Pages

Monday 25 April 2016

မော်​လူးဘူတာ၌ တရားမ၀င်​တင်​​ဆောင်​ထား​သော ကျွန်းတံခါးချပ်​များ ဖမ်းဆီးရမိ....

(၂၆.၄.၂၀၁၆)ရက်​​နေ့
မော်​လူး

သတင်း​ပေးတိုင်​တန်းချက်​အရ ​မော်​လူးဘူတာတွင်​ တရားမ၀င်​တင်​​ဆောင်​ထားသော ကျွန်းတံခါးချပ်​များ ဖမ်းဆီးရမိ......

ယ​နေ့နံနက်​(၇း၁၅)နာရီအချိန်​ခန့်​၊မန္တ​လေးမှမြစ်​ကြီးနားသို့ထွက်​ခွာလာ​သော စက်​​ခေါင်းအမှတ်​ -DD.1117 ကုန်​ရထားသည်​ ​မော်​လူး​ဒေသ၊စီပိန်းနှင့်​ပုန်းဟုန်​​ကျေးရွာကြား၊နန့်​တယ​ရေ​ပေါက်​အလွန်​၌ရပ်​၍ တရားမ၀င်​ကျွန်းတံခါးချပ်​များတင်​​ဆောင်​​နေ​ကြောင်း တာဝန်​သိပြည်​သူတစ်​ဦးမှ သတင်း​ပေးတိုင်​တန်းချက်​အရ ​မော်​လူးအုပ်​စု ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးနှင့်​အာဏာပိုင်​အဖွဲ့များ၊သစ်​​တောဌာနမှတာဝန်​ရှိသူများ၊ အသိသက်​​သေလူကြီးများ နှင့်​အတူ ​မော်​လူးဘူတာ၌သွား​ရောက်​​စောင့်​ဆိုင်းကာ ဖမ်းဆီး​သည်​။

မော်​လူးဘူတာ၌ရပ်​တန့်​၍
တွဲဆိုင်းအမှတ်​-GBHAH 40902 ပေါ်မှ​ ​ရောမတံခါးချပ် (၂​၉)ချပ်​၊ရိုးရိုးတံခါးချပ်​(၉)ချပ်​ စုစု​ပေါင်း-(၃၈)ချပ်​ဖမ်း​ဆီးရမိသည်​။

ပိုင်​ရှင်​မှာ​မော်​လူးမြို့၊မြမာလာရပ်​ကွက်​၊ရပ်​ကွက်​(၅​)​နေ ဒေါ်သင်းသင်းမြတ်​ဟုသိရပြီး တရားဥပ​ဒေအရ​ကြောင်းအရ ဆက်​လက်​​ဆောင်​ရွက်ေ​န​ကြောင်း သတင်းရရှိပါသည်​။
မော်​လူးပုံရိပ်

0 comments:

Post a Comment