Pages

Tuesday 19 April 2016

မော်​လူးမြို့၊အ.ထ.က​ကျောင်း၊သရဖီခန်းမ၌ လွှတ်​​တော်​ကို​ယ်စားလှယ်​များနှင့်​ မဲဆန္ဒရှင်​ပြည်​သူများ ​တွေ့ဆုံပွဲ

မော်​လူး၊၂၀၁၆၊ဧပြီလ၊(၁၉)ရက်

စစ်​ကိုင်းတိုင်း​ဒေသကြီး၊အင်း​တော်​မြို့နယ်​၊​မော်​လူးမြို့၊အ.ထ.က​ကျောင်း၊သရဖီခန်းမ၌ လွှတ်​​တော်​ကိုယ်​စားလှယ်​များနှင့်​​မဲဆန္ဒရှင်​ပြည်​သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်​။

ယ​နေ့နံနက်​ (၉း၀၀) နာရီအချိန်​ စစ်​ကိုင်းတိုင်း​ဒေသကြီး၊အင်း​တော်​မြို့နယ်​၊အမှတ်​(၂)မဲဆန္ဒနယ်​ ကိုယ်​စားပြု တိုင်း​ဒေသကြီးလွှ​တ်​​တော်​ကိုယ်​စားလှယ် ဦးသန်းဝင်းနှင့်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါက်​တာ​ဒေါ်ပြုံးတို့မှ ​မော်​လူး​ဒေသ၊ ဌာနဆိုင်​ရာများ၊ရပ်​မိ/ဖများ၊ မဲဆန္ဒရှင်​ပြည်​သူများနှင့်​​တွေ့ဆုံပွဲကို ​မော်​လူး၊အ.ထ.က ​ကျောင်း၊သရဖီခန်းမ၌ကျင်းပပြုလုပ်​သည်​။

အဆိုပါ​တွေ့ဆုံပွဲသို့​ မော်​လူး​ဒေသမှလူမှု​ရေးအသင်းအဖွ့ဲများ၊ဌာနဆိုင်​ရာဝန်​ထမ်းများ၊ရပ်​မိ/ဖများ၊မဲဆန္ဒရှင်​ပြည်​သူများ၊စုစု​ပေါင်းအင်​အား(၂၅၀​)ကျော်​ခန့်​တက်​​ရောက်​ပြီးအကြံပြုချက်​များ၊တင်​ပြချက်​များအား​ဆွေး​နွေးညှိနှိုင်းကြသည်​။

အစိုးရသစ်​လက်​ထက်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များနှင့်​မဲဆန္ဒရှင်​ပြည်​သူများ၏ ပထမဆုံး​တွေ့ဆုံမိတ်​ဆက်​ပွဲဖြစ်​ပြီး ​မော်​လူး​ဒေသမှ ပြည်​သူများစိတ်​ပါဝင်​စားစွာ တက်​​ရောက်​​ဆွေး​နွေးကြသည်​ကိုလည်း​ တွေ့မြင်​ရပါသည်​။

တွေ့ဆုံပွဲ၌ေ​မာ်​လူးအုပ်စု၊အုပ်ချုပ်​​​ရေးမှူး ဦးစိုးမြင့်​၊တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးသန်းဝင်း၊ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​ဒေါက်​တာ​ဒေါ်ပြုံးတို့မှ မိတ်​ဆက်​စကားအသီးသီး​ပြောကြားကြသည်​။

ထို့​နောက်​တက်​​ရောက်​လာ​သောဧည့်​သည်​​တော်​များမှ မိမိတို့ အုပ်​စုအတွင်း အခက်​အခဲများ၊လိုအပ်​ချက်​များအား တစ်​ဦးချင်းတင်​ပြခြင်း၊အကြံဥာဏ်​များ​တောင်းခံခြင်းတို့ဖြင့်​ ​ဆွေး​နွေးညှိနှိုင်းအ​ဖြေရှာကြ​သည်​။

ထို့​နောက်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များမှ တင်ပြချက်များအား​​အပြန်​အလှန်​​ဆွေး​နွေးညှိနှိုင်း၍ အကြံဥာဏ်​များ​ပေးခြင်း၊မှတ်​တမ်းယူခြင်းတို့ပြုလုပ်​​​ကြသည်​။

အများစုတင်​ပြ​သော အ​ကြောင်းအချက်​များမှ ​မော်​လူး​ဒေသတစ်​၀ှမ်းမူးယစ်​​ဆေးဝါး​ပေါများနေခြင်းနှင့်​ သစ်​စက်​လုပ်​ငန်းများတရားမ၀င်​​ဆောင်​ရွက်ေ​နခြင်းတို့အဓိကဖြစ်​သည်​။

ထို့​နောက်​သဘာပတိဦးဥာဏ်​မှ ​တွေ့ဆုံပွဲတက်​​ရောက်​လာသူများအား ၀ိုင်းဝန်းပါဝင်​ကြသည့်​အတွက်​​ကျေးဇူးတင်​စကား​​ပြောကြား​သည်​။

နေ့လည်​ (၁၁း၄၅) နာရီတွင်​ ​တွေ့ဆုံပွဲအစီအစဉ်​အောင်​မြင်​စွာကျင်းပပြီးစီး၍ လွှတ်​​တော်​ကိုယ်​စားလှယ်​များနှင့်​​မော်​လူး​ရပ်​မိ/ဖ များ ​မော်​လူးမြို့အ​ရှေ့ဖက်​ ​​ကျောက်​ဆည်​​ရေကာတာသို့သွား​ရောက်​ပြီး ပြုပြင်​ထိန်းသိမ်းသင့်​သည့်​ လိုအပ်​ချက်​များအားကြည့်​ရှူစစ်​​ဆေးကြသည်​။

နေ့လည်​(၁)နာရီအချိန်တွင်​ မော်​လူး​အုပ်​စု အမျိုးသား​ဒီမိုက​ရေစီရုံး၌ အုပ်​စုအသီးသီးမှ ပါတီဝင်​များနှင့်​ ​​တွေ့ဆုံ၍ ဆွေး​နွေးပွဲ ဆက်​လက်​ပြုလုပ်​သည်​။
မော်​လူးပုံရိပ်
၂၀၁၆၊ဧပြီ၊၁၉။

0 comments:

Post a Comment