ကထိကဆရာမဖြစ်သူအား ဓားဖြင့်ထိုးမှု တရားခံ မမိသေး
=================================
ပခုက္ကူတက္ကသိုလ်မှ ကထိကဆရာမဖြစ်သူအား သူ၏ချစ်သူမှ ဓားဖြင့်ထိုး၍ ထွက်ပြေးတိမ်းရှောင်မှု ဇွန်လ(၄)ရက် ညနေ(၅)နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ တရားခံဖမ်းမိခြင်း မရှိသေးကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံက သိရသည်။
``ဒီအမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာစခန်းကနေ လိုက်နေတယ်။အပြင်းအထန်နာကျင်စေမှုနဲ့ အမှုဖွင့်ထားတယ်။အနောက်ပိုင်းဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေတယ်ဆိုပေမယ့် ခွဲစိတ်ကုသထားတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ခုချိန်ထိတော့ တရားခံဖမ်းမိခြင်း မရှိသေးပါဘူး။´´ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ဒုရဲမှူးကြီးကျော်ထွဋ်က ပြောသည်။
ဖြစ်စဉ်မှာ ပခုက္ကူတက္ကသိုလ်မှ ကထိကဆရာမဖြစ်သူ မခင်
မျိုးမျိုးအေးနှင့် သူ၏ချစ်သူ မောင်မင်းခန့်ကျော်တို့
အပြင်မှပြန်လာစဉ် စကားများရန်ဖြစ်ရာ မောင်မင်းခန့်ကျော်မှ
ဆရာမအား ဓားဖြင့် (၂)ချက်ဆင့် ထိုးခဲ့သည်။ ဆရာမဖြစ်သူမှာ ဝမ်းဗိုက်နှင့်ရင်ညွန့်တို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး အနောက်ပိုင်းဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။ ဓားဖြင့်ထိုး၍ ထွက်ပြေးသူ မောင်မင်းခန့်ကျော်အား စမ်းချောင်းမြို့မရဲစခန်းတွင် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
္က
0 comments:
Post a Comment