Pages

Monday, 20 June 2016

ကြိုးစားလိုက်ကြပါ ========================== သူ့နာမည်က မောင်ပြည့်ဖြိုးဇော် အသက်က ၂၀ အရပ်က ၃ ပေ

ကြိုးစားလိုက်ကြပါ
==========================
သူ့နာမည်က မောင်ပြည့်ဖြိုးဇော် အသက်က ၂၀ အရပ်က ၃ ပေ မိဘ တွေက ဦးဥာဏ်ထွန်း+ဒေါ်ခင်မြနွယ် နေရပ်လိပ်စာက စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး စံပြကျေးရွာ ကွက်သစ်ရပ် ။ ၂၀၁၅ -၂၀၁၆ တက္ကသိုလ်ဝင်တန်းကိုအောင်မြင်ထားတယ်လို့သိရပါတယ်။ဘဝကံအကျိုးပေးမလှပေမယ့်ပညာကံအကျိုးပေးတော့မဆိုးပါဘူး။ကြိုးစားရင်ကြိုးစားသလိုအောင်မြင်တယ်ဆိုတာမောင်ပြည့်ဖြိုးဇော်ကသင်္ခန်းစာပေးနေပြီနော။စာမေးပွဲကျလို့စိတ်ပျက်အားငယ်နေကြတဲ့တူ တူမလေးတွေအတွက်အားကျအတုယူစရာလေးတွေပေါ့နော။ ဝိရိယမတောတိကိံကမ္မံနသိဇ္ဇတိ =မလျော့သောဇွဲလုံ့လဝိရိယဖြင့်ကြိုးစားလျှင်မပြီးမြောက်သောအလုပ်ကိစ္စဆိုတာမရှိဘူးတဲ့ကဲဒါကြောင့်ဒီနှစ်မအောင်မြင်တဲ့သားငယ် သမီးငယ်များ ညီ ညီမလေးများ တူ တူမလေးများရှေ့ဆက်ကြိုးစားကြပါလို့တိုက်တွန်းလိုက်ပါတယ်။

0 comments:

Post a Comment