမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး နှင့်တကွ သက်ဆိုင်ရာ ပြည်ထဲရေး ဌာနတို့ မှ မတရားငွေတောင်းယူမှုအား ထိရောက်စွာ အရေးယူ စီစစ်ပေးစေလိုကြောင်း ရင်ဖွင့် ပြောကြားခဲ့ပါတယ်။
မော်တိတ်နယ်မြေ ရဲကင်းမှူး
ရဲအုပ် ဇော်သန်းထွဋ်
ဒုတပ်ကြပ် နေလင်းဇော်
ရဲတပ်သား ဟန်လင်းထွန်း
ရဲ အင်ဖော်မာ ဟန်မင်းထွန်း(ခ) ဘုထော်
မှ/ ဦးကျော်သိန်းထွေး
၅/အတန(နိုင်) ၀၅၀၁၀၃
မော်တိတ်ကျေးရွာ၊
အင်းတော်မြို့နယ်။
မှ/ ဦးဇာနည်အောင်
၅/ အတန(နိုင်) ၀၅၆၁၈၅
တုံမဖွဲ ကျေးရွာ၊ အင်းတော်မြို့နယ်။
( Thiha Swe Katha မှ)

0 comments:

Post a Comment