Pages

Friday, 27 May 2016

အစိုးရသစ်ရက်100စီမံချက်ကာလအတွင်း အထူးလှုတ်ရှားဆောင်ရွက်မှုများဖြင့်ပြောင်းလဲလုပ်ဆောင်နေသောရဲတပ်ဖွဲ့ဝင်များအား မူးယစ်ဆေးဝါးတရားခံမိသားစုမှာဓားဖြင့်လိုက်လံခုတ်ခြင်းခံရ ========================

အစိုးရသစ်ရက်100စီမံချက်ကာလအတွင်း
အထူးလှုတ်ရှားဆောင်ရွက်မှုများဖြင့်ပြောင်းလဲလုပ်ဆောင်နေသောရဲတပ်ဖွဲ့ဝင်များအား
မူးယစ်ဆေးဝါးတရားခံမိသားစုမှာဓားဖြင့်လိုက်လံခုတ်ခြင်းခံရ
==========================
စစ်ကိုင်းတိုင်းဒေသကြီး
ကသာခရိုင်
ဝန်းသိုမြို့နယ်တွင်းရှိ. အိမ်ခြေ40ခန့်ရှိ ကျွဲခြံကူးရွာတွင်
27.5.2016
ညနေပိုင်းအချိန်က
မှုးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက်
သတင်းအရသွားရောက်ဖမ်းဆီစဉ်
တာဝန်ထမ်းဆောင်နေသောဝန်းသိုမြို့မရဲစခန်းမှ
စခန်းမှုး
ဒုရဲမှုးတင်မောင်သက်အားဓားဖြင့်ဝိုင်းခုတ်သဖြင့်
ယာလက်ဖဝါးပြတ်ရှဒဏ်ရာ
ညာဘက်ပခုံးပြတ်ရှဒဏ်ရာ
ညာနံကြာထိုးသွင်းဒဏ်ရာ
ညာပေါင်ပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့်. ကောလင်းမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာကုသမှုခံယူနေရပါသည်။
ဖြစ်စဉ်မှာ
27.5.2016ရက်နေ့ညနေ
2း45နာရီအချိန်က
ဝန်းသိုမြို့မရဲစခန်းမှရဲစခန်းမှုး. ရဲမှုးတင်မောင်သက်. ဒုစခန်းမှုးရဲအုပ်သီဟစိုး.
နယ်ထိန်းခေါင်းဆောင်. ဒုရဲအုပ် သိန်းဇော်ထွေးနှင့်ပူးပေါင်းအဖွဲ့မှ
ဝန်းသိုမြို့နယ်ကျွဲခြံကူးရွာတွင်
ှမှုးယစ်ဆေးဝါးလက်ဝယ်ကိုင်ဆောင်ထားသူတရားခံ ဒေါ်သေး(ခ)မသေး(၆၂)နှစ် (ဘ)ဦးစံအေး.
အား
ဘိန်းဖြူဟုယူဆရသော မူးယစ်ဆေးဝါး(၀.၂၅)ဂရမ်နှင့်အတူ
်ဖမ်းဆီးရမိခဲ့ပြီးပြန်လာခဲ့ပါသည်။
တရားခံအားဖမ်းဆီး၍အပြန်
ဝန်သိုမြို့အပိုင်ကျွဲကူးခြံရွာထိပ် အရှေ့တောင်ဘက်၅မိုင်ခန့်အကွာအရောက်တွင်
မူယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသည့်တရားခံ
အား၎င်း၏ခင်ပွန်းတင်အေး(၅၈)နှစ်(ဘ)ဦးဘိုဝန်း
သိုင်းရှောင်(၃၂)နှစ်(ဘ)ဦးတင်အေး
ကျော်ထူး(၂၉)နှစ်(ဘ)ဦးတင်အေး
အောင်ကျော်ကျော် (ခ)မဲကျော်(၂၂)နှစ်(ဘ)ဦးတင်အေး
တို့ကဆိုင်ကယ်များဖြင့်လိုက်လာကြပြီးတရားခံအားပြန်လုပြီး
တရာခံဖမ်းဆီးသည့်ရဲတပ်ဖွဲ့ဝင်များအားဓားဖြင့်ဝိုင်းခုတ်ကြပါသည်။
ဒုရဲမှုးတင်မောင်သက်မှာလဲကျသွားပြီးဒဏ်ရာများရှိခဲ့ပါသည်။
တရားခံဖမ်းဆီးသည့်ရဲတပ်ဖွဲ့ဝင်များအားလုံးလဲအသက်လုကာပြေးခဲ့ကြရကြောင်းရွာသားများကလည်းတရားခံဘက်မှဝိုင်းဝန်းကူညီခြင်ကြောင့်ရဲတပ်ဖွဲ့ဝင်တို့၏ဆိုင်ကယ်များအားစီး၍မရနိုင်အောင်ဓားများဖြင့်ဝိုင်းခုတ်ခြင်းခံခဲ့ရကြောင်းသတင်းရရှိပါသည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍
ဝန်သိုမြို့မရဲစခန်းရှိရဲတပ်ဖွဲ့အင်အားကို
စုံစမ်းမေးမြန်းရာ
ဝန်သိုမြို့မရဲစခန်းမှဒုစခန်းမှုးရဲအုပ်သီဟစိုးမှ
လက်ရှိဝန်းသိုမြို့မရဲစခန်းတွင်
ရဲအင်အား၂၄ယောက်သာရှိပြီူလက်ရှိအချုပ်သား၄၀ကျော်ရှိပါကြောင်း
ရဲတပ်ဖွဲ့အင်အားလည်းမလုံလောက်သည့်အတွက်ယခုကဲ့သို့အခြေအနေမျိုးဖြစ်ခဲ့ရပါကြောင်းဖြေဆိုခဲ့ပါသည်။

ယဉ်ယဉ်သိန်း နဘား
27.5.2016
223း7

0 comments:

Post a Comment