Pages

Tuesday, 17 May 2016

ကချင်​ပြည်​နယ်​၊မိုးညှင်းမြို့နယ်မှာ ဆည် ၃ ခု တည်ဆောက်ပေးဖို့ အဆိုကို မေလ ၁၇ ရက်နေ့က ကချင်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ မတ်တပ်ရပ် ထောက်ခံမဲပေးစဉ်

ကချင်​ပြည်​နယ်​၊မိုးညှင်းမြို့နယ်မှာ ဆည် ၃ ခု တည်ဆောက်ပေးဖို့ အဆိုကို မေလ ၁၇ ရက်နေ့က ကချင်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ မတ်တပ်ရပ် ထောက်ခံမဲပေးစဉ်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအုပ်စုအတွင်းမှာ တောင်သူတွေ စိုက်ပျိုးရေး အဆင်ပြေစေဖို့ ဆည် ၃ ခု တည်ဆောက်ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ အချေအတင် ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ပြီး ဆည်တည်ဆောက်ဖို့ အတည်ပြုလိုက်ပါတယ်။

အဆိုကို ပြည်နယ်အစိုးရ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးက မှတ်တမ်းတင်ထားဖို့သာ တင်ပြတာကို အဆိုတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက လက်မခံဘဲ သူ့အဆိုကို မဲခွဲဆုံးဖြတ်ပေးဖို့ နဲ့ ၀ိုင်းဝန်းထောက်ခံပေးဖို့ ကျန်တဲ့ကိုယ်စားလှယ်တွေကို အခုလို တောင်းဆိုခဲ့ပါတယ်။

"တစ်ခါလာလည်း မှတ်တမ်းတင်ထားလိုက်၊ နှစ်ခါလာလည်း မှတ်တမ်းတင်ထားလိုက်ဆိုရင် တစ်နေ့ လာလည်း မဲပြာပုဆိုး၊ နှစ်နေ့လာလည်း မဲပြာပုဆိုး ဆိုရင် ကျနော်တို့ရဲ့မဲဆန္ဒရှင်ပြည်သူ၊ ပြည်သားများဟာ ကျနော်တို့ကိုအားကိုးယုံကြည်မှုတွေမရှိတော့မှာကို အလွန်စိုးရိမ်စရာဖြစ်လာမှာပါ၊ ဒီတော့ လွှတ်တော်မှာ အတည်ပြုရရှိနိုင်ဖို့ရာအတွက် ဘယ်ပါတီကို ကိုယ်စားပြုလို့ ကိုယ်စားလှယ်ဖြစ်စေကာမူ၊ ပြည်သူ၊ ပြည် သားတွေဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်ကို ဆန္ဒဖြည့်စည်းပေးဖို့ လိုပါတယ်၊ ဒီလိုပါ ပဲ ပြည်သူပြည်သားတွေက မွေးဖွားလာတဲ့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ်များဟာလည်း ပြည် သူတွေနဲ့ တစ်သားတည်းဖြစ်တဲ့ တပ်မတော်သားဖြစ်ဖို့ လိုအပ်ပါတယ်၊ တောင်သူလယ်သမားတွေရဲ့လိုအပ် ချက်တွေကို ဖြည့်စည်းပေးနိုင်ဖို့ရာ ကျနော်နဲ့ အတူထောက်ခံမဲပေးကြပါလို့ လေးလေးနက်နက် ဖိတ်ကြား အပ်ပါတယ်"

မတ်တပ်ရပ်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ထောက်ခံမဲ ၃၆ မဲ ကန့်ကွက်မဲ ၄ မဲရှိတဲ့အတွက် အဲ့ဒီအဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ညောင်ကိုင်းကျေးရွာအုပ်စုအတွင်းက တောင်သူတွေ စိုက်ပျိုးရေး အဆင်ပြေစေဖို့အတွက် ရေရှိအောင် ဆည် ၃ ခု တည်ဆောက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ ဦးက အဲ့ဒီအဆိုကို ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

ဦးတင်အေး တောင်းဆိုတဲ့ ဆည် ၃ ခုကို လာမယ့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေတောင်းခံ ပြီး နိုင်ငံတော်စီမံကိန်းလုပ်ငန်းတွေရဲ့ ဦးစားပေးအစီအစဉ်အရ ခွင့်ပြုချက်ချပေးရင် ဆောင်ရွက်ပေး မှာဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ပြန်လည်ဖြေကြားခဲ့တာဖြစ် ပါတယ်

0 comments:

Post a Comment