Pages

Wednesday, 22 June 2016

NLDတိုင်းအမှုဆောင်အား အွန်လိုင်းပေါ်တွင် မဟုတ်မမှန်စွတ်စွဲရေးသားသည့်သူအား ဆက်သွယ်ရေးဥပဒေဖြင့် ဖမ်းဆီးအရေးယူ....(ဟာဂျူလီ-ကသာ) ***********

NLDတိုင်းအမှုဆောင်အား အွန်လိုင်းပေါ်တွင် မဟုတ်မမှန်စွတ်စွဲရေးသားသည့်သူအား ဆက်သွယ်ရေးဥပဒေဖြင့် ဖမ်းဆီးအရေးယူ....(ဟာဂျူလီ-ကသာ)
***********************
၂၀၁၆ခုနှစ်ဇွန်လ ၁၃ရက်နေ့ နေ့လည်၁နာရီအချိန်က ကသာမြို့မရဲစခန်းသို့ စစ်ကိုင်းတိုင်းNLDအမှုဆောင်ဖြစ်သူ ကျောက်ထုံးကြီးကျေးရွာနေ ကိုကျော်စွာဝင်းမှ လာရောက်တိုင်တန်းမှုတစ်ခုဖြစ်ပေါ်ခဲ့ပါသည်၊ ကိုကျော်စွာဝင်း၏ တိုင်တန်းချက်မှာ
.....သူ၏ဂုဏ်သိက္ခာအား ထိခိုက်စေရန်ရည်ရွယ်၍ Nay Winအကောင့်ပိုင်ရှင်သည်
၃.၆.၂၀၁၆ရက်နေ့ညနေ၃နာရီ၂၅မိနစ်အချိန်က " စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့နယ်၊ကျောက်ထုံးကြီးကျေးရွာနေ ဦးကျော်စွာဝင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်းတာဝန်ခံ ဦးကျော်စွာဝင်း
သည် သူတစ်ပါးစိုက်ပျိုးထားသော စပါးခင်းများကို ထွန်စက် ကား နွား ထယ်များဖြင့်လူစုလူဝေးအင်အားသုံးခါ ထွန်ယက်စိုက်ပျိုးနေပါသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှရှင်းလင်းပေးပါရန် ကသာမြို့ ရပ်ကွက်၁၀နေ ဦးနေဝင်းအားကျေးဇူးပြု၍ တင်ပြပေးပါရန် အသနားခံလာသောကြောင့် တင်ပြအပ်ပါသည်"အွန်လိုင်းစာမျက်နှာတွင် ရေးသားခဲ့သဖြင့် ဂုဏ်သိက္ခာကျဆင်းရကြောင်း ဖြစ်စဉ်အမှန်မှာ ၄င်း(ကိုကျော်စွာဝင်း)အနေဖြင့်
ဟွန်ဒါ(မြန်မာ)ကုမ္ပဏီ(ဂရိတ်ဝေါဦးတင်မောင်ပါဝင်သော ကုမ္ပဏီ) ထံမှ သီးစားကောက်ယူလုပ်ကိုင်ခြင်းသာဖြစ်ကြောင်း သို့ပါ၍ မိမိ၏ဂုဏ်သိက္ခာကို ထိပါးရန်ရည်ရွယ်ရေးသားသူအား အရေးယူပေးပါရန်...တိုင်ကြားခြင်းဖြစ်ပါသည်၊ ထိုတိုင်ကြားချက်အပေါ် ကသာရဲစခန်းမှ (ပ)၁၄၅/၂၀၁၆အရတိုင်ချက်ရေးသွင်းပြီး
ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှုဖွင့်ခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ကသာမြို့ ရပ်ကွက်၁၀နေ ဦးနေဝင်းအား ဖမ်းဆီးထားပြီး ဖြစ်ကြောင်းသိရှိရပါသည်၊တရားခံ ဦးနေဝင်းသည်လည်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ယောက်ဖြစ်ကြောင်း သိရှိရပါသည်၊
အလားတူပင် ၁၆.၆.၂၀၁၆ရက်နေ့ကလည်း ငြိမ်းချမ်းကရုဏာဖောင်ဒေးရှင်းမှ ဦးအောင်မြင့်မိုးအား
ဂုဏ်သိက္ခာညိုးနွမ်းစေရန်ရည်ရွယ်၍ မဟုတ်မမှန် စွတ်စွဲရေးသားသည်ဟုဆိုခါ katha lu zoe အကောင့်ပိုင်ရှင်တစ်ဦးအား တိုင်တန်းမှုတစ်ခုရှိခဲ့သေးကြောင်း၊ ထိုတိုင်ကြားချက်အပေါ်
ကသာရဲစခန်းမှ (ပ)၁၃၄/၂၀၁၆အရတိုင်ချက်ရေးသွင်း၍
ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှုဖွင့်ခဲ့ပြီး katha lu zoeပိုင်ရှင်အားသိရှိနိုင်ရန် နေပြည်တော်CIDသို့ သက်သေအထောက်အထားများ ပေးပို့ထားကြောင်း မကြာခင်မှာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း မြို့မရဲစခန်းမှူးဒုတိယရဲမှူးလှဦးမှ ဟာဂျူလီမီဒီယာ၏မေးမြန်းမှုကို ဖြေကြားခဲ့ပါသည်၊
.(ဟာဂျူလီ-ကသာ)

0 comments:

Post a Comment