""သောင်္ကြာနေ့က စင်ကာပူနိုင်ငံတွင်ကျင်းပခဲ့သော မြန်မာဖိုရမ် ၂ဝ၁၆ တွင် တက်ရောက်သူများက အမေစုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြကြောင်း"" ဧရာဝတီသတင်းက ရေးထားပါတယ်၊ ကျွန်တော်ကတော့ ဝေဖန်သူတွေကို အခုလို တုန်ပြန်ချင်ပါတယ်၊( (ကျွန်တော့်တုန့်ပြန်မှုတွေကို ကွင်းစ ကွင်းပိတ်တွေနဲ့ ရေးသားထားပါတယ်)) (ဟာဂျူလီ-ကသာ)
**************************
"ဧရာဝတီသတင်း = စင်ကာပူဖိုရမ်တွင် အစိုးရသစ်အား ဝေဖန်"
^^^^^^^^^^^^
သောင်္ကြာနေ့က စင်ကာပူနိုင်ငံတွင်ကျင်းပခဲ့သော မြန်မာဖိုရမ် ၂ဝ၁၆ တွင် တက်ရောက်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြကြောင်း။ ယင်းဖိုရမ်ကို ပညာရေးသုတေသနအဖွဲ့အစည်း အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူ (ISEAS) ကမကထပြု ကျင်းပခြင်းဖြစ်ပြီး မြန်မာသုတေသီများ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ စီးပွားရေးသမားများ ပါဝင်ခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာက သတင်းရေးသားပေးပို့ခဲ့သည်။
၁။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး = ပြည်သူတွေဟာ ကြီးကြီးမားမား မျှော်လင့်နေကြရုံမက သည်းညည်းခံနိုင်ဖို့လည်း ကြိုးစားနေရတယ်။ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးလွတ်လပ်မှုများ ပျောက်ဆုံးခဲ့ရခြင်းအပြင် နေ့စဉ်ဘဝနေထိုင်ရေး အခြေခံလိုအပ်ချက်များအတွက်လည်း သည်းမခံချင်ကြတော့ကြောင်း။ ဒုတိယအိမ်လိုဖြစ်ခဲ့တဲ့ အကျဉ်းထောင်ထဲမှာ ကျနော်သည်းခံနိုင်ခဲ့တယ်။ လက်ထဲမှာ ယပ်တောင်ကလေးခပ်ပြီး နေနိုင်ခဲ့တယ်။ NLD အောင်မြင်စေချင်ခဲ့တယ်။ လူတွေက မျှော်လင့်ချက်တွေရှိတယ်ဆိုတော့ သူတို့သည်းခံဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် အခု ၉ လပဲရှိတဲ့ ကျနော့်သမီးကျတော့ မီးပြတ်တာနဲ့ငိုတော့တာပဲ။
(( ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးခင်ဗျား.အရင် ဦးသိန်းစိန်ခေတ်က ဦးကိုကိုကြီးသမီးဟာ ၇လသမီး ဖြစ်ပါလိမ့်မယ်၊အဲဒီ၇လသမီးအရွယ်တလျှောက်လုံးမှာ မီးမပျက်ဖူးဘူးလား၊ မီးပျက်တော့ရော မငိုဖူးဘူးလား၊ ငိုဖူးခဲ့ရင်ရော အခုလို ဦးသိန်းစိန်အစိုးရကို
အပြစ်ပြောဖူးပါသလား..၊ ဦးကိုကိုကြီးကို လျှပ်စစ်ဝန်ကြီးနေရာပေးပါက ၂လ ၃လအတွင်း မြန်မာနိုင်ငံအနှံ့ မီးမပျက်စေရဘူးလို့ တာဝန်ခံနိုင်ပါသလား၊ တာဝန်ခံနိုင်ပါက ဦးကိုကိုကြီးအား လျှပ်စစ်ဝန်ကြီး တာဝန်ပေးရန် တောင်းဆိုပေးပါမည်))
၂။ Center of Diversity and National Harmony ဒါရိုက်တာ ဒေါက်တာကျော်ရင်လှိုင် = ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဦးသိန်းစိန်ချန်ထားခဲ့တဲ့ အမွေအနှစ်ပဲ။ ဒါပေမယ့် အခုအစိုးရက အားလုံးနဲ့သက်ဆိုင်တဲ့အဆင့်မှာ အဲဒီလို ယုံကြည်မှုမျိုးကို ဘယ်တုန်းကမှ မတည်ဆောက်နိုင်ခဲ့ဘူး။
( (ဒါရိုက်တာ ဒေါက်တာကျော်ရင်လှိုင်ပြောသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဦးသိန်းစိန်ချန်ထားခဲ့တဲ့ အမွေအနှစ်ပဲ ဆိုတော့ တိုင်ရင်းသားတွေနဲ့ ပြန်တိုက်ကြတဲ့ တိုက်ပွဲတွေရဲ့ အမွေအနှစ်ကရော ဦးသိန်းစိန် ချန်ခဲ့တဲ့ အမွေအနှစ် မဟုတ်ပေဘူးလား ခင်ဗျာ..၊
"အခုအစိုးရက အားလုံးနဲ့သက်ဆိုင်တဲ့အဆင့်မှာ အဲဒီလို ယုံကြည်မှုမျိုးကို ဘယ်တုန်းကမှ မတည်ဆောက်နိုင်ခဲ့ဘူး။ "ဆိုတာကတော့ နည်းနည်းများလွန်းလှပါတယ်၊ NLD အစိုးရတာဝန်ယူတာ ၂လပဲရှိသေးပြီး ငြိမ်းချမ်းရေးအတွက် ၂ကြိမ်တွေ့ဆုံပွဲလုပ်ပြီးပါပြီ၊အောင်မြင်မယ့် အလားအလာတွေလည်း တွေ့နေရပါတယ်၊ ၂လသားအစိုးရကို "ဘယ်တုန်းကမှ မတည်ဆောက်နိုင်ခဲ့ဘူး "ဆိုတဲ့ အပြောမျိုးဟာ ပညာတတ်အပြော ဟုတ်မဟုတ်ဆိုတာ ထမင်းစားကြီးတဲ့သူတိုင်း သိနိုင်ပါတယ်ခင်ဗျာ.))
၃။ University of California, Berkeley တွင် ပါရဂူဘွဲ့ယူစာတမ်းရေးသားနေသူ ဦးမင်းဇင်= ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတဲ့အပေါ်မှာ သိပ်ပြီးပြင်ဆင်ထားတာ မရှိဘူး။
နောက်ဆုံး မအောင်မြင်တဲ့အခါ သူက စစ်တပ်ရဲ့အနေအထားကို ကျင့်သုံးလာဖွယ်ရာရှိပါတယ်။ နိုင်ငံရေးအရပြောရရင် ဒေါ်အောင်ဆန်းစုကြည်အမြင်က စစ်တပ်နဲ့ အနည်းနဲ့အများတူပါတယ်။ NLD သည် ခိုင်မာသောမူဝါဒကို အုတ်မြစ်ချနိုင်ခြင်း မရှိသေးဘဲ စီးပွားရေးနှင့် နိုင်ငံခြားရေးရာများတွင် ထုတ်ပြန်ကြေညာချက်များနှင့်သာ အာဝဇ္ဇန်းရွှင်နေကြောင်း။ NLD ပါတီ ရွေးကောက်ခံရပြီး အာဏာရရှိလာခြင်းက ဒီမိုကရေစီတိုက်ပွဲ လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်း (stakeholder) အားလုံးပါဝင်လာစေရန်လိုအပ်သည်။ ရည်မှန်းချက်က ရွေးကောက်ခံရရေးထက် ပိုရပါမယ်။ ဒီလိုမှ မဟုတ်ရင် ကျနော်တို့ မှာ benevolent authoritarianism (သဘောကောင်းတဲ့ အာဏာရှင်ဝါဒ) ဖြစ်လာပါမယ်။
(( ဦးမင်းဇင်ပြောသလို" ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတဲ့အပေါ်မှာ သိပ်ပြီးပြင်ဆင်ထားတာ မရှိဘူး။ "ဆိုတာ ဦးမင်းဇင်အမြင်လေးမျှသာ ဖြစ်ပါတယ်၊ ပြည်တွင်း ကျွန်တော်တို့တတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုတင်ပြင်ဆင်ထားမှု အမျှော်အမြင်ကြီးမှု ကို အောချလောက်နှစ်သက် သိမြင်ခဲ့ပြီးဖြစ်ပါတယ်၊ထောက်ပြရရင် အနိုင်ရပြီးပြီးချင်း(နိုင်ငံအကျိုးအတွက်) ဦးသန်းရွှေနဲ့သွားတွေ့ဆုံပြီး ပုဂ္ဂိုလ်ရေး အာဃာတ မရှိတဲ့အကြောင်း ပြသခဲ့တာတွေ သမ္မတကို မှန်ကန်စွာ ရွေးချယ်ထားခဲ့တာတွေ သမ္မတအယောင်ပြပြီး အကြံပေးနေရာ တက်ကိုင်လိုက်တာတွေ
အနိုင်ရအမတ်တွေကို ၂၀၀၈ဖွဲ့စည်းပုံ ကျက်မှတ်ခိုင်းတာတွေဟာ သာမာန်နိုင်ငံရေး မနူးမနပ်တွေရော နိုင်ငံရေးဆရာကြီးတွေရော တစ်ဖက်ကပါတီကပါ ဘယ်လိုမှ တွေးမထားတဲ့ ကြိုတင်ပြင်ဆင်ထားမှု အမျှော်အမြင်ကြီးမှု နိုင်ငံရေးနှံစပ်မှုတွေပါပဲ၊
'' နောက်ဆုံး မအောင်မြင်တဲ့အခါ သူက စစ်တပ်ရဲ့အနေအထားကို ကျင့်သုံးလာဖွယ်ရာရှိပါတယ်။''
ဆိုတာကတော့ ဦးမင်းဇင်ရဲ့ လွဲမှားတဲ့ သုံးသပ်ချက်သာ ဖြစ်ပါတယ်၊ စစ်တပ်ဆိုတာဟာ လက်နက်ကို
အားပြုယုံကြည်တဲ့အဖွဲ့အစည်း အထက်အောက် တစ်သွေးတစ်သံ အမိန့်နဲ့ ဖွဲ့တည်တဲ့အဖွဲ့အစည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့(သူ့နိုင်ငံသမိုင်းတစ်လျှောက်ကို ပြန်ကြည့်ရင် လက်နက်ကိုင်အသွင်ပြောင်းရေးကို မယုံကြည်ခဲ့တာ ထင်ရှားလှသလို ဘယ်သူ့အပေါ်ကိုမှ အာဏာတွေ ပါဝါတွေ အမိန့်တွေနဲ့ ဗိုလ်ကျခဲ့ မရှိဘူး မကြားဖူးပါဘူးခင်ဗျာ)
၎။ ဝါရှင်တန်တက္ကသိုလ်မှ မြန်မာ့အရေး အကြီးတန်းသုတေသီ Mary Callahan = လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂ဝ တုန်းက အငှားကားမောင်းသူတွေနဲ့ ဆိုက်ကားဆရာတွေက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရရင် မြန်မာနိုင်ငံမှာ ကားလမ်းပိတ်တာတွေ၊ အကျင့်ပျက်ခြစားတာတွေ၊ ပြီးခဲ့တဲ့နှစ်ကလို ရေကြီးတာတွေ ငှက်ဖျားရောဂါဖြစ်ပွားတာတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ကျမကိုပြောကြတယ်။ လမ်းဘေးခွေးတွေကို သုတ်သင်မယ်။ ကမ္ဘာကြီးပူနွေးမှု အဆုံးသတ်မယ်။ ပြီးတော့ လူတိုင်း ၂၄ နာရီ လျှပ်စစ်မီးရလိမ့်မယ်လို့ ပြောကြတယ်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းများကို ကြိုဆိုသော်လည်း သာမန်ပြည်သူတို့၏ဘဝအပေါ် သက်ရောက်ခြင်းမရှိသည့် ပြောင်းလဲမှုများ ဖြစ်သည်။
(( ဝါရှင်တန်တက္ကသိုလ်မှ မြန်မာ့အရေး အကြီးတန်းသုတေသီ Mary Callahanဆိုသူခင်ဗျာ...နိုင်ငံရေးသုံးသပ်တယ်ဆိုတာ လမ်းပေါ်မှာသွားလာနေတဲ့
အငှားကားမောင်းသူတွေနဲ့ ဆိုက်ကားဆရာတွေလောက်မေးပြီး သုံးသပ်လို့ မရပါဘူး၊
လူတန်းစားစုံအောင် မေးပြီး သုံးသပ်ရမယ်လို့ ထင်ပါတယ်၊" ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရရင် မြန်မာနိုင်ငံမှာ ကားလမ်းပိတ်တာတွေ၊ အကျင့်ပျက်ခြစားတာတွေ၊ ပြီးခဲ့တဲ့နှစ်ကလို ရေကြီးတာတွေ ငှက်ဖျားရောဂါဖြစ်ပွားတာတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ကျမကိုပြောကြတယ်။ လမ်းဘေးခွေးတွေကို သုတ်သင်မယ်။ ကမ္ဘာကြီးပူနွေးမှု အဆုံးသတ်မယ်။ ပြီးတော့ လူတိုင်း ၂၄ နာရီ လျှပ်စစ်မီးရလိမ့်မယ်လို့ ပြောကြတယ်။ " ဆိုတာ နဲ့ပတ်သက်ပြီးပြောပါရစေ၊ ခင်ဗျားက မြန်မာ့အရေး အကြီးတန်းသုတေသီဆိုတော့ မေးပါရစေ၊ ကမ္ဘာနိုင်ငံက ချွတ်ချုံကျနေတဲ့ နိုင်ငံငယ်တွေထဲမှာ အုပ်ချုပ်သူပြောင်းသွားပြီး လပိုင်းအတွင်း အစစအရာရာ ဝုန်းကနဲ ဒိုင်းကနဲ လိုလေသေးမရှိ တိုးတက်သွားတဲ့ ပြီးပြည့်စုံသွားတဲ့ ပြည်သူတွေဘဝ နေ့ချင်ညချင်းသက်ရောက်ပြောင်းလဲသွားတဲ့ နိုင်ငံရှိရင် ပြောပြပေးစေလိုပါတယ်၊ အမေစုဟာ ဟပ်ချလောင်း ဖြစ်ရော့လဟယ်လုပ်နိုင်တဲ့ တန်ခိုးရှင်မဟုတ်ကိုလည်း သိသင့်ပါတယ်။))
နောက်ဆုံး ဝေဖန်သူတွေကို ဟာဂျူလီမေးချင်တာ ခင်ဗျားတို့ စစ်ကျွန်အဖြစ် ရာစုနှစ်တစ်ဝက်တောင်
နေခဲ့ သည်းခံခဲ့ပြီးပြီပဲ၊ အခု ၂လလောက်ကို ဘာဖြစ်လို့ သည်းမခံနိုင်တာလဲ ရယ်လို့..။
(ဟာဂျူလီ-ကသာ)
Sunday, 29 May 2016
Home »
» ""သောင်္ကြာနေ့က စင်ကာပူနိုင်ငံတွင်ကျင်းပခဲ့သော မြန်မာဖိုရမ် ၂ဝ၁၆ တွင် တက်ရောက်သူများက အမေစုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြကြောင်း"" ဧရာဝတီသတင်းက ရေးထားပါတယ်၊ ကျွန်တော်ကတော့ ဝေဖန်သူတွေကို အခုလို တုန်ပြန်ချင်ပါတယ်၊( (ကျွန်တော့်တုန့်ပြန်မှုတွေကို ကွင်းစ ကွင်းပိတ်တွေနဲ့ ရေးသားထားပါတယ်)) (ဟာဂျူလီ-ကသာ)
""သောင်္ကြာနေ့က စင်ကာပူနိုင်ငံတွင်ကျင်းပခဲ့သော မြန်မာဖိုရမ် ၂ဝ၁၆ တွင် တက်ရောက်သူများက အမေစုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြကြောင်း"" ဧရာဝတီသတင်းက ရေးထားပါတယ်၊ ကျွန်တော်ကတော့ ဝေဖန်သူတွေကို အခုလို တုန်ပြန်ချင်ပါတယ်၊( (ကျွန်တော့်တုန့်ပြန်မှုတွေကို ကွင်းစ ကွင်းပိတ်တွေနဲ့ ရေးသားထားပါတယ်)) (ဟာဂျူလီ-ကသာ)
20:18
No comments
0 comments:
Post a Comment