Pages

Monday 4 April 2016

ဝမ်းနည်းမှတ်​တမ်း

ဝမ်းနည်းခြင်းမှတ်တမ်း

မော်လူးအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်ဦးသည် မန္တလေး၌ ဆေးကုသနေစဉ်အတွင်း 3-4-2016 ရက်နေ့ ညနေပိုင်းအချိန်၌ကွယ်လွန်သွားကြောင်းကြားသိရသည့်မတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း မော်လူးပုံရိပ်အဖွဲ့သားများမှ ရေးသားဖော်ပြအပ်ပါသည်။

မော်လူးအုပ်စု အုန်းဒုတ်ကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်သူဦးမြင့်သည် 1-4-2016 ရက်နေ့ မြို့နယ်လစဉ်ပုံမှန်အစည်းအဝေးသို့ တက်ရောက်ရန် အင်းတော်မြို့နယ်ရုံးသို့ ရောက်စဉ်
ရုတ်တရက် ကျမ်းမာရေးဖောက်ကာ လေဖြတ်သွားခဲ့သည်ဟု ကြားသိရသည်။

အုန်းဒုတ်ကျေးရွာ အရံမီးသတ် တပ်ခွဲမှူးတစ်ဦးလည်းဖြစ်သည့် ဦးမြင့်ဦးသည် နဂိုလည်း
သွေးတိုးရောဂါအခံရှိသူဖြစ်ပြီး ရပ်ရွာမီးဘေးအန္တရာယ်ကင်းရှင်းရေး ဒေသတွင်းကျင်းပသော ပွဲတော်လုံခြုံရေး တာဝန်များ အခါမလပ် လုပ်ကိုင်နေရပြီး အိပ်ရေးပျက်သည့်ဒဏ် အစားအသောက်ပျက်သည့်ဒဏ် ပင်ပန်းသည့်ဒဏ်များကြောင့် ရုတ်တရက် ကျမ်းမာရေးဖောက်ကာ အခြေအနေ ဆိုးရွားခြင်းဖြစ်သည်။

မိမိ၏ ကျမ်းမာရေး မိသားစုအရေးထက် နိုင်ငံရေးကိုစိတ်အားထက်သန်စွာ ရှေ့တန်းက ပါဝင်ထမ်းရွက်ရင်းကွယ်သွားခြင်းကြောင့်လည်း လွန်စွာနှမြောတသ ဖြစ်ရပါသည်။

ကျနော်တို့ အတွက်ယုံကြည် ကိုးစားထိုက်သော လူကြီးတစ်ဦးဖြစ်ပြီး ပါတီဝင် အချင်းချင်းအပေါ် ဖေးမသောစိတ်ဓာတ် လူငယ်များလမ်းကြောင်းမှားခဲ့လျှင်ပင် လုကြီးလူကောင်းပီသစွာ ဆွေးနွေးတိုင်ပင်ထောက်ပြပေးသော လွန်စွာလေးစားရသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

လူငယ် လူကြီးကြား ပြသနာအရပ်ရပ်ကို နားလည်မှုအပေးနိုင်ဆုံးသော နှလုံးရည်ပြည့်ဝသူတစ်ဦးလည်းဖြစ်သည်။

ကျနော်တို့ လူငယ်များအတွက် ယုံကြည်အားကိုး ထိုက်သောထောက်တိုင်ကြီးတစ်ခု ပြုတ်သွားသကဲ့သို့ ယူကြုံးမရ ဝမ်းနည်းရပါသည်။

ပါတီ၏အရေးပါသောနေရာမယူ ရာထူးနေရာမမက်မောပဲ လုပ်စရာရှိသည်တို့ ပေါ်လာပါက ရှေ့ဆုံးက ဦးဆောင် ပါဝင်သူတစ်ဦးဖြစ်ကြောင်း စာပေဟောပြောပွဲအလှူခံခရီး အောင်နိုင်ရေးခရီးစဉ် စည်းရုံးရေးခရီးစဉ်များက သက်သေပင်ဖြစ်သည်။

ကျနော်တို့ မော်လူးအုပ်စုပါတီဝင်များအတွက်
အစားထိုးမရသော ဆုံးရှူံးမှုဖြစ်ပြီး လွန်စွာဝမ်းနည်းရကြောင်း ရေးသားဖော်ပြအပ်ပါသည်။

(ဦးမြင့်ဦး ကျမ်းမာရေးမကောင်း၍ဆေးကုသရစဉ်အတွင်း စိတ်ရောကိုယ်ပါ လိုက်ပါကူညီ ဆောင်ရွက်ပေးကြသော မော်လူးဒေသမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ အင်းတော်မြို့နယ်မှ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ မန္တလေးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ကူညီဆောင်ရွက်ပေးကြသူအားလုံးအား မော်လူးပုံရိပ်အဖွဲ့သားများမှ ကာယကံရှင်မိသားစုကိုယ်စား အထူးပင် ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားအပ်ပါတယ်ခင်ဗျာ)

0 comments:

Post a Comment