Pages

Thursday 14 April 2016

သက်​ကြီးပူ​ဇော်​ပွဲအတွက်​ ကုသိုလ်​ယူကြဖို့ နှိုး​ဆော်​ခြင်း

သက်​ကြီးပူ​ဇော်​ပွဲအတွက်​ကုသိုလ်​ယူကြဖို့ နှိုး​ဆော်​ခြင်း။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊အင်း​တော်​မြို့နယ်​​၊​မော်​လူး​မြို့​ပေါ်၌ နှစ်​စဉ်​နှစ်​ဆန်း(၁)ရက်​​နေ့​​ရောက်​တိုင်း သက်​ကြီးပူ​ဇော်​ပွဲကို ကျင်းပပြုလုပ်​ကြသည်​မှာ အစဉ်​အလာတစ်​ခုပင်​ဖြစ်​သည်​။

အသက်​(၈၀)နှင့်​အထက်​အဖိုးအဖွားများအား ပူ​ဇော်​ကန်​​တော့ကြတဲ့သက်​ကြီးပူ​ဇော်​ပွဲမှာ ယုနှစ်​နှင့်​ဆိုလျှင်​(၂၆)ကြိမ်​​မြောက်​ရှိပြီဖြစ်​သည်​။

၂၀၁၆ခုနှစ်​၊(၂၆)ကြိမ်​​မြောက်​ သက်​ကြီးပူ​ဇော်​ပွဲကို (၁၆.၄.၂၀၁၆)ရက်​​နေ့၊စ​နေ​နေ့ ည​နေ(၄း၀၀)နာရီအချိန်​ ​မော်​လူးမြို့အုပ်​ချုပ်​​ရေးမှူးရုံးမှာ ပြုလုပ်​ကျင်းပမှာဖြစ်​ပါတယ်​။

ယခုနှစ်​ အသက်​(၈၀)နှင့်​အထက် အပူ​ဇော်​ခံအဖိုးအဖွားဦး​ရေမှာ စုစု​ပေါင်း(၇၉)ဦးဖြစ်​သည်​။

မနှစ်​ကအပူ​ဇော်​ခံအဖိုးအဖွား(၇၈)ဦးထဲမှ (၇)ဦးကွယ်​လွန်​သွားပြီး အသက်​(၈၀)ပြည့်​အဖိုးအဖွား​နောက်​ထပ်​ (၈)ဦးထပ်​တိုးလာ၍ ယခုနှစ်​အဖိုးအဖွားဦး​ရေမှာ မနှစ်​ကထက်​(၁)ဦးပိုလာကာ စုစု​ပေါင်း(၇၉)ဦးရှိလာခြင်းဖြစ်​သည်​။

(၁၄.၄.၂၀၁၅)ရက်​​နေ့က​ မော်​လူးမြို့တွင်းသို့ ဓမ္မပါရမီအဖွဲ့နှင့်​အခြားစိတ်​ပါဝင်​စား​သောလူငယ်​များ လိုက်​ပါလျှက်​ လှည့်​လည်​ အလှူခံထွက်​ရာ မ​နေ့ကအထိ ​ကောက်​ခံရရှိ​သော အလှူခံရ​ငွေမှာ (၁၃)သိန်း​ကျော်​ပြီဟုသိရပါသည်​။

ကျ​နော်​တို့ ​မော်​လူးမြို့သူ/သားများရဲ့ မွန်​မြတ်​တဲ့အစဉ်​အလာ၊​ဓ​လေ့တစ်​ခုဖြစ်​တဲ့ သက်​ကြီးပူ​ဇော်​ပွဲကို စည်​ကားသိုက်​မြိုက်​စွာနှစ်​စဉ်​နှစ်​တိုင်းပြုလုပ်​ကျင်းပနိုင်​ရာ ကျ​နော်​တို့မော်​လူးမြို့သူ/သားများအားလုံး ထိမ်းသိမ်းကြရမည်​​ဟု တိုက်​တွန်းရင်း.............။

အလှူခံဌာနအား ​မော်​လူးမြို့ "ဆုံဆည်းရာက​ဖေး"၌ဖွင့်​လှစ်​ထား​ကြောင်းနှင့်​ လာ​ရောက်​ထည့်​ဝင်​ကုသိုလ်​ယူကြပါရန်​တိုက်​တွန်းလိုက်​ပါရ​စေခင်​ဗျာ......

0 comments:

Post a Comment