Pages

Thursday 10 March 2016

မြစ်​ဆုံငိုရှိုက်​သံ

အရင်​အစိုးရလက်​ထက်​မှာ ချိန်​ကိုက်​ ဗုံးတစ်​လုံးလို​ထောင်​ထားခဲ့​သော မြစ်​ဆုံအ​ရေးဟာအစိုးရသစ်​လက်​ ထက်​မှာလှုပ်​နိုးလာ​တော့မှာဖြစ်​ပါ တယ်​။ ဒါ​ကြောင့်​..... မြစ်​ဆုံအ​ရေး​သွေး​နွေး​နေကြဖို့​ တပ်​လန့်​နိုး​ဆော်​သည့်​အ​နေဖြင့်​ ဆရာဆူးအိမ်​လှိုင်း၏ မြစ်​ဆုံငိုရှိုက်​ သံကဗျာဖြင့်​ ဧရာဝတီချစ်​သူများ နှင့်​သဘာဝပတ်​၀န်းကျင်​မြတ်​နိုးသူ များကိုတပ်​လန့်​လိုက်​ရပါ​ကြောင်း..... မြစ်​ဆုံငိုရှိုက်​သံ ~~~~~~~~~~ ငါ့မှာဘာအပြစ်​ရှိလို့လဲလူသားတို့ ရယ်.....။ ​ပြိုင်​ဘက်​ကင်းအလှမျိုးမဟုတ်​​တောင် ပန်းတစ်​ပွင့်​ရဲ့ အိ​နြေ္ဒမျိုးနှင့်​မင်းတို့တိုင်းပြည်​ကို အလှဆင်​ခဲ့......။ ငါ့မှာရှိသ​လောက်​အားအင်​နှင့်​ ​မေခ၊​မေလိခ​ပေါင်းစည်းပြီး မင်းတို့အသက်​​သွေး​ကြော ဧရာဝတီကိုတည်​​ပေးခဲ့ ငါ့ရဲ့​မေတ္တာနှင့်​​တော​တောင်​​တွေစိမ်း လန်း​စေခဲ့....။ ​မြေ​ပေါ်​ရေထဲ သယံဇာတ​တွေအဆစ်​​ပေးခဲ့တယ်​။ ငါ့မှာဘာအပြစ်​ရှိလို့လဲလူသားတို့ ရယ်​.....။ လူသားမဆန်​ပုံက ငါနှလုံးသားကိုလာခွဲ​နေကြ ဟက်​တက်​ကွဲမှာကပြည်​သူ့နလုံး သားပါ....။ ငါ့ကိုကယ်​ကြပါ လူသားဆန်​သူတို့ရယ်​ တိုင်းပြည်​သာယာဝ​ပြော​အောင်​ အား​ကောင်း​မောင်းသန်​ဧရာဝတီကို ကမ္ဘာတည်​သ၍ လက်​​ဆောင်​​ပေး​နေချင်​လို​က်​တာ..။ ငါ့မှာဘာအပြစ်​ရှိလို့လဲကွယ်​....။ ဆူးအိမ်​လှိုင်း ဘဝအ​မော​တွေ​ပြေကြပါ​စေ ဘဝခရီးသည်

0 comments:

Post a Comment