Pages

Sunday 24 April 2016

လွှတ်​​တော်​ကိုယ်​စားလှယ်​များ၏ ​ပေကုန်း​ကျေးရွာသို့ခရီး


(19.4.2016)ရက်​​နေ့

လွှတ်​​တော်​ကိုယ်​စားလှယ်​များ၏ ​ပေကုန်း​ကျေးရွာသို့ ခရီးစဉ်​.........

စစ်ကိုင်းတိုင်း​ဒေသကြီး၊အင်း​တော်​မြို့နယ်​၊​မော်​လူး​ဒေသသို့ လာ​ရောက်​​သော တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးသ​န်းဝင်း၊ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါက်​တာ​ဒေါ်ပြုံး တို့ မံဟဲ​ကျေးရွာအုပ်​စု၊​ပေကုန်း​ကျေးရွာသို့ သွား​ရောက်​၍ ​လေ့လာကြည့်​ရှူကြစဉ်​။

၂၀၁၆ခုနှစ်​၊ဧပြီ(၁၉)ရက်​​နေ့​၊​နေ့လည်​(၁း၀၀)နာရီ​ ​မော်​လူးအုပ်​စု၊အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ရုံး၌ ​မော်​လူး​ဒေသမှ ပါတီဝင်​များနှင့်​​တွေ့ဆုံအပြီး၊ည​နေပိုင်းအချိန်​ ​ပေကုန်း​ကျေးရွာသို့ ​ဒေသခံများဖိတ်​ကြားသဖြင့်​ ဆက်​လက်​ထွက်​ခွာလာခဲ့ကြပါသည်​။

ပထမဆုံး၊​ပေကုန်း​ကျေးရွာဘုန်း​တော်​ကြီးကျောင်းသို့သွား​ရောက်​၍ ဆရာ​တော်​အားဖူး​မျှော်​ကြည်​ညိုကန်​​တော့ကြသည်​။ထို့​နောက်​ ​ပေကုန်းဆရာ​တော်​ဦးစီး၍နန့်​သဲလိမ်​​ရေကာတာ​တည်​​ဆောက်​ထားမှုအား ဆရာ​တော်​နှင့်​အတူသွား​ရောက်​ကြည့်​ရှူကြသည်​။၎င်း​ရေကာတာမှာ​ ပေကုန်း​ကျေးရွာအ​ရှေ့ဖက်​ရှိနန့်​သဲလိမ်​​ချောင်းအားဆည်​ပိတ်​၍​တည်​​ဆောက်​ထားခြင်းဖြစ်​ပြီး ​ပေကုန်း​ကျေးရွာသို့​ရေ​ပေး​ဝေနိုင်​ရန်​ ရွာသူ/သားများက ကိုယ်​ထူကိုယ်​ထ ​ဆောင်​ရွက်​​နေခြင်းဖြစ်​​ကြောင်း​ ဆရာ​တော်မိန့်​ကြားချက်​အရသိရပါသည်​။
ထို့​နောက်​ ​ပေကုန်း​ကျေးရွာ​ဒေသခံပြည်​သူများနှင့်​​တွေ့ဆုံ၍ တင်​ပြချက်​များ၊လိုအပ်​ချက်​များအား ညှိနှိုင်း​ဆွေး​နွေးခြင်း၊မှတ်​တမ်းယူခြင်းတို့ဆက်​လက်​​ဆောင်​ရွက်​ပါသည်​။

ဆက်​လက်​ပြီး ​ပေကုန်း​ကျေးရွာ စာသင်​​ကျောင်း​ဆောက်​လုပ်​ထားမှုအားသွား​ရောက်​ကြည့်​ရှူစစ်​​ဆေးကြသည်​။ထို့​နောက်​ ​ပေကုန်း​ကျေးရွာဦးတိုး​အောင်​အိမ်​၌ ​ခေတ္တနား​နေကြပြီး ပါတီဝင်​များနှင့်​​တွေ့ဆုံ​ဆွေး​နွေးပါသည်​။

အပြန်​တွင်​ မံဟဲ​ကျေးရွာအုပ်​စု၊​မြေပလ္လင်​​ကျေးရွာနှင့်​​ပေကုန်း​ကျေးရွာချင်းဆက်​ ​လေးတန်​ချောင်းကမ်းပါး​မြေသားလမ်းပြုပြင်​​ဆောင်​ရွက်​​နေမှုများအားကြည့်​ရှူစစ်​​​ဆေးပြီး လုပ်​အား​ပေး​ဆောင်​ရွက်​​နေ​သော ​ဒေသခံပြည်​သူများအား အား​ပေးစကား​ပြောကြား၍ တင်​ပြချက်​များ၊လိုအပ်​များအား စီစဉ်​ညွှန်​ကြားခြင်း၊မှတ်​တမ်းယူခြင်းတို့ကို ပြုလုပ်​​ပြီး ည(၆း၃၀)နာရီအချိန်​ ​ပေကုန်း​ကျေးရွာမှပြန်​လည်​ထွက်​ခွာလာကြ​ကြောင်း သတင်းရရှိပါသည်​။

မော်​လူးပုံရိပ်

0 comments:

Post a Comment