"အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေကို မကြောက်ဘူးလို့ "
ဂျွန်ကယ်ရီကို အမေစုက ဒ်ီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ပြောလိုက်ပါတယ် ...
"အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေကို မကြောက်ဘူးလို့ "
ဂျွန်ကယ်ရီကို အမေစုက ဒ်ီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ပြောလိုက်ပါတယ် ...
.........................................................
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီတို့ ယနေ့ (မေ ၂၂ ရက်) မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှု အပြီး ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ...
" မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရှိနေခြင်းကို မကြောက်ကြောင်းနှင့် (အချို့ကဏ္ဍများတွင်) ယခင်က အခြေအနေမျိုး ရှိနေသည့် အတွက် အရေးယူ ပိတ်ဆို့မှုများ ဆက်ရှိရမည် ဆိုသည်ကို သိရှိကြောင်း "
"သို့သော် အနာဂတ် တစ်ချိန်ချိန်တွင် အရေးယူ ပိတ်ဆို့မှုများ လုံးဝ မရှိတော့ဘဲ ရုတ်သိမ်းပေးမည့် အခြေအနေ ရောက်မည်ဟု ယုံကြည်ကြောင်း "
"ဘင်္ဂါလီ ရိုဟင်ဂျာ အရေး ကိစ္စတွင်လည်း အဆိုပါ ကိစ္စထက် အရေးကြီးသည်များ ရှိနေချိန်၌ တစ်ဖက်မှ လက်မခံနိုင်သော အသုံးအနှုန်းကို မသုံးရန် ပြောကြားခြင်း ဖြစ်ပြီး ထိုအသုံးအနှုန်းကြောင့် စိတ်ခံစားမှုများ ပါဝင်နေသည့် အတွက် ဂရုစိုက်ရန် ပြောကြားခြင်း ဖြစ်သည်" ...
ဟုဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။
သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ရွေးကောက်ပွဲ၌ အနိုင် ရခဲ့သည့် အပေါ် ဂျွန်ကယ်ရီက ဂုဏ်ပြု စကား ဆိုခဲ့ကာ မြန်မာနိုင်ငံ ပြောင်းလဲနေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများတွင် ကူညီလိုကြောင်း ဂျွန်ကယ်ရီက ဆက်လက် ပြောကြားပါသည်။
ထို့အပြင် မြန်မာ အစိုးရသစ်သည် လူမှုရေး၊ စီးပွားဆိုင်ရာ ကိစ္စရပ်များနှင့် များပြားလှသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ထို စိန်ခေါ်မှုများအား မြန်မာပြည်သူများနှင့် လက်တွဲ ကျော်ဖြတ်နေသည်ဟု ဂျွန်ကယ်ရီက ဆိုပါသည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီသည် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံပြီးချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ရှိပြီး ထိုသို့ တွေ့ဆုံချိန်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်နှင့် တပ်မတော်၏ အခန်းကဏ္ဍ ဆိုင်ရာများကို ဆွေးနွေးရန် ရှိကြောင်း ဂျွန်ကယ်ရီက သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။
Ref: Eleven Media
0 comments:
Post a Comment