Pages

Saturday 16 April 2016

မော်​လူးမြို့၊(၂၆)ကြိမ်​​မြောက်​ သက်​ကြီးပူ​ဇော်​ကန်​​တော့ပွဲ"

(၁၆.၄.၂၀၁၆) ရက်​​နေ့

မော်​လူးမြို့သူ/သားများစု​ပေါင်းပြုလုပ်​​သော (၂၆)ကြိမ်​​မြောက်​ "သက်​ကြီးပူ​ဇော်​ပွဲ​"မြင်​ကွင်း........။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊အင်း​တော်​မြို့နယ်​​၊​မော်​လူး​မြို့​ပေါ်၌ နှစ်​စဉ်​သင်္ကြန်အတက်​​​နေ့​​ရောက်​တိုင်း သက်​ကြီးပူ​ဇော်​ပွဲကို ကျင်းပပြုလုပ်​ကြသည်​မှာ အစဉ်​အလာတစ်​ခုပင်​ဖြစ်​သည်​။

အသက်​(၈၀)နှင့်​အထက်​အဖိုးအဖွားများအား ပူ​ဇော်​ကန်​​တော့ကြတဲ့ သက်​ကြီးပူ​ဇော်​ပွဲမှာ ယခုနှစ်​နှင့်​ဆိုလျှင်​(၂၆)ကြိမ်​​မြောက်​ရှိပြီဖြစ်​သည်​။

၂၀၁၆ခုနှစ်​၊(၂၆)ကြိမ်​​မြောက်​ သက်​ကြီးပူ​ဇော်​ပွဲကို (၁၆.၄.၂၀၁၆)ရက်​​နေ့၊စ​နေ​နေ့ ည​နေ(၄း၀၀)နာရီအချိန်​ ​မော်​လူးမြို့အုပ်​ချုပ်​​ရေးမှူးရုံးမှာ ပြုလုပ်​ကျင်းပကြပါတယ်​။

ယခုနှစ်​ အသက်​(၈၀)နှင့်​အထက် အပူ​ဇော်​ခံအဖိုးအဖွားဦး​ရေမှာ စုစု​ပေါင်း(၇၉)ဦးဖြစ်​သည်​။

မနှစ်​ကအပူ​ဇော်​ခံအဖိုးအဖွား(၇၈)ဦးထဲမှ (၇)ဦးကွယ်​လွန်​သွားပြီး အသက်​(၈၀)ပြည့်​အဖိုးအဖွား​နောက်​ထပ်​ (၈)ဦးထပ်​တိုးလာ၍ ယခုနှစ်​အဖိုးအဖွားဦး​ရေမှာ မနှစ်​ကထက်​(၁)ဦးပိုလာကာ စုစု​ပေါင်း(၇၉)ဦးရှိလာခြင်းဖြစ်​သည်​။

ယခုနှစ်​တွင်​သက်​ကြီးပူ​ဇော်​ပွဲ အလှူခံရရှိ​ငွေ(ပစ္စည်းတန်​ဖိုးပါပြီး)စုစု​ပေါင်းမှာ ၃၆၈၂၆၅၀(သုံးဆယ့်​​ခြောက်​သိန်း၊ရှစ်​​သောင်း၊နှစ်​​ထောင့်​​ခြောက်​ရာ့ငါးဆယ်​ကျပ်​တိတိဖြစ်​သည်​။)

အဖိုးအဖွားတစ်​ဦးလျှင် ပစ္စည်းနှင့်​​ငွေသား၊​​တန်​ဖိုးအားဖြင့်​ ၄၆၃၅၀ိ/(လေး​သောင်း​ခြောက်​​ထောင်​၊သုံးရာ့ငါးဆယ်​ကျပ်)ပူ​ဇော်​ကန်​​​တော့နိုင်​ကြ၍ ​မော်​လူးမြို့သူ/သားများရဲ့​စေတနာ ကုသိုလ်​တရား ကြီးမား​ကြောင်း ​တွေ့နိုင်​​လေသည်​။

ကျ​နော်​တို့ ​မော်​လူးမြို့သူ/သားများရဲ့ မွန်​မြတ်​တဲ့အစဉ်​အလာ၊​ဓ​လေ့တစ်​ခုဖြစ်​တဲ့ သက်​ကြီးပူ​ဇော်​ပွဲကို စည်​ကားသိုက်​မြိုက်​စွာ နှစ်​စဉ်​ပြုလုပ်​ကျင်းပနိုင်​ဖို့ရာ ကျ​နော်​တို့မြို့သူ/သားများအားလုံး စု​ပေါင်း​ဆောင်​ရွက်​ကြရမည်​​ဟု တိုက်​တွန်းရင်း.............

0 comments:

Post a Comment