B.E ပေါင်းကူးသင်တန်းများ ပြန်လည်ဖွင့်လှစ်မည်
နည်းပညာတက္ကသိုလ် များတွင် B.Tech အောင်မြင်ပြီး B.E တန်းတက်ရောက်ခွင့်မရသူ များလျှောက်ထားနိုင်သည့်ဝင်ခွင့် စာမေးပွဲစစ်ဆေး၍ B.E ပေါင်းကူးသင်တန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ယခင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအောက်ရှိ နည်းပညာ တက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံ များတွင် B.Tech (Bachelor of Technology) သင်တန်းများ အောင်မြင်၍ B.E(Bachelor of
Engineering) ဆက်လက် တက် ရောက်ခွင့်မရသူအားလုံး ဝင်ခွင့် စာမေးပွဲဖြေဆိုရန် လျှောက်ထား နိုင်ကြောင်း စက်မှုနည်းပညာမြှင့် တင်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနက ကြေညာသည်။
‘‘လုပ်ငန်းခွင်ဝင်တဲ့အခါ B. Tech နဲ့ B.E နဲ့ ကွာနေတယ်။ သူ တို့က ပြန်ကြိုးစားချင်တဲ့ဆန္ဒရှိတဲ့ အတွက်ကြောင့် ဝင်ခွင့်စာမေးပွဲ ကို စီစဉ်ပေးတာပါ။ B.Tech မှာပဲအဆုံးမသတ်ဘဲနဲ့ B.E ကို ဆက် တက်နိုင်အောင် ပေါင်းကူးလုပ် ပေးတာပါ’’ဟု ပညာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် (သိပ္ပံ နှင့် နည်းပညာ) ဦးကျော်စွာစိုးက ပြောသည်။
ယခင်က နည်းပညာတက္က သိုလ်များတွင် B.Tech စာမေးပွဲ အောင်မြင်၍ B.E ဆက်လက်တက်ရောက်ရန် အရည်အချင်း မမီပါက ဆက်လက်တက်ရောက် ခွင့်မရရှိတော့ဘဲ B.Tech ဘွဲ့သာ ရရှိ၍ လုပ်ငန်းခွင်တွင် B.E ဘွဲ့ရရှိသူများထက် အခွင့်အလမ်းနည်း ပါးခဲ့သည်။
B.E ပေါင်းကူးသင်တန်း တက်ရောက်လိုသူများသည် ဝင် ခွင့်အရည်အချင်းစစ်စာမေးပွဲဖြေ ဆိုခွင့်လျှောက်လွှာများကို တက် ရောက်လိုသည့် နည်းပညာတက္က သိုလ်တွင် ဇွန်လ ၁၆ ရက်မှ စ၍ ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ လေးပုံ၊ B.Tech ဘွဲ့လက်မှတ် (သို့မဟုတ်)အောင်မြင်ကြောင်း ထောက်ခံစာ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား(မူရင်း၊ မိတ္တူ)၊ အကျင့် စာရိတ္တကောင်းမွန်ကြောင်း ကိုယ်တိုင်ဝန်ခံချက်နှင့် မိဘအုပ်ထိန်း သူများ၏ ဝန်ခံချက်တို့နှင့်လျှောက်ထားရမည်ဖြစ်သည်။
ပေါင်းကူးဝင်ခွင့်စာမေးပွဲ များကို သက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်များ၌ သြဂုတ် ၆ ရက် နှင့် ၇ ရက် နံနက် ၉ နာရီမှ နေ့ လယ် ၁၂ နာရီတွင် အင်္ဂလိပ်စာ နှင့် သက်ဆိုင်ရာဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။
‘‘ကျောင်းတွေအလိုက် စာ သင်ခန်း၊ ကျောင်းဆရာ၊ လက် တွေ့ခန်းတွေ နိုင်သလောက် သတ်မှတ်မှာဆိုတော့ တစ်ကျောင်းနဲ့တစ်ကျောင်းကွဲပြားမှုရှိမယ်။ ဘာသာရပ်အလိုက် Scopeတွေ ကိုယ်ဖြေမယ့် ကျောင်းတွေမှာ ထုတ်ရမယ်’’ဟု အမြဲတမ်း အတွင်းဝန် ဦးကျော်စွာစိုးက ပြောကြားသည်။
B.E ပေါင်းကူးသင်တန်းကို ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ရန်ကုန်အနောက်ပိုင်း၊ ပြည်၊ မြစ် ကြီးနား၊ ဗန်းမော်၊ ကလေး၊ စစ် ကိုင်း၊ မုံရွာ၊ မန္တလေး၊ ကျောက် ဆည်၊ မိတ္ထီလာ၊ ရမည်းသင်း၊ မကွေး၊ ပခုက္ကူ၊ လားရှိုး၊ တောင် ကြီး၊ ပင်လုံ၊ ကျိုင်းတုံ၊ လွိုင် ကော်၊ တောင်ငူ၊ စစ်တွေ၊ မှော် ဘီ၊ သန်လျင်၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်နှင့် မြိတ်ရှိ နည်းပညာ တက္ကသိုလ်များ၌ ဖွင့်လှစ်မည်ဖြစ် ကြောင်း စက်မှုနည်းပညာ မြှင့် တင်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနမှ သိရသည်။
နည်းပညာတက္ကသိုလ်များ တွင် ယခင်က အင်ဂျင်နီယာဘွဲ့ (B.E-Bachelor of Engineering)ရရှိရန် AGTI(၂ နှစ်)၊ B.Tech (၂ နှစ်)၊ B.E (တစ်နှစ်) စုစုပေါင်း ငါးနှစ်တက်ရောက်ရပြီး ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ နည်းပညာ တက္ကသိုလ် ကျောင်းသားများ သည် အင်ဂျင်နီယာဘွဲ့ (B.E) ခြောက်နှစ် ဆက်တိုက် တက် ရောက်သည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။
0 comments:
Post a Comment