Pages

Friday, 17 June 2016

ကျောက်ဖြူတွင် အရက်အတူသောက် စကားများရာမှ ဓါးထိုးမှုဖြစ်ကာ တစ်ဦးသေဆုံး

ကျောက်ဖြူတွင် အရက်အတူသောက် စကားများရာမှ ဓါးထိုးမှုဖြစ်ကာ တစ်ဦးသေဆုံး

ဇွန်လ ၁၇

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ရုံးတက်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဖြတ်လမ်း (၄)အနီး ၊ ကွမ်းယာဆိုင်ရှေ့တွင် ဇွန်လ(၁၇)ရက်နေ့ ညနေ ၇ နာရီခန့်က အရက်သောက်စကားများရာမှ ဓါးထိုးမှုဖြစ်ကာ တစ်ဦး သေဆုံး သွားကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ သေဆုံးသူ စိုးမင်းနိုင်၊၂၆ နှစ် (ဘ)ဦးမောင်ကျောက်၊ ခရိုင်တရားရုံး ဆင့်စာလုလင်၊ ဘုရားကြီးလမ်း၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ကျောက်ဖြူမြို့နေသူနှင့် တရားခံဖြစ်သူ မြင့်ဦး ၃၉နှစ် (ဘ) ဦးမောင်ခင်နု၊ ပန်းထိမ်လုပ်၊ စေတီတောင်ရပ်ကွက်၊ ကျောက်ဖြူမြို့နေသူတို့နှစ်ဦးမှာ အရက်အတူတူ သောက်ကြရာမှစကားများ ရန်ဖြစ်ကြကာ တရားခံမြင့်ဦးမှ သေဆုံးသူ စိုးမင်းနိုင်အား ဓါးမြှောင်ဖြင့် ရင်ဘတ်ပေါ်ကို ၅ချက်ထိုးလိုက်သည့် ဒဏ်ရာကြောင့်သေဆုံးသွားခြင်း ဖြစ်သည်။

အခင်းဖြစ်ပြီး အချိန်ပိုင်းအတွင်း ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးဒုရဲမှူးဇော်မိုးသူနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ တရားခံအား ရှာဖွေခဲ့ရာ စေတီတောင်ရပ်ကွက်နေအိမ်တွင် နာရီပိုင်းအတွင်းတရားခံမောင်မြင့်ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအား ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ (ပ)အမှတ်၊ ၄၃၆/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၊ ၃၀၂၊အရ(၁၇-၆-၂၀၁၆) ည၈နာရီတွင် သေဆုံးသူ၏ ဖခင် ဦးမောင်ကျောက်မှ တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓါတ်ပုံ ကိုစောမိုးကျော်

0 comments:

Post a Comment