Pages

Tuesday 29 March 2016

၂၉.၃.၂၀၁၆ရက်​​နေ့ ရှင်​​လောင်းလှည့်​မြင်​ကွင်းပုံရိပ်

(29-3-2016ရက်နေ့)
"ရဲရင့်အောင်"ပညာရေးမိသားစု၏ "ရှင်ပြုအလှူတော်မင်္ဂလာ"………

အလှူရှင်..........
မန္တလေးမြို့နေ
အလှူဒါယကာ ဦးအောင်မျိုး+အလှူ့ဒါယိကာမ ဒေါ်ခင်စန်းကြွယ် တို့၏ မော်လူးမြို့ တဏှင်္ကရာ အရှေ့ကျောင်းတိုက်၌ ကျင်းပပြုလုပ်သော "ရှင်ပြုအလှူတော်မင်္ဂလာ"
ရှင်လောင်းလှည့် မြင်ကွင်းပုံရိပ်များ။

ရှင်လောင်းအပါးရေ (၄၀)ကျော် နှင့် အလှူလှည့်စည်ကားမှုမှာ မော်လူးမြို့ပေါ် ကျင်းပပြုလုပ်သမျှသော ရှင်ပြုပွဲများအတွင်း အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံးဟုပင် ပြောနိုင်လေသည်။

နွားလှည်းယဉ်အလှများ ဆင်ယဉ်များ မြင်းယဉ်များ ရှင်လောင်းထမ်းများ ဆိုင်ကယ် ကားများ ရှမ်းရိုးရာအက အလှများ ကျောက်ဆည်ဆင်အကများ စုံလင်စွာဖြင့် ရှင်လောင်းလှည့် စဉ်အတွင်း မြင်တွေ့ရသူအပေါင်း ရင်သပ်ရှူမောကြရသည်။မြေပြင်မှ ဗီဒီယိုများ ကင်မရာများသာမက ဝေဟင်မှ Drome လေယဉ်ငယ်ဖြင့် မှတ်တမ်းတင်ရိုက်ကူးနေသည်ကိုလည်း တစ်မူထူးခြားစွာမြင်တွေ့ရလေသည်။

ယနေ့ညမှစတင်ကာ ဖျော်ဖြေရေးအစီအစဉ်ကို နိုင်ငံကျော်အဆိုတော်များ၊ဆိုင်းများ၊အငြိမ့်များဖြင့် စည်စည်ကားကား ဧည့်ခံဖျော်ဖြေနေပြီဖြစ်သည်။

ဖျော်ဖြေမည့်နေ့ရက်........
(၂၉-၃-၂၀၁၆)ရက်နေ့ (ယနေ့ည)နှင့် (၃၀-၃-၂၀၁၆)ရက်နေ့ အထိ နစ်ရက်တိုင် ညနေ(၆)နာရီမှ စတင်ဖျော်ဖြေမည်ဖြစ်သည်။

ဖျော်ဖြေရေးအစီအစဉ်.......
ကျောက်ဆည်ဆင်အကများ မိုးကျော်လှိုင်၊ဆိုင်း ဇော်သူဟိန်း၊ဘိသိက် မန္တလေး ရွှေပြေ့၊ဗညားဟန်၊မေသက်ထားဆွေ ၊နန်းမြင့်နွယ်အငြိမ့်၊.....စသည့် နိုင်ငံကျော်အနုပညာရှင်များ၊အဆိုတော်များဖြင့် နှစ်ညတိုင် ဖျော်ဖြေမှာဖြစ်၍ လာရောက်ကြည့်ရှူအားပေးလှည့်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

0 comments:

Post a Comment